အနုပညာရှင်များရဲ့ကျန်းမာရေးစောင့်ရှောက်မှု

ဟိန်းဝေယံ

အစပ် မစားတော့ဘူး

    ကျွန်တော် အားကစားတော့ အိမ်မှာပဲ ပုံမှန်လုပ်ဖြစ်ပါတယ်။ အိပ်တာကိုတော့ အမြဲပုံမှန်သတိထားပြီး အိပ်ချိန်ပြည့်အောင် နေတယ်။ စိတ်ကိုလည်း အမြဲကြည်နေအောင်ထားပါတယ်။ မိဘ မိသားစုနဲ့ နေတာဆိုတော့ စိတ်ပူပန်ရတာ၊ စိတ်ညစ်ရတာမျိုး မရှိပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း စိတ်မညစ်တတ်ဘူး။ အစားအသောက်မှာဆိုရင် အပူအစပ်ကို အရမ်းကြိုက်တယ်။ မာလာဟင်းပုံစံမျိုး အရမ်းကြိုက်တယ်။ အစိပ် စားတာများပြီး ကျန်မာရေးထိခိုက်တတ်တယ်။ မျက်စိထိခိုက်တတ်တယ်ဆိုလို့ အစပ်ကိုရှောင်လိုက်ပြီ။ အစပ်မစားတော့ဘူး။

 

ခင်ဇာခြည်ကျော်
ညစားကိုလျော့စားတာ ၇ နှစ်လောက်ရှိပြီ

    ကျန်းမာရေးနဲ့ ပတ်သက်ရင် အစားအသောက်ထဲမှာ အချိုမှုန့်ကို လျော့စားတယ်။ အဆီရှောင်တယ်။ အချဉ်၊ အငံ၊ အစပ်ကိုတော့ သင့်တင့်မျှတအောင် စားပါတယ်။ ညစာကို လျော့စားတာ ၇ နှစ်လောက်ရှိပြီ ရေများများသောက်တာကိုတော့ အမြဲသတိထားပြီး သောက်တယ်။ ခရီးသွားရင်တောင် သောက်နေကျ ရေသန့်ဗူးတံဆိပ်ကိုသယ်သွားတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗဟုသုတ
ဆိုရင်တော့ ဖေဖေကိုကြည့်ပြီး အတုယူဖူးတယ်။ ဖေဖေမှာ C ပိုးရှိတယ်။ ဆရာဝန်က အစားအသောက် အနေအထိုင်ကို  ဆင်ခြင်ခိုင်းတာ ဖေဖေက မလိုက်နာခဲ့ဘူး။ မတည့်တာကို စားချင်တယ်။
နောက်ဆုံးတော့ ဖေဖေ့ကို ဆုံးရှုံးလိုက်ရတယ်။အဲဒါကိုကြည့်ပြီး အစားအသောက်ကို အရမ်းသတိထားတယ်။ နောက်စိတ်ညစ်စရာ လူတိုင်းမှာစိတ်ညစ်စရာဆိုတာ ရှိတာပဲ။ လောကကြီးမှာ လူခြင်းသာတူမယ်။ ကံခြင်းမတူနိုင်ဘူးလေ။ အဲဒါကိုသိရင် သူများတွေကံကောင်းလိုက်တာ။ အလုပ်တွေ အဆင်ပြေနေလိုက်တာ ငါကတော့ဘာလို့ဒီလိုဖြစ်နေရတာလဲ။ ငါ့ချည်းပဲအဆင်မပြေတာတွေ များနေလိုက်တာလို့ မတွေးသင့်ဘူး။ စိတ်ညစ်မနေသင့်ဘူး။ စိတ်ကိုနေတတ်အောင် နေရတယ်။

 

မေမြင့်မိုရ်
ခေါင်းလျှော်တာကိုလည်း သတိထားတယ်

    ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆေးရုံသွားရလောက်အောင် မဖြစ်ဖူးသေးဘူး။ မေမေက အစားအသောက်ဆိုရင် အကုန်စားခိုင်းတယ်။ ကြိုက်ကြိုက် မကြိုက်ကြိုက် အားလုံးကိုမျှတအောင် စီစဉ်ပေးတယ်။ ခါးတဲ့အစားအစာလည်း ဆေးဖက်ဝင်တယ်ဆိုပြီး မေမေက အတင်းကျွေးတာပဲ။ နောက်ပြီး ရာသီဥတုကိုလိုက်ပြီး သတိထားနေတတ်အောင်လည်း လုပ်ပေးပါတယ်။ အေးတဲ့ဒေသသွား ရင် နွေးနွေးလးဖြစ်အောင် နေခိုင်းတယ်။ မေမေအနားမှာရှိနေတော့ အကုန်လုံးအဆင်ပြေနေတာပေါ့နော်။ အရမ်းအေးရင်တော့ ခေါင်းကိုက်တတ်တယ်။ အိပ်ရေးပျက်ရင်၊ နေအရမ်းပူရင်လည်း ခေါင်းကိုက်တတ်တယ်။ ခေါင်းလျှော်တာကိုလည်း သတိထားတယ်။  ဆံပင်ရှည်တော့ ခေါင်းလျှော်ရင် အရမ်းအေးပြီး ခေါင်းကိုက်တာ ဖြစ်တတ်လို့လေ။ အစားအသောက်ထဲမှာ အကြိုက်ဆုံးကတော့  ချဉ်၊ ငံ၊ စပ် ပဲ။

ဆန်းသစ်လ
နွားနို့၊ပဲနို့ တစ်မျိုးမျိုးကို နေ့တိုင်းသောက်တယ်

    အစားအသောက်မှာဆိုရင် အရွက်များများစားတယ်။ အစိမ်းရောင်ရှိတဲ့ ကိုက်လန်၊ မုန်ညှင်းထုတ်၊ ကညွန့်တွေကို အရမ်းကြိုက်တယ်။ နွားနို့၊ ပဲနို့ တစ်မျိုးမျိုးကို နေ့တိုင်းသောက်တယ်။
ဆီမသန့်ရင် လည်ချောင်းမှာကပ်ပြီး အသံဝင်တာ၊ လည်ချောင်းနာတာတို့ ဖြစ်တတ်တဲ့အတွက် ဆီကိုတော့ သတိထားပြီးစားပါတယ်။ ဒါကြောင့် အပြင်ဆိုင်မှာ တစ်ခုခုကမ်းခြေသွားတိုင်း ဆေးခန်းသွားရတယ်။ ကမ်းခြေရောက်ရင် အရမ်းကြိုက်တဲ့ ပင်လယ်စာတွေစားပြီး ဗိုက်နာဗိုက်အောင့် အမြဲဖြစ်တယ်။ ဆေးခန်းရောက်တယ်။ ပင်လယ်စာတွေကိုကြိုက်ပြီး အရမ်းစားတတ်တော့လေ။ လူတစ်ယောက်မှာ ပိုက်ဆံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျန်းမာနေမှ အရာအားလုံးပြည့်စုံပြီး စိတ်သွားတိုင်း ကိုယ်ပါမှာလေ။