သဘောထားကြီးတဲ့ အိမ်ရှင်မ

စတွေ့တော့ ဦးငှက်အနုပညာ အလုပ်လုပ်နေပြီပေါ့။

ဦးငှက်သူငယ်ချင်းနဲ့ ပတ်သက်ပြီးသိတာ အဲဒီအချိန်မှ ဦးငှက်က အနုပညာအလုပ်လုပ်နေပြီ။ ဦးငှက်ကို သရုပ်ဆောင်တစ် ယောက်ဆိုတာသိတယ်။ ဦးငှက်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ နှင်းဆီဝိုင်ဇာတ်ကားကို အရမ်းကြိုက်တာ။

 

အသက် (၁၅)နှစ်ကွာတယ်လို့ သိရတယ်။ အသက်ကွာတာရော၊ အနုပညာရှင်တစ်ယောက်ကို လက်ထပ်ရတော့မယ်ဆိုတော့ စိတ်ကို ဘယ်လိုပြင်ဆင်ခဲ့လဲ။

စိတ်ကိုတော့ ပြင်ဆင်ရတာမျိုး မရှိပါဘူး။ ဦးငှက်က ကျွန်မကို အရမ်းချစ်တာ။ ကိုယ့်ကို အရမ်းချစ်တော့ ပျော်တာပေါ့။ ကိုယ် တိုင်ကလည်း ကိုယ့်ကိုဦးဆောင်နိုင်တဲ့ ယောက်ျားမျိုးကိုလည်း ရွေးချယ်ချင်တယ်။ ရည်းစားသက် တမ်းလည်း မကြာလိုက်ဘူး။ အဖြေ ပေးပြီး (၄) လလောက်မှာပဲ လက်ထပ်ခဲ့တာ။ တစ်နှစ်အတွင်းမှာ ရည်းစားဖြစ်တာရော၊ စေ့စပ်တာရော၊ လက်ထပ်တာရော အကုန်လုံးပြီး သွားတာ။

အိမ်ထောင်ပြုတော့ အသက် (၂၀)၊ ဒီအရွယ်မှာ အိမ်ထောင်ပြုတော့ အိမ်မှုကိစ္စအလုပ်တွေမှာ အဆင်ပြေလား။

အိမ်ရှင်မအလုပ်က အဆင်ပြေတယ်။ အရင်ကတည်းက အိမ်ကိစ္စတွေလုပ်နေကြဆိုတော့ ပြဿနာမရှိဘူးပေါ့နော်။ ဦးငှက်က ထမင်း၊ ဟင်း နည်းနည်းဂျီးများတယ်။ လက်ထပ်ဖြစ်ခဲ့တာကလည်း အဲဒီအချိန်မှာ ၁၀တန်းစာမေးပွဲကျသွားတာလည်းပါတယ်။ စာမေးပွဲ ကလည်းကျ၊ ဦးငှက်ကလည်း လက်ထပ်ခွင့်တောင်းနေတဲ့ အချိန်ဆိုတော့ လက်ထပ်ဖြစ်သွားတာ။

 

ကိုယ်လက်ထပ်မဲ့ အမျိုးသားကအသက်ကလည်း ကိုယ်နဲ့အရမ်းကွာတာရော၊ ဘ၀ဖြတ်သန်းမှုကလည်း ကိုယ့်ထက်များတော့ သံသယစိတ်တွေ ရှိခဲ့လား။

သံသယစိတ်လုံးဝကို မရှိတာ။ ပင်ကိုစိတ်ကလည်း သူများကို ယုံတတ်တဲ့ စိတ်ရှိတယ်။ အနုပညာအလုပ်က သာမန်အလုပ်ပုံစံနဲ့ မတူတာတော့သိတယ်။ ကြီးကြီးကျယ်ကျယ်စကား နဲ့ပြောရမယ်ဆိုရင်တော့ သဘောထားကြီးတယ်လို့ပဲ ပြောရမလားပဲ။ သ၀န်မတိုတတ် ဘူး။ ကိုယ့်အတွက်ချည်းပဲ မကြည့်တတ်ဘူး။ နားလည်ပေးတတ်တယ်။ ဒီတော့ စိတ်အေးချမ်းတာပေါ့။ ရှုတင်သွားတယ်။ မိုးအရမ်း ချုပ်လည်း စိတ်မဆိုးဘူး။ သူအလုပ်ကိစ္စသွားနေတာပဲ အဲလိုထားလိုက်တယ်။ သံသယစိတ်လုံးဝမရှိဘူး။ သံသယစိတ်၊ သ၀န်တိုတတ်တဲ့ စိတ်ရှိရင် သူ့အတွက်လည်း မကောင်းဘူး။ ကိုယ့်အတွက်လည်း မကောင်းဘူး။ ကိုယ့်ကို သူချစ်တယ်ဆိုတာကိုလည်း ယုံတယ်။ ဒီတော့ သူ့အပေါ်မှာ ဘာမှယုံကြည်စရာမရှိဘူး။

 

အိမ်ထောင်ရေးမှာ အဆင်မပြေတာတွေရော ဘယ်လိုဖြတ်သန်းခဲ့ကြလဲ။

ကြီးကြီးမားမား အဆင်မပြေတာတွေတော့ မရှိပါဘူး။ ရန်ဖြစ်ရင်လည်း ဦးငှက်ကစဖြစ်တာများတယ်။ ဦးငှက်က အရမ်းစိတ် ကောက်တတ်တယ်။ ကျွန်မက စိတ်မကောက်တတ်ဘူး။ မကျေနပ်တာရှိရင် ရင်ထဲမှာလည်း သိမ်းမထားတတ်ဘူး။ အိမ်ထောင်ရေးမှာ ပြဿနာ စိတ်ဆိုး၊ စိတ်ကောက်သေးသေးမွှားမွှားပဲရှိတယ်။

 

ကလေး (၂)ယောက်အကြောင်း ပြောပါဦး။

အကြီးက ကောင်းစည်သူ (၇)တန်း တက်နေတယ်။ သားငယ်က ကောင်းမြတ်သူ (၃)တန်းတက်နေတယ်။

 

အိမ်ထောင်ဖက် (၂)ဦးက အိမ်ထောင်ခရီးမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ဖြတ်သန်းရမယ်ဆိုတာ အ တွေ့အကြုံနဲ့ ယှဉ်ပြီး ပြောပြပေးပါဦး။

ကိုယ်တိုင်ကတော့ လောဘမရှိဘူးလို့တော့ မပြောပါဘူး။ လောဘတော့ ရှိတာပေါ့နော်။ မဖြစ်လာနိုင်တာကို အရမ်းကြီး မမျှော်လင့် ဘူး။

 

အိမ်တစ်အိမ်မှာ အိမ်ရှင်မတစ်ယောက်ရဲ့ အရေးပါပုံကို ပြောပြပေးပါဦး။

အခုတော့ အလုပ်လုပ်တယ်ပေါ့လေ။ အရင်တုန်းက အလုပ်မရှိဘူး။ အလုပ်ရှိရှိ မရှိရှိ၊ အိပ်ယာအစောကြီးထတယ်။ ကလေး တာဝန်၊ အိမ်တာဝန်တွေရှိတယ်။ အိမ်ရှင်မအလုပ်က ပိုက်ဆံရတဲ့ အလုပ်မဟုတ်ဘဲ၊ မိုလင်းမိုးချုပ် မအားတဲ့ အလုပ်တစ်ခုဖြစ်တယ်လေ။ အိမ်ကိစ္စ၊ မိသားစုကိစ္စက တော်တော်အလုပ်များတာ။ ကလေးကျောင်းပို့၊ ကျောင်းကြိုလည်း ကိုယ်တိုင်လုပ်တယ်။ အခုတော့ အလုပ်တစ် ခုအနေနဲ့ တာရော့ကြည့်တဲ့ အလုပ်လုပ်တယ်။ လူတစ်ယောက်ရဲ့ ကံကိုဟောပေးတဲ့ အလုပ်ပေါ့နော်။ ဗေဒင်တော့ မဟုတ်ဘူး။ တာရော့နဲ့ လူတစ်ယောက်ရဲ့ကံကို ကြည့်ပေးတဲ့ အလုပ်လုပ်တယ်။ ဒီလုပ်ငန်းကို ကိုယ်တိုင်လည်း သဘောကျတယ်။ သိပ်စိတ်ဝင်စားတယ်။

 

ဒီလုပ်ငန်းကိုလုပ်နေတာ ကြာပြီလား။

၂၀၀၉ ကနေစပြီး ကြည့်တယ်။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေကိုကြည့်ပေးရင်းနဲ့ ဒီအလုပ်ကိုလုပ်ဖြစ်ခဲ့တာပေါ့။ ဒီအလုပ်နဲ့ လည်း ဦးငှက်ရဲ့လုပ်ငန်းတွေကို ကူညီလို့ရတယ်လေ။ လူတစ်ယောက်ရဲ့ကံကို ကြည့်တာဆိုတော့ ကောင်းသည်ဆိုးသည်ကြည့်ပေး တယ်။ အလုပ်မှာအခက်အခဲရှိမလား၊ ရှိရင် ဘာလုပ်ရမယ်ဆိုပြီး လုပ်ပေးတယ်။

 

အိမ်ရှင်မတွေနဲ့ ပတ်သက်ပြီး ဘယ်လိုလေ့လာ ဖြစ်ခဲ့လဲ။

အိမ်ရှင်မတွေကို အိမ်ထဲမှာနေတာမျိုး မကြိုက်ဘူး။ ကိုယ့်မိသားစုကိုလည်း ပံ့ပိုးနိုင်ရမယ်။ ခင်ပွန်းဖြစ်သူကိုလည်း ပံ့ပိုးနိုင်တဲ့ သူမျိုးပဲ ဖြစ်ချင်တယ်။ အိမ်ထဲမှာနေတဲ့ အိမ်ရှင်မပုံစံမျိုးကို မကြိုက်ဘူး။ ကလေးတွေကိုလည်း နည်းလမ်းပြနိုင်မယ်။ ကလေးသဘော အတိုင်းအလို လိုက်တာမျိုးကိုလည်း မကြိုက်ဘူး။ ကလေးတွေလည်း နည်းလမ်းမှန်မှန်နဲ့ လမ်းပြနိုင်တဲ့ မိခင်မျိုးဖြစ်ချင်တယ်။

 

ကိုယ်တိုင်ရော အိမ်ရှင်မနဲ့ပတ်သက်ပြီး ဘယ်လိုပြန်သုံးသပ်လဲ။

သစ္စာရှိရမယ်။ ငါးပါးသီလလုံရမယ်။ ငါးပါးသီလမလုံရင် အိမ်ထောင်ရေးက သာယာမှာမဟုတ်ဘူး။ အဲဒီစိတ်နဲ့ အိမ်ထောင်ရေး ကို ဖြတ်သန်းနေပါတယ်။ ဒီစိတ်က ဇနီးနဲ့ ခင်ပွန်းနှစ်ယောက်လုံးမှာရှိနေရင် အိမ်ထောင်ရေးက သာယာပြီး တည်မြဲနေမှာပါ။

 

ပရိသတ်ကို နှုတ်ဆက်စကားပြောပေးပါဦး။

ပရိသတ်တွေက ဦးငှက်ကိုနှစ်တွေ အကြာကြီး အားပေးခဲ့တာ ကျေးဇူးတင်ပါတယ်။ အိမ်ထောင်သက် (၁၅)နှစ်အပြင် အိမ်ထောင်မကျခင်အချိန်ကတည်းက အနုပညာအလုပ်တွေ စလုပ်တဲ့အချိန်ကတည်းက အားပေးလာတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါ တယ်လို့ ပြောချင်ပါတယ်။

အိမ်ရှင်မတွေရဲ့အကြောင်းကို လေ့လာမိတဲ့အခါ ခံစားမိတဲ့ ခံစားချက်တစ်ချို့ကတော့ အိမ်ရှင်မဆိုတာ ခင်ပွန်းဖြစ်သူအပေါ်မှာ သံသယကင်းကင်းနဲ့ ယုံကြည်မှု၊ နားလည်မှုတွေဆိုတဲ့ စိတ်နဲ့ပြည့်စုံမှ ဘ၀ကပျော်ရွှင်စရာကောင်မယ်ဆိုတဲ့ အချက်ပါပဲ။ ခင်ပွန်းဖြစ်သူက အိမ်စီးပွားရေးအတွက် ဦးဆောင်နေတဲ့အချိန်မှာ အိမ်ရှင်မကောင်းပီသစွာနဲ့ ပံ့ပိုးပေးနိုင်မှ ပျော်ရွှင်စရာ မိသားစုဘ၀ကို ပိုင်ဆိုင်နိုင်မှာ ဖြစ် ပါတယ်။ အိမ်ရှင်မတွေအားလုံး ပြီးပြည့်စုံပျော်ရွှင်တဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုရင်း နောက်လတွေမှာလည်း အနုပညာ ရှင်တွေရဲ့ဇနီးတွေကို ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ပရိသတ်များ စောင့်မျှော်အားပေးကြပါဦးလို့။