Celebrity & Health

ဝတ်မှုန်ရွှေရည် (Gym ပုံမှန်ဆော့တယ်)


    အစားအသောက်မှာ အစပ်၊ အချဉ်ကို အရမ်းကြိုက်တယ်။ ယိုးဒယားစာ၊ ရခိုင်စာ အကြိုက်ဆုံး ပဲ။ အစပ်စားနေကြမို့ ထင်တယ်။ အစပ်စားပြီး ကျန်းမာရေး ထိခိုက်မှုမျိုး မရှိပါဘူး။ ခရီးသွားရင် တော့ ဆေးဝါးအစုံအလင်ယူတယ်။ အိမ်မှာနေလို့ မနက်မိုးလင်းပြီဆိုတာနဲ့ ကြက်ပေါင်းရည်နဲ့ ငှက်သိုက်ရည် တစ်မျိုးမျိုးအမြဲသောက်တယ်။ Gym ကို ပုံမှန်ဆော့တယ်။ ကျန်းမာရေးမှာ ဆိုးဆိုးဝါးဝါး မဖြစ်ဖူးဘူး။ အလုပ်ပင်ပန်းပြီဆိုရင်တော့ တစ်ခါ တလေမှာ ဆေးသွင်းပြီး အိပ်ယာထဲလဲဖူးတယ်။ လူတစ်ယောက်မှာ ကျန်းမာရေး အဓိကပါပဲ။ ဘယ်လောက်ပဲ ပိုက်ဆံရှာရှာ ကျန်းမာရေးမကောင်းရင် ဘာမှလုပ်လို့ မရဘူး။

ဆုပန်ထွာ(အခုနောက်ပိုင်း ညစာပြန်စားတယ်)


    အသားဆိုရင် ခြေလေးချောင်း မစားဘူး။ မစားတာ ၅ နှစ်လောက်ရှိပြီ။ အခုချိန်ထိ ကံကောင်း တာက အစားအစာရှောင်ရမဲ့ ရောဂါမျိုး မရှိဘူး။ သွေးတိုးလည်း မရှိဘူး။ အခုနောက်ပိုင်း ညစာ ပြန်စားတယ်။ အရင်တုန်းက ညနေ ၆ နာရီကျော်ရင် ထမင်းမစားတော့ဘူး။ အသီးအရွက်ကြော်ပဲ စား တော့တယ်။ အသီးထဲမှာ စပျစ်သီးအကြိုက်ဆုံးပဲ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ငယ်ငယ်တုန်းက အူ အတက်ရောင်လို့ ဗိုက်ခွဲဖူးတယ်။ ကြားဖူးတာပေါ့နော် ရောဂါဆိုဖြစ်မှ ကုတာထက် မဖြစ်ခင်ကာကွယ်ပြီးနေတာ ပိုထိရောက်တယ်။ လူတိုင်းလည်း ကျန်းမာရေးအတွက် ဖြစ်မှကုတာထက် မဖြစ်ခင် ကာကွယ်တာ ပိုထိရောက်တယ်။

ဝါဆိုမိုးဦး (သစ်သီးဖျော်ရည် အမြဲသောက်တယ်)


    ၀ါဆိုက အစားအသောက်ထဲမှာဆိုရင် ကြက်ဆီထမင်း၊ ဒံပေါက် အရမ်းကြိုက်တယ်။ ၀က်သား ဒုတ်ထိုး ကြိုက်တယ်။ မုန့်ဟင်းခါးမကြိုက်ဘူး။ ငပိရည်တို့ မကြိုက်ဘူး။ ထမင်းကြိုက်တယ်။ ၀ါဆို က အဆီများတဲ့အခါကြတော့ ညဘက်ကျ အစားကိုလျော့စားတယ်။ အသီးဖျော်ရည် အမြဲသောက်တယ်။ မုန်လာဥနီနဲ့၊ ပန်းသီးစိမ်း ဖျော်ရည်အမြဲ သောက်တယ်။ အားကစားကတော့ Bolenee မှာ အမြဲကစားတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ရင် နေပူထဲက ပြန်လာလာခြင်း ချက်ခြင်း ရေ မချိုးဘူး။ နည်းနည်းလေးကြာမှာ ချိုးတယ်။ ရေနွေးနဲ့ ရေ အမြဲချိုးတယ်။ အိမ်ကလည်း သတိထားပြီး အမြဲ ပြောတယ်။ ကျန်းမာရေးက လူတစ်ယောက်အ တွက် အရေးကြီးတယ်။ ခေါင်းမူး၊ ခေါင်းကိုက်တာ တောင် အဆင်မပြေဖြစ်တာကြောင့် ကျန်းမာရေး က အရမ်းကို အရေးကြီးပါတယ်။