Int'l Celebrity Secrets

    ဖွင့်ပြောတာနဲ့ မပြောတာ၊ သိရတာနဲ့ မသိရ တာတွေသာ ကွာခြားပါလိမ့်မယ်။ လူတိုင်းမှာ တော့ Crush ဆိုတာရှိကြမယ် ထင်ပါတယ်။ ငွေ ကြယ်ပွင့်တို့မှာလည်း သူတို့ နှစ်သက်စွဲလမ်းရသူ၊ ခဏပန်း ချစ်မြတ်နိုးရတဲ့ လျှို့ဝှက် Crush တွေ
ရှိပါသတဲ့။ ဘယ်သူက ဘယ်သူ့ကို နှစ်သက်စွဲလမ်းသလဲဆိုတော့...

Eva Mendes ၏ Crush

     အမေရိကန် သရုပ်ဆောင်၊ မော်ဒယ်၊ အဆို တော်နဲ့ ဒီဇိုင်နာ တစ်ယောက်ဖြစ်တဲ့ Eva Mendes ဟာ ကနေဒီးယန်း သရုပ်ဆောင် Ryan Gosling နဲ့ တွဲပြီး ထွက်လာနေကျမို့ သူမမှာ အခြားအမျိုးသား တစ်ယောက်ကို စဉ်းစားဖို့ အချိန်မရှိဘူးလို့ ထင် ထားခဲ့ပေမယ့် ကျွန်မတို့ ထင်ထားသလို မဟုတ်ပါ ဘူးတဲ့။ ပြီးတော့ သူမရဲ့ Crush ဟာ ပရိသတ်တွေ မျှော်လင့်ထားကြတဲ့သူလည်း မဟုတ်ပြန်ပါဘူး။ သူမရဲ့ Crush ကတော့ ဆွဲအားပြင်း အမျိုးသား တစ်ယောက်ဖြစ်တဲ့ အဆိုတော် Liam Gallagher ပါတဲ့။ Liam Gallagher ဟာ အင်္ဂလိပ် ရော့ခ် တီး ဝိုင်းတွေဖြစ်တဲ့ Oasis နဲ့ Beady Eye တို့ရဲ့ ပင်တိုင် အဆိုတော်ဖြစ်သလို မူရင်းတည်ထောင်သူလည်း ဖြစ်ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ “ ကျွန်မက Oasis (English Rock Band) ကို နှစ်သက်သလို Stone Roses နဲ့ The Smiths ကို လည်း ကြိုက်တယ်။ ကျွန်မ က Manchester ကို အမြဲတမ်း စွဲလမ်းနှစ်သက်နေခဲ့ ရတာ။” ဆိုပြီး Eva Mendes က ဖြေကြားထားခဲ့ပါတယ်။

Miley Cyrus ၏ Crush

      Miley Cyrus ဆိုတဲ့ အဆိုကျော်ရဲ့ crush ကို သိရရင် အံ့သြသွားကြမယ် ထင်ပါရဲ့။ သူမရဲ့ crush နဲ့ ပတ်သက်လို့ Miley က ဒီလိုပြောထား ပါတယ်။
    “ အဆိုတော် တစ်ယောက်မဟုတ်ဘဲ အခြား ဘဝတစ်ခုမှာဆိုရင်တော့ ကျွန်မဟာ Chris Martin ရဲ့ အိပ်မက်နတ်သမီးလေး ဖြစ်ချင်တာပါပဲ။ သူက အရမ်းမိုက်တယ်ရှင့်။ ပြီးတော့ အံ့သြစရာကောင်း တဲ့ ဖျော်ဖြေတင်ဆက်သူပါ။ သူ့ရဲ့ ရှိုးတစ်ခုကို သွားခဲ့တုန်းက သူ့ကိုတွေ့ရတာ သူတော်စင်တစ်ယောက်နဲ့ တူပါတယ်။”
    Miley Cyrus ရဲ့ စကားအရ သူမဟာ Chris Martin ကို နှစ်သက်စွဲလမ်းသူ တစ်ယောက်အဖြစ် သိနိုင်ပါတယ်။

Selena Gomez ၏ Crush

   Selena Gomez ဟာ သူမစွဲလမ်းနှစ်သက် ရသူ အနုပညာရှင်တွေအကြောင်းကို ပြောရတာ သဘောကျပါသတဲ့။ သူမ နှစ်သက်ရတဲ့သူတွေ အကြောင်းကို ပြောပြီးလို့ ခဏအကြာမှာပဲ Logan Lerman ဟာ သူမတစ်လျှောက်လုံး စွဲလမ်းခဲ့သူ တစ်ယောက်ဖြစ်ကြောင်း သိရပါတော့တယ်။ အဆို တော် သရုပ်ဆောင် Selena ဟာ သူမဆီမှာ အခြား သော ထူးဆန်းတဲ့  crush တစ်ယောက်ရှိသေးတဲ့ အကြောင်း  Jimmy Kimmel တိုက်ရိုက်ထုတ်လွှင့် မှုမှာ  ပြောကြား သွားခဲ့ပါတယ်။ အဲ့ဒီတစ်ယောက် ကတော့ သူမနဲ့အတူ Rudderless မှာ ပါဝင်ခဲ့တဲ့ Billy Crudup ဖြစ်ပါတယ်။ Selena ဟာ သူမရဲ့ အသစ်ထွက်မယ့် ရုပ်ရှင်ထဲမှာ Billy နဲ့ အတူ သရုပ် ဆောင်ခဲ့ရပြီး သူ့ကို သဘောကျ နှစ်သက်ခဲ့တာက ၂၀၀၀ ခုနှစ်က ရုံတင်ခဲ့တဲ့ Almost Famous ဆိုတဲ့ ရုပ်ရှင်ထဲမှာ ဂီတာတီးတဲ့ Russel Hammond အဖြစ် မြင်ပြီးကတည်းကလို့ ဆိုပါတယ်။

Rupert Grint ၏ Crush

     ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေထဲမှာ ရွန်ဝေစလေအဖြစ် သရုပ်ဆောင်ခဲ့သူ Rupert Grint လိုတော့ ဆယ်ကျော်သက်ဘဝက ချစ်ခင်နှစ်သက် ရတဲ့သူနဲ့ အလုပ်အတူ တွဲလုပ်ခွင့်ရတဲ့ အခွင့်အ ရေးမျိုး လူတော်တော်များများ မရနိုင်လောက်ပါ ဘူး။ ပရိသတ်ကြီး ထင်ထားသလိုပါပဲ။ သူ့ရဲ့ Crush ကတော့ သူနဲ့အတူ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲ တွေထဲမှာ အတူသရုပ်ဆောင်ခဲ့တဲ့ ဗြိတိသျှမင်း သမီးလေး Emma Waston ပါ။
    အဲ့ဒီအချိန်တုန်းကတော့ “ငါက မင်းနဲ့ ပတ်သက်လို့ ရိုးသားပါတယ်။ တစ်ခုခု မဟုတ်ဘူးလို့ ငါပြောတယ်ဆိုတာကလည်း စိုးရိမ်မိလို့ပါ။ Emma ဟာ အရမ်းလှတဲ့ ကောင်မလေးတစ်ယောက်ပါ။” ဆိုပြီး ပြောခဲ့တဲ့သူပါ။
    “လူတော်တော်များများက ကျွန်တော်နဲ့ သူမ တို့ တစ်ခုခုဆက်ဖြစ်ကြမယ်ပေါ့။ ဘာကြောင့်လဲဆို တော့ သိပ်မကြာသေးခင်ကမှ ရုပ်ရှင်ထဲမှာ ကျွန် တော်က သူမကို နမ်းခွင့်ရထားတာကိုး။”  ဆိုပြီး စာနယ်ဇင်းတွေကို ဝန်ခံပြီးတဲ့နောက်မှာ သူဟာ သူမအတွက် ခံစားချက်တွေ ရှိခဲ့ပါသတဲ့။

Kristen Stewart ၏ Crush

     Twilight ဇာတ်လမ်းတွဲတွေထဲမှာ သရုပ်ဆောင်ရင်း လူသိများခဲ့တဲ့ အမေရိကန်သရုပ် ဆောင် Kristen Stewart ဟာ လက်ရှိမှာတော့ တစ်ကိုယ်တည်း အပျိုကြီးပေါ့။  ၂၅ ဆိုတဲ့ သူမ ဟာ သိပ်တော့လည်း အသက်မကြီးသေးဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သူမရဲ့ အကြည့်တွေက တော့ လူတစ်ယောက်ဆီမှာ ရှိနေပါတယ်။ W မဂ္ဂဇင်းမှာလည်း မင်းသမီးက  သူမဟာ IndianaJones အဖြစ် သရုပ်ဆောင်ခဲ့သူ Harrison Ford ကို သဘောကျတဲ့အကြောင်း ဖြေကြားခဲ့ပါတယ်။
ဒီလိုဆိုရင်တော့ မင်းသမီးရဲ့ crush ဟာ Harrison Ford များ ဖြစ်နေမလား ခန့်မှန်းရပါတယ်။

Amy Adams ၏ Crush

     Amy Adams နှစ်သက်တဲ့သူကတော့ ခပ် ဆိုးဆိုး ကောင်လေးတစ်ယောက်ပါပဲ။ သူမနဲ့ ဆို ရင်တော့ ခပ်ဆိုးဆိုး ကောင်လေးပေါ့ရှင်။ သူတို့က သိပ်ပြီး အသက်မကွာကြပါဘူး။ Colin Farrell ဆိုတဲ့ အိုင်းရစ် သရုပ်ဆောင် တစ်ယောက်ပါ။
    “ကျွန်မ သူနဲ့ တစ်ခါမှ အလုပ်တွဲ မလုပ်ဖူးပါ ဘူး။  မဆုံခဲ့ကြဘူးပေါ့နော်။ ဘာကြောင့် သူက ကျွန်မရဲ့ crush ဖြစ်ရသလဲဆိုရင် သူက အလုပ် လုပ် တဲ့နေရာမှာ သိပ်ကိုသပ်ရပ်သေချာတယ်၊ အိုင်းရစ်လူမျိုးတစ်ယောက်၊ ပြီးတော့ သူက ရိုးသား တဲ့အပြင် ပျော်တတ်တဲ့သူမို့ပါ။” ဆိုပြီး Adams က W မဂ္ဂဇင်းကို ဖြေကြားသွားခဲ့ပါတယ်။

Jessica Chastain ၏  Crush

    Jessica Chastain ကိုတော့ ဟောလီဝုဒ် ရဲ့ ရှားပါးပစ္စည်းလို့ ပြောလို့ရနိုင်ပါတယ်။ ဘာ လို့လဲဆိုတော့ အခုချိန်ထိ သူမမှာ ရည်းစားမရှိ သေးလို့ပါ။ သူမရဲ့ ထိပ်တန်းအနုပညာရှင် Crush က ဘယ်သူဖြစ်မလဲဆိုတာကလည်း စိတ်ဝင်စား
စရာပါပဲ။
    “Dracula ထဲမှာ ပါဝင်ခဲ့တဲ့ Gray Oldman ကတော့ ရုပ်ရှင်လောကနဲ့ ပတ်သက်တဲ့ ကျွန်မရဲ့ Crush ပါ။ ဇာတ်ကောင်အဖြစ် သက်ဝင်လှုပ်ရှား စေခဲ့တဲ့ သူ့ရဲ့ အသံ၊ ဆံပင်နဲ့ လူသားဆန်မှုတွေကိုပဲ ကျွန်မဆိုလိုချင်တာပါ။” ဆိုပြီး ထုတ်ဖော် ပြော ဆိုခဲ့ပါတယ်။ ပရိသတ်ကြီး သိချင်နေခဲ့တဲ့သူ မဟုတ်တဲ့အတွက် ဝမ်းနည်းစရာဖြစ်ရပါတယ်။

Reese Witherspoon ၏ Crush

      Reese Witherspoon ဟာ ဟောလီဝုဒ် အေး ဂျင့် Jim Toth နဲ့ လက်ထပ်ထားခဲ့ပေမယ့် ကောင် လေးတစ်ယောက်အပေါ်မှာတော့ ခံစားမှုတွေ မရပ် တန့်နိုင်ခဲ့ပါဘူး။ အဲ့ဒီကောင်လေးကတော့ Water For Elephants မှာ သူမနဲ့အတူ တွဲဖက် သရုပ်ဆောင် ခဲ့တဲ့ Twilight မင်းသားချော Robbert Pattinson ပါ။
    “ကျွန်မ ညာမပြောပါဘူး။ သူက အရမ်း အရမ်းကို ချောမောခန့်ညားတဲ့ အမျိုးသားတစ် ယောက်ပါ။ သူက ချစ်စရာကောင်းတဲ့အပြင် အ ကောင်းဆုံး မိသားစုကို ပိုင်ဆိုင်ထားတယ်။ ပြီး တော့ သိပ်ပြီးသိလွယ် ခံစားလွယ်တဲ့သူတစ်
ယောက်ပါပဲ။” ဆိုပြီး သူမခံစားချက်ကို ဖွင့်ဟသွားခဲ့ပါတယ်။