ရေလိုကျင့်တဲ့ အိမ်ရှင်မ

    အနုပညာရှင်တစ်ယောက်ရဲ့ အိမ်ထောင် ရှင်မတစ်ယောက်အနေနဲ့ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုအတွက် တစ်နေ့တာဘ၀ထဲက လှုပ်ရှားဖြတ်သန်းမှုတွေနဲ့ နေ့ရက်တိုင်းကို ဘယ်လို ဖြတ်သန်းနေပါသလဲ...
    အနုပညာရှင်တစ်ယောက်ရဲ့ အိမ်ထောင် ဘက်တစ်ယောက်အနေနဲ့ သူမရဲ့လှပတဲ့ ဘ၀နေ့ ရက်တွေကို ဘယ်လိုဖြတ်သန်းလဲ ဆိုတာကို ဒီကဏ္ဍ လေးရဲ့ အဖွင့်အနေနဲ့ သရုပ်ဆောင် Presenter ဆန်းထွဋ်ရဲ့ဇနီး ဇင်မင်းနဲ့အတူ ဖွင့်လှစ်လိုက်ပါ တယ်။
    ဒီလ People Magazine နဲ့ ဆုံတွေ့တဲ့ တစ်နေ့ တာ အမှတ်တရတွေကတော့

မနက် ၈:၀၀ နာရီဆို သမီးလေးကို နှိုးတယ်။ သမီးရော သူ့ဖေဖေရောကို Breakfast ကျွေးတယ်။


သမီးလေးကို ၉:၀၀ နာရီအမှီ ကျောင်းပို့ တယ်။ သမီးလေး Lunch Box အတွက် ပြင်စရာမလို ဘူး။ သူ့ကျောင်းက Lunch ကိုပဲ စားခိုင်းတယ်။ အိမ် လက်ရာအပြင် တခြားအပြင်က အစားအသောက် လေးတွေလည်း စားစေချင်လို့။ ဒါပေမဲ့ သမီးလေးက အစားရွေးသလို Toilet လည်း ရွေးတယ်။  အခုထိသူ့ကိုကျင့်ပေးနေရတုန်း။

နေ့စဉ်ပုံမှန် Life


    ကျွန်မရဲ့ နေ့စဉ်ဖြတ်သန်းမှုပုံစံက တသ မတ်တည်း မရှိပါဘူး။ အိမ်ထောင်ကျပြီး သမီးလေး မမွေးခင်အချိန်တွေတုန်းက လင်မယားနှစ်ယောက် တစ်နေ့တာ အလုပ်ကိစ္စတွေပြီးတာနဲ့ သူငယ်ချင်း တွေဆီ တန်းပြေးတော့တာပဲ။ သူငယ်ချင်းတွေ တစ် ယောက်မဟုတ် တစ်ယောက်နဲ့ ညတိုင်းဆိုင်တွေ ထိုင်ဖြစ်တယ်။ တစ်အိမ်အိမ်မှာစုပြီး Movie တွေ ကြည့်ကြတယ်။ သမီးလေးမွေးပြီး နောက်ပိုင်းမှာ တော့ အရင်ကနေခဲ့တဲ့ပုံစံနဲ့ ပြောင်းပြန်အချိုးကျ သွားတယ်။ အရင်ကထက်လည်း လုပ်ငန်းကိစ္စတွေ က ၄၊ ၅ ဆလောက် များလာတယ်။ အဲတော့ အခုလက်ရှိ ဖြတ်သန်းနေတဲ့ ပုံစံဆိုရင် အရမ်းရင်း နှီးတဲ့ သူငယ်ချင်းတွေနဲ့တောင် အရင်လိုတွေ့ဖို့ မပြောနဲ့ ဖုန်းဆက်ပြီးတောင် စကားမများနိုင်တော့
ဘူး။ သမီးလေးကိစ္စ၊ ယောက်ျားရဲ့အလုပ်ကိစ္စ တွေနဲ့ပဲ တစ်နေ့တစ်နေ့ လုံးလည်ချာလည် လိုက် နေတော့တာပဲ။

အနုပညာရှင်တစ်ယောက်ရဲ့ Life Partner


    ကျွန်မရဲ့ယောက်ျားက အနုပညာရှင်ဆိုတာ ထက် အနုပညာရှင်တွေနဲ့ ပရိသတ်တွေနဲ့ ကြား မှာပေါင်းကူးပေးတဲ့ Public Figure တစ်ယောက် ဆိုရင် ပိုမှန်မယ်ထင်ပါတယ်။ ကျွန်မကိုယ်တိုင်က လည်း သူ့ရဲ့အလုပ်ကိစ္စတွေမှာ ထဲထဲဝင်ဝင် ပါဝင် ပတ်သက်ရတော့ လက်ရှိ Current ဖြစ်နေတဲ့ ကုန်ပစ္စည်းတွေရဲ့အကြောင်း၊ စီးပွားရေးလုပ်ငန်းတွေ ရဲ့ သဘောသဘာဝကို စေ့စေ့ငုံငုံ သိရှိအောင် လေ့လာမှတ်သားရပါတယ်။ သူပန်းချီဆွဲချင်တဲ့ အချိန်၊ စာရေးချင်တဲ့ အချိန်တွေဆိုလည်း သူ့ရဲ့ စိတ်ပေါ့ပါးလွတ်လပ်နေအောင် တတ်နိုင်သမျှ ဘာဝန်ထုပ်ဝန်ပိုးမှ မပေးပါဘူး။ ကျွန်မရဲ့အိမ်ဦးနတ်အကြိုက်လိုက်ပြီး ပါရမီဖြည့်နိုင်အောင် “ရေ” လို ကျင့်ကြံနေထိုင်ပါတယ်။ “ရေ”ဆိုတာက ထည့် လိုက်တဲ့ ပုံသဏ္ဍာန်၊ ခွက်ပုံစံအလိုက် အမျိုးမျိုး ပြောင်းလဲသွားတာကိုး။ ဒါကတော့ ကျွန်မတစ် ယောက်တည်းရဲ့ ခံယူချက်ပါ။

ပုံထဲမှာ မရိုက်ထားပေမဲ့ အပြင်မှာလုပ်ဖြစ်နေတာများ
    ကျွန်မတို့လင်မယား နှစ်ယောက်က အိပ်ရာ ၀င်ချိန် နောက်ကျလေ့ရှိတဲ့အတွက် အိပ်ရာထချိန် လည်း နောက်ကျတတ်တယ်။ ဒီနောက်ပိုင်း ကိုဆန်းထွဋ်က နေ့တိုင်းနီးပါးပွဲရှိနေတော့ ပွဲအ တွက်လိုအပ်တဲ့ ဖုန်းခေါ်ဆိုမှု၊ စာရွက်စာတမ်း ပြင်ဆင်မှု၊ အ၀တ်အစားရွေးချယ်မှုတွေ အားလုံး ကျွန်မပဲတာဝန်ယူပေးတယ်။ သူ့အလုပ်က ပွဲတစ်ခု ကို MC လုပ်ပေးရင် အဲဒီပွဲချိန် ၅ နာရီ၊ ၆ နာရီ ကြာချိန်အတွင်းမှာ အဲဒီပွဲရဲ့ Data အသေးစိတ် ကို ခေါင်းထဲထည့်ပြီး Presentation လုပ်ရတာ ဖြစ်လို့ Stress အရမ်းများတယ်။ ဒါကြောင့် သူ့ကို အလုပ်ချိန်ပြင်ပမှာ တတ်နိုင်သမျှ ခေါင်းအေးအေး နဲ့ နေလို့ရအောင် အိမ်မှုကိစ္စ၊ သမီးလေးကိစ္စတွေ အားလုံး ကျွန်မပဲ ဒိုင်ခံဖြေရှင်းတယ်။ ဒါပေမဲ့ ကျွန်မ
မှာ လည်း Backup ကောင်းကောင်းရှိလို့ပါ။ ကျွန်မ ဖြစ်စေချင်တဲ့အတိုင်း အပြည့်အ၀ ကူညီပေးတာက တော့ ကျွန်မအဖေ၊ အမေနဲ့ ကျွန်မညီမလိုတောင် ရင်းနှီးနေပြီဖြစ်တဲ့ အိမ်ကူကောင်မလေးတို့ ရှိလို့ပါ။ အဲဒီလိုမအားလပ်တဲ့ကြားကပဲ ၁၃ နှစ်ကြာ သက် တမ်းရှိပြီဖြစ်တဲ့ FM Announcer ဘ၀ကို ခင်တွယ် လွန်းလို့ Cherry FM မှာ တစ်ပတ်တစ်ရက် Live Program သွားလုပ်ဖြစ်တယ်။ ပြီးတော့ ကိုယ်ထပ် ပြီး လေ့လာသင်ယူချင်တဲ့ Job Training တွေ လိုက် တက်ဖြစ်တယ်။

မိသားစု Life နဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ Life
    လက်ရှိမှာတော့ ကျွန်မကိုကြင်နာပြီး အရမ်း ချစ်တဲ့ ခင်ပွန်းနဲ့ သမီးလေးကို ပိုင်ဆိုင်ခွင့်ရထားတဲ့ မိသားစု Life မှာ တစ်နေ့ထက်တစ်နေ့ ပိုပြီး ကြည်နူးပီတိ ဖြစ်မိပါတယ်။ အိမ်ထောင်ရှင်မ တစ်ယောက်ရဲ့ Life ကို ပြောရမယ်ဆိုရင်တော့ ကျွန်မအတွက် ကိုယ်ပိုင်အချိန်ဆိုတာ မရှိတော့ ပါဘူး။ ယောက်ျားနဲ့ သမီးအတွက် အချိန်ပြည့်တာဝန်ထမ်းဆောင်နေပါတယ်။ ဒါတောင် ကျွန်မက ရံဖန်ရံခါမှ မီးဖိုချောင်ဝင် တဲ့ အိမ်ရှင်မပါ။ ကျွန်မ ဟင်းချက်ကျွေးတဲ့ နေ့ဆိုရင်တော့ ကျွန်မယောက်ျား က ပိုစားလို့ကောင်းတယ်ပြောတာပဲ (စိတ်ချမ်းသာ အောင် ပြောပေးတာလားမသိ) အဲဒီကြားထဲ နာမည် ကြီး International Company တစ်ခုက By Name နဲ့ ကမ်းလှမ်းတာကို သဘောကျပြီး အလုပ်ဝင်ချင် လို့ ယောက်ျား နဲ့သမီးနဲ့အလစ်ကို ချောင်းနေပါတယ်။ အခုထိတော့ အလုပ်လုပ်ဖို့ အချိန်မထွက် လာသေးပါဘူး..ဆိုတော့ကာ ကျွန်မရဲ့အိမ်ထောင် ရှင်မ Life က ကျွန်မအတွက်တော့ မလွယ်ပါဘူး တော်တော်ရုန်းရပါတယ်။

Cherry FM မှာ အသံလွှင့်လို့ပြီးတာနဲ့ လင်မယားနှစ်ယောက် အိမ်ပြန်ပြီး သမီးလေးကို သွားခေါ်၊ ပြီးရင် သူ့ကိုအပြင် တစ်နေရာရာ လိုက်ပို့ဖို့ စီစဉ်ရပြန်ရော။ ဒါကလည်း သူ့ဖေဖေပွဲမရှိတဲ့ ရက်မျိုးမှသာ အပြင်ပြန်ထွက်နိုင်တာ။ ကိုဆန်းထွဋ် MC လုပ်ရမယ့် ပွဲရှိနေရင်တော့ Cherry FM ကနေ ပွဲရှိတဲ့နေရာဆီ ဆက်ကူးရတော့တာပဲ။

ဒီနေ့နေ့လယ် ၃:၃၀ နာရီကျောင်းဆင်း ချိန် သမီးလေးကြိုဖို့မမီတော့ သူ့အဖွားသွားကြိုပေး လိမ့်မယ်။ ကျွန်မ၊ ကိုဆန်းထွဋ်နဲ့ ကိုမောင်မောင်အေး တို့ သုံးယောက် ညနေ ၄:၀၀ နာရီအမီ CherryFM ကို ပြေးရမယ်။ ဗုဒ္ဓဟူးနေ့တိုင်း ညနေ ၄:၀၀ နာရီကနေ ၆:၀၀ နာရီထိ ကျွန်မတို့သုံးယောက် တင်ဆက်နေကျ “ဘာညာသာရကာ” Talk Show Live လွှင့်ဖို့ ရှိတယ်လေ။