လွတ်လွတ်လပ်လပ်အိမ်ရှင်မ

Photo- Myat Thaw
Venue- Junction Mawtin(Lanmadaw)

    “အေးအတူပူအမျှ ဘာကိစ္စကိုမဆို တိုင်တိုင်ပင်ပင်နဲ့ စည်းစည်းလုံးလုံး ရှိနေတာကို မိသားစုလို့ မြလေးကတော့ အဓိပ္ပါယ်ဖွင့်ချင်ပါတယ်” လို့ ဆို လာသူကတော့ တေးရေး၊ တေးဆို Cobra ရဲ့ ဇနီး ခင်မြဉ္ဇူခိုင်ပါ။ အိမ်ထောင်သက် ၇ နှစ်ကြာအောင် ပျော်ရွင်စရာကောင်းတဲ့ မိသားစုလေးအဖြစ် ရပ် တည်လာခဲ့ပြီး အခုအချိန်မှာတော့ သမီးလေး မှူးမြတ်သခင်နဲ့အတူ ပျော်ရွှင်တဲ့ မိသားစုလေး တစ်ခုကို ထူထောင်ထားနိုင်ခဲ့ပါပြီ။ အိမ်ရှင်မ တစ်ယောက်ဖြစ်တဲ့ ခင်မြဉ္ဇူခိုင်ရဲ့ တစ်နေ့တာ လှုပ် ရှားမှုလေးတွေကို မှတ်တမ်းတင် ဖော်ပြပေးလိုက်ပါတယ်။


    မနက်ဆိုရင် သမီးလေးက ၁၀ နာရီလောက်မှ ထတယ်။ သူမထခင် ကိုယ်ကထပြီး သမီးအတွက် ထမင်းကျိုတယ်။ သူ့အတွက်ကျိုတဲ့ ထမင်းက အသီးအရွက်၊ အသား၊ ငါး။ သမီးက တစ်နေ့ကို ထမင်းသုံးနပ်စားတာဆိုတော့ မနက်ပိုင်းစားပြီးရင်ကျန်တဲ့နှစ်နပ်စာကို ရေခဲသေတ္တာထဲ ထည့်ထားရတယ်။
    သမီးက ကစားစရာတွေဆိုရင် အကုန်လုံးကို ဘေးနားချထားပြီး ဆော့တယ်။ အိုးပုတ်လေးတွေ၊ အရုပ်လေးတွေ အကုန်လုံးကို အဲဒီလိုချထားပြီး သူနဲ့အတူ အဖေနဲ့အမေပါ ၀ိုင်းဆော့ပေးတယ်။
    သမီးက အပြင်ထွက်ရတာ ကြိုက်တယ်။ သူ့ကိုအမြဲ ကစားကွင်းပို့ပေးရတယ်။ တစ်ခါတလေကျရင်လည်း Cobra အစ်မမှာ သမီးနဲ့သား ရှိတော့သူ့ဝမ်းကွဲမောင်နှမတွေနဲ့ ကစားဖို့လိုက်ပို့ပေးရတယ်။


    တစ်ခါတလေ အိမ်အတွက် အသုံးအဆောင်ပစ္စည်း၊ ကလေးပစ္စည်း လိုတဲ့အခါဆိုရင် ကလေးနဲ့ Shopping ထွက်တယ်။


    ညဘက် အပြင်မထွက်ဖြစ်ရင် Cobra နဲ့အတူ သူကဂစ်တာတီးပြီး သီချင်းဆိုတာကို နားထောင်တယ်။ သူ့သီချင်းအသစ်တွေဆိုလည်း နားထောင်ပေးပြီး ဘေးနားကနေ အကြံပေးတယ်။

မိသားစုဆိုတာ
    အေးအတူပူအမျှနဲ့ ဘာကိစ္စမဆို တိုင်တိုင်ပင်ပင်၊ စည်းစည်းလုံးလုံးရှိတာကို မိသားစုလို့ အဓိပ္ပါယ်ဖွင့်ချင်ပါတယ်။

အိမ်ရှင်မဘဝ
    မြနှင်းရဲ့ အိမ်ရှင်မဘ၀က လွတ်လပ်တယ်။ မီးဖိုချောင်ပဲဝင်နေရတာမျိုး မဟုတ်ဘဲ သူအားလို့ အပြင်သွားရင် ကိုယ်လည်းသွားတယ်။  လင်မယား၂ ယောက်စလုံးက အိမ်အလုပ်ကိစ္စ၊ ကလေးကိစ္စတွေမှာ သူရော၊ ကိုယ်ရော လုပ်တယ်။ စည်းဘောင်နဲ့ ခွဲထားတာမျိုး မရှိဘူး။

တစ်နေ့တာလှုပ်ရှားမှု
    မနက်ဆိုရင် သမီးမနိုးခင် ကလေးအတွက် ထမင်းချက်တယ်။ သူနိုးလာရင် သူ့ကိုကျွေးတယ်။ သူဆော့နေတဲ့အချိန် ကိုယ်ကအလုပ်လုပ်စရာရှိ ရင်လုပ်၊ ပြီးရင် သူ့ကိုရေချိုးပေးပြီး ပြန်သိပ်တယ်။ သူအိပ်နေတဲ့အချိန် ကိုယ်လည်း အိပ်ချင်ရင်လိုက်အိပ်၊ မအိပ်ရင် အိမ်အလုပ်လုပ်စရာရှိတာ လုပ်တယ်။ သူပြန်နိုးလာရင် ထမင်းကျွေးပြီး ညနေဘက်ကျ တော့ Family Relax Time အပြင်ထွက်ပြီး မုန့်စားတာမျိုး လုပ်တယ်။ ည ၈ နာရီကျရင် ကလေး
ကို ထမင်းထပ်ကျွေးတယ်။ အဲဒါကတော့ မြလေး ပုံမှန်လုပ်နေကျ တစ်နေ့တာအလုပ်တွေပါ။