မိသားစုကို ယုံကြည်မှုနဲ့ တည်ဆောက်တယ်

ဓာတ်ပုံ- အာကာဝင်းဝဋ်

    အနုပညာတွေနဲ့ မိသားစုကို တည်ဆောက် ထားပါတယ်။ မိဘ၊ သားသမီး၊ မြေးတွေအထိ ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံနေတဲ့ မိသားစုထဲက အိမ်ရှင်မ အနုပညာရှင် နွဲ့ယဉ်ဝင်း က သူမ မိသားစုအတွက် သူ့တည်ဆောက်ခဲ့ပုံတွေကို အခုလိုပဲပြောပြခဲ့ပါ တယ်။
    ‘‘မိသားစုဆိုတာ ကိုယ်နဲ့ အရင်းနှီးဆုံးလူတွေဖြစ်တယ်။ ကိုယ်အားကိုးရတဲ့ လူတွေဖြစ်တယ်။ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းကတော့ ရှိရ မှာပေါ့။ သို့သော်လည်း အရေးကြီးတဲ့အချိန်ဆိုရင် မိတ်ဆွေကအားကိုးလို့ရသလို၊ သူတို့မှာလည်း အခက်အခဲရှိနေတဲ့အခါ ကိုယ့်ကိုပြန်ပြီး ကူညီချင် မှလည်း ကူညီနိုင်မယ်။ ဒါကြောင့်လူတစ်ယောက် အတွက် မိသားစုက အရေးကြီးဆုံးလို့ ထင်ပါတယ်။

    အခုလို မိသားစုဝင်တွေအားလုံး စည်းစည်း လုံးလုံးနဲ့ အတူတကွ ရှိနေတာဟာ အန်တီ့မေမေ ရဲ့ အုပ်ချုပ်မှုပုံစံအတိုင်း အုပ်ချုပ်ခဲ့တယ်လို့ ပြော လို့ရပါတယ်။ မေမေက မိသားစုကို အရမ်းချစ် တယ်။ အန်တီတို့ကိုလည်း သွန်သင်ဆုံးမ လမ်းပြ
ခဲ့တယ်။ မေမေသင်တာကို လိုက်နာခဲ့သလို မေမေ ရဲ့ လုပ်ဆောင်ချက်တွေကိုလည်းကြည့်ပြီး နည်း ယူခဲ့တာတွေလည်း ရှိတယ်။ မိသားစုမှာ အထူး သဖြင့် မေမေက အဓိကလို့ထင်တယ်။ မေမေ လမ်း ပြကောင်းဖို့လိုတယ်။ ပြောတာထက်ကို လုပ် ဆောင်ချက်ကလည်း အရေးကြီးတယ်။ အန်တီ့ မေမေက သားသမီးတွေကို အရမ်းဂရုစိုက်တာ။ မောင်နှမ(၅)ယောက်မှာ အန်တီက အကြီးဆုံးလေ။ မေမေက အန်တီတို့မောင်နှမတွေကို စည်းကမ်း ရှိအောင်ဆိုပြီး ငယ်ငယ်လေးကတည်းက မယ်သီလရှင်ကျောင်းမှာ ဘော်ဒါထားတယ်။ အဲဒီကတည်းက အန်တီတို့မောင်နှမတွေက စည်းကမ်းဆိုတာကို သိလာတယ်။ အန်တီတို့ မိသားစုက အစိုးရ၀န်ထမ်း တွေဆိုတော့ ပိုက်ဆံမပြည့်စုံဘူးပေါ့နော်။ မေမေက အရမ်းတော်တဲ့ မိခင်ပါ။ မေမေဆီက ပညာတွေ ကိုယူပြီး အန်တီ့သားသမီးတွေကို အုပ်ချုပ်ခဲ့တယ်။ သားကြီးက အမေရိကားမှာ လေယဉ် mechanic။ သံသာဝင်းက PHD ဘွဲ့ရတယ်။ သမီးငယ်ကလည်း အင်္ဂလန်နိုင်ငံက ဆေးပညာဘွဲ့ရတယ်။ အခုသြစ
တြေးလျားမှာ မေ့ဆေးအထူးကု လုပ်နေတယ်။ ကိုမျိုးကတော့ ရိုးရိုးဘွဲ့ရပြီး သူကဂီတပဲလုပ်ချင်နေ တဲ့သူ။ အားလုံးက အိမ်ထောင်တွေနဲ့ပါ။ အန်တီ ရော၊ အန်ကယ်ရောက သားသမီးတွေကို ဘာလုပ်ရ မယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ဘူး။ သူတို့ဖြစ် ချင်တာ သူတို့လုပ်ချင်တာကို ပံ့ပိုးပေးတယ်။ သား သမီးအားလုံးလည်း သူတို့ဖြစ်ချင်တာကို ရအောင်ယူတတ်ကြတယ်။


    သားကြီးမှာ သမီးလေးတစ်ယောက်ရှိတယ်။ သံသားဝင်းနဲ့ အနဂ္ဂကတော့ ကလေးမရှိသေးဘူး။ သမီးငယ်မှာက သားလေးတစ်ယောက်ရှိတယ်။ မျိုးမျိုးမှာ သားလေးတစ်ယောက်ရှိတယ်။ အခု မြေးတွေကို မြင်ရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ပြန်
စဉ်းစားတယ်။ အန်ကယ်က သဘောင်္အရာရှိဆို တော့ အိမ်မှာအမြဲ မရှိဘူး။ ယောက်ျားကလည်း အမြဲ ခရီးသွားနေရတယ် ငါတစ်ယောက်တည်း ဒီကလေး တွေကို ဘယ်လိုထိန်းခဲ့လဲပေါ့နော်။ တက္ကသိုလ် ဆရာမလည်းလုပ်တယ်။ အနုပညာအလုပ်၊ အိမ် အလုပ်တွေနဲ့ ငါဘယ်လိုများ နေခဲ့လဲပေါ့နော်။ ဒါပေမဲ့ အန်ကယ်ကပြောတယ် ပိုက်ဆံရှာတာ သူ့တာဝန် ထား၊ ကလေးတွေပဲ ဂရုစိုက်တဲ့၊ သီချင်းနဲ့ ပတ်သက် လာရင်တော့ နယ်မလိုက်ခိုင်းဘူး။ အဲဒီအချိန်တုန်း
က အန်တီကဂီတမှာ တော်တော်လေးနာမည်ရနေ တဲ့ အချိန်ဆိုတော့ နယ်ပွဲတွေကို ခေါ်တာပေါ့။ အန်ကယ်က နယ်တွေကို မလိုက်ခိုင်းဘူး။ ကလေး တာဝန်ပြီးမှ အန်တီဂီတကို လုပ်လို့ရတယ်။ အနုပညာ မောင်နှမတစ်ယောက်က ပြောဖူးတယ်။
အစ်မသာနယ်တွေလိုက်ရင် စိန်တွေနဖူးကနေ ခြေဖျားထိ သီးနေမှာပဲတဲ့။ ကလေးတွေအတွက် အချိန်ပေးခဲ့တာလေ။ တစ်ခုလိုချင်ရင် တစ်ခုကို စွန့်လွှတ်ရတယ်ဆိုတာ အမှန်ပဲ။
    တစ်ခါတလေမှာ အနုပညာထက် မိသားစု ကို အန်တီဦးစားပေးခဲ့ရတယ်။ အားလုံးက ကိုယ့်အတွက် အရမ်းတန်ဖိုးထားတဲ့ အရာတွေဖြစ်ပေမဲ့ မိသားစုကိုပိုပြီး ဦးစားပေးရွေးချယ်ခဲ့တယ်။ အဲဒီ အတွက် အန်တီမိသားစု သားသမီးတွေ အခုလို စည်းစည်းလုံးလုံးနဲ့ အတူရှိနေတဲ့အတွက် အရမ်းကို ကျေနပ်ပီတိဖြစ်ပါတယ်။
    အန်တီတို့မိသားစုရဲ့ ထူးခြားချက်က မိသားစုဝင်တွေအချင်းချင်း တစ်ဦးကိုတစ်ဦး ယုံကြည်နေတာပါပဲ။ မိဘကလည်း သားသမီးကို ယုံကြည် သလို သားသမီးတွေကလည်း အန်တီတို့ မိဘတွေ ကို အရမ်းယုံကြည်တယ်။
    ယုံကြည်မူကလည်း အောင်မြင်မှုတစ်ခုကို တည်ဆောက်နိုင်တာကြောင့် အန်တီတို့ မိသားစုအခုလိုမျိုး စည်းစည်းလုံးလုံးနဲ့ မြေးတွေအထိ ပျော် ရွှင်နေတာလို့ အန်တီထင်ပါတယ်။’’