မှတ်မှတ်ရရ လှလှပပ ပုံရိပ်များနဲ့ ရတနာမိုင်

    လူတစ်ယောက်ရဲ့ဘ၀မှာ သတိရစရာ၊ ကြည်နူးစရာ၊ မမေ့နိုင်စရာ အမှတ်တရပုံရိပ်လေး တွေ ရှိကြမှာပါ။ မှတ်မှတ်ရရနဲ့ လှလှပပရှိနေ တဲ့ ဘ၀ပုံရိပ်တွေထဲက အမှတ်ရစရာအဖြစ်ဆုံး ပုံရိပ်များနဲ့ တေးသံရှင် ရတနာမိုင်ရဲ့ အမှတ်တရ ပုံရိပ်လေးများအကြောင်းကို ဖော်ပြပေးလိုက် ပါတယ်။

 

Photo- LMN
Makeup & Hair- Ma Tint


    အမှတ်တရတွေထဲက အခုပြောပြချင်တာက ဒီနှစ်မိုင်လေးရဲ့မွေးနေ့ သြဂုတ် ၁၈ ရက်နေ့ကို မိုင်လေးရဲ့Fan မလေးရှားမှာရှိတဲ့ ချယ်ရီဆွေထွန်း ဆိုတဲ့ ညီမလေးက Birthday Surprise လုပ်ပေး တယ်။ သမီးက မသိဘူး။ မန္တလေးမှာ သီချင်းဆိုပြီး ပြန်လာတော့ ခရီးပမ်းလာတယ်။ အခန်းထဲလည်းဝင်ရော သမီးအခန်းထဲမှာ ပူစီဖောင်းလေးတွေနဲ့ အခန်းကို အလှဆင်ပြီး Surprise လုပ်တယ်။ ချယ်ရီက သမီးရဲ့ Fan အစစ်အမှန်ပါပဲ။ သမီးကိုချစ်လို့ ဆိုပြီး တကူးတက လုပ်ပေးတယ်။ သမီး Fan တွေ အကုန်လုံးကလည်း Surprise လုပ်ပေးကြတယ်။ မွေးနေ့တွေထဲမှာ ဒီမွေးနေ့လေးကတော့ အမှတ်တရပါပဲ။ သမီးရဲ့ Fan ချယ်ရီဆွေထွန်းနဲ့ သမီး ခင်တာကြာပြီ။ အားပေးတာကြာပြီ။ သူက သမီး
ပထမဆုံးစီးရီး မရှိလို့မဖြစ် ခွေ စထွက်ကတည်းက သမီးဆီလာတယ်။ Promotion တွေတိုင်း လာ တယ်။ သူက မလေးရှားကနေလှမ်းပြီး Surprise လုပ်ပေးတာ။ အလှကုန်ပစ္စည်းတွေ၊ အရုပ်အကြီး ကြီးတွေ ပို့ပေးတယ်။ သူက ဒီကသမီးသူငယ်ချင်း တစ်ယောက်ကို မလေးရှားကနေလှမ်းပြီး မွေးနေ့အတွက် Surprise လုပ်ပေးဖို့ အလုပ်အပ်လိုက် တာ။ သမီးခရီးကပြန်မလာခင်မှာ သမီး Surprise ဖြစ်အောင်လုပ်ပေးပါဆိုပြီး အလုပ်လှမ်းအပ်လိုက်
တာ။ အမေနဲ့ သမီးက ခရီးကအတူတူပြန်လာတဲ့ အချိန်၊ ၁၂ နာရီလောက်ဆိုတော့ အိပ်ချင်မူးတူးဖြစ် နေတဲ့အချိန်မှာ အခန်းတံခါးလည်း ဖွင့်လိုက်ရော နှင်းဆီပန်းတွေ၊ ပူစီဖောင်းတွေနဲ့ တစ်ခန်းလုံးကို အလှဆင်ပေးထားတာ။ သမီး Fan တစ်ယောက်က လည်း ချောင်းသာကနေလာလည်ပြီး မွေးနေ့ပြီးမှ ပြန်မယ်ဆိုပြီး အိမ်ကိုရောက်နေတာ။ အသက် ၅ နှစ်၊ ၆ နှစ်လောက်တုန်းကတော့ မေမေက မွေးနေ့အတွက် အိမ်မှာ ဘုန်းကြီးတွေပင့်ပြီး မေမေ့ မိတ်ဆွေ၊ သူငယ်ချင်းတွေ ဖိတ်ပြီး မွေးနေ့အလှူ လေးလုပ်ပေးတယ်။
    ၈ တန်းနှစ်တုန်းက သူငယ်ချင်းလေးယောက် ရှိတယ်။ အဲဒီနှစ်တုန်းက အပျော်ဆုံးပဲ။ အခန်းချင်း လည်းတူတယ်။ ဘယ်သွားသွား ဘယ်လာလာ အတူတူပဲ။ အခုတော့ သူငယ်ချင်း၂ ယောက်က အိမ်ထောင်ကျသွားပြီ။ ညီမလေး နဲ့ နောက်သူငယ်ချင်းတစ်ယောက်ပဲ အပျိုကြီးအနေနဲ့ ကျန်တယ်။ အဆိုတော်ဖြစ်ပြီးနောက်ပိုင်း မွေးနေ့တွေဆို ဘုရား ပဲ တက်ဖြစ်တယ်။ မွေးနေ့ပွဲလုပ်ဖြစ်တာ မရှိဘူး။
    ၂၀၀၆ ခုနှစ်တုန်းက အဝေးထွက်သွားသူ သီချင်းဆိုတုန်းက ကိုယ်ကအသစ်လည်း ဖြစ်တယ် အဖွဲ့တွေကလည်း များတယ်။ ကိုယ်ဆိုမယ့် သီချင်း CD ကို ကိုယ်ယူလာခဲ့ရတာ။ အဲဒီ CD က အိမ်မှာ ကျန်ခဲ့တယ်။ အဲဒီသီချင်းကို Strand Hotel မှာ Live Show လုပ်တာဆိုတော့ CD ကျန်ခဲ့တာလည်း သိရော အဲဒီမှာတင်ထိုင်ငိုခဲ့တာ အမှတ်တရပါပဲ။ အဲဒီတုန်းက ငယ်လည်းငယ်သေးတော့၊ အသက်က လည်း ၁၅ နှစ်ပဲရှိသေးတော့ နည်းနည်းလေးမှား တာနဲ့ ငိုတာပဲ။ ပရိသတ်တွေက လည်း ကိုယ့်ကိုအဲဒီသီချင်းကနေစပြီး အသိအမှတ်ပြု အားပေးခဲ့ တာဆိုတော့ အမှတ်တရပါပဲ။
    အခုဝတ်ပြီး ရိုက်တဲ့ဖက်ရှင်ဆိုရင် အခု အကြိုက်ဆုံးဖြစ်နေတယ်။ အနုပညာလောကထဲ စရောက်တုန်းကဆိုရင် ဂျင်းဘောင်းဘီဖက်ရှင်၊ ဂါဝန်အကားလေးတွေကို ကြိုက်တယ်။ အခုထိ လည်း အကြိုက်ဆုံးပဲ။ ဖက်ရှင်တွေက အမြဲပြောင်း
နေတာဆိုတော့ ကိုယ်နဲ့လိုက်တာရှိသလို၊ မလိုက် ဖက်တာလည်း ရှိတယ်။ အကြိုက်ဆုံးဖက်ရှင်က တော့ ဘယ်တော့မှမရိုးတဲ့ မြန်မာဝတ်စုံကို အကြိုက် ဆုံးပါ။ အခုဆိုရင် Student Coat လေးတွေ ကြိုက်နေတယ်။ သမီးနဲ့မလိုက်ဆုံး ဖက်ရှင်ကတော့ Sexy ကျတဲ့ဖက်ရှင်လို့ ထင်ပါတယ်။
    အမှတ်တရဖြစ်တဲ့ ခရီးကတော့ ဂျပန် ခရီးစဉ်ပါ။ အသက်ဘေးနဲ့ ကြုံခဲ့တဲ့ခရီးစဉ်တစ်ခုပါ။ ၂၀၁၁ တုန်းက ဂျပန်မှာသီချင်းသွားဆိုတာ။ အဲဒီ တုန်းကဂျပန်မှာ ဆူနာမီငလျင်လှုပ်သွားတာ။ ပွဲ ကတော့ ဆိုဖြစ်သွားတယ်။ လေဆိပ်ကိုပိတ်မယ်၊ မပိတ်ဘူး ဖြစ်နေတာ။ ဒါပေမဲ့ လေဆိပ်ရောက်ပြီး လေယာဉ်ဆိုက်မှပဲ  သက်ပြင်းချနိုင်တော့တယ်။ အဲဒီတုန်းက ဂျပန်အ၀တ်အစားလေးနဲ့ ဆိုခဲ့တဲ့ မလွမ်းပိုသီချင်းလေးကို Youtube မှာ လူကြည့်များ တယ်။
    ရတနာမိုင်ချစ်သူများ Group ကနေ မိုင်လေး ကို ချစ်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မိုင် လေးမွေးနေ့ကိုလည်း အခုလိုမျိုး အသိအမှတ်ပြုပြီး အမှတ်တရလုပ်ပေးတဲ့အတွက် အများကြီးကျေးဇူး
တင်ပါတယ်။