ချစ်ခြင်းမေတ္တာနဲ့နေတဲ့ မိသားစု

ဓာတ်ပုံ=ထိန်ဝင်း(မိုးကိုဦး)

    မိသားစုဝင် အများကြီးနဲ့ ပျော်စရာ မိသားစု ဖြစ်ပါတယ်။ မိသားစုဝင်တွေ အားလုံးကလည်း စည်းစည်းလုံးလုံးနဲ့ ပျော်စရာကောင်းလှတယ်။ အနုပညာလက်ဆင့်ကမ်း အမွေတွေနဲ့ ပရိသတ်သိ မိသားစုပါ။
    ဦးဇင်မြင့်+စာရေးဆရာမ နေနွယ်ဇင်မြင့်  မိသားစုအကြောင်းကို အိမ်ထောင်ရှင် မိခင် စာရေးဆရာမ နေနွယ်ဇင်မြင့်က အခုလိုပဲပြောပြခဲ့ပါတယ်။
    ‘‘အန်တီက မိသားစုကို ဘယ်လိုအုပ်ချုပ် လည်းဆိုရင် အန်တီမေမေ ပြောဖူးတာရှိတယ်။ အလုပ်ပင်ပန်းရင် သီချင်းဆိုပါတဲ့။ ပင်ပန်းရင် သီချင်းဆိုလိုက်တာပဲပေါ့နော်။ အန်တီဆိုရင် အရမ်းပင်ပန်းပါတယ်။ ကလေးကလည်း ၄ ယောက်။ ကျောင်းဆရာမလည်း လုပ်တယ်။ စာ လည်းရေးတယ်။ အချိန်တွေဘယ်က ဆွဲထုတ် လည်းဆိုပြီး မေးကြတဲ့အခါမှာ အိပ်ချိန်ထဲကပဲ ဆွဲ ထုတ်ရပါတယ်။ အိပ်ချိန်နည်းတော့ လူကမလန်း ဆန်းဘူးပေါ့နော်။ လူပင်ပန်း မလန်းဆန်းတဲ့အခါ စိတ်ပျော်အောင် ကြိုးစားရတယ်။ ကလေးတွေကို လည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာစေချင်တယ်။ သူတို့ဘ၀မှာ စိတ်တွေညစ်နေရတာမျိုး မဖြစ်စေ ချင်ဘူး။ ဒါပေမဲ့သူတို့ကို မျက်ခြေမပြတ် ကြည့်
တယ်။ ကျောင်းကပြန်လာရင် သူတို့စာအုပ်တွေကို စစ်တယ်။ နောက်တစ်နေ့ စာလုပ်ဖို့အတွက် သူတို့ စာအုပ်တွေမှာ အန်တီလက်ရေးနဲ့ date ထိုးပေး လိုက်တယ်။


    အဲလိုလုပ်ပေးလိုက်တော့ သူတို့ ဒီနေ့မှာ စာလုပ်လာလား၊ မလုပ်လားဘူးလားဆိုတာကို သိမှာလေ၊ နေ့တိုင်းလုပ်ပေးတာ သူတို့ ၁၀ တန်း အောင်သွားတဲ့အထိ။ ငယ်ငယ်ကတည်းက သူတို့ ကိုယ့်တာဝန် ကိုယ်ယူတတ်အောင် လုပ်တယ်။ မောင်နှစ်မတွေ ချစ်တတ်အောင် အန်တီက ည ဘက်စာကျက်ပြီးတိုင်း ဘုရားရှိခိုးရတယ်။ မိဘ ၂ ပါးရှိခိုးပြီးရင် မောင်နှစ်မတွေ ကြီးစဉ်ငယ်လိုက် ရှိခိုးရတယ်။ အဲလိုကြီးစဉ်ငယ်လိုက် ရှိခိုးတဲ့အခါ ကျတော့ အကြီးတွေကလည်း ညတိုင်းရှိခိုးရတဲ့ အငယ်တွေပေါ်မှာ ဗိုကျလို့မရတော့ဘူး အငယ် တွေကလည်း ကိုယ်ရှိခိုးရတဲ့ အကြီးမလေးစားလို့ မရတော့ဘူးပေါ့နော်။ ဒီတော့သူတို့အချင်းချင်းမှာ ရန်ဖြစ်စရာ ပြဿနာမပေါ်လာတော့ဘူးပေါ့။
    အန်တီကိုယ်တိုင်ကလည်း သားသမီးတွေ ကို သူငယ်ချင်းပေါင်း ပေါင်းတယ်။ အမေလို ဆုံးမ စရာရှိရင် ဆုံးမတယ်။ သြ၀ါဒပေးစရာရှိရင် ပေး တယ်။ အမြဲတမ်း ရီကာမောကာနဲ့ သူငယ်ချင်း လိုပေါင်းတယ်။ အဲဒီတော့သူတို့က အမေကို သူတို့ မှာရှိတဲ့ ပြဿ     နာတွေ၊ ကျောင်းစာအခက်အခဲတွေ ကို ပြောတယ်။ အန်တီ သားသမီး ၄ ယောက်စလုံး အိမ်ထောင်ကျတော့လည်း သူတို့ရဲ့အိမ်ထောင် ဘက်တွေဟာ သူတို့အချင်း သင့်တင့်လျောက်ပတ် တယ်။ ကိုယ်နဲ့ထိုက်တန်တဲ့ သူတွေနဲ့ အိမ်ထောင် ကျတယ်။ အန်တီရွေးပေးတာလားတဲ့။ အန်တီ တစ်ယောက်မှ ရွေးမပေးဘူး ၄ ယောက်စလုံးက သူတို့ဖာသာကြိုက်ပြီး လက်ထပ်ခဲ့ကြတာပါ။ အန်တီကို သူတို့လက်ထပ်မဲ့သူတွေကို ပြတဲ့အခါ မှာလည်း အန်တီလက်ခံနိုင်တဲ့ သူတွေချည်းပဲ ဖြစ် နေကြတယ်။ နဂိုကတည်းက ရွေးတတ်ဖို့လည်း ပြောထားတယ်။
    အခုချိန်ခါမှာ ချွေးမတွေ၊ သားမတ်တွေဟာ သားသမီးတွေလိုပဲ အကုန်လုံး ဖေဖေမေမေပဲခေါ် ကြပြီး တစည်းတလုံးတည်း ရှိကြတယ်။ မိသားစု ၁၆ ယောက်က တစ်စုတည်းလို ဖြစ်နေကြတယ်။ မြေး တွေအားလုံးကိုလည်း သင်ပေးထားတယ် မောင် နှစ်မ ၆ ယောက်ရှိတယ်လို့ စိတ်ထဲမှာထားရမယ် ဆိုတာကို ပြောထား တယ်။ တ၀မ်းကွဲဆိုတဲ့စိတ်မျိုး မရှိရဘူးဆိုတာကို သင်ထားတယ်။


    သားသမီးတွေက သူတို့လက်ထပ်မဲ့သူကို အိမ်ခေါ်လာမယ်လို့ ပြောတဲ့အခါမှာ မြန်မာတွေရဲ့ မိရိုးဖလာ ခံစားချက်လို့ပဲ ပြောရမယ်ထင်တယ်။ သားတွေရည်းစားရပြီဆိုတော့ ကိုယ်ရလိုက်သလို ပဲပျော်တယ်။ သမီးကျတော့ ကိုယ်ကပေးလိုက်ရ
သလိုပဲ ၀မ်းနည်းတာပေါ့နော်။ ဒါပေမဲ့လည်း ဒါက သဘာဝပဲလေ။  တားထားလို့လည်း ရတဲ့အရာ မ ဟုတ်ဘူး။ အန်တီက အပျိုကြီး၊လူပျိုကြီး မူလည်း မကြိုက်ဘူး။ ဘ၀မှာအဖော်ဆိုတာ လိုတယ်။ အိမ် ထောင်ဘက် ရှာရမယ်။ အဆင်ပြေတဲ့လူကိုဘယ် လိုကြည့်ရှာမလဲ အရေကြီးတယ်။ အန်တီဝတ္ထု တစ်ပုဒ်ရေးဖူးတယ်။ အန်တီကိုယ်တိုင် ဘ၀လက် တွဲဖော် ရှာခဲ့စဉ်အခါကပေါ့။ မေမေ့ကို ဘယ်လို ပြောရမလဲပေါ့။ မေမေ့ကို သမီးဆံပင်ဖြူနုတ်ပေးမယ်နော် ဆိုပြီး မေမေ့ကျောကုန်းဘက် ရောက်သွား တယ်။ မေမေ့မျက်နှာ မမြင်ရဘူး။ မေမေ့ကျောပဲ မြင်ရတော့ ပြောရတာသတ္တိရှိတယ်ပေါ့။ မေမေ သမီး အိမ်ထောင်ဘက် တွေ့ထားပြီနော်ဆိုတာကို မေမေ့ကို ဆံပင်ဖြူနုတ်ရင်း ပြောခဲ့တယ်။ ၀တ္ထု ထဲမှာလေ။ သမီးကြီး လမင်းမိုမိုက မေမေ့ခေါင်းပေါ် မှာ ဆံပင်ဖြူတစ်ချောင်းတွေ့ပြီ နုတ်ပေးမယ်ပြော တော့ မနုတ်ပေးနဲ့ မနုတ်ပေးနဲ့ပေါ့။ သူပြောတော့မှာ စိုးလို့ ဖြူပါစေပေါ့...သမီးတွေအိမ်ထောင်ပြုတော့ နှမြောသလိုပဲ။ သားကျတော့ ကိုယ်ရသလိုပဲ...ပျော် တယ်။ အားလုံးကလည်း ကိုယ်လက်ခံနိုင်တဲ့သူတွေ ဆိုတော့ သဘောကျခဲ့တယ်။ သားမတ်တွေ၊ ချွေးမ တွေက တကယ့်ကို သားသမီးအရင်းတွေလိုပဲ နွေး နွေးထွေးထွေး ရှိကြပါတယ်။
    အန်တီတို့မိသားမှာ အဓိက ချစ်ခြင်းမေတ္တာ နဲ့ပဲနေကြတယ်။ သားသမီးတွေကို ငယ်ငယ်က တည်းက ချစ်တတ်အောင် သင်ပေးထားတယ်။ မုန့်တစ်ခုရရင် လေးစိတ်စိပ်ပြီး စားရမယ်လို့ သင် ပေးခဲ့တယ်။ ခွင့်လွတ်ခြင်း၊ နားလည်ခြင်းနဲ့ နေ
ထိုင်ခဲ့ကြတယ်။ငယ်ငယ်ကတည်း ပုံစံတကျသင် ပေးခဲ့တော့ အသက်ကြီးလာတဲ့အခါ ပုံစံဝင်သွား ပျော်စရာ ကောင်းသွားတယ်။ အန်တီကိုယ်တိုင်က လည်း သားသမီး၊ မိသားစုအပေါ်ကို ပျော်ပျော်ရွင် ရွင်ကြီး ပေးဆပ်တယ်။’’