VIP ဟင်းလျာ

ခင်ဘုဏ်းချစ်တဲ့သူအတွက်...
ခင်ဘုဏ်းရဲ့ VIP ပုဂ္ဂိုလ်အတွက်...
ခင်ဘုဏ်းကိုယ်တိုင်ချက်တဲ့...
ခင်ဘုဏ်းညီမလေး လုံးလုံးအတွက် ငါးထမင်းနယ်


- ဆနွင်း
- အရောင်တင်မှုန့်
- ကြက်သွန်ဖြူဆီချက်
- ဆီ
- ဆား
- ခရမ်းချဉ်သီးပြုတ်
- မြေပဲ
- ခရမ်းချဉ်သီး၊ နံနံပင်၊ ကြက်သွန်မြိတ်
- ငါး


ပြုလုပ်ပုံအဆင့်ဆင့်
ဆီအနည်းငယ်ထဲကို ကြက်သွန်ဖြူနဲ့ ဆီသတ်ပြီး ဆီချက်ပြုလုပ်ပါတယ်။ ဆီချက်ချိန်မှာ အရောင်လှဖို့ အရောင်တင်မှုန့် နည်းနည်းထည့်ပါတယ်။
ငါးကို ပြုတ်ပြီး နွင်ထားပါတယ်။
ခရမ်းချဉ်သီးကိုပြုတ်ပြီး အစေ့ထုတ်ချေထားပါတယ်။
အားလူးနှစ်လုံးလောက်ပြုတ်ပြီး ချေထားပါတယ်။ (ညီမလေးက ရှမ်းဆန်မကြိုက်လို့ စေးစေးလေးဖြစ်အောင် အားလူးနဲ့နယ်မလို့ပါ)။
နောက်ဆုံးအနေနဲ့ကတော့ ထမင်းရယ်၊ အားလူးရယ်၊ ငါးရယ်၊ ခရမ်းချဉ်သီးရယ်၊ ဆီသတ်ထားတာရယ်ကို ရောနယ်လိုက်ရုံပါပဲ။
အခုဆိုရင် ညီမလေးကြိုက်တဲ့ ငါးထမင်းနယ်လေးရပါပြီ...
ငါးထမင်းနယ်လေးပေါ်မှာ မြေပဲကြော်ထားတာလေးရယ် ငရုပ်သီးခြောက်တောင့်ကြော်လေးရယ် ကြက်သွန်မြိတ်လေးရယ် တင်လိုက်ရင် ပွဲလေးလည်း လှသွားတယ်။

\


Photo - Ko Naing (Escape Photo Studio)
Makeup & Hair - Htet (Pop Soul)
Decoration - The Flower Link