မလွတ်တမ်း မြည်းစမ်းကြည့်ရမည့် ကမ္ဘာကျော် ထိပ်တန်းအရသာများ

ကမ္ဘာတစ်လွှားမှာ ထင်ရှားကျော်ကြားလှတဲ့ ထိပ်တန်းရသာစားဖွယ်များစွာရှိနေပါတယ်။ အဲဒီထဲကမှ မြန်မာတို့ အကြိုက်တွေ့မယ့် အရသာတွေကို ထုတ်နုတ်ရွေးချယ်ဖော်ပြခြင်း ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် နိုင်ငံတကာ ရိုးရာ စားသောက်ဆိုင်တွေကို သွားရောက်ရင်ပဲဖြစ်ဖြစ်၊ ပြည်ပခရီးရောက်ရှိနေ ချိန်မှာပဲဖြစ်ဖြစ် မလွတ်တမ်းမြည်းစမ်းကြည့်ရမယ့် ပေါ်ပြူလာစားစရာတွေပါ။ လေ့လာအကဲခတ် ကြည့်ပါဦးနော်။

ဗီယက်နမ်ခေါက်ဆွဲပြုတ်

ဗီယက်နမ်ရောက်ခဲ့ရင် မစားမဖြစ်စားကြည့်ဖို့ အညွှန်းပေးလိုက်ချင်တာကတော့ Fuh လို့ အမည်ရတဲ့ ဗီယက်နမ် ခေါက်ဆွဲပြုတ်ပါ။ ကြက်သား သို့မဟုတ် အမဲသားကို အသုံးပြုလေ့ရှိပြီး လတ်ဆတ်တဲ့ဆန်ခေါက်ဆွဲနဲ့ ဆေးဖက်ဝင်အပင် အနည်းငယ် ထည့်သွင်းချက်ပြုတ်ထားတဲ့ ဖူဟာ ထူးခြားတဲ့ အနံ့အရသာနဲ့ ခွန်အားကိုပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ သင်ဟာဗီယက် နမ်ရောက် ဧည့်သည်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် သွားရင်းလာရင်း မေးမြန်းလိုက်ရုံနဲ့ အရသာကောင်း ကောင်းဆိုင်လေးတွေဆီကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

မက်စမန်ဟင်းလျာ

အထွေအထူး မိတ်ဆက်နေစရာ မလိုတော့အောင် ပေါ်ပြူလာဖြစ်လှတဲ့ ထိုင်းအစားအစာတွေထဲက ဟင်းလျာ တစ်မျိုး ဖြစ်ပါတယ်။ Massman ဟင်းလျာ သို့မဟုတ် ဟင်းလျာများရဲ့ ဘုရင်လို့တောင် တင်စားထားကြပါတယ်။ ကြက် ဆင်သား၊ ကြက်သား၊ အမဲသား၊ ဘဲသား စသဖြင့် နှစ်သက်ရာ အသုံးပြုနိုင်ပြီး အုန်းနို့၊ အားလူးနဲ့ ကြက်သွန်နီ၊ မြေပဲ (သို့) သီဟိုဠ်စေ့၊ လေညင်း၊ ဖာလာ၊ သစ်ကြံပိုး၊ ငရုတ်သီးအစရှိတဲ့ ဟင်းခပ်အမွှေးအကြိုင်များစွာ အစပ်အဟပ်တည့်တည့် ပေါင်းစပ်ချက်ပြုတ်ထားတဲ့ မက်စမန်ဟင်းလျာဟာ အရသာကောင်းကောင်းနဲ့ ထမင်းမြိန်စေမှာ အသေအချာပဲ ဖြစ်ပါ တယ်။

နီယာပိုလစ်တန်ပီဇာ

အီတလီရိုးရာအစားအစာဖြစ်တဲ့ ပီဇာတွေထဲက အရိုးရှင်းဆုံးနဲ့ အကောင်းဆုံးသော ပီဇာရယ်လို့ ဆိုပါတယ်။ အရသာဆန်းသစ်တီထွင် မှုများစွာနဲ့ အမျိုးမျိုးသော ပီဇာတွေထဲမှာ Neapolitan pizza ရဲ့ ထူးခြားချက်ကတော့ ရိုးရာ မပျက်စီမံဖန်တီးရခြင်းပဲ ဖြစ်ပါတယ်။ ဂျုံမှုန့်အကောင်းစား၊ ပင်လယ်ဆား၊ သံလွင်ဆီ၊ ပင်စိမ်း၊ လတ်ဆတ်တဲ့ ခရမ်းချဉ် သီးများနဲ့ လက်လုပ်မုန့်ညက် အစရှိတာတွေကို အသုံးပြုပြီး မီးသွေးမီးနဲ့ ပြုလုပ်တယ်လို့ သိရှိရပါတယ်။  ဒိန်ခဲတောင် ပါဝင်မှုမရှိအောင် ရိုးစင်းလှတဲ့ နီယာပိုလစ်တန်ပီဇာရဲ့အရသာဟာ မြည်းစမ်းကြည့်ချင်စရာ ဆွဲဆောင်မှုတစ်ခုဖြစ်လို့ နေပါတယ်။

လာဇာ့ညာ

အနီးစပ်ဆုံး လာဇာ့ညာလို့ အသံထွက် ထားတဲ့ Lasagna ကတော့ ပီဇာပြီးရင် ဒုတိယ အကျော်ကြားဆုံးဖြစ်တဲ့ အီတလီအစားအစာလို့ ဆိုပါတယ်။ ပုံစံအမျိုးမျိုးနဲ့ အသုံးပြုလေ့ရှိတဲ့ pasta ကို ဒီနေရာမှာ အလွှာအထပ်ထပ် ဖန်တီး ထားပါတယ်။ ခရမ်းချဉ်သီးဆော့စ်၊ ဒိန်ခဲနဲ့ အသား နုပ်နုပ်စင်းတွေ ထည့်သွင်းထားတဲ့ Lasagna ဟာ ကလေးလူကြီးမရွေး ကြိုက်နှစ် သက်လွန်းလို့ နာမည်ကျော်လှတယ်လို့ ဆိုပါတယ်။

ကြက်သွန်ဖြူထောပတ်ကဏန်းဟင်း

ဒီဟင်းလျာကတော့ တရုတ်အစားအစာ၊ ဥရောပအစားအစာနဲ့ ဟင်းခပ်အမွှေးအကြိုင်တွေ လှိုင်လှိုင်သုံးတဲ့ အိန္ဒိယရိုးရာဟင်းလျာများကို အခြေခံထားခြင်းမရှိတဲ့ အိန္ဒိယဟင်းလျာတစ်မျိုးပါ။ Butter garlic crab ဟာ မလိုင် ထောပတ် ကောင်းကောင်းကြွယ်ဝတဲ့ နယ်မြေရဲ့ ထူခြားအရသာ တီထွင်မှုတစ်ခုလို့ဆိုနိုင်မှာပါ။ သူရဲ့နာမည်အတိုင်းပဲ ကြက်သွန်ဖြူနဲ့ ထောပတ်ကို ဆော့စ်အဖြစ် ဖန်တီးပြီး လတ်ဆတ်တဲ့ ကဏန်းချက်နဲ့ တွဲဖက်လို့ ရိုးရိုးရှင်းရှင်း အရသာရှိရှိ သုံးဆောင်ကြတာပဲဖြစ်ပါတယ်။

တက်ခ်ဆက်စ် ၀က်သားကင်

Texas ရဲ့မိုးကောင်းကင်လိုပဲ အဆုံးမရှိရွေးချယ်စရာတွေများပြားလှတဲ့ Texas ၀က်သားကင်ဟာ ၀က်သားနှစ် သက်သူ ဧည့်သည်တွေအတွက် မဖြစ်မနေ မြည်းစမ်းကြည့်ရမယ့် အရသာတစ်ခုပါ။ ငရုတ်သီး၊ ခရမ်းချဉ်သီး၊ ကြက် သွန်နီ၊ ငရုတ်ကောင်းနဲ့ ဆေးဖက်ဝင်အပင်တွေ ပါဝင်ထည့်သွင်းပြီး စီမံထားတဲ့ ၀က်သားကင်ဟာ တက်ခ်ဆက်စ်က အကင်စားဖိုမှူးတွေရဲ့ ပြီးပြည့်စုံတဲ့ လက်ရာတစ်ခုပဲ ဖြစ်ပါတယ်။

ပင်လယ်စာ ပေယလာ

ဆန်နဲ့ ပင်လယ်စာအစုံ ရောပြွမ်းချက်ပြုတ်ထားတဲ့ စပိန်အစားအစာ ပေယလာဟာလည်း လက်လွှတ်မခံသင့်တဲ့ ကမ္ဘာကျော်အရသာ တစ်ခုပါ။ ဆန်၊ ဆီ၊ ဆား၊ ဆေးဖက်ဝင်အပင်များနဲ့ ကဏန်း၊ ပုစွန်၊  ကင်းမွန်၊ ယောက်သွားမကျန် ပင်လယ်စာစုံစုံထည့်သွင်း ချက်ပြုတ်ထားတဲ့ ပေယလာဟာ မွေးရနံ့လေးရရုံနဲ့တင် ဆွဲဆောင်မှုအားကြီးလွန်းလို့ စားချင် စိတ်တွေ တဖွားဖွားဖြစ်ပေါ်စေလိမ့်မယ်လို့ အဆိုပြုလိုက်ချင်ပါတယ်။