ခမ်းနားပြီး ဆန်းသစ်သော ဟင်းလျာများ

ဒီတစ်လဟာ People ရဲ့ အထူး အခါသမယ လတစ်လ ဖြစ်တယ်ဆိုတာ စာဖတ်ပရိသတ်ကြီး သိရှိပြီးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ (၁၃) နှစ်ပြည့် သွားပြီဖြစ်တဲ့ People ရဲ့ Eating In Style စာမျက်နှာ များကို ခမ်းနားပြီး ဆန်းသစ်တဲ့ ဟင်းလျာများနဲ့ တင်ဆက်ပေးချင်ပါတယ်။ ရှေးဟောင်းအဆောက်အအုံ တစ်ခု၊ နွေးထွေးပြီး ဆိတ်ငြိမ်တဲ့ အပြင်အဆင်နဲ့ Hummingbird Bar & Restaurant ။ ၀တ်ရည်စုပ် ငှက်ကလေးလို့ အမည်ပေးထားတဲ့ ဒီစားသောက် ဆိုင်ဟာ ရန်ကုန်မြို့ရဲ့ အချက်အချာနေရာ ဘုန်းကြီး လမ်းပေါ်မှာ တည်ရှိပါတယ်။ Hummingbird  ရဲ့ မီးဖိုချောင်မှာ Executive Head Chef အဖြစ် ၀င် ရောက်ချက်ပြုတ်ပြီး Menu ထုတ်ပေးနေသူက တော့ AC/DC ၊ The Rolling Stones ၊ Sir Elton John ၊ Taylor Swift စတဲ့ ကမ္ဘာကျော် အနုပညာ ရှင်များနဲ့ ဗြိတိန်နိုင်ငံက ဘုရင်မကြီး Elizabeth II တို့ရဲ့ စားဖိုမှူးတစ်ဦးဖြစ်ခဲ့သူ Wayne Third ။ ဒီလို မြင့်မားတဲ့ အတွေ့အကြုံ သမိုင်းကြောင်းရှိခဲ့သော ၀ါရင့်စားဖိုမှူးကြီးရဲ့ လက်ရာများကို People ရဲ့ စာ ဖတ်ပရိသတ်များအတွက် အထူးတလည် တင်ဆက် ပေးလိုက်ချင်ပါတယ်။

ပထမဆုံးအနေနဲ့ Starter Dish ကို မိတ် ဆက်ပေးမှာပါ။

Duo of Salmon

ဆယ်လ်မွန်ငါး             - ၆၀ ဂရမ်
ထောပတ်သီး              - ၂၀ ဂရမ်
ငရုတ်သီး (အနီ)           - ၅ ဂ၇မ်
ကြက်သွန်နီ                - ၅ ဂရမ်
နံနံပင်                       - ၂ ဂရမ်
Cherry Tomato          - ၃လုံး
Balsamic Vinegar      - ၁၀ မီလီ
ကြက်သွန်နီဥကလေး    - ၂ လုံး
သရက်သီး                 - ၁၀ ဂရမ်

ချက်ပြုတ်နည်း အဆင့်ဆင့်
SALMON TAR TAR
    ဆယ်လ်မွန် အသားကို အတုံးသေးသေးများ တုံးထားပါ။ ကြက်သွန်နီ၊ငရုတ်သီး၊ နံနံပင်နဲ့ သံပုရာ ရည်များနဲ့ ရောနယ်ပြီး နောက်ဆုံးမှာ အရသာအ တွက် ဆားနဲ့ ငရုတ်ကောင်းမှုန့်များ ထည့်ပြီး နယ် ရပါမယ်။ ပြီးရင်တော့ ပါးပါးလှီး ထားတဲ့ ထောပတ် သီးအသားလေးနဲ့ Salmon Tar Tar များကို လိပ်ပေးရပါမယ်။

SALMON MICUIT
ဆယ်လ်မွန်ငါးအသားကို လေးထောင့်ပုံး အတုံးများရအောင် လှီးပြီး သကြား၊ ဆား၊ သံပုရာ အခွံတို့နဲ့ ရောနယ်ထားပြီး အရသာဝင်အောင် ၁ နာရီခန့်ထားပါ။ သတ်မှတ်အချိန်ပြည့်တဲ့အခါ ဆယ်လ်မွန် အသားတုံးများကို ရေနဲ့ဆေးပြီး တစ်သျှူးနဲ့ ခြောက်သွေ့တဲ့အထိ သုပ်ပေးရပါမယ်။ ရေခြောက်သွားပြီဆိုရင် ပလတ်စတစ်အိတ်လေးထဲထည့်ပြီး အပူချိန် 30ံ C မှ 35ံ C ကြားရှိ ရေခပ် နွေးနွေးထဲမှာ ၁ နာရီခန့် ပြုတ်ပေးရပါမယ်။

GUACAMOLE
မက္ကဆီကန် စတိုင် အတွက် ထောပတ်သီး၊ ငရုတ်သီး၊ ကြက်သွန်နီ၊ နံနံပင်တို့ကို သံပရာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့နဲ့ ရောပြီးသမသွား အောင် မွှေပေးရပါမယ်။

MANGO CHILLI SAUCE
သရက်သီးနဲ့ ငရုတ်သီးအနီတို့ကိုရောပြီး ကြိတ်စက်နဲ့ ချေပါ။ အရသာအတွက် သံပရာရည်၊ ဆားနဲ့ ငရုတ်ကောင်းကို ထည့်ပေးနိုင်ပါတယ်။ အားလုံး အဆင်သင့်ဖြစ်သွားပြီ ဆိုရင်တော့ ပန်းကန်ပေါ်မှာ လှပအောင် ပြင်ဆင်ပြီး ဆယ်လ်မွန် ရဲ့ အရသာကို မြည်းစမ်းနိုင်ပါပြီ။

ဆက်လက်ပြီး တင်ဆက်ပေးချင်တာက အဓိက ဟင်းလျာများ ဖြစ်ပါတယ်။

DUO OF PORK

ဝက်ပေါင်သား      - ၈၀ ဂရမ်

ဝက်ဂုတ်သား       - ၃၀ ဂရမ်
Tortilla Bread     - ၁ ချပ်
ရွှေဖရုံသီး          - ၂၀ ဂရမ်
Cream             -  ၁၀ ဂရမ်
ထောပတ်          - ၅ ဂရမ်
အာလူး             - ၁၅ ဂရမ်
ပြောင်းဖူး          - ၁၀ ဂရမ်
ကညွတ်            - ၂ ချောင်း
Pork Jus          - ၅ မီလီ

ချက်ပြုတ်နည်း အဆင့်ဆင့်
ဝက်ပေါင်သားကို ဆား၊ငရုတ်ကောင်းတို့နဲ့ နယ်ပြီး ဆီနဲ့ ကြော်ပေးပါ။ ပြီးနောက် Oven ထဲ ထည့်ပြီး အသားကျက်တဲ့အထိ ကင်ပေးပါ။ ၀က်ဂုတ်သားကိုတော့ အရသာနယ်ပြီး နောက် သံလွင်ဆီနဲ့ Oven ထဲမှာ ကင်ပေးပါ။ ပြီး နောက်Chimichari Sauce နဲ့ နယ်ပြီး Tortilla Breadနဲ့ လိပ်ပေးရပါမယ်။

PUMPKIN PUREE
ဖရုံသီးအနှစ် ပြုလုပ်ဖို့အတွက် ရွှေဖရုံသီးကို နူးအောင်ပြုတ်ပြီး  Cream အနည်းငယ်နဲ့ ရောပြီး ကြိတ်စက်နဲ့ မွှေပေးရမှာဖြစ်ပါတယ်။ ထောပတ်အ နည်းငယ်နဲ့ ဆား၊ ငရုတ်ကောင်းမှုန့်တို့ကို အနံ့ အရသာအတွက် ထည့်ပေးနိုင်ပါတယ်။
ကညွတ်ကို ဆီအနည်းငယ်နဲ့ ဆား၊ ငရုတ် ကောင်းတို့ရောပြီး ကင်ပေးရပါမယ်။

ပါဝင်မယ့် ဟင်းအမယ်အားလုံးကို ချက်ပြုတ်ပြီးစီးသွားပြီဆိုရင် နောက်ဆုံးတည်ခင်းမယ့်အဆင့်ပါ။ ပထမဆုံး Pumpkin Puree ကို ပန်းကန်မှာ ဖြန့်တင်ရပါမယ်။ ကင်ထားတဲ့ ၀က်ပေါင်သား၊ Tortilla Bread နဲ့ လိပ်ထားတဲ့ ၀က်သား
လိပ်လေးကို လှပအောင်တင်ပြီး Pork Jus ကလေး အပေါ်ကဆမ်းကာ စားသုံးနိုင်ပါပြီ။

LACRO

အမဲပေါင်သား        - ၁၅၀ ဂရမ်

ခရမ်းချဉ်သီး         - ၄၀ ဂရမ်
ကြက်သွန်နီ          - ၄၀ ဂရမ်
ကြက်သွန်ဖြူ        - ၁၀ ဂရမ်
ဂျင်း                   - ၅ ဂရမ်
ငရုတ်သီးမှုန့်         - ၁၀ ဂရမ်
ဇီယာမှုန့်             - ၁၀ ဂရမ်
အရောင်တင်မှုန့်    - ၁၀ ဂရမ်
ကြက်ပြုတ်ရည်     - ၂၀၀ မီလီ
ပြောင်းဖူး            - ၁၀ ဂရမ်
ရွှေဖရုံသီး           - ၁၀ ဂရမ်
အာလူး              - ၁၀ ဂရမ်

ချက်ပြုတ်နည်း အဆင့်ဆင့်
အမဲသားကို ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ ဇီယာမှုန့်တို့နဲ့ သမအောင်နယ်ပြီး ဒယ်အိုးပြားဖြင့် ကြော်ပေးရပါမယ်။
ကြက်သွန်နီကို ဆီသတ်ပြီး၊ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ ဇီယာမှုန့်တို့ကို ကြက်သွန်ဖြူ၊ ဂျင်း၊ ခရမ်းချဉ်သီး တို့နဲ့ ဆီထပ်သတ်ပါ။ လိုချင် တဲ့ အနေအထားရောက်ပြီဆိုရင် ကြက်ပြုတ်ရည် ထည့်ပြီး အနှစ်ဖြစ်အောင်ဆက်လက်ချက်ပြုတ်ရ
ပါမယ်။ အနှစ်ရပြီဆိုလျှင် ကြော်ထားပြီးသား အမဲ သားများကိုထည့်ပြီး အသားကျက်သွားတဲ့အထိ ချက်ပေးရမှာပါ။ အရသာအတွက် ဆား၊ ငရုတ် ကောင်းတို့ကို နှစ်သက်သလို ထည့်နိုင်ပါတယ်။ မီးကင်ထားတဲ့ ပေါင်မုန့်ကြမ်းကလေးနဲ့ တွဲဖက်ပြီး နူးညံ့ပြီးမွှေးပျံ့နေတဲ့ အသားရဲ့အရသာကို ခံစားသုံးဆောင်နိုင်ပါပြီ။

နောက်ဆုံးမှာတော့ အချိုပွဲရောက်ရှိလာပါပြီ။

Humming Bird ရဲ့ အချိုပွဲအတွဲအစပ်မှာ Chocolate ရဲ့ မတူတဲ့အရသာနှစ်မျိုးကို ခံစားရမှာပါ။

CHOCOLATE TART

Icing Sugar    - ၁၂၀ ဂရမ်

Cream           - ၁၀၀ ဂရမ်
ချောကလက်    - ၇၀၀ ဂရမ်
ထောပတ်        - ၅၀၀ ဂရမ်
ကြက်ဥ အနှစ်   -    လုံး
ကြက်ဥ အကာ   -   လုံး
ဆား               - ၁၀ ဂရမ်
သံပရာခွံ          - အနည်းငယ်

ကြက်ဥ အကာ၊ အနှစ်များကို ရောပြီး သကြား ထည့်ကာ ကြေညက်သွားတဲ့အထိ စက်နဲ့ ရိုက်ထား ပါ။ ချောကလက်ကိုလည်း အရည်ဖျော်ထားရ ပါမယ်။ ပြီးရင်တော့ ကြေညက်အောင်ရိုက်ထားတဲ့ ကြက်ဥထဲကို အရည်ဖျော်ထား တဲ့ ချောကလက်၊ ထောပတ်၊ ဆား နဲ့  Cream တို့ထည့်ပြီး သမအောင် မွှေပေးရပါမယ်။ ခပ်မွမွ အနေအထားရအောင် ခြစ်ထားတဲ့ သံပရာခွံများကို ထည့်ပြီး မီးအေးအေးနဲ့ မိနစ် ၃၀ ခန့်ကြာအောင် ဖုတ်ပေးရပါမယ်။ ဒါက တော့ Chocolate Tart ပါ။

CHOCOLATE SALAMI
Chocolate     - ၂၅၀ ဂရမ်
ဘီစကစ်         - ၂၅၀ ဂရမ်
ထောပတ်       - ၁၀၀ ဂရမ်
သကြား         - ၁၅၀ ဂရမ်
ကြက်ဥ         - ၃ လုံး
ချောကလက်မှုန့်  - ၃၀ ဂရမ်

ချောကလက် နှင့် ထောပတ်တို့ကို ရောပြီး အရည်ဖျော်ထားပါ ။ သကြားနဲ့ ကြက်ဥကို ရောပြီး ပွလာအောင် စက်နဲ့ရိုက်ပြီး အရည်ဖျော်ထားတဲ့ ချောကလက်နဲ့ ထောပတ်တို့ကို ရောထည့်လိုက်ပါ။ ဘီစကစ်များနဲ့ ချောကလက်အမှုန့်များကိုပါ ထည့်မွှေပြီးနောက် ပလတ်စတစ်ပါးပါးဖြင့်လိပ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားရပါမယ်။ အေးခဲသွားတဲ့ အထိထားပြီးမှ နှစ်သက်ရာ အရွယ်အစားအတိုင်း လှီးဖြတ်ပေးရပါမယ်။ ဒါကတော့ နောက်ထပ် အနံ့အရသာတစ်မျိုးနဲ့ Chocolate Salami ဖြစ်ပါတယ်။