ချို၊ ချဉ်၊ ငံ၊ စပ် အရသာ

          ဒီတစ်လမှာတော့ People ရဲ့ Eating in Style ကဏ္ဍကနေ စာဖတ်သူများအတွက် ချို၊ ချဉ်၊ ငံ၊ စပ် အရသာများနဲ့ ထိုင်းအစားအစာများကို မိတ်ဆက်ပေးချင်ပါတယ်။ Juction Square ၊ Sceret Garden မှာတည်ရှိပြီး ထိုင်းနိုင်ငံက နာမည်ကြီး ရိုးရာစားသောက်ဆိုင် Tummour ရဲ့ မူလလက်ရာ အတိုင်း ချက်ပြုတ်ထားတဲ့ ထိုင်းရိုးရာ အစားအစာ ကွေ့သယို ကို အဓိကစားသောက်ဖွယ်အဖြစ် ရရှိနိုင်တဲ့ ကွေ့သယို By tummour မှ ဟင်းပွဲတစ်ချို့ကို စာမျက်နှာများပေါ်မှာ အကြိုခံစားကြည့်နိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

 

Kuay Teaw with Pork Soup Tummour Style

ပါဝင်ပစ္စည်းများ

ခေါက်ဆွဲ

ပဲပင်ပေါက်

ဆလပ်ရွက်

ဝက်သား

ဝက်အူ

ငရုတ်သီးဆော့စ်

မြေပဲ

ဝက်ခေါက်ကြော်

ကြက်သွန်နီ

တရုတ်နံနံ

ကြက်သွန်မြိတ်

ကွေ့သယို

ချက်ပြုတ်နည်းအဆင့်ဆင့်

          ပထမဆုံး ကွေ့တီယို ခေါက်ဆွဲ၊ ပဲပင်ပေါက် နဲ့ အရွက်များကို ပြုတ်ရပါတယ်။ နှစ်သက်ရာ အနေအထားရပြီဆိုလျှင် ခေါက်ဆွဲ၊ ပဲပင်ပေါက်၊ အရွက်
များကို ပန်းကန်လုံးထဲထည့်ပါတယ်။ ပြီးနောက် ကျက်ပြီးသား ၀က်သားနဲ့အူများကို သင့်တော်ရုံ ထည့်ပေးပြီးနောက် ငရုတ်သီးဆော့စ်၊ မြေပဲ၊ ၀က်ခေါက်ကြော်၊ ကြက်သွန်နီ၊ ကြက်သွန်နီ၊ တရုတ် နံနံများကို ထည့်ကာ ကွေ့သယိုဟင်းရည်ကို ဆမ်းပေးပါတယ်။ ဒီဟင်းလျာရဲ့ အရေးကြီးဆုံးဖြစ်တဲ့ ကွေ့သယိုဟင်းရည်က  ထိုင်းနိုင်ငံမှ နာမည်ကျော် Tummour ရဲ့ မူရင်းလက်ရာအတိုင်း ချက်ပြုတ် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

 

Kuay Teaw Tom Yam Soup with Shrimp

ပါဝင်ပစ္စည်း

ပုစွန်ထုပ်

ခေါက်ဆွဲ

မှို

စပါးလင်

ပဒဲကော

နံနံပင်

ရှမ်းနံနံ

ငရုတ်သီးဆော့စ်

သကြား

သံပရာရည်

Fish Sause

Evaporated creamer

ချက်ပြုတ်နည်း

          ပုစွန်ထုပ်၊ခေါက်ဆွဲ၊မှိုများ နဲ့ အခြားပါဝင်ပစ္စည်းများအားလုံးကို ရောထည့်ပြီး ဆူပွက်လာအောင် ချက်ပြုတ်ရပါတယ်။ ခေါက်ဆွဲများ လိုချင်တဲ့ အနေအထားရပြီဆိုရင်တော့ ပန်းကန်ထဲမှာ လှပအောင် ပြင်ဆင်ပြီး တုန်ယမ်းအရသာနဲ့ ကွေ့သယိုကို မြည်းစမ်းနိုင်ပါပြီ။

 

Chicken Rice (ကြက်ဆီထမင်း)

ပါဝင်ပစ္စည်းများ

ရှမ်းဆန်

ကြက်ပြုတ်ရည်

ကြက်ဆီ

ဂျင်း

ကြက်သွန်ဖြူ

ဆား

ကြက်သားမှုန့်

ကြက်ပေါင်း

ကြက်ကြော်

ကြက်မြစ်ကြက်သည်း

ချက်ပြုတ်နည်း အဆင့်ဆင့်

          အနံ့၊ အရသာနဲ့ ပြည့်စုံတဲ့ ကြက်ဆီထမင်း ကို ရရှိအောင် ဆန်ကို ရေအစား ကြက်ပြုတ်ရည်၊ ကြက်ဆီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဆားတို့နဲ့ ပထမ ချက်ထားရပါတယ်။ ပြီးရင်တော့ နူးအိပြီး မွှေးပျံ့နေတဲ့ ကြက်ဆီထမင်းကို ပေါင်းထားတဲ့ ကြက်သား၊ အသည်းအမြစ်၊ ကြက်ကြော်၊ သခွားသီး၊ အရွက် သုပ်များနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။

 

Tom Thai (သဘောင်္သီးထောင်း)

ပါဝင်ပစ္စည်းများ

သေဘာၤသီး

ငရုတ်နီသီး

မြေပဲ

ပုစွန်ခြောက်

သကြားညို

သံပရာရည်

Fish Sause

ခရမ်ချဉ်သီး

ပဲတောင့်ရှည်

ချက်ပြုတ်နည်း အဆင့်ဆင့်

          ပထမဆုံး စားသုံးသူတွေ ဆန္ဒရှိတဲ့ အစပ်အရသာပေါ် မူတည်ပြီး ငရုတ်သီးနဲ့ ကြက်သွန်ဖြူကိုရော ထောင်းရပါတယ်။ ညက်သလောက် ရှိတဲ့ အချိန်မှာ သကြားအညိုရောင်ကိုရောပြီး ထောင်းရပါတယ်။

          ပြီးရင်တော့ မြေပဲ၊ ပဲတောင့်ရှည်နဲ့ ပုစွန်ခြောက် ထည့်ရပါတယ်။ သံပုရာရည်နဲ့ Fish Sauce ကိုထည့်ပြီး နောက်ဆုံးမှာ ခြစ်ထားတဲ့ သဘောင်္သီးတွေနဲ့ ခရမ်းချဉ်သီးတွေကိုထည့်ပြီး နှံသွားအောင် မွှေပြီးရင်တော့ ထိုင်းရိုးရာ နာမည်ကြီး အစာအစာတစ်မျိုးဖြစ်တဲ့ Tom Thai သဘောင်္သီး ထောင်းကို စားသုံးနိုင်ပါပြီ။