Myanmar Metropolitan College (MMC) နဲ့ နိုင်ငံတကာအဆင့်မီ ပညာရေး

ပြောင်းလဲလာတဲ့  ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ မြန်မာနိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်က အဓိကအခန်းကဏ္ဍမှာ ပါဝင်ပါ တယ်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ပညာရေးကဏ္ဍက အခြေခံနဲ့ အဓိကကျတဲ့ နေရာမှာ ရှိပါတယ်။ နိုင်ငံတကာ နဲ့ ရင်ဘောင်တန်းနိုင်တဲ့ နိုင်ငံတကာ အဆင့်မီပညာရေးကို လက်ရှိမြန်မာနိုင်ငံမှာ သင်ကြားလာနိုင်ပြီ ဖြစ်ပါတယ်။ ဖွင့်လှစ်သင်ကြားနေတဲ့ ကိုယ်ပိုင်သင်တန်းကျောင်းများထဲမှ Myanmar Metropo-litan College အကြောင်းကို ကျောင်းအုပ် ဒေါ်ခင်နှင်းစိုးနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

MMC ကို မြန်မာနိုင်ငံမှာ ဖွင့်လှစ်ဖြစ်တဲ့ ရည်ရွယ်ချက်

မြန်မာနိုင်ငံကလူငယ်တွေ နိုင်ငံခြားကိုသွားစရာမလိုပဲ နိုင်ငံတကာအဆင့်မီ ပညာရေးပရိုဂရမ်တွေကို သင်ကြားစေနိုင်ဖို့ ရည်ရွယ်ပြီး MMC ကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

MMC ရဲ့ အားသာချက်

MMC ရဲ့အားသာချက်ကို ပြောရမယ်ဆို ရင် သင်ကြားရေးစနစ်ပိုင်းမှာ Student Centered Learning Approach နဲ့ သင်ကြား သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြငှ်ုညိကျအမပ Focued Learning နည်းစနစ်နဲ့ပါ သင်ကြားသွားမှာ ဖြစ်တယ်။ လုပ်ငန်းခွင်မှာ ဘယ်လိုအရည် အချင်းနဲ့ လူတွေလိုအပ်နေသလဲဆိုတာကို သေသေချာချာ သုတေသနပြုလုပ်ပြီး လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ကျောင်းသားတွေ ဖြစ်လာ အောင် သင်ကြားပေးသွားမှာ ဖြစ်တယ်။ အဓိကကတော့  ကျောင်းသားတွေကို သင်ကြားတဲ့အခါမှာ စာတွေ့မဟုတ်ပဲ လက်တွေ့ပိုင်း မှာပါ ကျွမ်းကျင်မှုရှိတဲ့ ပညာရှင်တွေဖြစ် လာအောင် သင်ကြားပေးမယ်။ ပညာရေးပြီးဆုံး လို့ ဒီကျောင်းကနေ အသိအမှတ်ပြု လက်မှတ်ရ ပြီး လုပ်ငန်းခွင်ဝင်တဲ့အခါမှာ သင်ကြားခဲ့ရတဲ့ သီအိုရီတွေကို လက်တွေ့ဘယ်လိုအသုံးချရ မလဲဆိုတာကို အဓိကသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် MMC ရဲ့အားသာချက်က Industry Focued Learning ဖြစ်ပါတယ်။

သင်ကြားမှုအပိုင်းမှာ အသုံးပြုသွားမယ့် နည်းစနစ်

သင်ကြားရေးအပိုင်းမှာတော့ ကျွန်မကိုယ်တိုင်ဦးစီးပြီး Project-Based Learning နဲ့ Problem-Based Learning စတဲ့ ပုံစံတွေနဲ့ သင်ကြားသွားမှာ ဖြစ်ပါတယ်။ Project-Based Learning မှာ Project ဗဟိုပြုပြီး ကျောင်းသားတွေက သီအိုရီ ပိုင်းကို လေ့လာနိုင်မယ်။ တကယ်လုပ်ငန်းခွင်ဝင်တဲ့အခါမှာ ကြုံတွေ့လာရမယ့် အတွေ့အကြုံတွေကို လုပ်ငန်းခွင်မ၀င်ခင်မှာပဲ ရရှိထားမယ်။ နောက်တစ်ချက်က (Team Work)  အဖွဲ့အစည်းနဲ့ အလုပ်လုပ်ရတဲ့အတွက် အဖွဲ့အစည်းစိတ်ဓာတ် ရှိလာမယ်။ (Collaboration) ပူးပေါင်းလုပ်ဆောင်တတ် လာမယ်။ Problem-Based Learning ကတော့ Singapore နိုင်ငံ Republic Polytechnicမှာ ကျွန်မ  ကထိကလုပ်ခဲ့စဉ်က အတွေ့အ ကြုံတစ်ခုဖြစ်ပြီး ထူးခြားတဲ့သင်ကြားရေး နည်းစနစ်တစ်ခုဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံက ကျောင်းသားတွေအတွက် အသုံးပြုဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနည်းစနစ်ရဲ့ အားသာချက်ကတော့ ကျောင်းသားတွေ လုပ်ငန်းခွင်မှာ ကြုံတွေ့လာရမယ့်ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ အတွေ့အကြုံကိုရရှိစေမှာဖြစ်ပြီး သင်ကြားထားတဲ့သီအိုရီကို လက်တွေ့ဘယ်လို အသုံးချရမလဲဆိုတာကို သိရှိလာစေမှာ ဖြစ်ပါတယ်။

အထူးပြုဘာသာရပ်များ၊ သင်ရိုးညွှန်းတန်းများ

Engineering နဲ့ Business bmomရပ် တွေကို သင်ကြားပေးသွားမှာဖြစ်ပြီး လက်ရှိ စကော့တလန် အစိုးရအသိအမှတ်ပြု သင်ရိုးညွှန်းတန်းတွေနဲ့ သင်ကြားပေးမှာဖြစ်ပြီး နောက်ပိုင်းမှာ UK USA တက္ကသိုလ်များမှ အသိအမှတ်ပြု သင်ရိုးညွှန်းတန်းတွေနဲ့ သင် ကြားသွားနိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီပလိုမာကနေ မာစတာဘွဲ့အထိ သင်တန်းများ ဖွင့်လှစ်ထားပြီး ပြည်ပဆရာ၊ ဆရာမ များ အပါအ၀င် နိုင်ငံခြားတက္ကသိုလ်များမှ သင်ကြားရေး အတွေ့အကြုံရှိ ဆရာဆရာမ အင်အား ၃၀ ကျော် ကိုခန့်အပ် သင်ကြားပေး လျက်ရှိပါတယ်။ Myanmar Metropolitan College ကို ကောလိပ်အဆင့်ကနေ တက္ကသိုလ်အဆင့်ထိ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

ဝင်ခွင့်အရည်အချင်းများ

ကျောင်းသားများက ရွေးချယ်တဲ့ ဘာသာ ရပ်အလိုက် ၀င်ခွင့်စာမေးပွဲများ ဖြေဆိုရမှာဖြစ်ပြီး ၀င်ခွင့်အရည်အချင်းတွေကို ကျွန်မ ကိုယ်တိုင် ရွေးချယ်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ Found-ation Course ကိုလည်း ဖွင့်လှစ်ထားပါတယ်။ IGCSE နဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားတဲ့ ကျောင်းသားကျောင်းသူတိုင်း တက်ရောက်နိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ပထမဆုံး US MBA

မြန်မာနိုင်ငံအတွက် ပထမဆုံး Accredited US MBA ကို MMC မှာ တက်ရောက်သင်ကြားနိုင်ပြီ  ဖြစ်ပါတယ်။ University of the Potomac နှင့် UBIS University တို့ ပူးပေါင်းပြီး Certificate of Authorization ကို MMC က ရရှိထားပါတယ်။ University of the Potomac က US မှ State Level Accreditation ရရှိထားကာ ၁၉၈၉ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ တက္ကသိုလ်တစ်ခုဖြစ်ပြီး UBIS University ကတော့ Eduqa: the swiss Quality ရရှိထားပြီး Switzerland နိုင်ငံ Geneva မြို့တွင်တည်ရှိတဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ISO 29990 ကိုလည်း ရရှိထားပြီး ၂၀၁၃ ခုနှစ်တွင် International Assembly for Collegiate Business Education (IACBE)  အသိအမှတ်ပြုခြင်းခံရကာ Council for Higher Education Accreditation(CHEA)  ကိုလည်း ရရှိ ထားတဲ့ တက္က သိုလ်တစ်ခုဖြစ်ပါတယ်။ ဒီတက္ကသိုလ်နှစ်ခုမှာ သင်ကြားလျက်ရှိတဲ့ တူညီတဲ့သင်ရိုးညွှန်းတန်းများကိုပဲ စာသင်နှစ်နှစ်နှစ်အတွင်း ရာနှုန်း ပြည့် Assignment ၊ သင့်တင့်မျှတတဲ့ သင်ကြားချိန်တွေနဲ့ စာမေးပွဲဖြေဆိုရန်မလိုပဲ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ဝန်ဆောင်မှု

နိုင်ငံတကာပညာရေးကို လိုလားတဲ့ လူတန်းစားမရွေး တက်ရောက်သင်ကြားနိုင်အောင် ကျောင်းစရိတ်ကို အထူးသက်သာ အောင် စီစဉ်ထားပြီး အရစ်ကျပေးချေနိုင်အောင်လည်း စီစဉ်ထားပါတယ်။ ကျောင်းသား၊ ကျောင်းသူများရဲ့ ပညာရေးဆိုင်ရာ အရည် အသွေးအတွက် External နဲ့ Internal Academic Board တွေကို ပညာရှင်များနဲ့ ဖွဲ့စည်းပေးထားပါတယ်။ ပညာရေးနဲ့ အသက်မွေး ၀မ်းကျောင်းပညာရပ်ကို ရွေးချယ်နိုင်မယ့် အကြံပေးဝန်ဆောင်မှု (Study Abroad Specialist Centre) ကိုလည်း ထားရှိပေးထားပြီး ပညာ ရေးနဲ့ ပတ်သက်တဲ့ အခြားဝန် ဆောင်မှုများကိုလည်း MMC က လုပ်ဆောင်ပေး လျက်ရှိပါတယ်။

အသေးစိတ်စုံစမ်းလိုပါက - တိုက်အမှတ် (၄၇/ ၄၈)၊ ဗဟိုရ်စည်အိမ်ယာ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။ ဖုန်း - ၀၁ ၂၃၀၁၃၈၀၊ ၂၃၀၁၃၈၁၊ ၀၉ ၄၅၀၀ ၆၃၁၀၈၊ ၀၉ ၄၅၀၀ ၆၃၁၀၉