Victoria University College

“ကျွန်တော်တို့ဆီမှာ ကျောင်းလာအပ်တဲ့ အခါ မိဘတွေ အမေးများတဲ့ မေးခွန်းကတော့ ဒီမေဂျာနဲ့ ဘွဲ့ရခဲ့ရင် အလုပ်ရမှာလားဆိုတဲ့ မေးခွန်းပါပဲ။ ဒါကိုမေးလို့ သူတို့ကို အပြစ်ပြောလို့လည်း မရပြန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘွဲ့ရပြီး အလုပ်မရှိတဲ့၊ မလုပ်မရတဲ့ လူတွေကိုမြင်တွေ့နေရတာကိုး။ ဒါကြောင့် ဒီလိုမေးခွန်းတွေမေးကြတာလို့  ကျွန်တော်နားလည်ပါ တယ်” လို့ ဆိုသူကတော့ Victoria University College မှ Patron ဒေါက်တာနေ၀င်းနိုင် ဖြစ်ပါတယ်။

Victoria University College ရဲ့ ခရီးအစ...

၁၉၇၅ ခုနှစ်နောက်ပိုင်းစပြီး နိုင်ငံအနေနဲ့ ပညာရေးဘက်မှာ တော်တော်ကိုနိမ့်ကျခဲ့ပါတယ်။ ပညာခေတ်မှာ ပညာရေးနိမ့်ကျခဲ့တဲ့အတွက် အဆင်းရဲဆုံး နိုင်ငံစာရင်းမှာ ပါခဲ့ပါတယ်။ ဒါကြောင့် ပညာရေးကကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနိုင်ဖို့ စိတ်ဆန္ဒရှိခဲ့ပါတယ်။ အကြောင်းကြောင်းတွေကြောင့် အကောင်အထည်မဖော်ဖြစ်ခဲ့ဘဲ အင်္ဂလန်နိုင်ငံကို Further Study သွားဖြစ်ခဲ့ရာကနေ သူတို့လို ပညာရေးမျိုးကို နိုင်ငံရပ်ခြားသွားစရာမလိုဘဲ ဒီမှာပဲသင်ယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ၂၀၁၂ ဇန်န၀ါရီလ (၃၁) ရက်နေ့မှာ Victoria University College ကို စတင်တည်ထောင်ခဲ့ပါတယ်။

လက်ရှိ VUC

အခုဆိုရင် Foundation က 7th Batch ကိုရောက်နေပါပြီ။ ပထမဆုံး Batch မှာ ကျောင်းသား (၁၅၈) ယောက်နဲ့ စခဲ့ပါတယ်။ အခုဆိုရင် ကျောင်းသားပေါင်း နှစ်ထောင်ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပါပြီ။ Victoria University College မှာ Engineering ၊ Business and Management ၊ Health and Social Care နဲ့ Computing & IT စတဲ့ ဘာသာရပ် (၄) မျိုးကို အဓိကဘာသာရပ်များအဖြစ် သင်ကြားပေးပါတယ်။

VUC ရဲ့သင်ကြားမှုပုံစံ

ကျွန်တော်တို့ကျောင်းမှာ ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်ကို အသုံးပြုပါတယ်။ ကျောင်းသားဗဟိုပြု သင်ကြားရေး စနစ်ဆိုတဲ့နေရာမှာ ကျောင်းသားကပဲ အရေးကြီးတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျောင်းသားရဲ့ စိတ်ပါဝင်စားမှု၊ တတ်မြောက်မှုကို ဗဟိုပြုပြီးသင်ကြားတဲ့စနစ်ကိုဆိုလိုတာပါ။ သူတို့အသားကျလာတာက စာမေးပွဲအောင်မြင်ရေးနဲ့ အမှတ်ကောင်းရေးပဲဖြစ်ပါတယ်။ တတ်မြောက်ရေးမပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ကျောင်းသားဗဟိုပြု သင်ကြားရေးဆိုရင် ဘာလဲဆိုတဲ့အမေးက ဖြစ်လာတာပါ။

စာမေးပွဲကိုအခြေခံပြီး သင်ကြားလာရတဲ့ ပညာရေးစနစ်ကို ဖြတ်သန်းလာရတဲ့အခါ သင်ရိုးတွေကို ဆရာရှင်းပြသမျှ နားထောင်မယ်။ ဒီမှာကတော့ သင်မယ့်သင်ခန်းစာကို တစ်ရက်ကြိုပြီး ပြောထားမယ်။ ကျောင်းသားကလည်း အဲဒါနဲ့ပတ်သက်လို့ ကိုယ်တိုင်လေ့လာမယ်။ စာသင်ခန်းထဲရောက်တဲ့အခါ ဆရာပြောသမျှကို နားထောင်တာမဟုတ်ဘဲ သူတို့သိထားတာကို ဆရာနဲ့အပြန်အလှန် ဆွေးနွေးတာမျိုးကို လေ့ကျင့်ပေးတယ်။

အမှတ်ပေးပုံ

Exam based မဟုတ်ဘဲ Assignment based ဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ criteria တွေရှိပါတယ်။ အဲဒါနဲ့တိုက်စစ်ပြီး အဲဒီ့ထဲကိုဝင်ရင် အကောင်းဆုံးအမှတ်က distinction ပါ။ သူ့ထက်တစ်ဆင့် နိမ့်တာက merid ပါ။ အနိမ့်ဆုံးကတော့ Passed ပေါ့။ အဲဒီလို Grade (3) ခု ခွဲထားပါတယ်။

အဲဒီလို assignment တွေကို အမှတ်ပေးတဲ့အခါမှာလည်း ဘာသာရပ်ကိုသင်ကြားတဲ့ ဆရာ၊ ဆရာမတွေက အရင်ဆုံးအမှတ်ပေးကြပါတယ်။ လူက အမှတ်ပေးရတာဖြစ်တဲ့အတွက် ချစ်ရင်အမှတ်ပိုပေးပြီး မုန်းရင်အမှတ်လျှော့ပေးတတ်တဲ့ သဘာဝလေးရှိပါတယ်။ အဲဒီတော့ Internal Verifier ကို ထားပေးထားတယ်။ ဘာသာရပ်ကို သင်ကြားတဲ့ဆရာတွေပေးထားတဲ့ အမှတ်ကို အဲဒီ့ဘာသာရပ်ကိုမသင်တဲ့ အခြားဆရာတွေက မှန်ကန်မှုရှိမရှိ စစ်ဆေးပေးရတယ်။ အဲဒီလိုInternal Verifier စစ်ဆေးထားတဲ့ အမှတ်တွေကို အင်္ဂလန်ကလာတဲ့ External Verifier က ထပ်ပြီး စစ်ဆေးပေးတယ်။ အဲဒီလို အထပ်ထပ်စစ်ဆေးထားတဲ့အမှတ်ကိုမှ အတည်ယူတာပါ။

သင်ကြားမှုကာလ

Foundation က (၆)လ ပါ။ စာသင်တာကတော့ (၅) လဖြစ်ပြီး ကျောင်းပိတ်ရက်က (၁) လ ပါ။ Year ၁ က (၁၀) လ တက်ရပါတယ်။ Semester တစ်ခုကို (၅)လ သင်ပြီး (၁)လက ကျောင်းပိတ်ပါတယ်။ တစ်နှစ်ကို Semester နှစ်ခုရှိပါတယ်။

အကြံပြုချက်

ပညာရေးဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အရေးကြီးဆုံး ကဏ္ဍမှာပါဝင်ပါတယ်။ နိုင်ငံတစ်ခုလုံး အနေနဲ့ဆိုရင်တော့ အရမ်းကိုကျယ်ပြန့်တဲ့အတွက် အချိန်ယူရတယ်။ ကျွန်တော်တို့ ပုဂ္ဂလိက အခန်းကဏ္ဍကျတော့ အချိန်အဲဒီလောက် ယူစရာမလိုဘူး။ ဒါပေမဲ့ ကျွန်တော်ဒီနယ်ပယ်မှာနေပြီး အလုပ်လုပ်နေရင်းနဲ့ ဘာသွားတွေ့ရလဲဆိုတော့ မလိုလားအပ်တဲ့ ယှဉ်ပြိုင်နည်းတွေနဲ့ ပြိုင်ဆိုင်တာကို သွားတွေ့ရတယ်။ တစ်ယောက်ကိုတစ်ယောက် အပုပ်ချတာ။ ကျောင်းသားတွေကို မဟုတ်တဲ့နည်းလမ်းနဲ့ စည်းရုံးတာတို့၊ ဆရာမွေး တပည့်မွေးလုပ်တာတို့ သွားတွေ့ရတယ်။ ကျွန်တော့်အမြင်ကတော့ ပညာရေးမှာ အမှားအယွင်း လုပ်မိရင် သမိုင်းမှတ်တိုင် မကောင်းဘူး။ ပညာရေးကိုလုပ်တဲ့ အားလုံးသော သူတွေဟာ ငွေကြေးရလိုမှုတစ် ခုတည်းမဟုတ်ဘဲ ဒီနယ်ပယ်ထဲမှာရှိတဲ့ လူတွေအားလုံး တိုင်တိုင်ပင်ပင် ရိုင်းရိုင်းပင်းပင်းနဲ့ အလုပ်လုပ်စေချင်ပါတယ်။ ကလေးတွေအပေါ်တကယ်စေတနာထားပြီး ကြိုးစားကြမယ်ဆိုရင် ကျွန်တော်တို့ ပုဂ္ဂလိက ကဏ္ဍက နာမည်ကောင်းနဲ့ အောင်မြင်လာမှာပါ။ အဲဒါကတော့ လုပ်ငန်းလုပ်နေတဲ့သူတွေကို ပြောချင်တဲ့ စကားပါ။

ဒုတိယကတော့ သင်ကြားနေတဲ့ ကျောင်းသားတွေကို ပြောချင်တဲ့စကားပါ။ ကျောင်းသားတွေအနေနဲ့ ကျောင်းသားဗဟိုပြု သင်ကြားရေးဆိုတာ ဘာလဲဆိုတာ သေချာသိသင့်ပါတယ်။ သင်ခန်းစာတွေကို စာသင်ခန်းထဲမှာ တစ်ခါတည်း မသိခဲ့ရင်လည်း ကျူရှင်ရောက်ရင် ပြန်သင်လို့ရတာပဲဆိုတဲ့ အတွေးတွေ မတွေးစေချင်တော့ပါဘူး။ ကလေးတွေအနေနဲ့ လည်း ဒီလို ကျောင်းသားဗဟိုပြုသင်ကြားခြင်းကို တကယ်နားလည်ပြီး သင်ကြားစေချင်ပါတယ်။ အခုအချိန်မှာ ကျွန်တော် ဘာသွားတွေ့ရလဲဆိုတော့ ဆရာတွေကလည်း ကျူရှင်သင်ချင်တယ်။ ကျောင်းသားတွေကလည်း ဆရာကိုစာသင်ခန်းပြင်ပမှာ အားကိုးချင်တယ်။ အဲဒီလို လမ်းကြောင်းဟောင်းကြီးကနေ ခွဲထွက်နိုင်မှ ကျွန်တော်တို့အားလုံး လိုချင်တဲ့ ပညာရေးကို ရောက်နိုင်မှာပါ။ ကျွန်တော်တို့ကျောင်းမှာ အကျင့်ပါပြီး ကျူရှင်သင်တဲ့ဆရာတွေကို သိတဲ့အချိန်မှာ ကျွန်တော်ချက်ချင်း ခေါ်တွေ့ဆွေးနွေးတယ်။ ပြီးရင်အလုပ်က ရပ်နားပစ်လိုက်တယ်။ အဲဒီ့နည်းလမ်းကိုပဲ ကျွန်တော်သုံးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတွေကို ကျွန်တော်တို့အနေနဲ့ လခထိုက်ထိုက်တန်တန် ပေးထားတယ်။ ဒီမှာရှိနေတဲ့ ဆရာတွေအားလုံးက ကြိုးစားကြပါတယ်။ စေတနာလည်း ထားကြပါတယ်။ ဒါက ကျွန်တော်တို့ ကံကောင်းတဲ့ အချက်ပါပဲ။ လာမယ့်ဧပြီလမှာ အင်္ဂလန်နိုင်ငံ အစိုးရပိုင် Wolverhampton University နဲ့ ချိတ်ဆက်ပြီး နောက်ဆုံးနှစ်ကို ဒီမှာပဲ ဆက်တက်နိုင်ဖို့ စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။ Victoria University College ကို ရန်ကုန်မြို့မှာ Campus (4) ခု ဖွင့်လှစ်ထားပါတယ်။ Campus 1 ကတော့ အမှတ် ၁၆၆၊ အထက်ပန်းဆိုးတန်းလမ်း၊ MMB Tower တတိယထပ်မှာ ဖွင့်လှစ်ထားပြီး Campus 2,3 နဲ့ 4 ကိုတော့ ဦးထွန်းမြတ်လမ်းမှာ ဖွင့်လှစ်ထားပါတယ်။ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၁ ၃၈၃၁၃၂၊ ၃၈၃၁၃၃ နဲ့ ၀၉ ၅၁၀၄၇၄၈ သို့ ဆက်သွယ်စုံစမ်း နိုင်ပါတယ်။