TRX ကစားနည်းများ

Model - Pann Myat Hmwe
Photo - Wai Phyo Aung (Excellent)
Trainer - Kyaw Min Htut (City Gym)
Venue - City Gym (Pearl Condo-Bld CF)

    လေ့ကျင့်ခန်းပြုလုပ်ရာမှာ အသစ် အသစ်သော နည်းစနစ်တွေနဲ့ ပိုမိုထိရောက် အကျိုးရှိအောင် ရွေးချယ်လုပ်ဆောင်စရာတွေ များပြားနေပြီဖြစ်တဲ့ ဒီနေ့ခေတ်ကြီးထဲမှာ လူအများကြား စိတ်ဝင်စားမှု ဒီဂရီမြင့်မားနေတဲ့ TRX ကြိုးဖြင့် ကစားနည်းကို တင်ဆက်ဖို့ ရွေးချယ်ထားပါတယ်။
    Total Body Resistance Training လို့ ခေါ်တဲ့ TRX ကစားနည်းတွေကို လေ့ကျင့်ခြင်းဖြင့် ခန္ဓာကိုယ်ကို ပုံကျလှပ ကျစ်လျစ်သန်မာစေပြီး Core Muscle တွေကို အားကောင်းစေပါတယ်။ တစ်ကိုယ်လုံး ရှိ ကြွက်သားအားလုံးကို တစ်ပြိုင်နက်တည်း ထိရောက်မှုရှိစေအပြင် ခန္ဓာကိုယ်ဟန်ချက်ညီစေတဲ့အတွက် ယိုင်လဲခြင်းများမှ ထိန်းချုပ်နိုင်တဲ့ အကျိုးကျေးဇူးကို ရရှိစေပါတယ်။


    အမျိုးသမီး၊ အမျိုးသားမရွေး လေ့ကျင့်နိုင် ပြီး TRX ကြိုးဟာ အလွယ်တကူ ဖြုတ်၊ တပ်၊ သိမ်းဆည်း၊ သယ်ဆောင်သွားနိုင်တဲ့အတွက် နည်းစနစ်တွေကို ကောင်းစွာနားလည်တတ်ကျွမ်းမှုရှိပြီဆိုရင် မိမိအဆင်ပြေရာနေရာမှာ သယ်ဆောင်သွားပြီး လေ့ကျင့်နိုင်တဲ့ အားသာချက်ရှိပါတယ်။


    အထူးသတိပြုရမှာကတော့ ဘယ်လေ့ကျင့်ခန်းရပ်မဆို ကျွမ်းကျင်တတ်မြောက်တဲ့ နည်းပြရဲ့အကူအညီနဲ့ မှန်ကန်စွာသင်ယူပြီးမှသာ လေ့ကျင့်သင့်ပါတယ်။ ဒီစာမျက်နှာပေါ်မှာတော့ TRX လေ့ကျင့်နည်း စနစ်များစွာရှိတဲ့အထဲက ရိုးရှင်းတဲ့ နည်းလမ်းတချို့ကို ရွေးချယ်ဖော်ပြသွားမှာပဲ ဖြစ်ပါတယ်။

1.    TRX Chest Press
ကြိမ်ရေ - ၁၅

2.    TRX Low Row
ကြိမ်ရေ - ၁၅

3.    TRX Power Pull
ကြိမ်ရေ - ၁၅ ၊ ဘယ်/ညာပြောင်း

4.    TRX Deltoid Fly
ကြိမ်ရေ - ၁၅

5.    TRX Raise
ကြိမ်ရေ - ၁၅

6.    TRX Squat
ကြိမ်ရေ - ၁၅

7.    TRX Power Pull & Squat
ကြိမ်ရေ - ၁၅၊ ဘယ်/ညာပြောင်း

8.    TRX Mountain Climber
ကြိမ်ရေ - ၁၅

9.    TRX Pike
ကြိမ်ရေ - ၁၅

10.    TRX Plank
၁ မှ ၃၀ အထိစိတ်မှရေတွက်၍နေပါ။

11.    TRX Side Plank
၁ မှ ၃၀ အထိစိတ်မှရေတွက်၍နေပါ။
ဘယ်/ညာပြောင်းလေ့ကျင့်ပါ။