J Naw နဲ့ Fitness

Model - J Naw
Makeup & Hair - Hello (Ma Khaing + Ma Cho)
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw
Venue - Balance Fitness

မြစ်ကြီးနားဇာတိ၊ ကချင်တိုင်းရင်းသူ မော်ဒယ်လ်လေးတစ်ယောက်ပါ။
Miss Universe Myanmar 2014 ပြိုင်ပွဲမှာ Miss Huawei Title ဆုကိုရရှိခဲ့ရာမှတစ်ဆင့်
ကြော်ငြာရိုက်၊ ရှိုးတွေလျှောက်ရင်း အနု ပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာခဲ့တာ ပါ။
မော်ဒယ်လ်တစ်ယောက်ပီသတဲ့ သူမရဲ့ အချိုးအစားတွေက  ၃၁” ၂၁” ၃၄”
အဆီပိုမရှိချပ်ရပ်လှပတဲ့ ကိုယ်ဟန်အနေ အထားရဖို့ သူမ ကြိုးစားခဲ့ပုံကတော့…

နောအနေနဲ့ အဓိကထားကစားဖြစ်တာက ကျန်းမာဖို့နဲ့ ခန္ဓာကိုယ်ကျစ်လျစ်သန်စွမ်းဖို့ အတွက်ပါ။ ခပ်ငယ်ငယ် ကျောင်းနေတဲ့အရွယ်မှာ အေရိုးဗစ်နဲ့ ပန်းပွားအကတွေကတယ်။ အဖေက အေရိုးဗစ်ကစားရင် မုန့်ဖိုးပေးမယ်ဆိုတော့ မုန့်ဖိုး
လိုချင်လို့ နေ့တိုင်းကစားခဲ့တယ်။ အရွယ်ရောက် လာတော့ Fitness ကစားတဲ့အခါ အရင်ကတည်းက ဆော့ထားတဲ့အတွက် ကိုယ်လိုချင်တဲ့ဘော်ဒီကိုရဖို့ မြန်သွားသလို Model Life အတွက်လည်း အထောက်အကူရခဲ့တယ်။

ပုံမှန်ကစားပေးတဲ့ရလဒ်ကတော့ ကျန်းမာကျစ်လျစ်ခြင်းအပြင် အသားအရေတွေကိုပါ ပိုပြီးကြည်လင်စိုပြေလာတာပါ။ နောက အသားအရေကို ပေါင်းတင်တာတို့ Scrub လုပ်တာတို့ လုပ်ပြီး တကူးတက ထိန်းသိမ်းတာမျိုးမရှိဘူး။ Boxing 
ကစား Fitness ကစားပြီးနောက်ပိုင်းမှာ အသားအရေက အရင်ကနဲ့မတူအောင် ပိုကောင်းလာခဲ့တယ်။

အစားအသောက်ကိုလည်း စနစ်တကျစားပါတယ်။ ၀ိတ်တက်မယ့်အစားအစာတွေဆို ညနေပိုင်းမှာမစားတော့ဘူး။ မနက်အိပ်ရာထတာနဲ့ ရေအ၀သောက်တယ်။ ပြီးရင် အကြောလျှော့တယ်။ အိပ်ထမတင် ကစားတယ်။ Belly ရိုက်
တယ်။ ခန္ဓာကိုယ်က အဆီတွေကျပြီးပျော့ပျောင်းဖို့အတွက် ယောဂကိုလည်း တစ်ပိုင်တစ်နိုင်လောက် လေ့ကျင့်ပါတယ်။ ယောဂလေ့ကျင့်တာက ခန္ဓာကိုယ်အတွက်အပြင် စိတ်ကိုလည်း ပိုပြီးတည်ငြိမ်လာစေတဲ့အတွက် ရှေ့လျှောက်ယောဂ 
ကိုဒီထက်ပိုပြီး ထဲထဲဝင်ဝင်လေ့ကျင့်သွားမှာပါ။