Healthy, Beauty & Ladies !

လန်းဆန်း လတ်ဆတ်မှုအပြည့်...
ဆွဲဆောင်မှုအပြည့်နဲ့ လှပတဲ့ အသွင်အပြင်...

ကျန်းမာကြံ့ခိုင်ပြီး ကျစ်လျစ်သွယ်လျ အချိုးအစားကျတဲ့ ခန္ဓာကိုယ်...
ဒီအရာတွေကို ရေရှည်အတွက် ပိုင်ဆိုင်နိုင်ဖို့ဆိုတာဟာ အားကစားလေ့ကျင့်ခန်းရပ် တစ်မျိုးမျိုးကို ကြိုးစားအားထုတ်နိုင်မှသာ ရရှိနိုင်မယ့် အောင်မြင်မှုပါ။
ဒီလိုကျန်းမာလှပခြင်းဆိုတဲ့ အောင်မြင်မှုပန်းတိုင်ဆီကို လျှောက်လှမ်းနိုင်ဖို့အတွက်...

ယောဂရဲ့ အဓိပ္ပါယ်ဟာပေါင်းစည်းခြင်းဆက်သွယ်ခြင်းဖြစ်ပြီးရုပ်ခန္ဓာနဲ့ နာမ်စိတ်ကိုပေါင်းစပ်လေ့ကျင့်ရတဲ့ ကျင့်စဉ်များ ဖြစ်ပါတယ်။ 

စိတ်နဲ့ ခန္ဓာကို တစ်ပေါင်းတစ်စည်းတည်းထားပြီး အာရုံစူးစိုက်နေနိုင်အောင် ထိန်းသိမ်းလေ့ကျင့်ပေးခြင်းကြောင့် ကိုယ်စိတ်နှစ်ဖြာတည်ငြိမ်စွာနဲ့ အေးငြိမ်းချမ်းသာစေပြီး စိတ်ဖိစီးမှုဝေဒနာများကိုလည်း ကျော်လွှားနိုင်စေပါတယ်။


အလေ့အကျင့်ထုံလာတဲ့အခါ ထက်မြက်လာတဲ့ စိတ်အာရုံနဲ့အတူ မိမိရဲ့ခန္ဓာကိုယ်တွင်း ကိုယ်ပ ချို့ယွင်းချက်များကိုပါ သိမြင်ပြုပြင်လာနိုင်မှာဖြစ်ပြီး ကျန်းမာပျော်ရွှင် အကောင်းမြင်တတ်သော ဘဝကို တည်ဆောက်နိုင်မယ့် အကျိုးကျေးဇူးများကို ပိုင်ဆိုင်ရရှိနိုင်မှာ ဖြစ်ပါတယ်။

Nang Kae Mar
Makeup & Hair - Hello (Ma Khaing& Ma Cho)
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw

ရေကူးခြင်းဟာ ကိုယ်လက်လှုပ်ရှား အားကစားနည်းတစ်မျိုးဖြစ်တဲ့အပြင် အပန်းဖြေလှုပ်ရှားမှုတစ်ခုလည်း ဖြစ်နေတာကြောင့် ပျော်ရွှင်စရာကောင်းလှပါတယ်။


ခန္ဓာကိုယ်တစ်ခုလုံးနဲ့ အသက်ရှူစနစ်ကို ဟန်ချက်ညီညီလှုပ်ရှားမှုဖြစ်စေပြီး စိတ်ဖိစီးမှုကိုလည်း ပြေပျောက်စေပါတယ်။ 


နှလုံး၊ အဆုတ်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားများကို ပိုမိုကျန်းမာသန်စွမ်းစေပြီး အမောခံသက်လုံကောင်းစေသလို ဝိတ်ချရာမှာလည်း လျင်မြန်တဲ့ထိရောက်မှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

Warso Moe Oo
Makeup & Hair - Johnny June (NNM)
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw
Venue - Balance Fitness Centre

ကိုယ်ကာယ လေ့ကျင့်ခန်းလှုပ်ရှားမှု ပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန် အချိုးအစားကျ လှပစေဖို့အတွက် ကျန်းမာရေးနဲ့  ညီညွတ်စွာ  ပြုပြင်ပြောင်းလဲရာ၌ အကောင်းဆုံးသော နည်းလမ်းတစ်ခုဖြစ်ပါတယ်။


ခွန်အားနည်းပါးသူကို ခွန်အားတိုးစေပြီးပိန်သူကို လှပဖွံ့ဖြိုးစေနိုင်သလို အဆီများ၍ ဝသူအနေနဲ့လည်း ကျစ်လျစ်သွယ်လျ လှပလာစေဖို့ လေ့ကျင့်နိုင်ပါတယ်။


အဆုတ်၊ နှလုံးနဲ့ ကြွက်သားများကို သန်မာစေပြီး သွေးလှည့်ပတ်မှုကောင်းမွန်၍ အသားအရေကို စိုပြေလှပကြည်လင်စေပါတယ်။ 


ဇွဲရှိစွာ ရေရှည်လေ့ကျင့်ပေးခြင်းအားဖြင့် ဇီဝတွင်းဖြစ်ပျက်မှု (Metabolism) ကို ပိုမိုကောင်း မွန်စေခြင်း၊ သွေးပေါင်ချိန် (Blood Pressure)  ထိန်းညှိပေးခြင်း၊ ကိုလက်စထရော (Cholesterol) ကျစေခြင်းအစရှိတဲ့ အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

J Naw
Makeup & Hair - Hello (Ma Khaing& Ma Cho)
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw
Venue - FX Fitness Centre