တစ်ကိုယ်လုံးလှဖို့…

ခန္ဓာကိုယ်တစ်ခုလုံးက အဆီပိုတွေ အမြန်ဆုံးကျစေမယ်... ဘာပဲဝတ်ဝတ် ကျော့ရှင်းလှပလို့ နေမယ်…
ကျန်းမာရွှင်လန်း သွက်လက်စွာနဲ့ ကိုယ့် ကိုယ်ကို ယုံကြည်မှုပြည့်ဝနေမယ်။ 
ဒီလို အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဒီလေ့ကျင့်နည်း ၆ ခုကိုတော့ အမြန်ဆုံးလေ့ကျင့်ဖို့လိုပါတယ်။ ခုပဲစတင်လိုက်ကြပါစို့နော်။

*    ဘယ်ခြေဖနောင့်ကို ကြမ်းပြင်တွင်ချ၍ လက်ဖဝါးအားကိုသုံးကာ ညာဒူးကွေးပြီး အပေါ်သို့ မြင့်နိုင်သမျှမြင့်အောင် မြှောက်ထားပါ။ 
(မှတ်ချက် - တံတောင်မကွေးရပါ။ တင်ပါး ဆုံရိုးမစောင်းစေရပါ။) အသက်ကိုပုံမှန်ရှူပေးပြီး ၁၀ စက္ကန့်နေပါ။ နောက်တစ်ဖက်သို့ ပြောင်းကျင့်ပါ။
အကျိုးကျေးဇူး - ခန္ဓာကိုယ်အောက်ပိုင်း အချိုးအဆစ်ကျန ပျော့ပျောင်းလှပစေ၊ တင်ပါးဆုံရိုးအဆစ်ကို သွက်လက်စေပြီး ကျောပြင်၊ ပခုံးနဲ့ လက်မောင်းသားများကို ကျစ်လျစ်လှပစေပါတယ်။

*    ညာဒူးကို ၉၀ ဒီဂရီကွေးပြီး ဘယ်ခြေထောက်ကို ပုံမှာမြင်တွေ့ရတဲ့အတိုင်း ယောဂဖျာနဲ့ ထိကပ်ပါ။
*    လက်အုပ်ချီထားပြီး ကိုယ်အထက်ပိုင်းကို အနောက်ဘက်သို့ တတ်နိုင်သမျှ လှန်ချပေးပါ။ အသက်ကိုပုံမှန်ရှူပေးပြီး ၁၀ စက္ကန့်နေပါ။ နောက်တစ်ဖက်သို့ ပြောင်းကျင့်ပါ။
အကျိုးကျေးဇူး - ကိုယ်ခံအားကောင်းစေပြီး ခါးအဆီကျ ပျော့ပျောင်းစေကာ ပေါင်တံများကို ကျစ်လျစ်လှပစေပါတယ်။

*    မှောက်လျက်အနေအထားမှာ ခြေနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ ဆွဲကိုင်ထားပြီး မြင့်မြင့်မြှောက်ထားပါ။
*    အသက်ကိုပုံမှန်ရှူပေးပြီး ၁၀ စက္ကန့်နေပါ။
အကျိုးကျေးဇူး -  ခါးအဆီကျပျော့ပျောင်းစေပြီး ခန္ဓာကိုယ်အချိုးအစား လှပစေပါတယ်။ လက်မောင်း၊ လက်ကောက်ဝတ်၊ ခြေကျင်းဝတ်နဲ့ တင်ပါးဆုံရိုး အဆစ်အမြစ်များကို သွက်လက်စေပါတယ်။

*    ခြေဖ၀ါး၊ လက်ဖ၀ါးတို့ကို ယောဂဖျာပေါ်တွင် မြဲမြံစွာ ကပ်ထားပါ။ 
*    လက်ဖ၀ါးအားကို သုံးပြီး ခြေဖနောင့်ကို ကြမ်းပြင်နဲ့ ကြိုးစားထိကပ်ပါ။ ဒူးမကွေးရပါ။
*    နောက်ကျောရိုးကို ဆန့်ထုတ်ပြီး အသက်ပုံမှန်ရှူကာ ၁၀ စက္ကန့်နေပါ။

*    ဘယ်ခြေထောက်ကို ဘယ်လက်နဲ့ကိုင်ပြီး မြင့်နိုင်သမျှမြင့်အောင် အပေါ်ကိုဆွဲတင်ပါ။
*    ကိုယ်အထက်ပိုင်းကို ရှေ့အနည်းငယ်ကုန်း ပြီး ညာလက်ကိုရှေ့သို့ဆန့်ထုတ်ပါ။ အသက်ကိုပုံမှန်ရှူပေးပြီး ၁၀ စက္ကန့်ခန့် ဟန်ချက်ထိန်းညှိနေပါ။
အကျိုးကျေးဇူး - စိတ်တည်ငြိမ်မှုရစေပြီး မိမိကိုယ်ကို ဟန်ချက်ထိန်းညှိမှုအားကောင်းစေသလို တင်ပါးဆုံရိုးကိုလည်း သွက်လက်စေပါတယ်။

*   ကိုယ်ကို ညာဘက်ဘေးတိုက်လှဲနေပြီး ခြေထောက်များကို ဆန့်ထုတ်ထားပါ။ လက်များကို ပုံမှာမြင်တွေ့ရတဲ့အတိုင်းထား၍ ဟန်ချက်ထိန်းပြီး ဘယ်ခြေထောက်ကို တတ်နိုင်သလောက် မြှောက်တင်ပါ။ 
     ၅ စက္ကန့်နေပြီး ပြန်ချပါ။ ခြေတစ်ဖက်ကို ၅ ကြိမ်စီ လေ့ကျင့်ပေးပါ။
*   ခါးဘေးအဆီပိုများကို ကျစေပြီး ပေါင်၊ ခြေသလုံးတို့ကိုလည်း သွယ်လျလှပစေမှာ ဖြစ်ပါတယ်။

Model - Hnin Hnin Phyu (Yoga Instructor)