Zumba ဆိုတာဘာလဲ

လူသားတို့ရဲ့ Life Style မှာ အစားအသောက်နှင့် ကျန်းမာရေး လေ့ကျင့်ခန်းများပေါင်းစပ် ပါဝင်ရန်လိုအပ်ပါတယ်။ ကျန်းမာမှ လှပနိုင် မယ်ဆိုတဲ့ ဆိုရိုးစကားလိုပဲ ကျန်းမာခြင်း၊ လှပခြင်း၊ စိတ်ပျော်ရွှင်ခြင်းတွေဟာ လူတိုင်းအတွက် မရှိမဖြစ် အရေးကြီးတဲ့ အချက်တွေပါပဲ။ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းအမျိုးမျိုး ပြုလုပ်ကြသလို ယနေ့ခေတ်မှာ ခေတ်စားလာတဲ့ Zumba ကစားခြင်းဆိုတဲ့ လေ့ကျင့်ခန်းနဲ့အတူ Zumba Dance Fitness Program အကြောင်းကို လေ့လာ ကြည့်လိုက်ကြရအောင်နော်...

Zumbaဆိုတာ
ကမ္ဘာပေါ်မှာ Dance Fitness ဆိုတာရှိတယ်၊ ဒီ Dance Fitness မပေါ်ခင်မှာတော့ Aerobic လေ့ကျင့်ခန်းရှိတယ်။ Music နဲ့ လေ့ကျင့်ခန်းလုပ်ရတာမျိုး။ နောက်ပိုင်းမှာ Aerobic ကို ဆန်းသစ်ချင်လာတဲ့အတွက် Fitness Company တွေက လေ့ကျင့်ခန်းပုံစံတွေကို Program တွေဆွဲပြီး အပြိုင်အဆိုင် တီထွင်လာကြတယ်။ Zumba Fitness ဆိုတာကို Latin လူမျိုး Columbia နိုင်ငံသား Alberto Beto Perez က စပြီးတီထွင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ Zumba Fitness Class က လူတွေကြားထဲမှာ တွင်ကျယ်လာပြီး ခေတ်စားလာတဲ့ Fitness တစ်ခု ဖြစ်လာခဲ့တယ်။ 

Zumba Dance Fitness ရဲ့ သမိုင်း
Zumba Dance Fitness ကို Latin လူမျိုး Columbia နိုင်ငံသား Alberto Beto Perez က ၁၉၉၀ခုနှစ်မှာ စိတ်ကူးရခဲ့ပါတယ်။ သမားရိုးကျ သင်နေကျဖြစ်တဲ့ ပုံစံကိုသင်ဖို့အတွက် Music Tape ခွေက မေ့ကျန်ခဲ့တော့ ကားထဲမှာဖွင့်နေကျ Latin Music ပုံစံပါတဲ့ တိတ်ခွေကို ကားထဲက ယူသင်ရင်း လူတွေကြိုက်နိုင်မယ့် အကပုံစံကို တီထွင်ရင်း Zumba Dance Fitness ပေါ်ပေါက်ခဲ့ ပါတယ်။ အဲဒီကတဆင့် အမေရိကကို ဖြန့်နိုင်ဖို့အတွက် အခက်အခဲတွေ အမျိုးမျိုးကြားက ရင်ဆိုင်ပြီး Zumba Dance Fitness Program ကို ကြိုးစားဖြန့်ချိနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Network Instructor တွေမွေးပြီး ZIN Zumba Instructor Nework ဆိုပြီး Training ပေးရင်း တစ်ကမ္ဘာလုံးကို ဖြန့်နိုင်ခဲ့ပါတယ်။ အဲဒီလိုဆရာကောင်းတွေဖြန့်ရင်းနဲ့ သင်ကြားရင်းက နာမည်ကြီးလာတဲ့ Program တစ်ခုလည်း ဖြစ်ပါတယ်။ 

Zumba Dance Fitness ဆော့သင့်တဲ့အရွယ်
ဆော့သင့်တဲ့ အသက်အရွယ်ကန့်သတ်ချက်မရှိတဲ့ Zumba Dance Fitness မှာ ၁နှစ်၊ ၁နှစ်ခွဲသားအရွယ် တတ်လို့ရတဲ့ Zumbini Class မှာ အမေ (သို့) အဖေချီပြီးဆော့လို့ရတဲ့ Class၊ Regular Zumba လို့ခေါ်တဲ့ သက်လတ်ပိုင်း ၁၃ နှစ်၊ ၁၄နှစ်အရွယ်ကစပြီး ဆော့နိုင်တဲ့ Zumba Fitness Class၊ Zumba Toning Class လို့ခေါ်တဲ့ အလေးတုံးနဲ့ကိုင်ပြီး ဆော့ရတဲ့ Class၊ Zumba Gold လို့ခေါ်တဲ့ အသက် ၅၀ကျော်၊ ၆၀ အရွယ် ကျန်းမာတဲ့အရွယ်အထိ ကလို့ရတဲ့ Class ၊ ဘိုးဘွားရိပ်သာမှာရှိတဲ့ Wheel Chair ပေါ်က ဘိုးဘိုး၊ ဘွားဘွားတွေပါ ကလို့ရတဲ့ Zumba Class စတဲ့ Class အမျိုးမျိုးခွဲခြားပြီး ဆော့လို့ရပါတယ်။

Zumba Dance Fitness ရဲ့ အကျိုးကျေးဇူး
အကဆိုတဲ့ အနုပညာနဲ့ လေ့ကျင့်ခန်းပေါင်း စပ်ထားတဲ့ Zumba Dance Fitness က စိတ်ပျော်ရွှင်ပြီး ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပါတယ်။ အကတွေကို လေ့ကျင့်ခန်းပုံစံမျိုးနဲ့ ကနေရတာဖြစ်တဲ့အတွက် ကျန်းမာလာပြီး အဆုတ်၊ နှလုံးကျန်းမာရေးကောင်းပြီး အမောခံနိုင်လာပါတယ်။ ဒါ့အပြင်  Burn Calories (ကယ်လိုရီများစွာ လောင်ကျွမ်းစေနိုင်ခြင်း)၊ Full Body Workout (ခန္ဓာကိုယ်တစ်ခုလုံးအတွက် ထိရောက်ခြင်း)၊  Improves Cardiovascular (နှလုံးသွေးလည်ပတ်မှုစနစ်ကိုထိရောက်စွာ မြှင့်တင်ပေးခြင်း)၊ Reduces Stress (စိတ်ဖိစီးမှုများကို သိသာစွာ လျော့ချနိုင်ခြင်း)၊ Increase Energy (ကိုယ်ခံစွမ်းအားတိုးမြှင့်လာနိုင်ခြင်း)၊ Boost Memory (မှတ်ဥာဏ်စွမ်းအား တိုးတက်စေခြင်း)၊  Familiar with Dancing (အကအမျိုးအစားများကို သိရှိလာနိုင်ပြီး အကနှင့်ရင်းနှီးကျွမ်းဝင်လာခြင်း)၊ Make Friend and Coordination၊ (ပေါင်းစည်းကခုန်ခြင်းဖြင့် တစ်ဦးနှင့် တစ်ဦးခင်မင်ရင်းနှီးမှုများ ပြုလုပ်နိုင်ခြင်း) စတဲ့ အကျိုးကျေးဇူးများလည်းရရှိနိုင်ပါတယ်။

Zumba & Music
Zumba Music မှာ တီထွင်ထားတဲ့ Music တွေ ရှိသလို၊ International Music တွေလည်း ပါဝင်ပါတယ်။ Latin ဘက်ကိုသွားတဲ့ Music က ၇၀% နဲ့ Cardio ဘက်ကိုသွားတဲ့ Music ၃၀% လောက် အခြေခံထားပါတယ်။ Rhythm ၁၀ခုကို အခြေခံထားပြီး အခြား  Hip Hop Music ၊ Hip Hop  Music တချို့ပေါင်းစပ်ထားခြင်းတွေလည်း ပါဝင်ပါတယ်။ Zumba Class တစ်ချိန်မှာ တစ်နာရီ ဖြစ်တဲ့အတွက် Music ၁၄ပုဒ်(သို့)၁၅ပုဒ် ပါဝင်သင်ကြားခြင်းတစ်ခုလည်း ဖြစ်ပါတယ်။ သီချင်းအစပိုင်းမှာအနှေး၊ အနှေးမှ တဆင့် တစ်ဆင့်ခြင်းတက်ပြီး လူရဲ့ Heart Beat အလိုက်ခံနိုင်ရည်ကို ညှိပြီး သင်ကြားရတဲ့ Fitness တစ်ခုလည်း ဖြစ်ပါတယ်။ အကကနေရတဲ့ လူတစ်ယောက်အနေဖြင့် အမြဲတက်ကြွလန်းဆန်းနေစေမယ့် အကျိုးကျေးဇူးများလည်း ရရှိမှာဖြစ်ပါတယ်။

Zumba Dance Fitness နှင့် မြန်မာနိုင်ငံ အလေ့ အထ
မြန်မာနိုင်ငံမှာတော့ လူငယ်ပိုင်းအများစုက အကကို အများဆုံး စိတ်ဝင်စားတတ်ကြခြင်းကြောင့် Zumba Dance Fitness ကို လူငယ်တော်တော်များများ စိတ်ဝင်စားပြီး သင်ယူမှု ပိုများတာ တွေ့ရပါတယ်။ အခုနောက်ပိုင်းမှာတော့ Zumba Dance Fitness Class များ၊ Zumba Dance Fitness Event တွေ တဖြည်းဖြည်းပေါ်ပေါက်လာတဲ့အတွက် ရင်းနှီးကျွမ်းဝင်မှု ပိုမိုများပြားလာပါတယ်။ ပုံမှန်လေ့ကျင့်ခန်း လုပ်နေရတာထက် အကနဲ့ လေ့ကျင့်ခန်းလုပ်ချင်တဲ့အတွက် Zumba Class တွေ တက်လာကြပါတယ်။

Zumba Dance Fitness က ဘယ်လိုလူမျိုးတွေအတွက် သင့်တော်မလဲ
အကနဲ့ ကျန်းမာရေးလုပ်ချင်သူတွေအတွက် အထူးသင့်တော်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ် ဝသူများအတွက် Zumba Dance ကခြင်းဖြင့် ကိုယ်ရည်စစ်ခြင်း၊ ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များ ဖယ်ရှားပေးခြင်း၊ ကယ်လိုရီလောင်ကျွမ်းခြင်းစတဲ့ အကျိုးကျေးဇူးများ ရှိနိုင်ပါတယ်။ ခန္ဓာကိုယ်ပိန်သူများကစားခြင်းဖြင့် ကြွက်သားများ ကျစ်လျစ်သန်မာစေတဲ့အတွက် လူတိုင်းနှင့် သင့်လျော်တဲ့ ကစားနည်းဖြစ်ပါတယ်။

Zumba Dance Fitness ကစားသင့်တဲ့နေရာ
Indoor Class အနေနဲ့ သန့်ရှင်းသပ်ရပ်တဲ့နေရာမှာ ကစားသင့်သလို Outdoor အနေနဲ့လည်း သန့်ရှင်းပြီး လေကောင်းလေသန့်ရမယ့် နေရာမျိုးမှာ ကစားသင့်တဲ့အတွက် သင့်လျော်မယ့်နေရာကို ရွေးချယ်ပြီး ကစားနိုင်ပါတယ်။

Zumba Dance Fitness နဲ့ အနုပညာရှင်များ
အနုပညာရှင် တော်တော်များများလည်း စိတ်ဝင်တစား ကစားလာကြတဲ့ Zumba Dance Fitness တစ်ခု ဖြစ်တဲ့အတွက် အနုပညာရှင်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေလည်း အနုပညာရှင်တွေကတဆင့် Zumba Dance ကို စိတ်ဝင်စားလာကြပါတယ်။

Zumba Dance Fitness 
Zumba Dance Fitness က စိတ်လက်ပျော်ရွှင်စရာကောင်းပြီး ကယ်လိုရီလောင်ကျွမ်းစေခြင်း၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်စေခြင်း၊ အကဖြင့် အကျွမ်းတ၀င်ဖြစ်စေခြင်းစတဲ့ အကျိုးကျေးဇူးများကို ရရှိစေတဲ့အတွက် ကျန်းမာပျော်ရွှင်ခြင်းဆိုတဲ့ လာဘ်ကြီးတစ်ပါးကို ပိုင်ဆိုင်နိုင်မယ့် လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

ဤဆောင်းပါးအတွက် ကူညီဖြေကြားပေးသော The First Myanmar Dance Fitness မှ Zumba Instructor ကိုပိုင်နိုင်အား ကျေးဇူးအထူးတင်ရှိပါသည်။