မျက်နှာလှလှ ကြည်လင်ဝင်းပစေမည့် ကျင့်စဉ်များ

လှတစ်မျက်နှာကို ကိုယ်စားပြုနေတဲ့ ကြည်လင်တောက်ပသော မျက်ဝန်းများနဲ့ နုပျိုတင်းရင်းသော အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ ပျိုမေတိုင်း လေ့ကျင့်သင့်တဲ့ ယောဂကျင့်စဉ်တချို့နဲ့ လေ့ကျင့်ခန်းနည်းလမ်းတချို့ကို ဖော်ပြလိုက်ပါတယ်။

ဒီကျင့်စဉ်တွေကို ကူညီနည်းပြပေးတာကတော့ Jenny Yoga သင်တန်း၊ (အမှတ် ၂၃၇၊ ၃ A ၊ အနော်ရထာလမ်း၊ လမ်းမတော်မြို့နယ်)မှ ဆရာမ Jenny ဖြစ်ပါတယ်။

 

မျက်လုံးအရေးအကြောင်း ကာကွယ်သည့် ယောဂကျင့်စဉ်

ကျီးခြေထောက်လို့ခေါ်တဲ့ မျက်လုံးဘေးနားတစ်ဝိုက်က အရေးအကြောင်းတွေဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်မယ့် ကျင့်စဉ်ဖြစ်ပါတယ်။

၁။         သက်တောင့်သက်သာထိုင်နေပါ။

ခါးမတ်မတ်ထားပြီး ပခုံးများကို လျှော့ထား ပါ။လက်ကို လျှော့ထားပြီး လက်သီးဆုပ်ကာ လက်မထောင်ထားပါ။

၎င်းအနေအထားအတိုင်း လက်ကို မျက် လုံးပေါ်တင်လိုက်ပါ။

၂။         မျက်ခုံးစပ်မှ မျက်လုံးအဆုံးထိ တောက် လျှောက်ဆွဲချပါ။

မျက်လုံးအဆုံးကနေ အောက်မျက်ဝန်းရှေ့ဆီသို့ ပြန်ဆွဲပေးပါ။

ပြီးလျှင် မျက်ဝန်းကို ပြောင်းပြန်ပြန်ဝိုင်းပေး ပါ။

မိမိဆင်ပြေသော အကြိမ်ရေ အတိုင်းအ တာ ပြုလုပ်နိုင်ပါတယ်။

 

ပါးပြင်တင်းရင်းစေသော ကျင့်စဉ်

ပါးပြင်တွဲကျခြင်းနှင့် အရေးအကြောင်းဖြစ်ပေါ်ခြင်းများကို ကာကွယ်ပေးနိုင်မယ့် ကျင့်စဉ် ဖြစ်ပါတယ်။

၁။         သက်တောင့်သက်သာထိုင်နေပါ။

ခါးကိုမတ်မတ်ထားပါ။

ပုံမှာမြင်တွေ့ရတဲ့အတိုင်း လက်ချောင်းသုံးချောင်းကို ပါးပြင်ပေါ်တင်ပြီး အပေါ်သို့ဖြည်းညင်းစွာ ဆွဲတင်ပေးပါ။

ပါးတစ်ဖက်စီကို တလှည့်စီပြုလုပ်ပေး ပါ။

၂။         လက်နှစ်ဖက်လုံးကို တစ်ပြိုင်တည်းပါးပြင်ပေါ်တင်ပြီး အောက်ကနေအပေါ်ကို ဖြည်းညင်းစွာဆွဲတင်ပေးပါ။

တစ်ကြိမ်ကို ၅ စက္ကန့်ခန့် ၃ ကြိမ်စီ လေ့ ကျင့်ပေးပါ။

 

အသက်ရှူနည်းယောဂကျင့်စဉ်

အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သွေးလှည့်ပတ်မှုကောင်းမွန်၍ အသားအရေကြည်လင်စေခြင်း၊ စိတ်ဖိစီးမှုပြေ ပျောက်စေခြင်းစသော အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

၁။         သက်တောင့်သက်သာထိုင်နေပါ။

ခါးမတ်မတ်ထားပြီး ပခုံးများကို လျှော့ထားပါ။

နှာခေါင်းနဲ့ ၀မ်းဗိုက်အပြည့် လေရှူသွင်းပါ။

၂။         ပါးစပ်နဲ့ ၀မ်းဗိုက်ပိန်သွားတဲ့အထိ ပြန်ရှူထုတ်လိုက်ပါ။

မိမိဆင်ပြေသော အကြိမ်ရေ အတိုင်းအတာ ပြုလုပ်နိုင်ပါတယ်။

 

လည်ပင်းလေ့ကျင့်ခန်း

ဦးနှောက်ကို ကြည်လင်လန်းဆန်းစေပြီး ဇက်ကြောတက်ခြင်းကို ကာကွယ်ပေးတဲ့အတွက် အကြောများပြေလျော့ သက် သာစေပါတယ်။

၁။         သက်တောင့်သက်သာထိုင်ပြီး အသက် ပုံမှန်ရှူပါ။

ခါးမတ်မတ်ထားပြီး ပခုံးများကို လျှော့ထားပါ။

၂။         အသက်ရှူထုတ်ပြီး ခေါင်းငုံ့ပါ။

အသက်ပုံမှန်ရှူပေးပြီး စက္ကန့်အနည်းငယ်နေပါ။

၃။         မူလအနေအထားသို့ ပြန်နေပါ။

ခေါင်းမော့ပါ။ (တတ်နိုင်သလောက် အနေအထားသာမော့ပါ)

စက္ကန့်အနည်းငယ်နေပါ။

၎။         မူလအနေအထားသို့ ပြန်နေပါ။

ခေါင်းကို ဘယ်ဘက်စောင်းပါ။

ညာဘက်မှ ပခုံးကြောများ ဆွဲဆန့်လာ တာကို ခံစားကြည့်ပါ။

စက္ကန့်အနည်းငယ်နေပါ။

၅။         မူလအနေအထားသို့ ပြန်နေပါ။

ခေါင်းကို ညာဘက်စောင်းပါ။

ဘက်ဘက်မှ ပခုံးကြောများ ဆွဲဆန့်လာတာကို ခံစားကြည့်ပါ။

စက္ကန့်အနည်းငယ်နေပါ။

မူလအနေအထားသို့ ပြန်နေပါ။

 

မျက်လုံးလေ့ကျင့်ခန်း (၁)

မျက်လုံးစပ်ခြင်းနှင့် အမြင်မကြည်လင်မှုန်ဝါးခြင်းများကို ကာကွယ်ပေးပါတယ်။

၁။         သက်တောင့်သက်သာထိုင်နေပါ။ ခါးကို မတ်မတ်ထားပါ။

လက်ဖ၀ါးနှစ်ဖက်ကို နွေးလာတဲ့အထိ ပွတ်ပေးပါ။

၂။         မျက်လုံးများ မှိတ်ထားပြီး ပူနွေးတဲ့လက် ဖ၀ါးကို မျက်လုံးပေါ်တင်ပေးပါ။

စက္ကန့် အနည်းငယ်နေပါ။

(၃) ကြိမ်ပြုလုပ်ပေးပါ။

 

မျက်လုံးလေ့ကျင့်ခန်း (၂)

မျက်စိစပ်ခြင်းနဲ့ မျက်ရည်ပူကျခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းမှာ ဦးခေါင်းကို တည့်တည့်ထားပြီး မျက်လုံးကိုပဲ သီးသန့်လှုပ်ရှားလေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။

၁။         သက်တောင့်သက်သာထိုင်နေပါ။

မျက်လုံးကို အောက်သို့ကြည့်ပါ။

စက္ကန့် အနည်းငယ်နေပါ။

မူလအနေအထားသို့ ပြန်နေပါ။

၂။         မျက်လုံးကို အပေါ်သို့ကြည့်ပါ။

စက္ကန့် အနည်းငယ်နေပါ။

မူလအနေအထားသို့ ပြန်နေပါ။

၃။         မျက်လုံးကို ဘယ်ဘက်သို့ကြည့်ပါ။

စက္ကန့် အနည်းငယ်နေပါ။

မူလအနေအထားသို့ ပြန်နေပါ။

၎။         မျက်လုံးကို ညာဘက်သို့ကြည့်ပါ။

စက္ကန့် အနည်းငယ်နေပါ။

မူလအနေအထားသို့ ပြန်နေပါ။

(၃)ကြိမ်လေ့ကျင့်ပေးပါ။

ဒီနည်းလမ်းလေးတွေဟာ ငွေကုန်ကြေးကျမရှိသလို မိမိအဆင်ပြေရာနေရာမှာအဆင်ပြေစွာလေ့ကျင့်နိုင်တဲ့အတွက်  အကျိုးကျေးဇူးကြီးမားလှပါတယ် ။
ခုလို ကျင့်စဉ်လေးတွေကို တစိုက်မတ်မတ်လေ့ကျင့်ရင်း People ချစ်သူများအားလုံး နုပျိုလှပကျန်းမာကြပါစေ...။

Model – Jenny (Jenny Yoga)
Makeup - Kyaw Kyaw Latt (December Hnin)