ပူအိုက်တဲ့ကာလမှာ ရွေးချယ်သင့်တဲ့ အစားအစာ

ရာသီဥတုကလည်း တဖြည်းဖြည်းနဲ့ သိသိသာသာပူလာခဲ့ပြီနော်။ ရာသီဥတုက ပူလာတာနဲ့အမျှ ဘာမှမလှုပ်ရှားရဘဲ ပင်ပန်းနေတာ၊ မူးဝေအော့အန်တာမျိုးတွေက အလွယ်တကူဖြစ်လေ့ရှိပါတယ်။ ဒီလိုမသက်မသာခံစားမှုတွေကို လျော့ပါးစေဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နေထိုင်တတ်ဖို့ လိုအပ်တယ်ဆိုတာ ပရိသတ်ကြီးလည်း သိထားပြီးသားဖြစ်မှာပါ။  

ပူပြင်းတဲ့ ရာသီဥတုကြောင့် ခံစားရလေ့ရှိတဲ့ မအီမသာဖြစ်မှုတွေကို လျော့ပါးသက်သာချင်တယ်ဆိုရင်တော့ ကိုယ်တွင်းကအပူတွေကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်အတွက် ရေဓာတ်ကို ထုတ်ပေးနိုင်တဲ့အပြင် ပေါ့ပါးလွယ်ကူစွာအစာချေဖျက်လို့ရတဲ့ အစားအစာမျိုးကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။


    

အလွယ်တကူအစာချေဖျက်နိုင်တဲ့ အစားအစာအုပ်စု ၃ အုပ်စုရှိပါတယ်။ 
    

ပထမအုပ်စုမှာတော့ငါး၊ အဆီနည်းတဲ့ အသား၊ ဥအမျိုးမျိုး၊ နို့နဲ့ ပဲပိစပ်ထုတ်ကုန်တွေ ပါဝင်ပါတယ်။ ဒီအစားအစာတွေမှာ အသားဓာတ်မြင့်မားစွာပါရှိပါတယ်။ ပူအိုက်တဲ့ ရာသီဥတုမှာလူရဲ့ ခန္ဓာကိုယ်ဟာ အသားဓာတ် ပမာဏအမြောက်အမြားကို စုပ်ယူစားသုံးနိုင်တာကြောင့် ရာသီဥတုပူလာတဲ့အခါ အသားဓာတ် လုံလုံလောက်လောက်ရရှိဖို့က မဖြစ်မနေလိုအပ်လာတာမို့ ဖော်ပြခဲ့တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။
    

ဒုတိယအုပ်စုမှာတော့ ဆန်ပြုတ်တွေ ပါဝင်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုမှာ ဘိုစားပဲလို အစိမ်းရောင်ရှိတဲ့ ပဲ၊ ပဲနက်စေ့ ဒါမှမဟုတ် နှမ်းနဲ့ ပြင်ဆင်ချက်ပြုတ်ထားတဲ့ ဆန်ပြုတ်တွေကပူအိုက်တဲ့ ရာသီဥတုမှာစားသင့်တဲ့ အစားအစာအဖြစ် ထည့်သွင်းထားသင့်ကြောင်းပြောပါရစေ။ 

လက်တွေ့ကျကျ ပြောရမယ်ဆိုရင် အစိမ်းရောင် ဘိုစားပဲဆန်ပြုတ်က နွေရာသီအတွက်တော့ အကောင်းဆုံးဆန်ပြုတ်လို့ ပြောလို့ရပါတယ်။ ဘိုစားပဲမှာ အသားဓာတ်မျိုးစုံပါရှိတဲ့အပြင် လက်စီတင်၊ ကယ်ရိုတင်းဓာတ်၊ ဘီတာမင်ဘီညွှန့် ပေါင်းအုပ်စုဖြစ်တဲ့ ရိုင်ဗိုဖလာဗင်၊ ဘီတာမင်ဘီအစုဖြစ်တဲ့ နီကိုတီးနစ်အက်ဆစ်တွေ ပါဝင်ပါတယ်။ ဘိုစားပဲဆန်ပြုတ်က ခန္ဓာကိုယ်မှာရှိတဲ့ အပူတွေကို ဖယ်ရှားပေးပါတယ်။ ခုခံအားကို တိုးတက်စေပြီး အဆစ်ရောင်ကိုက်ရောဂါကို ကုသပေးနိုင်ပါတယ်။ 
 

တကယ်လို့ ဘိုစားပဲကိုမကြိုက်ဘူးဆိုရင် အရသာရှိတဲ့ ဆီးသီးဖျော်ရည်ကိုလည်း မြည်းစမ်းလို့ရပါတယ်။ ဆီးသီးခြောက်တွေက ဘက်တီးရီးယားတွေကို တိုက်ဖျက်တဲ့ လုပ်ဆောင်မှုတွေအပေါ် သက်ရောက်စေတာကြောင့် ရေငတ်ခြင်းနဲ့ ဝမ်းချုပ်ခြင်းကို ကူညီကာကွယ်ပေးနိုင်ပါတယ်။ 

 နွေရာသီမှာစားသုံးသင့်တဲ့ ပဲတွေထဲကတစ်မျိုးကို ပြောရမယ်ဆိုရင်တော့ ပဲလွန်းဖြူပါ။ သူကတော့ ဖုန်အထူဆုံး ဟင်းသီးဟင်းရွက်တွေထဲကတစ်မျိုးပါ။ ဈေးဝယ်ကြတဲ့အခါ ပဲလွန်းဖြူကို သန့်ရှင်းရဲ့လားဆိုပြီး ကြည့်တတ်ကြပေမယ့် သူ့မှာ
ပါဝင်တဲ့ တချို့သောအရာတွေကို ဖယ်ရှားလိုက်တာက အဆိပ်အတောက်ဖြစ်စေတတ်ပါတယ်။ 
  

 နောက်တစ်မျိုးကတော့ ပဲပင်ပေါက် ဖြစ်ပါတယ်။ ပဲပင်ပေါက်ရဲ့ ပင်ကိုယ်ဘဘာဝကိုက အအေးဓာတ်ရှိတဲ့ ဟင်းသီးဟင်းရွက်ပါ။ အာဟာရဓာတ်တွေလည်း အများကြီးပါရှိနေပါတယ်။ အရသာလည်းရှိတာကြောင့် လူကြိုက်များတဲ့အစားအစာတစ်မျိုးပါပဲ။ သဘာဝအတိုင်း စိုက်ပျိုးရရှိတဲ့ ပဲပင်ပေါက်ကိုလတ်လတ်ဆတ်ဆတ် အရည်ရွှမ်းနေတဲ့အချိန်မှာ စားသုံးတာကတော့ စိတ်အချရဆုံးပါပဲ။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ တချို့လူတွေက ဓာတ်မြေသြဇာတွေကို အသုံးပြုပြီးပဲပင်ပေါက်တွေ ပိုမိုကြီးထွားအောင် စိုက်ပျိုးကြပါတယ်။ ဒီလိုပဲပင်ပေါက်တွေကို စားသုံးမိရင် အစာအဆိပ်သင့်တာမျိုး ဖြစ်စေတတ်ပါတယ်။ 


    

တတိယအုပ်စုကိုပြောရရင်တော့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ ဗီတာမင် ကြွယ်ဝတဲ့ သစ်သီးတွေဘဲ ဖြစ်ပါတယ်။ 
    

သစ်တော်သီးနဲ့ စတော်ဘယ်ရီနဲ့ ဖရဲသီးတို့လို မြေလျှောက်ပင်ကနေသစ်သီး၊ သခွားသီး၊ ဖရုံသီး၊ ဘူးသီးစတဲ့ ဟင်းချက်စားတဲ့ အသီးတွေကိုစားပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေတဲ့အပြင် အစာစားချင်စိတ်ကိုလည်း တိုးစေမှာဖြစ်ပါတယ်။ သခွားသီးတွေ စားမယ်ဆိုရင် ဂရုတစိုက်ဆေးကြောခြင်းမရှိတာနဲ့ အခွံနွာလိုက်တာက အဆိပ်အတောက်ဖြစ်စေတတ်တာကို သတိပြုစေလိုပါတယ်။ မိမိစားသုံးတဲ့ အစားအစာတွေထဲမှာ ဟင်းခတ်အမွှေးအကြိုင် 
တွေကိုလည်းပေါင်းထည့်ပြီး စားသုံးနိုင်ပါသေးတယ်။ အစပ်အရသာရှိတဲ့ ကြက်သွန်ဖြူနဲ့ ရှာလကာရည်တို့ကလည်း ဗိုင်းရပ်(စ)တွေကို ဖယ်ရှားပေးနိုင်ပြီးအစာချေစနစ်ကို တိုးတက်စေပါတယ်။


 

နွေရာသီမှာအခါးဓာတ်ရှိတဲ့ အစားအစာတွေကိုလည်း စားပေးသင့်ပါတယ်။ ခါးသက်သက် အရသာရှိတဲ့ အစားအစာတွေထဲမှာ  နိုက်ထရိုဂျင်အော်ဂဲနစ် ဒြပ်ပေါင်းပါရှိပြီး ပူပူလောင်လောင် အစားအစားတွေကတော့ ကိုယ်တွင်းအပူကို ဖယ်ရှားပေးဖို့ ကူညီပေးနိုင်ပြီး သွေးလည်ပတ်မှုကို လှုံ့ဆော်ပေးကာသွေးကြောတွေကို ပြန့်ကားစေပါတယ်။ 
    

ပူပြင်းတဲ့ နွေရာသီအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်သုံးစရာအဖြစ် လက်ဖက်ရည်ကို ရွေးချယ်သင့်ပါတယ်။ ဆေးဖက်ဝင်လက်ဖက်ရည်၊ လက်ဖက်စိမ်းလက်ဖက်ရည်နဲ့ကမ်မိုမိုင် လက်ဖက်ရည်တို့က နွေရာသီမှာ ရေငတ်တာကိုလျော့ပါးစေနိုင်ပြီး အမြင်အာရုံကို တိုးတက်စေတဲ့အပြင် ဆီးလည်းရွှင်စေပါတယ်။ ပြီးတော့ ဆေးဖက်ဝင် လက်ဖက်ရည်ကကင်ဆာရောဂါကို ကာကွယ်တဲ့အပြင် သွားတွေပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။


    ရေခဲမုန့်နဲ့ ဆိုဒါပါတဲ့ အချိုရည်တွေကတော့ ပူအိုက်တဲ့ ရာသီဥတုမှာလျော့ပြီး သုံးဆောင်သင့်တဲ့ အစားအစာတွေပါ။ ပူပြင်းတဲ့ ရာသီဥတုက ရေခဲမုန့်နဲ့ အချိုရည်ကို ပိုပြီးတောင့်တစေပါတယ်။ တကယ်တော့ ရေခဲမုန့်တွေနဲ့ အချိုရည်တွေကို စုပ်ယူရတာက ခန္ဓာကိုယ်ကိုထိခိုက်စေပါတယ်။ ရေခဲမုန့်စားတဲ့အခါ အစာအိမ်နဲ့ အူတို့ရဲ့ အပူချိန်ကိုနိမ့်ကျတာကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်စေပြီး အစာအိမ်ကိုကိုက်ခဲနာကျင်စေတတ်ပါတယ်။ ဆိုဒါသောက်ခြင်းကတော့ သရက်ရွက်နဲ့ အစာအိမ်ကို ထိခိုက်စေတဲ့အပြင် အစာစားချင်စိတ်ကိုလျော့နည်းစေပြီးအစာအိမ်နဲ့ အူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ဆိုးကျိုးသက်ရောက်စေပါတယ်။ ဒါကြောင့် ပူအိုက်တဲ့ရာသီတွေမှာမရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေကို ပေးစွမ်းပြီးကျန်းမာရေးကောင်းမွန်
စေဖို့ဆိုရင် ဆိုဒါလိုအချိုရည်တွေအစား သစ်သီးဖျော်ရည်နဲ့ ရေကိုသောက်သုံးပေးဖို့ တိုက်တွန်းလိုပါတယ်။ 


    

မိမိကိုယ်တိုင်နဲ့ မိသားစုရဲ့ ကျန်းမာရေးကို ကာကွယ်ဖို့ဆိုရင် ဟင်းသီးဟင်းရွက်တစ်မျိုးတည်းကို အချိန်အကြာကြီး စားသုံးတာထက် ဟင်းသီးဟင်းရွက်အမျိုးမျိုးကို စားသုံးပေးတာက ပိုကောင်းပါတယ်။ အစားအစာတွေကို မချက်ပြုတ်ခင်နဲ့ မစားသုံးခင်မှာ ရောဂါဖြစ်ပွားစေတတ်တဲ့အရာတွေကိုဖယ်ရှားဖို့အတွက် သေသေချာချာ ဆေးကြောသန့်စင်ပေးသင့်ပါတယ်။ အစာစားပြီးတဲ့နောက်မှာ ထူးဆန်းတဲ့ လက္ခဏာမျိုးတွေ့ရတယ်ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်ဆီကို အချိန်မီသွားရောက် ပြသသင့်ကြောင်းကိုလည်း အကြံပြုလိုပါတယ်။ 


  

 နောက်ပြီး ပူလောင်အိုက်စပ်တဲ့ ရာသီဥတုကချွေးထွက်လွန်ပြီး ရေဓာတ်ခမ်းခြောက်တာမျိုး ဖြစ်စေတတ်ပါတယ်။ မြင့်မားတဲ့ အပူချိန်ကြောင့် လုပ်ဆောင်ချက်တွေ ပုံမမှန်တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပူလာတဲ့အခါ ပူပူစပ်စပ်အစားအစာတွေဖြစ်တဲ့ ဟင်းလျာတွေ၊ သစ်ကြံပိုးခေါက်၊ စမုန်စပါး၊ လေးညင်း၊ ဖာလာ၊ ဂျင်း၊ စပါးလင်၊ ငရုတ်ကောင်း၊ နနွင်း၊ ကြက်သွန်၊ ကြက်သွန်ဖြူ အစရှိတာတွေကို အလွန်အမင်းစားသုံးတာမျိုး မလုပ်သင့်ပါဘူး။  မီးကင်ထားတဲ့ အစားအစာတွေနဲ့ ဆီကြော် အစားအစာတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။ အတိုင်းအတာနဲ့ စားသုံးသင့်တဲ့  အခြားအစားအစာတွေလည်း ရှိပါသေးတယ်။ အဲ့ဒါအတွက်တော့ cashew nuts ၊ မီးကင်ထားတဲ့ မြေပဲ၊ ဖရုံစေ့၊ ဖရဲစေ့၊ နေကြာစေ့၊ ထောပတ်၊ ဒိန်ခဲ၊ ချိုလွန်းတဲ့ မုန့်ချိုတွေပဲ ဖြစ်ပါတယ်။ 

Ref : Kinds of Food That Should Be Eaten In Hot Seasons