International Health News

ကလေးတွေကို ပေးငိုပါ

ကလေးတွေ ငိုနေတဲ့ အသံကိုနားထောင်ရတာ အမှန်တကယ်မှာတော့ မိဘတွေအတွက်ရော ပတ်ဝန်းကျင်အတွက်ပါ စိတ်မချမ်းမြေ့စရာေ ကာင်းတဲ့ အရာပါ။ ညဘက်ကလေးငိုသံကတော့ စိတ်မသက်မသာဖြစ်စေတဲ့ အဆင့်ထိတောင် ရောက်သွားစေနိုင်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးလေ့လာတွေ့ရှိချက်တွေအရ  ကလေးငယ်တွေကို ငိုချိန်ပေးခြင်း၊ တစ်နည်း ငိုခွင့်ပြုထားခြင်းက ကောင်းကျိုးရှိတယ်လို့ သိရပါတယ်။ 

ကလေးတွေဟာ ငိုပြီးရင် ပိုပြီး အိပ်ပျော်လွယ်ကာ အိပ်စက်ချိန်ကိုလည်း ပိုကြာစေတယ်လို့ ဆိုပါတယ်။ ဒီလေ့လာတွေ့ရှိချက်ဟာ ကလေးငယ်ကြောင့် အိပ်စက်ချိန် အလုံအလောက်မရှိတဲ့ မိဘတွေအတွက် ကလေးထိန်းတဲ့ နည်းဗျူဟာ အသစ်
ဖြစ်လာနိုင်တယ်လို့လည်း ပညာရှင်တွေ ဆက်လက်ပြော ဆိုထားပါတယ်။ 
အဆိုပါလေ့လာမှုကို ၀င်ငွေမြင့်မားပြီး ပညာရေးနောက်ခံကောင်းရှိထားတဲ့ မိသားစုအနည်းငယ်ကို အခြေတည်ပြီး လေ့လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး ကျယ်ပြန့်တဲ့ လေ့လာမှုတွေတော့ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်နေသေး တယ်လို့လည်း သိရပါတယ်။ 


သုတေသီတွေဟာ အသက် ၆ နှစ်ကနေ ၁၆ လ အတွင်းရှိတဲ့  ကလေး ၄၃ ယောက်ကို အုပ်စုများခွဲပြီး လေ့လာခဲ့တာဖြစ်ပါတယ်။ အုပ်စုတစ်ခုမှာ ကလေးငိုချိန် ချက်ချင်းပွေ့ချီပြီး ချော့တာမျိုး မဟုတ်ဘဲ ကလေးကို ဖြည်းဖြည်းချင်း အငို
တိတ်အောင် နှစ်သိမ့်လေ့ရှိတဲ့ မိဘများနဲ့ ကလေးများ ပါဝင်ပါတယ်။ အကယ်၍ ကလေးက ပြန်ငိုတဲ့ အခါမှာလည်း သူတို့ဟာ ကလေးကို အချိန်အနည်းငယ် ကြာအောင်ငိုခွင့်ပြုထားလေ့ရှိပြီး ဒီလိုနဲ့ ကလေးဟာ အိပ်ပျော်သွားတတ်တာကို တွေ့ရှိခဲ့ရပါတယ်။

ဒုတိယ အုပ်စုမှာတော့ ကလေးက ဒီတစ်ည စောစောအိပ်မပျော်ရင် နောက်တစ်ညမှာ ကလေးကို နောက်ကျမှ ပေးအိပ်တဲ့ မိဘနဲ့ ကလေးများပါဝင်ပြီး ဒုတိယအုပ်စုမှာတော့ ကလေးငယ်တွေရဲ့ အိပ်စက်ခြင်းနဲ့ ပတ်သတ်ပြီး ပညာပေးမှုကို ရရှိထားတဲ့ မိဘများနဲ့ ကလေးများ ပါဝင်ပါတယ်။

ပထမ အုပ်စု ကိုလေ့လာတဲ့အခါ ကလေးတွေငိုတဲ့ အချိန်မှာ သူတို့ကို စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုး ကိုယ်တွင်းမှာ မြင့်တက်လာပြီး ကလေးငိုသံကို ကြားနေရတဲ့ မိဘများမှာလည်း အလားတူ သက်ရောက်မှုမျိုးရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ အချိန်သုံးလကြာ လေ့လာမှုပြုလုပ်ပြီးနောက်မှာတော့ ပထမအုပ်စုက ကလေးများနဲ့ ဒုတိယအုပ်စုက ကလေးများဟာ ညဘက်မှာ ပိုပြီးလွယ်လွယ်ကူကူ အိပ်ပျော်သွားလေ့ရှိတယ်လို့ ရလဒ်များအရ သိရပါတယ်။ 
အဆိုပါတွေ့ရှိချက်နဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေရှိတဲ့ အရာများကို ပညာရှင်တွေ ခွဲခြမ်းကြည့်ကြတဲ့အခါ ကလေးတွေဟာ သူတို့ကိုယ်သူတို့ဘယ်လို နှစ်သိမ့် (ချော့)ရမလဲဆိုတာကို သိရှိသွားကြခြင်းကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ကြပါ
တယ်။ ပြီးနောက် သူတို့ဟာ အိပ်ပျော်သွားဖို့ စတင်ကြိုးစားကြပါတော့တယ်။

ဒီလေ့လာမှုမှတစ်ဆင့် အုပ်စုသုံးစုလုံးမှာ ပါဝင်တဲ့ မိခင်ရဲ့ စိတ်အခြေအနေကလည်း သက်ရောက်မှုရှိတာကိုတွေ့ရှိခဲ့ပါတယ်။ 
Ref;Livescience

ဆယ်ကျော်သက်၊ ဒစ်ဂျစ်တယ် နည်းပညာနဲ့  ပြဿနာ 
ဆယ်ကျော်သက် အရွယ်ကလေးတွေ နည်းပညာမြင့် အီလက်ထရောနစ် ပစ္စည်းတွေကို များများအသုံးပြုလေလေ ပညာရေးနဲ့ ပတ်သက်တဲ့ စွမ်းဆောင်ရည်ကျဆင်းလေလေ ဖြစ်တယ်လို့ သုတေသီတွေ သတိပေးပြောဆိုလိုက်ပါတယ်။  
အဆိုပါတွေ့ရှိချက်က Boston မှာ ရှိတဲ့ Grade 8 အရွယ်ကလေးတွေကို TV ကြည့်ချိန်၊ သီချင်းနားထောင်ချိန်၊ ဗွီဒီယို ဂိမ်းကစားချိန်၊ အီလက်ထရောနစ် မီဒီယာများကို ဖတ်ရှုချိန်၊ ဖုန်းပြောချိန်၊ စာတိုပို့ချိန် အစရှိတဲ့ မေးခွန်းများမေးမြန်းပြီး ရရှိလာတဲ့ အဖြေများအပေါ် လေ့လာဆန်းစစ်ခဲ့ ကြတာဖြစ်ပါတယ်။

ယေဘူယျအားဖြင့် ပါဝင်သူအားလုံးရဲ့ စုစုပေါင်း ၂၅ % ဟာ နည်းပညာမြင့် အီလက်ထရောနစ် ပစ္စည်းတွေကို နည်းလမ်းပေါင်းစုံနဲ့  အသုံးပြုလေ့ရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလို နည်းပညာပစ္စည်းများကို အလုပ်မျိုးစုံအတွက် အသုံးပြုခြင်းက အင်္ဂလိပ်စာ၊ သင်္ချာ စတဲ့ ပညာရပ်တွေမှာ ဆိုးဆိုးရွားရွား ထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။ 

မကြာခဏ အသုံးပြုသူများမှာ Short-Term Memory လို့ ခေါ်တဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ စွမ်းရည်လည်း ကျဆင်းနေတာကိုတွေ့ရှိခဲ့ရပါတယ်။ ယခင်ကလည်း နည်းပညာပစ္စည်းများကို အလုပ်မျိုးစုံအတွက် အသုံးပြုခြင်းက မှတ်ဉာဏ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ကျဆင်းစေပြီး စိတ်ပိုင်းဆိုင်ရာ ခံစားချက်ပြင်းထန်လာတတ်တာကို လေ့လာမှုတွေ ပြုလုပ်ပြီးနောက် တွေ့ရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် လတ်တလောတွေ့ရှိမှုက နည်းပညာပစ္စည်းတွေကို ပုံစံမျိုးစုံနဲ့အချိန်ကြာကြာ အသုံး
ပြုခြင်းက ဆိုးကျိုးသက်ရောက်မှု ရှိနိုင်တယ်ဆိုတဲ့ အချက်အလက်အပေါ် ပိုမို ခိုင်မာတဲ့ သက်သေပြချက်များ ရရှိလာတယ်လို့ဆိုနိုင်မှာ ဖြစ်ပါတယ်။ 
Ref;Livescience

လေးလက်မအရွယ် ကမ္ဘာ့အသေးဆုံး DNA Tester
DNA စစ်ဆေးတဲ့အခါမှာ အသုံးပြုရမယ့် ကိရိယာတွေဟာ ပိုပြီး သေးငယ်လာပြီး ပိုပြီးမြန်ဆန်လွယ်ကူလာပြီလို့ဆိုနိုင်ပါပြီ။ ၂၀၁၄ ခုနှစ်မှာ သိပ္ပံပညာရှင်တွေဟာ အုတ်ခဲအရွယ်ခန့်ရှိတဲ့ DNA စစ်ဆေးတဲ့ ကိရိယာတစ်ခုကို မိတ်ဆက်ပေးခဲ့ပြီး အခုအချိန်မှာတော့ ဇီဝနည်းပညာကုမ္ပဏီတစ်ခုက ကော်ဖီခွက်အရွယ်သာရှိတဲ့ ပစ္စည်းသစ်ကို ထုတ်ဖော်ပြသလိုက်ပါပြီ။

ကနေဒါနိုင်ငံ၊ အော့တ၀ါမြို့မှာ အခြေစိုက်တဲ့ Spartan Bioscience ကုမ္ပဏီက အလွယ်တကူသယ်ဆောင်သွားလို့ ရမယ့် Spartan Cube လို့ ခေါ်တဲ့ DNA Tester ကို မေလ ၃၁ ရက်နေ့က ထုတ်ဖော်ပြသခဲ့ပါတယ်။ အဆိုပါ ကုဗပုံစံ ကိရိယာ
ဟာ စတုရန်းဧရိယာ ၄လက်မသာရှိတာကြောင့် ကမ္ဘာ့အသေးဆုံး မျိုးရိုးဗီဇစစ်ဆေးတဲ့ ကိရိယာတစ်ခုဖြစ်လာတယ်လို့ သတင်းတွေအရ သိရပါတယ်။ ကုမ္ပဏီက ထုတ်ပြန်ထားတဲ့ သတင်းများအရ Spartan Cube မှ စစ်ဆေးထားတဲ့ ရလဒ် အဖြေကို ထုတ်ပေးဖို့ နာရီဝက်ခန့်သာကြာမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ ကိရိယာဟာ လူတွေမှာ ဖြစ်လေ့ရှိတဲ့ ရောဂါအမျိုးမျိုးကိုလည်း စစ်ဆေးပေးနိုင်မှာ ဖြစ်သလို အစားအစာများမှာ ဘက်တီးရီယားတွေ ပါဝင်ခြင်း ရှိမရှိ၊ ရေထဲမှာ မိုက်ကရို့ဘ် ပိုးမွှားတွေပါ မပါ စတာတွေကိုပါ စစ်ဆေးပေးနိုင်မှာ
ဖြစ်ပါတယ်။

စမ်းသပ်လိုတဲ့ တံတွေးရည်၊ ရေ သို့မဟုတ် ပစ္စည်း နမူနာတစ်ခုခုကို စက်ထဲထည့်ပြီး လိုက်ရုံပဲ ဖြစ်ပါတယ်။ စက်ထဲမှာပါတဲ့ အမျိုးစုံသော နည်းပညာမြင့်ပစ္စည်းများက ခွဲခြမ်းစိတ်ဖြာတဲ့ အလုပ်များကို ပြုလုပ်ကြမှာဖြစ်ပြီး အဆိုပါ Spartan Cube 
ကို Wifi အသုံးပြုကာ Tablet နဲ့ ဖြစ်စေ၊ ကွန်ပျုတာနဲ့ဖြစ်စေ ချိတ်ဆက်ပြီး အဖြေကို ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ 
လက်ရှိမှာတော့ Spartan Bioscience မှ  Spartan Cubeရဲ့နမူနာပုံစံရရှိထားပြီး ဇူလိုင် ၃၁ ရက်နေ့၊  ဖီလာဒဲဖီးယားမှာ ကျင်းပြပြုလုပ်မယ့် American Association for Clinical Chemistry's Clinical Lab Expo မှာ စတင်ဖြန့်ချိသွားမယ်လို့
လည်းသိရပါတယ်။ 
Ref;Business Insider