International Health News

ရာသီအကူးအပြောင်းမှာ ရောဂါများ ပိုဖြစ်ရသည့် အကြောင်းအရင်း

လူအများစုဟာ ရာသီဥတု ပြောင်းတာနဲ့ တုပ်ကွေး ဒါမှမဟုတ် အအေးမိတာမျိုး ဖြစ်လေ့ ရှိကြပါတယ်။ 

အကြောင်းရင်းက အပူချိန်ပြောင်းလဲခြင်းေ ကြာင့်  ဗိုင်းရပ်စ်တွေ ရှင်သန်ပေါက်ဖွားဖို့ အခွင့် အလမ်းပိုများလာကြပြီး လူတွေကို ဖျားနာစေနိုင် တာလည်း အတော်အသင့် မှန်ကန်ကောင်း မှန်ကန်ပါတယ်လို့ ဖလော်ရီဒါ က Orlando Health မှ အထွေထွေ သမားတော်တစ်ဦးက ဆိုပါတယ်။ 

သုတေသနလုပ်ငန်းများစွာက အအေးမိခြင်းကို အဓိကဖြစ်စေတဲ့ rhinovirus နဲ့ corona-virus တွေဟာ အေးတဲ့ရာသီဥတုမှာ ပိုပြီး ရှင်သန်နိုင် ပွားများနိုင်စွမ်းရှိကြတာကိုတွေ့ရှိခဲ့ရပါတယ်။ တုပ်ကွေးဖြစ်စေတဲ့ influenza ဗိုင်းရပ်စ်ကလည်း  ခြောက်သွေ့ပြီး အေးမြတဲ့ လေထုထဲမှာ ပိုပြီး ပျံ့နှံ့နိုင်စွမ်းရှိတာကို တွေ့ရှိရပြန်ပါတယ်။ ဒါကြောင့် လူတွေဟာ ဆောင်းတွင်းလိုကာလမျိုးမှာ အအေးမိတာ၊ တုပ်ကွေးမိတာမျိုး ပိုဖြစ်လေ့ရှိကြတာပါလို့ ဆက်လက်ပြောဆိုထားတာပါတယ်။ 

နွေရာသီမှာလည်း တစ်ချို့လူတွေရောဂါ ဖြစ်လေ့ရှိကြပါတယ်။ နှာရည်ကျတာ၊ မျက်လုံးယားယံတာမျိုး ဖြစ်လေ့ရှိကြပြီး နွေရာသီမှာ ပွင့်လေ့ရှိတဲ့ ပန်းတွေရဲ့ ၀တ်မှုံတွေ၊ ဖုန်တွေနဲ့ ဓာတ်မတည့်ခြင်းကြောင့်  ဖြစ်လေ့ရှိတဲ့ လက္ခဏာများ ဖြစ်ပါတယ်။ အဆိုပါ ရောဂါရှိသူများဟာ သူတို့ရဲ့ ကိုယ်ခံအားစနစ်က ၀တ်မှုံ၊ ဖုန် အစရှိတဲ့ အရာများနဲ့ ထိတွေ့တဲ့အခါမှာ သာမန်ထက် လွန်ကဲစွာတုန့်ပြန်ကြတာကြောင့် အဆိုပါ လက္ခဏာတွေ ပြလာတာဖြစ်ပြီး နွေရာသီမှာဖြစ်တဲ့ ရောဂါများဟာ အခြားရာသီများမှာ ဖြစ်တဲ့ရောဂါများလောက် ပြင်းထန်လေ့မရှိဘူးလို့လည်း သိရပါတယ်။  

တခါတစ်ရံမှာ လူတွေဟာ ဓာတ်မတည့်မှု ကြောင့် ဖြစ်လေ့ရှိတဲ့ လက္ခဏာများကို အအေးမိခြင်းနဲ့ မှားလေ့ရှိတတ်ကြပါတယ်။ တုပ်ကွေးနဲ့ အအေးမိခြင်းကို ကာကွယ်ရန် လက်ကို သေသေချာချာ ဆေးကြောဖို့၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ဖို့၊ ညဘက်ကို အနည်းဆုံး ၆ နာရီမှ ၈ နာရီကြား အိပ်စက်ပေးဖို့ ပညာရှင်တွေ အကြံပြုထားပါတယ်။ 

ဒါ့အပြင် ဆေးဆိုင်တွေမှာ ဆရာဝန် ညွှန်ကြားချက်မလိုဘဲ အလွယ်တကူ ၀ယ်ယူရရှိနိုင်တဲ့ ဆေးဝါးတွေကို အလွန်အကျွံအားမကိုးဖို့ ဆက်လက်သတိပေးထားပါတယ်။ တုပ်ကွေးနဲ့ အအေးမိခြင်းကို သက်သာစေနိုင်တယ်ဆိုတဲ့ ဆေးတွေဟာ အမှန်တကယ်မှာ ရောဂါကိုကာကွယ်မပေးနိုင်သလို ရောဂါကို ကုသပေးနိုင်စွမ်းလည်း မရှိဘူးလို့ ဆိုထားပါတယ်။ 

Ref;livescience

ဘာကြောင့် အိပ်ရာပြောင်းရင် အိပ်မပျော်ရသလဲ

အိပ်ရာပြောင်းရင် အိပ်မပျော်တတ်တဲ့ အကျင့်ရှိပါသလား။ နေရာသစ်ကိုရောက်ရှိတဲ့ ပထမဆုံးညမှာ တစ်ချို့လူတွေ အိပ်မပျော်ရခြင်းက ဦးနှောက်တစ်ခြမ်းက အိပ်စက်ခြင်းမရှိဘဲ နိုးကြားနေလို့ ဖြစ်ပါတယ်လို့ ပညာရှင်တွေ ရှင်းပြထားပါတယ်။ 

အဆိုပါ တွေ့ရှိချက်ကို ထုတ်ပြန်ကြေငြာခဲ့ တဲ့ သုတေသနအဖွဲ့ဟာ လူပေါင်း ၃၅ ယောက်ကို Sleep Lab အမည်ရ အိပ်စက်ခြင်းကို လေ့လာမယ့်ဓာတ်ခွဲခန်းထဲမှာ ညပေါင်းများစွာ လေ့လာမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါ လေ့လာမှု
မှာ Brain-imaging Techniques အသုံးပြုပြီး အိပ်ပျော်နေစဉ် ဦးနှောက်ရဲ့လှုပ်ရှားမှုအားလုံးကို စောင့်ကြည့်မှတ်သားခဲ့ကြတာ ဖြစ်ပါတယ်။ 
သုတေသီတွေ ရရှိလာတဲ့ ရလဒ်များအရ လူတွေဟာ နေရာအသစ်ကို ပြောင်းရွှေ့အိပ်စက်ရတဲ့ ပထမဆုံးညမှာ သူတို့ရဲ့ ဘယ်ဘက် ဦးနှောက်ခြမ်းက ညာဘက်ဦးနှောက်ခြမ်းထက်ပိုပြီး လှုပ်ရှားမှုရှိနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုထားပါတယ်။ 
ရေနေ နို့တိုက်သတ္တ၀ါတွေဟာ သူတို့ရဲ့ဦးနှောက် တစ်ဝက်ခန့်ကို အလုပ်မလုပ်ပဲ အနားပေးလိုက်ခြင်းအားဖြင့် အိပ်စက်လေ့ရှိကြပါတယ်။ “ဒါကြောင့် လူတွေရဲ့ ဦးနှောက်ကလည်း လင်းပိုင်နဲ့ ဝေလငါးတွေရဲ့ဦးနှောက်စနစ်ကို အသေးချုံ့ထားသလိုပဲ ဖြစ်ပါလိမ့်မယ်” လို့လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ Brown University မှ ပါမောက္ခ တစ်ဦးက ကောက်ချက်ချခဲ့ပါတယ်။ 
လူတစ်ယောက်ရဲ့ ဦးနှောက်က  ဘယ်ဘက်ခြမ်းနဲ့ညာဘက်ခြမ်း အလုပ်လုပ်တဲ့နှုန်း ကွဲပြားေ လလေ အိပ်ပျော်ဖို့ ပိုပြီး ခက်ခဲလေလေ ဖြစ်နေတာကိုလည်း ပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ 
နောက်ထပ် တွေ့ရှိချက်တစ်ခုကတော့ အိပ်ပျော်နေတဲ့ လူတွေရဲ့ နားအနားကို အသံပေးတဲ့အခါမှာ ညာဘက်နားနားကို အသံပေးတဲ့အခါ အလွယ်တကူ နိုးတတ်ကြတာကိုလည်း တွေ့ရှိခဲ့ရ
ပါတယ်။ (ညာဘက်နားက ဘယ်ဘက်ဦးနှောက် အခြမ်းကို လှုံ့ဆော်မှု ဖြစ်စေပါတယ်။)
    “ဒီလို နေရာအသစ်မှာ ဦးနှောက်တစ်ခြမ်း က နိုးကြားနေခြင်းက လူသားတွေအတွက် အသက်ရှင်ဖို့ နည်းဗျူဟာတစ်ခုလည်း ဖြစ်ကောင်းဖြစ်နေ နိုင်ပါတယ်။ ဦးနှောက်ဘယ်ဘက် အခြမ်းဟာ ညဘက်ကင်းစောင့် သဘောမျိုးအဖြစ်ရှိနေပြီး အန္တရာယ်နဲ့ ကြုံတွေ့ရတဲ့အခါ အလွယ်တကူ နိုးထ 
စေနိုင်မှာပါ” ပညာရှင်တွေ ကောက်ချက်ချခဲ့ပါ တယ်။ 
    ဒါပေမဲ့ "first night effect"  လို အမည် ပေးထားတဲ့ နေရာပြောင်းတဲ့ ညမှာ အလွယ်တကူ အိပ်မပျော်တဲ့ အဆိုပါ ဖြစ်စဉ်ကို ကောင်းကောင်း သိရှိနားလည်နိုင်ဖို့ လေ့လာမှုတွေဆက်လက် လုပ် 
ဆောင်ဖို့ လိုအပ်သေးတယ်လို့လည်း သိရပါတယ်။
Ref;livescience