ဗီတာမင်အေ ဖြည့်စွက်စာ (သို့) သခွားမွှေးသီး

ကယ်လိုရီပါဝင်မှုနည်းပြီး အာဟာရဓာတ်များများပါဝင်တဲ့ အစားအစာဆိုတာနဲ့ သခွားမွှေးသီးကို ပထမဆုံး ရွေးချယ်မိမှာပါလို့  Academy of Nutrition and Dietetics မှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးလည်းဖြစ် နာမည်ကြီး အာဟာရဗေဒပညာရှင် တစ်ဦးလည်း ဖြစ်သူ Heather Mangieri က ဆိုပါတယ်။ လှီးပြီးသား သခွားမွှေးသီး တစ်ပန်းကန်လုံးစာမှာ ကယ်လိုရီ ၅၅ လောက်သာပါပြီး သင့်အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်များထဲက ဗီတာမင် အေ ၁၀၀% ၊ ဗီတာမင် စီ ၅၀ % ၊အမျှင်ဓာတ် ၁.၅ ဂရမ် နဲ့ တစ်ရက်စာအတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်တွေ ပါဝင်နေပါတယ်။ ဒါ့အပြင် သခွားမွှေးသီးရဲ့ Phytonutrient အမျိုးအစား Beta-Carotene ပါဝင်မှုက လိမ္မော်သီးထက် မြင့်မားနေတာကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ ပြီးနောက်မှာ သခွားမွှေးသီးက စူပါ သီးနှံစာရင်းကို အလိုအလျောက် ဝင်သွားပါတော့တယ်။ ဒီလို စူပါသီးနှံစာရင်းဝင် သခွားမွှေးသီးမှာ သဘာဝအတိုင်းပါရှိနေတဲ့ အာဟာရဓာတ်များက သင့်ရဲ့ကျန်းမာရေးကို ဘယ်လိုအကျိုးပြုနေပါသလဲ ။ 

ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်
သခွားမွှေးသီးမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ beta-Carotene အမည်ရ carotenoid အမျိုးအစား အာဟာရဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ အဆိုပါ beta-Carotene ဟာ ဗီတာမင် အေ ဖြစ်ပေါ်ဖို့အတွက် အဓိကအရေးပါ တဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး ကင်ဆာ အမျိုးအစား တစ်ချို့ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တဲ့ Antio-xidant ဂုဏ်သတ္တိကိုလည်း ပိုင်ဆိုင်ထားပါတယ်။ လတ်လတ်ဆက်ဆက် သခွားမွှေးသီးမှာ တွေ့ရတတ်တဲ့ phytochemicals အမည်ရ ဓာတ်ပေါင်းမှာ အကြိတ်အခဲဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိနေတာကိုလည်း သုတေသီတွေ ရှာဖွေတွေ့ရှိထားပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို ထိခိုက်စေပြီး နောက်ဆက်တွဲ ကင်ဆာရောဂါတွေအထိပါ ဖြစ်ပေါ်စေနိုင်တဲ့ Free Radical တွေ ဓာတ်တိုးခြင်းကို တားဆီးပေးနိုင်တဲ့ ကိရိယာတစ်ခုလို အာနိသင်မျိုးလည်း သခွားမွှေးသီးမှာရှိနေပါတယ်လို့ ပညာရှင်တွေ ဆိုထားပါသေးတယ်။ 

ကိုယ်ခံအားကို ပိုမိုကောင်းမွန်စေပါတယ် 
သခွားမွှေးသီးမှာ Beta-carotene နဲ့ Phytochemical တို့လို ဓာတ်ပေါင်းများအပြင် Free Radical တွေကို ဆန့်ကျင်တိုက်ထုတ်ပေးနိုင်စွမ်းရှိတဲ့ ဗီတာမင် စီ လည်း ပါဝင်ပါတယ်။ ဗီတာမင် စီက သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်မှုကို တိုးတက်ေ ကာင်းမွန်စေအောင် လှုံ့ဆော်ပေးပြီး ကိုယ်ခံအားစနစ်ကို အားကောင်းလာအောင် လုပ်ဆောင်ပေးနိုင်တဲ့ ဗီတာမင်တစ်မျိုးလည်း ဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းမွန်နေပြီဆိုရင် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေ၊ အခြားခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ ပြင်ပက ပစ္စည်းတွေဝင်ရောက်လာမှုတွေကို အလွယ်တကူ ပြန်လှန်တိုက်ထုတ်နိုင်မှာဖြစ်ပြီး ပိုမိုကျန်းမာတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သခွားမွှေးသီးမှာသင့်ရဲ့ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ ဆိုနိုင်ပါတယ်။ 

အသားအရေကို လှပစေပါတယ် 
သခွားမွှေးသီးဟာ beta-carotene ကို ကြွယ်ဝစွာရရှိနိုင်တဲ့ ရင်းမြစ်ဖြစ်ပါတယ်။ သဘာဝအစားအစာတွေမှာ တွေ့ရတဲ့ ဗီတာမင် အေ ရဲ့ ရှေ့ပြေးအာဟာရဓာတ်ဖြစ်တဲ့ beta-carotene ကို စားသုံးခြင်းက ဖြည့်စွက်ဗီတာမင် အေ သုံးစွဲခြင်း ထက် ပိုပြီး ဘေးအန္တရာယ်ကင်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ သင်စားသုံးလိုက်တဲ့ beta-carotene ဓာတ်ဘယ်လောက်များများ ခန္ဓာကိုယ်က အဆိုပါဓာတ်ကို ဗီတာမင် အေ အဖြစ် လိုအပ်သလောက်သာပြောင်းလဲ သုံးစွဲမှာ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲသွားတဲ့ ဗီတာမင် အေ က  အရေပြားထံသို့ တိုက်ရိုက်ရောက်ရှိသွားပြီး အရြေ ပားရဲ့ အမြှေးပါးက ပျက်စီးသွားတဲ့ ဆဲလ်တွေ အသစ်ပြန်လည်ဖြစ်ပေါ်ဖို့နဲ့ လျင်လျင်မြန်မြန် ကြီးထွားလာစေဖို့ လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ အရေပြားရဲ့ အပေါ်ဆုံးအလွှာက အမြှေးပါးဟာပြင်ပက အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို ကာကွယ်ပေးမှာဖြစ်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာတာမျိုးကိုလည်း တားဆီးပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အသားအရေ လှပဖို့အတွက်လည်း သခွားမွှေးသီးကို စားသုံးပေးနိုင်ပါတယ်။ 

စိတ်ဖိစီးမှုကို သက်သာစေပါတယ် 
ပိုတက်ဆီယမ်က သခွားမွှေးသီးမှာ အဓိက တွေ့ရှိရတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ပိုတက်ဆီယမ် သတ္တုဓာတ်က သွေးကြောတွေကို ပျော့ပြောင်းစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် သွေးဖိအားကို လျော့ကျစေနိုင်စွမ်းနဲ့ ဆက်စပ်နေတဲ့ သတ္တုဓာတ် တစ်မျိုးဖြစ်ပါတယ်။ သွေးဖိအားက စိတ်ဖိစီးမှုဖြစ်စေခြင်းနဲ့ ဆက်စပ်လျက်ရှိပြီး သွေးဖိ
အားမြင့်ခြင်းကြောင့် စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်း Cortisol ထုတ်လုပ်မှုကိုပါ တိုးစေတယ်လို့ သိရပါတယ်။ ပိုတက်ဆီယမ်က သွေးဖိအားကို လျော့ကျစေနိုင်ရုံသာမက သွေးစီးဆင်းနှုန်းကိုပါ ကောင်း
မွန်စေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဦးနှောက်ထံသို့ အောက်စီဂျင်တွေ ပိုမိုရောက်ရှိစေနိုင်တာကြောင့် စိတ်အာရုံကို အေးဆေးတည်ငြိမ်စေပြီး စိတ်ဖိစီးမှုတွေကို ပြေလျော့သက်သာစေ နိုင်ပါသေးတယ်။ သွေးတွင်းမှာ ဖိစီးမှုဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေ လျော့ကျသွားတာနဲ့ တစ်ပြိုင်နက် စိတ်ပူပန်မှု ဖြစ်ခြင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဝေဒနာ များလည်း သက်သာသွားမှာ ဖြစ်ပါတယ်။

Antioxidant ဂုဏ်သတ္တိ 
ဗီတာမင် အေရော စီပါ သင့်ခန္ဓာကိုယ်ကို ပိုမိုကျန်းမာတဲ့ အနေအထားဖြစ်အောင် ကူညီပေးနိုင်တဲ့ antioxidant အမျိုးအစားများဖြစ်ကြပါ တယ်။ antioxidant ဆိုတာ ပြင်ပက ၀င်ရောက်
လာတဲ့ ခန္ဓာကိုယ်က ဆဲလ်တွေကို ဆိုးကျိုးဖြစ်စေနိုင်သော  Free Radical တွေ ဓာတ်တိုးခြင်းကို ဆန့်ကျင်တဲ့ မော်လီကျူးများ ဖြစ်ပါတယ်။ Free Radical တွေ ဓာတ်တိုးခြင်းကြောင့် ကင်ဆာ၊ နှလုံး
ရောဂါနဲ့ အရိုးအဆစ်အမြစ်ရောင်ရောဂါ စတဲ့ နာတာရှည်ရောဂါများနဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် အေ နဲ့ စီ ပါဝင်တဲ့ အစားအစာများစားသုံးခြင်းက အဆိုပါဖြစ်စဉ်များ ဖြစ်နိုင်ချေရှိခဲ့ရင် လျော့ကျစေ
နိုင်သလို တစ်စိတ်တစ်ပိုင်း ကာကွယ်ပြီးသားလည်း ဖြစ်စေနိုင်ပါတယ်။ သခွားမွှေးသီးမှာ အဆိုပါ ဗီတာမင်တွေ ပါဝင်နေတာကြောင့် သင့်အတွက်ရွေးချယ်သင့်တဲ့ အစားအသောက်စာရင်းမှာ ထည့်သွင်းထား 
နိုင်ပါတယ်။ 

Ref;Organic Facts