သံလွင်ဆီရဲ့ကျန်းမာရေး အထောက်အကူပြု အာနိသင်တွေ

“ဆီ”လို့ ဆိုလိုက်ရင် တွန့်သွားတတ်ကြတဲ့ ဒီခေတ်ထဲမှာ သံလွင်ဆီက လူကြိုက်များပြီး နံပါတ်(၁) ဖြစ်နေတဲ့ ဆီတစ်မျိုးပါ။ အစားအသောက်တွေ ချက်ပြုတ်တဲ့ နေရာမှာသာ မဟုတ်ဘဲ မိတ်ကပ်ဖျက်ဖို့ အစ၊ အမျိုးသားတွေ မုတ်ဆိတ်ပါးသိုင်းမွှေး ရိတ်ဖို့အလယ် ပရိဘောဂတွေ အရောင်တင်ဖို့ အဆုံး နေရာပေါင်းစုံမှာ နည်းလမ်းပေါင်းစုံနဲ့ အသုံးပြုနိုင်တာကြောင့်လည်း လူကြိုက်များနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သံလွင်ဆီ နာမည်ကြီးရခြင်း အကြောင်းအရင်းကတော့ အလှ အပနဲ့ အခြားအသုံးဝင်မှုတွေအတွက် မဟုတ်ဘဲ သံလွင်ဆီကနေ ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကြောင့်က အဓိက ဖြစ်ပါတယ်။ လေ့လာမှုများစွာ ပြုလုပ်ပြီးနောက် ကမ္ဘာတစ်ဝန်းကပညာရှင်တွေ အသိအမှတ်ပြုထောက်ခံထားတဲ့ သံလွင်ဆီရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ 
 
ဆီးချိုရောဂါကို ကာကွယ်နိုင်ပါတယ်
သံလွင်ဆီက ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်တဲ့ အစားအသောက်များစာရင်းမှာ ပါဝင်ပါတယ်။ Harvard School of Public Health က ထုတ်ပြန်တဲ့ လေ့လာတွေ့ရှိမှုအရ သံလွင်ဆီမှာ ပါဝင်တဲ့ Monounsaturated Fat နဲ့ Polyun-saturated Fat တွေက ဆီးချိုရောဂါ ဖြစ်နိုင်ချေကို ၅ဝ% အထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ ဆီနည်းတဲ့ အစားအသောက်တွေကသာ ဆီးချိုရောဂါကို ကာကွယ်နိုင်တယ်လို့ လူအများလက်ခံထားကြပေမယ့်လည်း အဆိုပါ လေ့လာတွေ့ရှိမှုကို အခြေခံပြီး ဆီနည်းခြင်းများခြင်းက အဓိကမဟုတ်ဘဲ ကိုယ်စားသုံးတဲ့ ဆီအမျိုးအစားကသာ အဓိက ဖြစ်တယ်လို့ ပညာရှင်တွေ ထောက်ပြခဲ့ပါတယ်။ ဒါကြောင့် သံလွင်ဆီကဲ့သို့သော မပြည့်ဝဆီ တွေကတော့ ကျန်းမာရေးအတွက် ဆိုးကျိုးမရှိဘဲ သင့်တော်တဲ့ပမာဏအတွင်းမှာ စိတ်ချစွာ စားသုံးလို့ရတယ်လို့ဆိုနိုင်ပါတယ်။
လေဖြတ်နိုင်ချေကို လျှော့ချပေးပါတယ်
ပြင်သစ်နိုင်ငံရှိ University of Bordeaux မှ ပညာရှင်တွေ လေ့လာမှုတစ်ခုပြုလုပ်ပြီးနောက် သံလွင်ဆီ ဟင်းချက်ရာမှာ အသုံးပြုလေ့ရှိပြီး အရွက်သုပ်တွေမှာ မကြာခဏ ထည့်စားလေ့ရှိတဲ့ အသက် ၆၅ နှစ်နဲ့အထက်ရှိတဲ့ လူကြီးတွေဟာ အခြားသက်တူရွယ်တူ လူကြီးများနဲ့ နှိုင်းယှဉ်တဲ့အခါမှာ လေဖြတ်နိုင်တဲ့ အခြေအနေ ၄၁% ခန့် လျော့နည်းနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါရလဒ်ရရှိလာတာက လေဖြတ်ခြင်းကို အဓိကဖြစ်စေတဲ့ သွေးကြောတွေအတွင်း က ကိုလက်စထရောတွေနဲ့ သွေးခဲလေးတွေကို ပျော်ဝင်စေနိုင်တဲ့ သံလွင်ဆီရဲ့ အစွမ်းရှိကြောင့် ဖြစ်နိုင်ချေရှိတယ်လို့ ပညာရှင်တွေကောက်ချက်ချခဲ့ကြပါတယ်။
 
နှလုံးကို ကျန်းမာစေပါတယ်
သံလွင်ဆီလို့ပြောရာမှာ သံလွင်ပင်တွေ အဓိက စိုက်ပျိုးအောင်မြင်တဲ့ စပိန်နိုင်ငံက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုကိုလည်း ချန်ခဲ့လို့ မရပါဘူး။ စပိန်သုတေသီတွေက သံလွင်ဆီက နှလုံးကို နုပျိုစေပြီး နှလုံးနဲ့နှလုံးသွေးကြောတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်တဲ့ အာနိသင်ရှိတယ်လို့ ဆိုထားပါတယ်။ သံလွင်ဆီက သွေးဖိအားကို လျော့ကျစေနိုင်တဲ့ အာနိသင်ရှိပြီး ကိုလက်စထရောတွေကြောင့် နှလုံးသွေးကြောတွေထိခိုက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ 
 
အရိုးတွေကို သန်မာစေပါတယ်
အရိုးတွေ ကြံ့ခိုင်သန်မာစေဖို့လို့ ဆိုလိုက်ရင် လူတိုင်းရဲ့စိတ်ထဲမှာ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းများကိုပဲ ပထမဆုံး သတိရလေ့ရှိတတ်ပါတယ်။ စပိန်နိုင်ငံ Madrid Uni-versityက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာတော့ သံလွင်ဆီစားသုံးခြင်းဖြင့်လည်း အရိုးတွေကို သန်မာစေနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။ သံလွင်ဆီမှာလည်း ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် နို့တဲ့မတည့်တဲ့သူများ ကယ်လ်ဆီယမ်ဓာတ်အတွက် သံလွင်ဆီကို အစားထိုးပြီး စားသုံးပေးနိုင်ပါတယ်။ အာဟာရဗေဒ ပညာရှင်တွေကတော့ အစေ့အဆံတွေနဲ့ ပဲအမျိုးမျိုးကို သံလွင်ဆီနဲ့ ချက်ပြုတ်ပြီး စားခြင်းက အကောင်းဆုံးရလဒ်ကို ရရှိစေနိုင်တယ်လို့ အကြံပြုထားပါတယ်။
 
စိတ်ကျဝေဒနာကို သက်သာစေပါတယ်
စိတ်ကျဝေဒနာက သင်စားသုံးလေ့ရှိတဲ့ အစားအသောက်ပုံစံနဲ့ တစ်ခါတစ်ရံ သက်ဆိုင်မှု ရှိနေတတ်ပါတယ်။ ဆီများတဲ့ အစားအစားတွေ အလွန်အကျွံစားသုံးခြင်းက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြုံတွေ့လာရနိုင်ချေပိုများတယ်လို့ ပညာရှင် တွေသတိပေးထားပါတယ်။ ပြည့်ဝဆီစားသုံးမှု များပြားတဲ့သူတွေဟာ ပမာဏအနည်းငယ်ပဲ စားသုံးသူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ စိတ်ကျဝေဒနာ ခံစားရနိုင်ချေ ၄၈% ခန့် ပိုမိုများပြားနေတာကို တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။ သံလွင်ဆီကတော့ 
မပြည့်ဝဆီ အမျိုးအစားဖြစ်ပြီး စိတ်ကျဝေဒနာ ခံစားရစေတဲ့ ဟော်မုန်းတွေကို တိုက်ထုတ်ပေးမယ့် ဦးနှောက်ထဲက Serotonin ဆိုတဲ့ ဓာတုပစ္စည်း ထုတ်လုပ်မှုကို ပိုပြီး တိုးတက်ကောင်းမွန်စေနိုင်တဲ့ အာနိသင်ပါ ရှိနေပါတယ်။ ဒါကြောင့် သံလွင်ဆီ စားသုံးပေးခြင်းက စိတ်ကျတဲ့ဝေဒနာမဖြစ်ပေါ်လာစေဖို့ ကာကွယ်ပြီးသား ဖြစ်စေတယ်လို့ ဆိုနိုင်ပါတယ်။
ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်
အရေပြားကင်ဆာမဖြစ်အောင် ကာကွယ်ရမယ့်နည်းလမ်းတွေထဲမှာ နေရောင်နဲ့ တိုက်ရိုက်မထိေ တွ့အောင်နေတာ၊ နေရောင်ကာ လိမ်းဆေး လိမ်းတာတွေအပြင် သံလွင်ဆီစားသုံးပေးတာကို ထည့်သွင်းထားလိုက်ပါ။ သံလွင်ဆီမှာပါဝင်တဲ့ Oleic Acid နဲ့  Vitamin E တို့က ပြင်းထန်တဲ့ နေရောင်ခြည်ကြောင့်ဖြစ်တဲ့ ဓာတ်တိုးခြင်းဖြစ်စဉ် ကိုတားဆီးပေးနိုင်စွမ်းရှိပြီး အရေပြားကင်ဆာ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ သံလွင်ဆီစားသုံးခြင်းကြောင့် နောက်ထပ်ကာကွယ်ပြီးသားဖြစ်စေတဲ့ ရောဂါတစ်ခုက တော့ ရင်သားကင်ဆာပဲဖြစ်ပါတယ်။ သံလွင်ဆီမှာပါဝင်တဲ့ Oleuropein လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးက ရင်သားကင်ဆာကို ကာကွယ်နိုင်ပြီး သံလွင်ဆီရဲ့ Monounsaturated Fat နဲ့ Antioxidants တွေက အကြိတ်တွေ ကြီးထွားလာခြင်းကို တားဆီးပေးနိုင်စွမ်းရှိတယ်လို့လည်းသိရပါတယ်။
 
ဦးနှောက်စွမ်းရည်ကို မြင့်တင်ပေးနိုင်ပါတယ်
Columbia University မှ ပညာရှင်တွေဟာ သံလွင်ဆီကို ဟင်းချက်ရာမှာ မကြာခဏအသုံးပြုလေ့ရှိသူတွေနဲ့ လုံးဝ အသုံးမပြုသူတွေကို နှိုင်းယှဉ်လေ့လာခဲ့တဲ့အခါမှာ အံ့အားသင့်ဖွယ် ခြားနားချက်တစ်ရပ်ကို တွေ့ရှိခဲ့ကြပါတယ်။ သံလွင်ဆီကို မကြာခဏ စားသုံးလေ့ရှိသူတွေရဲ့ ဦးနှောက်ဖွဲ့စည်းမှုမှာ Gray Matter နဲ့ White Matter အစိတ်အပိုင်းတွေ ပိုများနေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါတွေ့ရှိချက်ကြောင့် သံလွင်စားသုံးခြင်းက ဦးနှောက်ရဲ့စွမ်းအင်ကို ပိုပြီးတိုးတက်ကောင်းမွန်စေနိုင်တာကို သိရှိလာရပါတယ်။ 
 
သင့်ကိုပိုပြီးလှပလာစေနိုင်ပါတယ်
သံလွင်ဆီကို ကျန်းမာရေးအာနိသင်ထက် အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေကြောင့် ပိုပြီးလူကြိုက်များကြတယ်လို့ ဆိုရင်မှားမယ် မထင်ပါဘူး။  Vitamin E ၊ Vitamin B ၊ Magnesium နဲ့ Zinc ပါဝင်မှုမြင့်မားတာကြောင့် သံလွင်ဆီက ဆံပင်တွေရဲ့ကျန်းမာသန်စွမ်းစေ ပြီး အရှည်မြန်စေကာ ဆံပင်ကျွတ်ခြင်းကိုလည်း သက်သာစေပါတယ်။ ဒီလိုအာနိသင်တွေကြောင့် သံလွင်ဆီက ကမ္ဘာပေါ်က ရှိသမျှ နာမည်ကြီး ခေါင်းလိမ်းဆီတိုင်းကို ကျော်လွန်ပြီး လူကြိုက်အများဆုံး သဘာဝဆီတစ်မျိုးအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် Anti-ageing ဂုဏ်သတ္တိရှိပြီး အသားအရေရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်တာကြောင့် သံလွင်ဆီကို အလှကုန်ပစ္စည်းတော်တော်များများမှာ ထည့်သွင်းအသုံးပြုလေ့ ရှိတာကိုလည်း
တွေ့ရမှာပါ။ တစ်ချို့ကတော့ သံလွင်ဆီစစ်စစ်ကိုပဲ အလှအပအတွက် နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုကြလေ့ရှိပါတယ်။ အသားအရေနဲ့ ဆံပင်တွေ လှပဖို့ စားသုံးလို့လည်းရ၊ တိုက်ရိုက်လိမ်းကျံလို့လည်းရတဲ့ ပစ္စည်းက သံလွင်ဆီအပြင် နောက်ထပ် များများစားစား ထပ်ရှိနိုင်မှာ မဟုတ်ပါဘူး။ 
Ref; Amazing Benefits Of Olive Oil You Need To Know