ကိုယ်အလေးချိန် လျော့ကျစေဖို့ အကူအညီဖြစ်စေမယ့် ဂရိတ်ဖရု

ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ ဂရိတ်ဖရု Diet ကတော့ အစာမစားခင်မှာ ဂရိတ်ဖရုသီးကို စားပေးမယ် ဒါမှမဟုတ် ဂရိတ်ဖရု ဖျော်ရည်ကို သောက်သုံးပေးမယ်ဆိုရင် ကိုယ်အလေးချိန် လျော့ကျနိုင်မယ်ဆိုပြီး ကတိပြုခဲ့ပါတယ်။ ဒီနည်းလမ်းက သိပ္ပံနည်းကျနမှုတွေအပေါ်မှာ အခြေခံထားတာ မဟုတ်ပေမဲ့ ဂရိတ်ဖရုမှာ ပိုမိုကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ ကိုယ်အလေးချိန်ကို ရရှိနိုင်စေတဲ့ ဂုဏ်သတ္တိတွေတော့ ရှိနေပုံပါဘဲ။ အစာမစားခင် အချိန်တွေမှာ ဂရိတ်ဖရုအရည် နည်းနည်းလောက် သောက်သုံးပေးမယ်ဆိုရင် အစာစားချင်စိတ်ကို ဖြစ်ပေါ်စေဖို့အတွက်သာမက ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေကို ဂလူးကို(စ)လို့ခေါ်တဲ့ သကြားဓာတ်တွေ လောင်ကျွမ်းအသုံးပြုစေပြီး စွမ်းအင်ရရှိစေ ဖို့အတွက်လည်း အကူအညီဖြစ်စေပါတယ်။ ခန္ဓာကိုယ်ထဲမှာ လောင်ကျွမ်းသွားနိုင်တဲ့ ကယ်လိုရီထက် စားသုံးလိုက်တဲ့ ကယ်လိုရီက နည်းမှသာ ကိုယ်အလေးချိန်ကျဆင်းနိုင်တာပါ။ ဒါပေမဲ့ ဂရိတ်ဖရုကတော့ ကိုယ်အလေးချိန်ကျဆင်းမယ့် အစီအစဉ်ကို လွယ်ကူစွာဘဲ လိုက်ပါလုပ်ဆောင်နိုင်ဖို့ အကူအညီပေးပါလိမ့်မယ်။

အစာအစားခင်မှာ ဂရိတ်ဖရု ဖျော်ရည်ကို သောက်ပေးပါ။
အရည်ဓာတ်များများပါတဲ့ ဂရိတ်ဖရုဖျော်ရည်ကို အစာမစားခင် မိနစ် ၂၀ လောက်အလိုမှာ သောက်သုံးပေးခြင်းဖြင့် ကိုယ်လိုက်နာလုပ်ဆောင်နေတဲ့ Diet ကိုပိုပြီးတော့ ထိရောက်စေဖို့ အကူအညီဖြစ်စေပါတယ်။ ဂရိတ်ဖရု ဖျော်ရည်သောက် သုံးပေးခြင်းဖြင့် အကျိုးသက်ရောက်မှု ရှိစေတယ်ဆိုတာကို Vanderbilt တက္ကသိုလ်က သုတေသီတွေက ကယ်လိုရီနည်းပါးစွာ ပါဝင်တဲ့ Diet ကို နှစ်ပတ်ကြာ လိုက်နာလုပ်ဆောင်သူ ၈၅ ကို လေ့လာပြီး တွေ့ရှိခဲ့ရတာပါ။ လေ့လာမှုမှာ ပါဝင်ခဲ့တဲ့
သူတွေဟာ နောက်ထပ် ၁၂ ပတ်တာကာလတွေမှာ  Diet ကို ပုံမှန်အတိုင်း လိုက်ပါလုပ်ဆောင်နေတဲ့အပြင် ရေရောထားတဲ့ ဂရိတ်ဖရုအရည် ဒါမှမဟုတ် ဂရိတ်ဖရုသီးတစ်ခြမ်းကို အစားမစားခင် အချိန်တိုင်းမှာ  ထည့်သွင်းသောက်သုံးတာ ဒါမှမဟုတ် စားသုံးပေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

လေ့လာမှုမှာ ပါဝင်ခဲ့ကြသူတွေဟာ အစားမစားခင်မှာ တစ်စုံတစ်ခုကို ထည့်သွင်း စားသုံးပေး လိုက်တဲ့နောက်မှာ တစ်နည်း ဂရိတ်ဖရုအရည်ကိုသောက်ပြီး အစားစားကြတဲ့အခါမှာတော့ ကယ်လိုရီ ၂၀ ကနေ ၂၉ ရာခိုင်နှုန်းအထိ သဘာဝအတိုင်း လျော့ကျစားသုံးသွားကြပါတယ်။ အကြီးအကျယ် ဆာလောင်မှုတွေ ခံစားရတယ်လို့လည်း အစီရင်ခံခဲ့တာမျိုး မကြုံတွေ့ခဲ့ရပါဘူးဆိုပြီး Nutrition and Metabolism ဂျာနယ်ရဲ့ ၂၀၁၁ ခုနှစ်က ထုတ်ဝေခဲ့တဲ့ စာစောင်တစ်ခုမှာ ပုံနှိပ်ဖော်ပြတာကို တွေ့ရပါတယ်။ လေ့လာမှုပြုလုပ်တဲ့ ကာလပြီးဆုံးသွားတဲ့အချိန်မှာတော့ ပါဝင်သူတွေဟာ သူတို့ ကိုယ်အလေးချိန်ရဲ့ ပျမ်းမျှ ၇ ရာခိုင်နှုန်းလောက် ကျဆင်းသွားကြတာကို တွေ့ရပါတယ်။ 

ဂရိတ်ဖရုအရည်၊ ရေနဲ့ ဂရိတ်ဖရုကို အစာ မစားခင် မိနစ် ၂၀ အလိုမှာ စားသုံးပေးခဲ့တာ ကြောင့် လေ့လာမှုမှာ ပါဝင်ခဲ့တဲ့သူတွေရဲ့ အစာစားချင်တဲ့ စိတ်ကို သက်ရောက်မှုရှိစေပြီး သူတို့ဟာ အရင်ကထက် ပိုနည်းကာ စားသုံးခဲ့ကြတာပါ။ ဂရိတ်ဖရုမှာ အဆီတွေကို လောင်ကျွမ်းစေနိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်တွေ ရှိနေလို့တော့ မဟုတ်ပါဘူး။ တကယ်လို့ ဂရိတ်ဖရုအရည်ကို သောက်ရတာ နှစ်သက်ရင် ပြီးတော့ ရေနဲ့ရောပြီးသောက်ရတာ ဒါမှမဟုတ် အစာမစားခင်မှာ ဂရိတ်ဖရုတစ်
ခြမ်းလောက် စားရတာကို သဘောကျတဲ့သူဆိုရင် ကိုယ်အလေးချိန်ကျဆင်းစေမယ့် နည်းလမ်းတစ်ခုအဖြစ် ဖန်ခွက်ငယ်လေးနဲ့ သောက်ကြည့်လိုက်ပါဦး။ ဒါပေမဲ့ အခြားသော ကယ်လိုရီနည်း ပါးစွာ ပါဝင်တဲ့ diet တွေ အရည်ဓာတ်များများ ပါတဲ့ diet တွေလိုတော့ ကြီးမားမြန်ဆန်တဲ့ သက်ရောက်မှုတွေကို တွေ့ရမှာ မဟုတ်ပါဘူး။

အင်ဆူလင် ရေချိန် ချိန်ညှိဖို့ ဂရိတ်ဖရုအရည်ကို အသုံးပြုပေးပါ။ 
အစာမစားခင်မှာ သောက်သုံးပေးတဲ့ ဂရိတ်ဖရုအရည်ဟာ အဆီသိုလှောင်တဲ့ အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်ပြီး သွေးတွင်းသကြားဓာတ်ကို သက်ရောက်မှုရှိစေတဲ့ ဟောမုန်း၊ အင်ဆူလင်အပေါ်မှာတော့ သတိပြုမိစရာ သက်ရောက်မှုရှိပါ တယ်။ ပါဝင်သူ ၉၁ ယောက်ရှိတဲ့ လေ့လာမှုတစ်ခုမှာ အစာမစားခင် ဂရိတ်ဖရုအရည် ၈ အောင်စ၊ တစ်နေ့တာအတွက် ဂရိတ်ဖရုအရည် သုံးကြိမ် သောက်သုံးခဲ့ကြတဲ့သူတွေဟာ ၁၂ ပတ်တာကြာပြီးတဲ့ နောက်ပိုင်းမှာတော့ ၃ ပေါင်ခွဲအထိ
ကိုယ်အလေးချိန် ကျဆင်းသွားခဲ့ပါတယ်။ သူတို့တွေကတော့ အထူးစီစဉ်ထားတဲ့ ကယ်လိုရီနည်းပါးစွာ ပါဝင်တဲ့ အစားအသောက်အစီအစဉ်ကိုလည်း လိုက်နာလုပ်ဆောင်ခဲ့တာမျိုး မရှိပါဘူး။ ဂရိတ်ဖရုတစ်ခြမ်းကို စားသုံးခဲ့ကြတဲ့ သူတွေဟာ
လည်း တူညီစွာ ကိုယ်အလေးချိန် ကျဆင်းခဲ့ပါသတဲ့။ ဒါကတော့ အစာမစားခင် တစ်စုံတစ်ရာ စားသုံးတတ်ကြတဲ့သူတွေဟာ သိသိသာသာ ကိုယ်အလေးချိန် ကျဆင်းတတ်တဲ့အကြောင်း ၂၀၀၆ ခုနှစ်က Medicinal Food ဂျာနယ်မှာ
ပုံနှိပ်ထုတ်ဝေခဲ့တဲ့ လေ့လာမှုကို တင်ပြပေးခြင်း ဖြစ်ပါတယ်။

သုတေသီတွေကတော့ သီးခြားလေ့လာမှုေ တွကနေ ကိုယ်အလေးချိန် ကျဆင်းစေမှုနဲ့ ပတ်သက်လို့ အကြောင်းပြချက် သေချာမပေးနိုင် ကြပါဘူး။ ဒါပေမဲ့ ဂရိတ်ဖရုဟာ အင်ဆူလင်အပေါ် မှာတော့ သက်ရောက်မှု တစ်စုံတစ်ရာ ရှိနေနိုင်ပါ
လိမ့်မယ်။ အမျိုးအစား ၂ ဆီးချို ခံစားနေရသူတွေဟာ အစာမစားခင်မှာ ဂရိတ်ဖရုကို စားသုံးပေးတာ ဒါမှမဟုတ် အရည်ကို သောက်သုံးပေးတာတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့ အင်ဆူလင်ရေချိန် နိမ့်ကျသွားပြီး သွေးတွင်းသကြားဓာတ် မြင့်တက်မှုကိုလည်း ချိန်ညှိလာနိုင်တာကို တွေ့ရှိရပါသတဲ့။

အစာစားပြီးတဲ့နောက်ပိုင်းမှာ ပန်ကရိယက အင်ဆူလင်ကို သဘာဝအတိုင်း ထုတ်လွတ်ပေးပါတယ်။ ဒါပေမဲ့ ကာဘိုဟိုက်ဒရိတ်တွေ အများကြီးစားသုံးလိုက်တဲ့အခါမှာတော့ အထူးသဖြင့် အချိုဓာတ်များတဲ့ အစားအစာတွေကို စားသုံးလိုက်တဲ့ အခါမှာ ခန္ဓာကိုယ်ကနေ အသုံးပြုနိုင်တဲ့ ပမာဏထက်ပိုတဲ့ အင်ဆူလင်တွေ ထွက်လာပါတော့တယ်။ အင်ဆူလင် ပမာဏ များလာတဲ့အခါမှာတော့ ခန္ဓာကိုယ်ကို အဆီတွေကို ပိုပြီး သိုလှောင်စေပါတယ်။ ဒီလိုပုံစံအတိုင်း လည်ပတ်မှုတွေ များလာတဲ့အခါ ခန္ဓာကိုယ်က ကိုယ်အလေးချိန် လျော့ကျဖို့ ပိုပြီး ခက်ခဲလာပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေဟာ အင်ဆူလင်ကို ထိထိရောက်ရောက် အသုံးမပြုနိုင်တော့တဲ့အခါ insulin-resistant ဖြစ်လာတဲ့အခါမှာ ပင်ပန်းတာ၊ လေပွတာနဲ့ အချိုဓာတ်ကို ပိုမိုတောင့်တတာနဲ့ အထပ်ထပ် ပြင်ဆင်ချက်ပြုတ်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေကို တောင့်တတာတွေ ဖြစ်လာပါမယ်။ လေ့လာမှုရဲ့ ရလဒ်ကတော့ အစာမစားခင် ဂရိတ်ဖရကို အရင်စားသုံးပေးခြင်းဟာ အင်ဆူလင်ထုတ်လွှတ်မှုကို မျှတစေဖို့ တစ်နည်းနည်းတော့ အကူအညီ ဖြစ်စေတယ်လို့ အကြံပြုထားပါတယ်။

ကယ်လိုရီနည်းပါးစွာ ပါဝင်တဲ့ အစားအသောက် အစီအစဉ်နဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးကြည့်ပါ။
တကယ်လို့ အစာမစားခင်မှာ ဂရိတ်ဖရုကို ကြိုပြီးစားသုံးခဲ့မယ်ဆိုရင်တောင် ကိုယ်အလေးချိန် ကျဆင်းလိုသူအတွက်ကတော့ ကယ်လိုရီကို စားနေကျထက် လျှော့ချစားသုံးဖို့ လိုအပ်နေပါသေးတယ်။ လက်ရှိကိုယ်အလေးချိန်ကို ထိန်းသိမ်း
ဖို့ တစ်နေ့တာအတွက် အနီးစပ်ဆုံး လိုအပ်နိုင်မယ့် ကယ်လိုရီကို သိရှိဖို့  အွန်လိုင်းမှာ ကယ်လိုရီတွက်ချက်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ နောက်ပြီး ရရှိလာတဲ့ ပမာဏကနေ ကယ်လိုရီ ၅၀၀ ကနေ ၁၀၀၀ လောက် လျော့ပြီး စားသုံးပေး
ပါ၊ ကိုယ်လက်လှုပ်ရှားတဲ့ လေ့ကျင့်ခန်းလည်း လုပ်ပေးပါ။ ဒါပေမဲ့ အမျိုးသမီးဖြစ်ခဲ့မယ်ဆိုရင် ကယ်လိုရီ ၁၂၀၀ အောက်တော့ လျှော့ချမစားသုံးမိဖို့ လိုအပ်သလို အမျိုးသားဖြစ်ခဲ့မယ်ဆိုရင်လည်း ကယ်လိုရီ ၁၈၀၀ အောက်ကိုတော့ လျှော့ပြီး မစားပါနဲ့လို့ အကြံပြုပါရစေ။ ကယ်လိုရီ ပမာဏက လိုအပ်တာထက် နည်းသွားခဲ့မယ်ဆိုရင်လည်း ဇီဝတွင်းဖြစ်ပျက်မှုတွေ နှောင့်နှေးသွားစေပြီး အာဟာရချို့တဲ့မှု ဖြစ်စေတတ်ပါတယ်။ ကယ်လိုရီ ပမာဏ အရမ်းလျော့နည်းစွာ စားသုံးပြီး  ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို တိုးမြင့်လုပ်ဆောင်ခဲ့မယ်ဆိုရင်လည်း ရလဒ်က ထင်ထားတာနဲ့ ကွဲပြားနိုင်ပါတယ်။ 

ဂရိတ်ဖရု အရည် သောက်သုံးပေးခြင်းဟာ ဗီတာမင် စီ စုပ်ယူမှုကိုလည်း မြင့်တက်စေဖို့ အကူအညီဖြစ်စေပါတယ်။ ဂရိတ်ဖရု အရည်ကို အမြဲလိုလို သောက်သုံးပေးတဲ့သူဟာ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ ရော မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေကိုပါ အများကြီး စားသုံးလိုက်တာမျိုးပါဘဲ။ ဖော်ပြခဲ့တဲ့ ဓာတ်တွေက အရည်အသွေးမြင့်မားတဲ့ အစားအစာကို စားသုံးမိစေတဲ့အကြောင်း အစားအစာနဲ့ အာဟာရလေ့လာမှုတစ်ခုမှာ ၂၀၀၁ ခုနှစ်က ဖော်ပြခဲ့ဖူးပါ
တယ်။ ကိုယ်အလေးချိန် ကျဆင်းဖို့အတွက် ကိုယ် ရဲ့ စားသောက်မှုပုံစံကို ပြောင်းလဲတဲ့အခါမှာ အ ဆင့်ဆင့်ပြင်ဆင် ချက်ပြုတ်ထားခြင်းမရှိတဲ့ အဆီနည်းတဲ့ အသားတွေ၊ အခွံစင်အောင် ချွတ်မထားတဲ့ ကောက်နှံတွေနဲ့ လတ်ဆတ်တဲ့ သစ်သီးတွေကို အားလုံးပါဝင်အောင် စားသုံးပေးနိုင်မယ်ဆိုရင် ကိုယ်စားသုံးလိုက်တဲ့ အစားအစာရဲ့ အရည်အသွေးက တိုးတက်လာမှာဖြစ်ပါတယ်။ 

ကိုယ်လက်လှုပ်ရှားတဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ခြင်းကလည်း ကိုယ်အလေးချိန် လျော့ကျမှုကို တိုးတက်စေပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး စင်တာတွေကနေ ထောက်ခံချက်ပေးထားတဲ့ အလယ်အလတ် cardio လေ့ကျင့်ခန်းကို တစ်ပတ်မှာ အနိမ့်ဆုံး ၁၅၀ မိနစ်လောက်တော့ ပြုလုပ်ပေးသင့်ပါတယ်။ ဒီထက် ပိုပြီး လုပ်ဆောင်ခဲ့မယ်ဆိုရင် ကျန်းမာရေးနဲ့ ကိုယ်အလေးချိန် လျော့ကျမှုအတွက် ပိုပြီးတော့ အထောက်အကူဖြစ်စေ မှာပါ။ ကြံ့ခိုင်သန်မာမှုအတွက် လေ့ကျင့်လုပ် ဆောင်ပေးခြင်းကလည်း ကယ်လိုရီကို လျော့ချပေးနိုင်တာကြောင့် အဆီနည်းတဲ့ ကြွက်သားတွေကို တည်ဆောက်ထိန်းသိမ်းဖို့ အကူအညီ ဖြစ်စေပါတယ်။ ကြွက်သားတွေက ကယ်လိုရီတွေ များများ အသုံးပြုလေ ဇီဝတွင်းဖြစ်စဉ်ကို တိုးမြင့်စေလေဘဲ ဖြစ်တယ်။ ရက်သတ္တပတ်မှာ ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းအားလုံးကို အနည်းဆုံး ၂ ကြိမ်လောက် လှုပ်ရှားပေးဖို့ ရည်ရွယ်ချက်ထားရှိသင့်ပါတယ်။

ဂရိတ်ဖရု အရည်ကို ချင့်ချိန် သောက်သုံးပေးပါ။
ဂရိတ်ဖရုအရည်မှာ ပျမ်းမျှအားဖြင့် ၈ အောင်စတိုင်းမှာ ကယ်လိုရီ ၁၀၀ လောက်ရှိပါတယ်။ တကယ်လို့ အစာမစားခင်မှာ သောက်သုံးဖို့အတွက် စဉ်းစားခဲ့တယ်ဆိုရင် တစ်နေ့တာရဲ့ စုစုပေါင်းကယ်လိုရီ တွက်ချက်မှုမှာလည်း ထည့်သွင်းဖို့ မမေ့ပါနဲ့လို့ အကြံပြုပါရစေ။ ဒီလို မဟုတ်ရင်တော့ ပိုများနေတဲ့ ကယ်လိုရီတွေက ကိုယ်အလေးချိန် လျော့ကျဖို့ထက် ကိုယ်အလေးချိန် တိုးပွားစေဖို့ ဦးတည်သွားပါလိမ့်မယ်။ နောက်ပြီး ဂရိတ်ဖရုအရည်ဟာ ကိုလက်စထရော ကျဆင်းစေတဲ့ ဆေးဝါးတွေ၊ သွေးပေါင်ချိန် လျော့ကျစေတဲ့ ဆေးဝါးတွေ၊ ကိုယ်အင်္ဂါ အစားထိုးတည်ဆောက်မှု ကို ငြင်းဆိုတဲ့ ဆေးဝါးတွေ၊ စိတ်ငြိမ်ဆေးတွေလို ဆရာဝန် လမ်းညွှန်ချက်နဲ့ သောက်သုံးရတဲ့ ဆေးတွေအပြင် ဓာတ်မတည့်မှုတွေအတွက် သောက်သုံး
ရတဲ့ဆေးတွေမှာလည်း တုန့်ပြန်မှုတွေ ဖြစ်စေတတ်ပါတယ်။ တချို့သော ကိစ္စရပ်တွေမှာတော့ ဂရိတ်ဖရုက ဆေးဝါးတွေကို စုပ်ယူနိုင်မှု တိုးစေပြီး အန္တရာယ်ဖြစ်စေတတ်တာ ဒါမှမဟုတ် ဆေးဝါးတွေကို စုပ်ယူမှုနှုန်း လျော့ကျစေပြီး ကောင်းကောင်းအလုပ်မဖြစ်စေတော့တာမျိုး ဖြစ်တတ်ပါတယ်။ တကယ်လို့ ဆရာဝန်ရဲ့ လမ်းညွှန်ချက်နဲ့ ဆေးဝါးတွေကို သောက်သုံးနေရတဲ့သူဆိုရင် ကိုယ်စားသုံးမယ့် အစားအစာထဲမှာ ဂရိတ်ဖရု ထည့်သွင်းစားသုံးမယ့်အကြောင်းကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်လို့ အကြံပြုရင်း မမတို့ ညီမလေးတို့ ကျန်းမာသွယ်လျ လှပတဲ့ နည်းလမ်းတွေထဲက တစ်ခုကို ထည့်သွင်းစဉ်းစားနိုင်စေဖို့ မျှဝေလိုက်ရပါတယ်။

How to Drink Grapefruit Juice to Lose Weight
By: Andrea Cespedes