ဖရဲသီးစားပြီး ကိုယ်အလေးချိန် လျှော့ကြမယ်

ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုဖြစ်ဖို့အတွက် တိုက်တွန်းရမယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပေးပါဆိုတာကနေ စရမှာပါဘဲ။ အစားအစာတွေကို ပရမ်းပတာစားတဲ့ အလေ့အကျင့်တွေ၊ ပုံမှန်မဟုတ်တဲ့ အလုပ်အချိန်ဇယားနဲ့ နောက်ကျတတ်တဲ့ ပါတီပွဲတွေဟာ နည်းလမ်းကျနတဲ့ ဘဝနေထိုင်မှုနဲ့ စားသောက်မှုပုံစံကို မကြာခဏဆိုသလို အနှောင့်အယှက်ဖြစ်စေပါတယ်။ တစ်နေ့ကို သစ်သီးတစ်လုံးစားသုံးပေးမယ်ဆိုရင် ဆရာဝန်နဲ့ မတွေ့ရလောက်အောင် ကျန်းမာစေတယ်ဆိုတဲ့ စကားမျိုးကို မကြာခဏဆိုသလို ကြားဖူးကြမှာပါ။ ပြီးတော့ အသီးတွေထဲကမှ ရွေးချယ်ကြစို့ဟေ့ဆိုရင်လည်း ဖရဲသီးကတော့ ထိပ်ဆုံးဆိုတဲ့ နေရာတစ်ခုမှာ ရှိနေပါတယ်။ 

အမျှင်ဓာတ် ကြွယ်ဝတဲ့အပြင် ရေပမာဏများများပါဝင်တဲ့ ဖရဲသီးဟာ စားသုံးတဲ့သူကို ဖျတ်လတ်လန်းဆန်း ကျန်းမာစေတာမို့ နာမည်ကြီးပါတယ်။ ဖရဲသီးမှာ ရေ ၉၇ ရာခိုင်နှုန်းတောင် ပါဝင်နေတာမို့ ကိုယ်အလေးချိန် ထပ်မတိုးလိုတဲ့ သူတွေအနေနဲ့ ဦးစားပေးရွေးချယ်ကြတဲ့ အသီးပါ။ သဘာဝအတိုင်း သကြားပါဝင်မှုရှိတာကြောင့် ဆီးချိုရောဂါခံစားနေရတဲ့သူတွေအတွက်လည်း သင့်တော်ပါတယ်။ ဖရဲသီးဟာ အဓိကအားဖြင့် အပူပိုင်းရာသီဥတုကို ရရှိတဲ့ ဒေသတွေမှာ ပေါက်ရောက်ကြတယ်ဆိုပေမယ့် ကမ္ဘာတစ်ဝန်းလုံးမှာ ရရှိဝယ်ယူစားသုံးနိုင်ကြပါတယ်။ ဈေးနှုန်းကလည်း သိပ်ပြီး မြင့်မားတာမဟုတ်လို့ ကိုယ်အလေးချိန်လျော့ကျစေဖို့  အစားအစာတွေကို နည်းစနစ်တစ်ခုနဲ့ စားသုံးတဲ့ အစီအစဉ်တွေကို  လိုက်ပါလုပ်ဆောင်နေတဲ့သူဆိုရင် စဉ်းစားရွေးချယ်သင့်တဲ့ အသီးတစ်မျိုးပါဘဲ။ 

ဖရဲသီးက ဘယ်လိုပုံစံမျိုးနဲ့ ကိုယ်အလေးချိန် ကျဆင်းစေမှာလဲ။ 
ကျန်းမာမျှတတဲ့ ဘဝနေနည်းပုံစံကို ထိန်းသိမ်းထားဖို့အတွက် လူအများစုကို ဖရဲသီး diet အကြောင်း ညွန်ကြားပြောဆိုတာတွေ ရှိခဲ့ကြပါတယ်။ အဲ့ဒါထက်ပိုတာကတော့ ဖရဲသီးဟာ ကမ္ဘာ ပေါ်မှာရရှိနိုင်တဲ့ ကိုယ်အလေးချိန် ကျဆင်းစေမယ့် အစားအစာတွေထဲမှာဆိုရင်လည်း အကောင်းဆုံးတွေထဲက တစ်ခုလို့ ဆိုရမှာပါ။ ဆရာဝန် ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားတဲ့ လေ့ကျင့်ခန်းတွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်တဲ့ လမ်းညွှန်သူတစ်ဦးကနေ ဖရဲသီးကို စားသုံးပြီး ကိုယ်အလေးချိန်ကျဆင်းစေဖို့ ညွှန်ကြားကြတဲ့အခါ  ဖရဲသီးနဲ့ ဘယ်လိုများ လုပ်ဆောင်နိုင်လဲဆိုတာကို ဇဝေဇဝါ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ရိုးရှင်းလွယ်ကူတဲ့ လမ်းညွှန်မှုလေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ 

ဖရဲသီး diet ကို စလုပ်ပြီဆိုတာနဲ့ မနက်စာရော ညစာမှာပါ တစ်နေ့တာလုံးအတွက် ဖရဲသီးကို ထည့်သွင်းစားသုံးပေးရမှာ ဖြစ်ပါတယ်။ ဖရဲသီး diet ကို အများအားဖြင့်တော့ ကိုယ်အလေးချိန် မြန်မြန်ကျဆင်းလိုတဲ့ သူတွေအတွက် လမ်းညွှန်
လေ့ရှိပါတယ်။ နောက်ပြီး ခန္ခာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေ၊ ရေဓာတ်၊ ဆားဓာတ်တွေနဲ့ အခြားသော မသန့်ရှင်းတဲ့ဓာတ်တွေကို အများကြီး  စွန့်ထုတ်လိုတဲ့ သူတွေအတွက်လည်း လမ်းညွှန်တတ်ပါတယ်။ ဖရဲသီး diet ကို လိုက်နာဆောင်ရွက်မယ်ဆိုရင် ရက်သတ္တပတ် ဒါမှမဟုတ် အနည်းဆုံး ငါးရက်လောက်တော့ လုပ်ရမှာမို့ အချိုးအဆကို သေချာဂရုစိုက်ဖို့တော့ လိုအပ်ပါတယ်။ 

စံအဖြစ် သတ်မှတ်ထားတဲ့ အချိုးအဆကတော့ ၁: ၁ဝ ဖြစ်ပါတယ်။ ပိုပြီးလွယ်ကူအောင် ပြောရမယ်ဆိုရင် ကိုယ်ရဲ့ ကိုယ်အလေးချိန်က ၆ဝ ကီလိုရှိမယ်ဆိုရင် ဖရဲသီး diet လုပ်နေတဲ့ အချိန်အတွင်းမှာ ဖရဲသီး ၆ ကီလို စားသုံးပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ Diet လုပ်နေတဲ့ နေ့ရက်တွေမှာလည်း ကိုယ်လက်လှုပ်ရှားမှုတွေ အပြင်းအထန် မလုပ်သင့်တဲ့အကြောင်း အကြံပြုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်က သူ့ကိုယ်ပိုင်နည်းလမ်းနဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နေရတာကြောင့်ပါ။ တကယ်လို့ အသည်းနဲ့ ကျောက်ကပ်က အနည်းအကျဉ်း ပြဿနာရှိနေတဲ့သူဆိုရင် ဖရဲသီး diet ဟာ ရွေးချယ်ဖို့ အသင့်တော်ဆုံးပါဘဲ။ ဖရဲသီးကို စားသုံးပေးခြင်းဖြင့် ကျောက်ကပ်ထဲမှာရှိတဲ့ အဆိပ်တွေကို ထွက်သွားစေဖို့အတွက် အကူအညီဖြစ်စေပြီး ကျောက်ကပ်ကျန်းမာရေး အတွက်လည်း အကူအညီ ဖြစ်စေပါတယ်။

မိတ်ဆွေတို့အနေနဲ့ ဖရဲသီးတစ်မျိုးတည်းကို နေ့စဉ် စားသုံးနေရလို့ ငြီးငွေ့တယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခြားသော ရွေးချယ်စရာတွေကို ရောနှောထည့်သွင်းလို့ရပါတယ်။ အသီးအတိုင်းဘဲ မစားချင်ဘူးဆိုရင် ဖရဲသီးရှိတ်ကို ပြောင်းပြီး သောက်သုံးလို့ရပါတယ်။ ကီဝီတို့ သခွားသီးတို့လို့ အသီးတွေကို ရောနှောပြီး သစ်သီး Salad လည်း လုပ်လို့ရပါတယ်။ ပိုပြီးအရသာရှိရှိ စားသုံးလိုတယ်ဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်ပြီး အချိန်တစ်ခုကြာတဲ့အခါမှာ ထုတ်ယူစားသုံးကြည့်ပါ။ ကွဲပြားတဲ့ အရသာကို ခံစားရပါလိမ့်မယ်။ 

တစ်နေ့တာအတွက် ဖရဲသီး ဘယ်လောက်များများ စားရမှာလဲ။ 
ဖရဲသီး diet ကို လိုက်ပါလုပ်ဆောင်မယ်ဆိုရင် ညွန်ကြားထားတဲ့ ပမာဏထက် ပိုပြီး မစားသုံးမိစေဖို့ သတိပြုရမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန် ကျဆင်းစေမယ့် အစီအစဉ်ကို လိုက်နာလုပ်ဆောင်နေစဉ် အချိန်အတွင်းမှာ ကိုယ်အလေးချိန် ဘယ်လောက်များများ ကျဆင်းလိုသလဲဆိုတာက အဓိက ကျတယ်။ အကြမ်းဖျဉ်းတွက်ကြည့်ရမယ်ဆိုရင် တစ်နေ့တာအတွင်းမှာ ဖရဲသီးတစ်ကြိမ်စားသုံးမှုတိုင်းအတွက် ကယ်လိုရီက ၁၅ဝ လောက် ပါဝင်နေပါတယ်။ ဖော်ပြခဲ့တဲ့ အချိုးအဆ
အတိုင်း တစ်နေ့မှာ ၈ ကြိမ် ပျက်ကွက်မှုမရှိဘဲ စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဖရဲသီးရဲ့ ၉၇ ရာခိုင်နှုန်းမှာ ပါဝင်တာက ရေဓာတ်ဖြစ်နေတာကြောင့် ရေအများအပြား မသောက်လည်းဘဲ အဆင်ပြေပါတယ်။ 

ကိုယ်အလေးချိန်ကျဆင်းစေတဲ့ ဖရဲသီး diet ရဲ့ အခြားသော အကျိုးကျေးဇူးများ 
အသီးတို့ရဲ့ ဘုရင် ဖရဲသီးနဲ့ diet လုပ်မယ်ဆိုရင် များပြားလှစွာသော ကျန်းမာရေး အကျိုးကျေး ဇူးတွေလည်း ရရှိဦးမှာ ဖြစ်ပါတယ်။ ဖရဲသီးဟာ ခန္ခာကိုယ်ထဲမှာရှိတဲ့ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့  arginine ပမာဏကို တိုးလာစေဖို့ ကူညီပေးပါတယ်။ Argigine က သွေးကြောတွေကို အနားရစေဖို့အတွက် Laughing gas လို့လည်း ခေါ်ကြတဲ့နိုက်ထရပ်အောက်ဆိုဒ်ကို ထုတ်လုပ်ပေးစေပါတယ်။ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ကနေလည်း ကာကွယ်ပေးပါတယ်။ 

ဖရဲသီး diet ဟာ အမျိုးသားတွေအတွက်ဆိုရင်တော့ သုတ်ပိုးအရေအတွက်နဲ့ သုတ်ပိုးတို့ရဲ့ လှုပ်ရှားနိုင်မှုစွမ်းရည်ကို တိုးပွားစေတာကြောင့် မျိုးပွားမှုကို တိုးတက်စေနိုင်ပါတယ်။ ဒါ့အပြင် ဖရဲသီး diet ကို ရွေးချယ်ခြင်းဖြင့် ဆီးအိမ်နဲ့ ကျောက်ကပ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့်မို့ ရောဂါပိုးမွှား ကူးစက်ခံရမှုကနေလည်း ကင်းဝေးစေပါတယ်။ အော်ဂဲနစ် ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ citrulline အမည်ရ ဂုဏ်သတ္တိတစ်မျိုးဟာ ဖရဲသီးမှာ ပါဝင်တာကြောင့် ရောဂါပျောက်ကင်းစေဖို့ ကုသနေတဲ့ လုပ်ငန်းစဉ်တွေကိုလည်း အရှိန်မြင့်တင်နိုင်ဖို့ ကူညီပါတယ်။ ဒါကြောင့် ကိုယ်ကျန်းမာ စိတ်လည်း ချမ်းသာနိုင်စေဖို့အတွက် ဖရဲသီး diet ကို တစ်ခါလောက်တော့ စမ်းကြည့်သင့်တယ်လို့ အကြံပြုလိုပါတယ်။Ref: What is watermelon diet and what are its benefits