သေဘာၤသီးစားသံုးၿပီး ကိုယ်အလေးချိန် လျှော့ချဖို့ဆိုရင်

လျှပ်တပြတ်အတွင်းမှာ မျက်လှည့်ပြလိုက်သလို ခန္ဓာကိုယ်အလေးချိန်တွေ ကျဆင်းသွားစေတဲ့ Diet အစီအစဉ်မျိုးကို ရှာနေပါသလား။ အဲ့ဒီလို ချက်ချင်း ကိုယ်အလေးချိန်ကျသွားစေဖို့ ဂါထာရော မှော်တုတ်တံပါ မရှိလို့ စိတ်မကောင်း ပါဘူးလို့ ပြောပါရစေ။ 
ကိုယ်အလေးချိန် တိုးတက်လာခြင်းရဲ့ များစွာသော အကြောင်းပြချက်တွေထဲက တစ်ခုကို ပြောရမယ်ဆိုရင်တော့ အစာချေစနစ်က ကောင်းကောင်းမွန်မွန် အလုပ် မလုပ်တာကြောင့်ပါဘဲ။ ကျန်းမာရေးနဲ့ မညီညွတ်တာတွေကို စားသုံးတာ၊ ပုံမမှန်တဲ့ အစားသောက်နေထိုင်မှု အလေ့အကျင့်ရှိတာ၊ ရေကို လုံလုံလောက်လောက် သောက်သုံးပေးခြင်း မရှိတာ၊ အယ်(လ)ကိုဟောကို အများကြီး သောက်သုံးတာ၊ ဆေးလိပ်သောက်တာနဲ့ ခန္ခာကိုယ်ထဲမှာရှိတဲ့  အဆိပ်အတောက်တွေကို ပုံမှန် စွန့်ထုတ်ခြင်းမရှိတာ စတာတွေကတော့ အားနည်းပြီးတော့ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်တဲ့ အစာချေစနစ်ကို ဦးတည်သွားစေပါတယ်။ 
ဒါရဲ့ အကျိုးဆက်ကတော့ ဇီဝတွင်း ဖြစ်ပျက်မှုကို နှေးကွေးသွားစေပြီး ကိုယ်အလေးချိန် တိုးလာစေခြင်းပါဘဲ။ ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ ညီညွှတ်စွာ ကျဆင်းစေဖို့အတွက် သဘောင်္သီးကို စားသုံးပေးဖို့ စဉ်းစားကြည့်ကြပါမယ်နော်။ ဒါပေမဲ့ သဘောင်္သီးက ကိုယ်အလေးချိန် ကျဆင်းစေဖို့အတွက် တကယ်ရော အကူအညီ ဖြစ်စေပါသလား။ သဘောင်္သီးက ကိုယ်အလေးချိန် ကျဆင်းစေတဲ့ ဖြစ်စဉ်မှာ ဘယ်လို အကူအညီဖြစ်စေနိုင်သလဲဆိုတာ ပတ်သက်လို့ သုတေသနတစ်ခုကို ပြုလုပ်ကြည့်ခဲ့ပါတယ်လို့ ဆောင်းပါးရှင်ကတော့ ပြောထားပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်စေသလဲဆိုတာကို ဆက်ပြီးတော့ လေ့လာကြည့်ကြတာပေါ့နော်။
 
သဘောင်္သီးက ကိုယ်အလေးချိန် ကျဆင်းစေဖို့ ဘယ်လို အကူအညီဖြစ်စေသလဲ။ 
သဘောင်္သီးဟာ အစာချေစနစ်ကို တိုးတက်စေပြီး ပုံမှန်ဖြစ်တဲ့ အစာဟောင်းစွန့်ထုတ်မှုကိုလည်း မြင့်တင်ပေးပါတယ်။ သြစတီးယား သိပ္ပံပညာရှင်တွေကနေ ဗော်လန်တီယာ ပြုလုပ်ပြီး အစာချေစနစ် မကောင်းမွန်ခြင်းနဲ့ အူတွေရဲ့ ဆောင်ရွက်မှုလွဲမှားခြင်း အကြောင်းအရာတွေကို လေ့လာခဲ့ကြတယ်။ သူတို့အားလုံးကို သဘောင်္သီး ကျွေးခဲ့တယ်။ လေပွတာ၊ ဝမ်းချုပ်တာနဲ့ ရင်ပူရင်ဆာဖြစ်တာ စတဲ့ အစာချေစနစ်ရဲ့ လွဲမှားလုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတွေကို သိသိသာသာ လျော့နည်းသွားစေတာ တွေ့ရပါတယ်။ သဘောင်္သီးမှာ အစာချေအင်ဇိုင်းဖြစ်တဲ့ ပါပိန်းပါဝင်ပြီး အသားဓာတ်တွေကို ချေဖျက်ဖို့ ကူညီပေးတဲ့အပြင် အူနံရံတွေကိုလည်း ရှင်းလင်းပေးပါတယ်။ အစာချေစနစ်က ကောင်းကောင်းမွန်မွန် အလုပ်စလုပ်ပြီဆိုတာနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝတွင်းဖြစ်စဉ်တွေက အရှိန်ရလာပြီး အဆီတွေကို လောင်ကျွမ်းစေပါတယ်။ 
 
သဘောင်္သီးက ကယ်လိုရီ နည်းပါတယ်။ (သဘောင်္သီး ၁ဝဝ ဂရမ်မှာ ၄၃ ကယ်လိုရီသာ ပါဝင်ပါတယ်) ပြီးတော့ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ဖောလစ်အက်ဆစ်၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်တို့လို သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် သဘောင်္သီးရဲ့ ကိုလက်စထရော ပါဝင်မှု ဇီးရိုးပါ။ ရေပမာဏ လုံလောက်စွာ ပါဝင်တဲ့အပြင် အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ အမျှင်ဓာတ်က အူအတွင်းပိုင်းကို အရည်ရောက်ရှိစေဖို့ ကူညီပေးပြီး ခန္ဓာကိုယ်တွင်းက စွန့်ထုတ်မယ့် အရာတွေကို ပျော့ပျောင်းစေကာ ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်က အဆီမော်လီကျူးတွေကို ပေါင်းစပ်ပေးပြီးတော့ အဆီစုပ်ယူခြင်းကနေလည်း တားဆီးပေးပါတယ်။ အဆီတွေက အမျှင်တွေဆီ သွားရောက်ပေါင်းစပ်မိ ပြီး နောက်ဆုံးမှာတော့ ခန္ခာကိုယ်အပြင်ဘက်ကို စွန့်ထုတ်ခြင်းခံရပါတယ်။ 
 
သဘောင်္သီးဟာ ဓာတ်တိုးဆန့်ကျင် ဓာတ်တစ်မျိုးဖြစ်တဲ့ ဘီတာကယ်ရိုတင်းရဲ့ အရင်းအမြစ်လည်း ဖြစ်ပါတယ်။ ဘီတာကယ်ရိုတင်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ရှင်းထုတ်ပေးဖို့အတွက် အကူအညီပေးပါတယ်။ အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းထုတ်ပေးလိုက်ခြင်းအားဖြင့် ဇီဝတွင်းဖြစ်ပျက်မှုတွေကို အရှိန်မြင့်စေတဲ့အပြင် အသည်းရောဂါတွေကနေလည်း ကာကွယ်တားဆီးပေးပါတယ်။ 
 
ဒါဆိုရင်တော့ ကိုယ်အလေးချိန် လျော့ကျစေဖို့အတွက် သဘောင်္သီးကို ဘယ်လိုစားရမလဲလို့ တွေးနေပြီ ထင်ပါတယ်။ နေ့စဉ်စားသုံးမယ့် အစားအစာတွေထဲမှာ သဘောင်္သီးကို ဘယ်လိုထည့်သွင်းစားသုံးသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး အောက်မှာ ကြည့်လိုက်ကြရအောင်နော်။ 
 
ကိုယ်အလေးချိန် ကျဆင်းစေဖို့ သေဘာၤသီးကို ဘယ္လိုစားမလဲ။ 
သေဘာၤသီးကို ချက်ပြုတ်တာတွေ မလုပ်ဘဲ ဒီအတိုင်းလည်း စားသုံးနိုင်တာကိုတော့ အားလုံးသိထားကြပြီးသားပါဘဲ။ အတုံးသေးသေးလေးတွေဖြစ်သွားအောင် တုံးလိုက်ရင် အဆင်ပြေသွားပါ ပြီ။ သဘောင်္သီးနဲ့ အခြားအစားအစာတွေကို တွဲဖက်စားသုံးဖို့ကိုလည်း ထောက်ခံချက်ပေးထားပါတယ်။ 
သဘောင်္သီး စမုသီတစ်ခွက်လောက် ပြင်ဆင်ထားမယ်ဆိုရင် အာဟာရလည်း ပြည့်ဝတဲ့အပြင် သင့်ရဲ့ နံနက်စာကလည်း ပိုပြီး အရသာရှိလာနိုင်ပါတယ်နော်။ စမုသီတစ်ခွက်ကို ပြင်ဆင်ရတာက လွယ်ကူတဲ့အပြင် အချိန်ကုန်လည်း သက်သာစေပါတယ်။ သဘောင်္သီးနဲ့ နွားနို့၊ ဒိန်ချဉ် ဒါမှမဟုတ် ဖျော်ရည်တစ်မျိုးမျိုးကို ရောထည့်ပြီး ကြိတ်ခြေလိုက်ရုံပါဘဲ။ ကိုယ်အနှစ်သက်ဆုံး သစ်သီးတွေကိုလည်း ရောထည့်လို့လည်း ရပါသေးတယ်။ စမုသီကို ပျစ်ပျစ်ကလေးဖြစ်ချင်တယ်ဆိုရင် ငှက်ပျောသီးကို ပေါင်းထည့်လို့ရပါတယ်နော်။ 
သဘောင်္သီးအမှည့်နဲ့ သစ်သီး salad လည်း လုပ်ကြည့်လို့ရပါတယ်။ သဘောင်္သီးကို အတုံးလေးတွေဖြစ်အောင် တုံးပြီး အခြားသော မိမိနှစ်သက်ရာ သစ်သီးတွေကို ရွေးချယ်ကာ ငရုတ်မှုန့်အနည်း ငယ်နဲ့ ပြုလုပ်နိုင်ပါတယ်။ 
သဘောင်္သီးက ကိုယ်အလေးချိန် ကျဆင်းစေတယ်ဆိုပေမယ့် သဘောင်္သီးကိုဘဲ အမြဲတမ်းစားဖို့တော့ မဖြစ်နိုင်ပါဘူး။ သဘောင်္သီး ပမာဏ ဘယ်လောက်များများ စားသုံးသင့်သလဲဆိုတာနဲ့ ဘယ်အချိန်တွေမှာ စားပေးတာက အကောင်းဆုံး ဖြစ်မလဲဆိုတာကို ဆက်လက်ဖော်ပြသွားမယ့် သဘောင်္သီး Diet မှာ ကြည့်လို့ရပါတယ်နော်။       
 
သဘောင်္သီး Diet - အဆီတွေကို နည်းလမ်းတကျ ဖယ်ရှားခြင်း 
ဖော်ပြထားတဲ့ Diet အချိန်ဇယားအတိုင်း တစ်ပတ်ကို ၃ ရက်၊ ရက်သတ္တပတ် ၄ ပတ် ဆက်တိုက် လုပ်ဆောင်ကြည့်ပေးပါ။ အချိန်ဇယားနဲ့ ပတ်သက်လို့ အနည်းငယ် အပြောင်းအလဲလုပ် ချင်တယ်ဆိုရင်တောင် အာဟာရတန်ဖိုးမြင့်မားတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးတွေ၊ သဘာဝအတိုင်း မပြုပြင်ဘဲ ဖျော်စပ်ထားတဲ့ ဖျော်ရည်တွေ အပါအဝင် သဘောင်္သီးကို တစ်နေ့ ၂ ကြိမ် စားသုံးပေးရမှာ ဖြစ်ပါတယ်။ အသင့်စား အစားအစာတွေကို ရှောင်ရပါမယ်။ သဘောင်္သီး diet ကို အလွယ်တကူ လုပ်ဆောင်လို့ရအောင် နမူနာအနေနဲ့  ဖော်ပြထားပေးပါတယ်။ 
စားသုံးရမည့်အချိန်မျာားတွေစားသုံးပေးရမလဲ
နံနက်စောစော (၇ နာရီမှ ၇ နာရီ ၄၅ မိနစ် အတွင်း) လက်ဖက်ရည် တစ်ခွက်၊ သံပုရာရည်ပါဝင်သည့် ရေခပ်နွေးနွေးတစ်ခွက်
နံနက်စာ (၈ နာရီမှ ၈ နာရီ ၄၃ မိနစ် အတွင်း) ကြက်ဥပြုတ် တစ်လုံး + သဘောင်္သီး စမုသီ တစ်ခွက်အစေ့အဆန်မျိုးစုံ ပါဝင်တဲ့ ပေါင်မုန့် ကြမ်း တစ်ချပ်ကို မြေပဲ ထောပတ်သုပ် + သဘောင်္သီးခွက် တစ် ဝက်
နေ့လယ်စာ ( ၁၂ နာရီ မှ ၁၂ နာရီခွဲအတွင်း) မှို၊ ကြက်သား၊ တူနာ ဆင်းဒဝစ်(ချ)+ ဒိန်ချဉ် ခွက်တစ်ဝက်မြေတောင့်ပဲနှင့် ငရုတ်သီး ခွက်တစ်ဝက် + သခွားသီးနှင့် ခရမ်းချဉ်သီးသုပ် ခွက်တစ်ဝက် + မလိုင်ပါတဲ့ နွားနို့တစ်ခွက်
မွန်းလွဲစာ ( ၃ နာရီခွဲမှ ၄ နာရီအတွင်း) သဘောင်္သီးတစ်ခွက်
ညစာ (၇နာရီမှ ၇ နာရီ ခွဲအတွင်း) မီးကင်ထားတဲ့ ဆာမွန်ငါး/ ဟင်းသီးဟင်းရွက်နဲ့ ကြက်သား ၊ ဂေါ်ဖီ/ ပဲနီကလေး ဟင်းရည် + ပေါင်မုန့်ကြမ်း မီးကင်
 
လက်ဖက်ရည်က အစာစားချင်စိတ်ကို မကြာခဏ မဖြစ်ပေါ်စေဘဲ ဇီဝတွင်း ဖြစ်ပျက်မှုနှုန်းကို တိုးမြှင့်စေကာ ကိုယ်အလေးချိန်ကျဆင်းဖို့ ကူညီပေးပါတယ်။ ခန္ခာကိုယ်ထဲမှာရှိနေတဲ့ အဆိပ်အတောက်တွေကိုတော့ နံနက်စောစောမှာ သံပုရာရည်ပါတဲ့ ရေခပ်နွေးနွေးကို သောက်သုံးပေးခြင်းအားဖြင့် စွန့်ထုတ်နိုင်ပါတယ်။ နံနက်စာမှာ သဘောင်္သီးကို ထည့်သွင်းလိုက်ခြင်းအားဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီနဲ့ အသားဓာတ်ကို ရရှိသွားစေတာပေါ့။ အသားဓာတ်၊ ကာဘို ဟိုက်ဒရိတ်ဒြပ်ပေါင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေပါဝင်တဲ့ နေ့လယ်စာကိုဘဲ စားသုံးပေးပါ။ ဒိန်ချဉ်နဲ့ မလိုင်ပါတဲ့ နွားနို့မှာကတော့  အစာချေစနစ်ကို ကောင်းမွန်စေတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်းက ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားတွေ အများကြီးပါဝင်နေပါတယ်။ မွန်းလွဲပိုင်းလောက်မှာ သဘောင်္သီးဖျော်ရည်တစ်ခွက်လောက် သောက်ပေးမယ်ဆိုရင် ညစာမစားခင် အချိန်အထိ ပြည့်တင်းတဲ့ ခံစားချက်ကို ရရှိစေမှာဖြစ်ပါတယ်။ မီးကင်ထားတဲ့ ကြက်သား၊ ဆာမွန်ငါးနဲ့ ပဲနီလေးဟင်းချိုတို့က အသားဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပြီး ဟင်းသီးဟင်းရွက်တွေနဲ့ အစေ့အဆန်တွေ ပါဝင်တဲ့ ပေါင်မုန့်မီးကင်ကတော့ ကာဘိုဟိုက်ဒရိတ် ဒြပ်ပေါင်းနဲ့ အမျှင်ဓာတ်တွေ ထုပ်ပိုးပါဝင်နေတာပေါ့။
 
ဖော်ပြခဲ့တဲ့ ဇယားထဲမှာ ပါဝင်နေတဲ့ အစားအစာတွေကို စားသုံးရမှာ မနှစ်သက်ဘူးဆိုရင်တော့ အစားထိုးပြီး စားသုံးပေးနိုင်တဲ့ အစားအစာ စာရင်းလေးကို ဆက်ကြည့်ပေးပါဦးနော်။ 
အစားထိုးစားသုံးနိုင်မယ့် အစားအစာစာရင်း 
* လက်ဖက်ရည် အစား ဆေးဘက်ဝင် လက်ဖက်ရည်၊ လက်ဖက်ရည်ကြမ်း
* သံပုရာရည် အစား ပန်းသီးရှာလကာရည်
* ကြက်ဥပြုတ် အစား ကြက်ဥအကြေကြော် ဒါမှမဟုတ် နွားနို့တစ်ခွက် 
* အစေ့အဆန် ပါဝင်တဲ့ ပေါင်မုန့်ကြမ်းအစား ဂျုံနဲ့ပြုလုပ်ထားတဲ့ ပေါင်မုန့်ကြမ်း 
* မြေပဲထောပတ် အစား နေကြာစေ့ ထောပတ်
* မှို အစား တိုဖူး
* ကြက်သား အစား ကြက်ဆင်
* တူနာငါး အစား မက်ကရယ်ငါး 
* ဒိန်ချဉ် အစား ခရင်(မ) အချဉ်
* မြေတောင့်ပဲ အစား ပဲခေါင်းချွန်း 
* သခွားသီး အစား မုန်လာဥနီ
* ခရမ်းချဉ်သီး အစား ခါဥ
* မလိုင်ပါတဲ့နို့ အစား အုန်းရည်
* ဆာမွန်ငါး အစား တူနာငါး 
* ဂေါ်ဖီထုပ် စွတ်ပြုပ် အစား ခရမ်းချဉ်စွတ်ပြုပ်
* ပဲနီလေး ဟင်းချိုအစား မှိုဟင်းချို  
အထက်မှာ ဖော်ပြခဲ့တဲ့ အစားအစာတွေအပြင် အောက်မှာ ဖော်ပြသွားမယ့် အစားအစာတွေကိုလည်း စားသုံးလို့ ရပါသေးတယ်။ 
စားသုံးဖို့ မသင့်တော်တဲ့ အစားအစာများ
ဟင်းသီးဟင်းရွက်များ - ဘရိုကိုလီ၊ ဂေါ်ဖီ ပန်းပွင့်၊ ကညွတ်၊ ဟင်းနုနယ်၊ swiss chard ၊ ဘူးခါးသီး၊ ပန်းငရုတ်ပွ၊ တရုတ်ဂေါ်ဖီထုပ်၊ မုန်ညင်းဖြူ၊ ငရုတ်သီးစိမ်း၊ ဘူးသီး၊ ကြက်ဟင်းခါးသီး၊ ဘုံလုံသီး၊ ပေါက်ပင်၊ ခရမ်းသီး၊ မုန်လာဥဖြူ၊ မုန်လာရွက်၊ မုန်လာဥ၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ ခါဥ နှင့် ဘိုစားပဲသီး
သစ်သီးများ - သဘောင်္သီး၊ ပန်းသီး၊ စပျစ်သီး၊ ဂရိတ်ဖရု၊ သံပုရာသီး၊ သံပုရိုသီး၊ လိမ္မော်သီး၊ ဆီးသီး၊ သစ်တော်သီး၊ မက်မွန်သီး၊ မက်မန်းသီး၊ သဖန်းသီး၊ ဘလူးဘယ်ရီ၊ စတော် ဘယ်ရီ၊ စောင်းလျားသီး၊ ပန်းသီးအစိမ်း၊ ဖရဲသီးနဲ့ သခွား မွှေးသီး
အဆီတွေနဲ့ ဆီများ - သံလွင်ဆီ၊ ဖွဲနုဆီ၊ လျှော်စေ့ဆီ နဲ့ သန့်စင်တဲ့ ထောပတ် အစေ့အဆန်နဲ့ အခွံမာသီးများ - မက်ကာဒေး မီးယားစေ့၊ pistachios ၊ ဗာဒံစေ့၊ သစ်ကြားသီး၊ လျော်စေ့၊ ဖရုံစေ့၊ နှမ်းစေ့၊ နေကြာစေ့နဲ့ ဟေဇယ် စေ့
အဖျော်ရည်များ - အုန်းရည်၊ မလိုင်ပါတဲ့ နွားနို့၊ လတ်ဆတ်သော သစ်သီးဖျော်ရည်နဲ့ ဟင်း သီးဟင်းရွက် ဖျော်ရည်
ဟင်းခတ်အမွှေးအကြိုင်များ - နံနံပင်၊ အော်ရီဂါနိုအရွက်၊ စမြိတ်ရွက်၊ နာနတ်ပွင့်၊ လေညှင်း၊ သစ်ကြံပိုးခေါက်၊ ဖာလာစေ့၊ နနွင်း၊ ဇာတိပ္ဖိုလ်သီး၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ကုံကုမံ၊ ဇီရာစေ့၊ နံနံစေ့၊ စမုံနက်စေ့
 
အောက်မှာ ဆက်လက်ဖော်ပြသွားမှာတွေကတော့ ရှောင်ကျဉ်သင့်တဲ့ အစားအစာတွေဘဲ ဖြစ်ပါတယ်။ 
ရှောင်ကျဉ်ရမယ့် အစားအစာများ 
ဟင်းသီးဟင်းရွက်များ - အားလူးနဲ့ ဖရုံသီး
သစ်သီးများ - သရက်သီးနဲ့ ဒူးရင်းသီး
ဆီနဲ့ အဆီများ - တိရစ္ဆာန်တွေကရတဲ့ အဆီ၊ ထောပတ်၊ မိုင်ယောနိ့(စ)၊ ကနိုလာဆီနဲ့ ဟင်းသီးဟင်းရွက်ဆီများ                                                                                                 
အစေ့အဆန်နဲ့ အခွံမာသီးများ - သီဟိုဠ်စေ့                                                                           
အဖျော်ရည်များ - ဘိလပ်ရည်များ၊ သကြားပါဝင်တဲ့ အချိုရည်များ၊ ထုတ်ပိုးထားတဲ့ သစ်သီး ဖျော်ရည်များနဲ့ ယမကာ
အခုဆိုရင် မှန်ကန်တဲ့ အစားအစာတွေကို ရွေးချယ်လို့ ရသွားလောက်ပါပြီ။ ပြီးတော့ ဇီဝတွင်း ဖြစ်ပျက်မှုကို တိုးတက်စေဖို့ သဘောင်္သီးကို လုံလုံလောက်လောက် စားပေးရုံပါဘဲ။ ကိုယ်အလေးချိန်လျော့ကျစေဖို့အတွက်ဆိုရင် စားသုံးလိုက်တဲ့ ကယ်လိုရီတွေကို စွမ်းအင်အဖြစ် ပြန်အသုံးချနိုင်သင့်ပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားတော့ လေ့ကျင့်ခန်းတွေ လုပ်ပေးဖို့ အများကြီး ထောက်ခံချက်ပေးပါတယ်။ လေ့ကျင့်ခန်း မလုပ်ဖူးဆိုရင် ဇီဝတွင်း ဖြစ်ပျက်မှုတွေက အရှိန်တန့်နေတတ်ပါတယ်။ ဒါကတော့ ရိုးရှင်းလွယ်ကူတဲ့ ကိုယ်လက် လှုပ်ရှားတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။
နေ့ရက်နှင့် လုပ်ဆောင်ရမည့်အချိန်           ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ
တနလာင်္နေ့ (မိနစ် ၂ဝ)                          သွေးပူလေ့ကျင့်ခန်း ပြုလုပ်ခြင်း + ဖြည်းဖြည်းမှန်မှန် ပြေးခြင်း + ခြေထောက် တစ်ဖက်ကို ရှေ့ထုတ်ပြီး ဒူးကွေးကာ ကျန်တစ်ဖက်ကို နောက်ဖက်သို့ ဆန့်တန်း၍ လေ့ကျင့်ခန်း ပြုလုပ်ခြင်း+ ထိုင်ထ
ပြုလုပ်ခြင်း+ ကြွက်သားများ ပြေလျော့စေ ရန် ဆန့်ထုတ်ကာ လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း
အင်္ဂါနေ့ (မိနစ် ၂ဝ)                              သွေးပူ လေ့ကျင့်ခန်း ပြုလုပ်ခြင်း + လက် အပေါ်သို့ မြောက်ပြီး ခြေနှစ်ဖက်ကားကာ  ခုန်ခြင်း+ ခြေထောက် တစ်ဖက်ကို ရှေ့ထုတ်ပြီး ဒူးကွေးကာ ကျန်တစ်ဖက်ကို နောက်ဖက်သို့ ဆန့် တန်း၍ လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း + ထိုင်ထ ပြုလုပ်ခြင်း + အိပ်ထ မတင်ပြုလုပ်ခြင်း + ဒိုက်ထိုးခြင်း + ဖြေးဖြေး မှန်မှန်ပြေးခြင်း + ကြွက်သားများ ပြေလျော့စေရန် ဆန့်ထုတ်ကာ လေ့ကျင့်ခန်း ပြုလုပ်ခြင်း
ဗုဒ္ဓဟူးနေ့ (မိနစ် ၃ဝ မှ ၄၅ မိနစ် အတွင်း) သွေးပူ လေ့ကျင့်ခန်း ပြုလုပ်ခြင်း + အစာချေစနစ် ပိုမိုကောင်းမွန်စေရန် ယောဂပြုလုပ်ခြင်း + တရားထိုင်ခြင်း
ကြာသပတေးနေ့ (မိနစ် ၆ဝ) သွေးပူ လေ့ကျင့်ခန်း ပြုလုပ်ခြင်း + ကာဒီယို လေ့ကျင့်ခန်း ပြုလုပ်ခြင်း + ကြွက်သားများ ပြေလျော့စေရန် ဆန့်ထုတ်ကာ လေ့ကျင့်ခန်း ပြုလုပ်ခြင်း
သောကြာနေ့ (၆ဝ မိနစ်) သွေးပူ လေ့ကျင့်ခန်း ပြုလုပ်ခြင်း + ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ + ကြွက်သားများ ပြေလျော့စေရန် ဆန့်ထုတ်ကာ လေ့ကျင့်ခန်း ပြုလုပ်ခြင်း
စနေနေ့ (မိနစ် ၆ဝ) သွေးပူ လေ့ကျင့်ခန်း ပြုလုပ်ခြင်း + အစာချေစနစ် ပိုမိုကောင်း မွန်စေရန် ယောဂပြုလုပ်ခြင်း + တရားထိုင်ခြင်း
တနင်္ဂနွေနေ့ အနားယူပေးပါ
 
ဒါက အရမ်းလွယ်ကူရိုးရှင်းတဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုနဲ့ ဆိုင်တဲ့ အစီအစဉ်လေးပါ။ နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ အချိန်မရဘူးဆိုရင် ရုံး ဒါမှမဟုတ် ကျောင်းမှ အိမ်ကို လမ်းလျှောက်သွားပေးပါ၊ လှေကားတွေ အတက် အဆင်းပြုလုပ်ပေးပြီးတော့ ကယ်လိုရီတွေ လောင်ကျွမ်းစေဖို့ လိုအပ်ပါတယ်။
သဘောင်္သီး diet plan ကို ပြီးသွားတဲ့နောက် ဘယ်လိုခံစားရမလဲဆိုရင်
သဘောင်္သီး diet နဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို နှစ်ပတ်လောက် လိုက်နာဆောင် ရွက်ပြီးတဲ့နောက်မှာ ရေကြောင့်ဖြစ်နေတဲ့ ကိုယ်အလေးချိန်တွေ ကျဆင်းသွားပြီး အဆီတွေပါ ရွေ့လျားသွားပါလိမ့်မယ်။ လေပွတာတွေ ခံစားရတာနည်းပါးပြီး ဝမ်းချုပ်တာတွေ သက်သာပါလိမ့်မယ်။ စိတ်ခံစားချက်တွေ ပိုမိုကောင်းမွန်လာမယ့်အပြင် ပိုမိုလန်းဆန်းတက်ကြွလာတာကြောင့် လုပ်ငန်းပိုမိုပြီးမြောက်လွယ်ပါတယ်။ ကိုယ့်ကိုကိုယ် ပိုပြီး ယုံကြည်မှုရှိတဲ့အပြင် ဘဝနေထိုင်မှု ပုံစံအသစ်ကိုလည်း မြတ်နိုးလာပါလိမ့်မယ်။ 
သဘောင်္သီးကို စားသုံးပေးသင့်တဲ့ နောက်ထပ် အကြောင်းပြချက်လေးတွေလည်း ရှိနေပါသေးတယ်။ အဲ့ဒါတွေကတော့ - 
သဘောင်္သီးက ကိုလက်စထရောရဲ့ ဓာတ်တိုးဆန့်ကျင်မှုကို တားဆီးပေးတာကြောင့် အဝလွန်တာ၊ နှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါနဲ့  ather-osclerosis လို့ခေါ်တဲ့ သွေးလွှတ်ကြောတွေရဲ့ နံရံမှာ ချိုးတည်ခြင်း စတာတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ 
သဘောင်္သီးမှာ ခိုင်မိုပါပိန်းနဲ့ ပါပိန်းတို့လို့ အင်ဇိုင်းတွေ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ချပေးတဲ့ ဂုဏ်သတ္တိတွေရှိတဲ့အပြင် မီးလောင်ဒဏ်ရာတွေနဲ့ အနာတရဖြစ်တာတွေကို ကူညီ ထောက်ပံ့မှုဖြစ်စေပါတယ်။ 
ဗီတာမင် အေ နဲ့ စီ ပါဝင်မှုကြောင့် ခုခံ အားစနစ်ကို မြှင့်တင်ပေးပါတယ်။
သဘောင်္သီးဟာ အသက်အရွယ်ရလာလို့ ဖြစ်တဲ့ အမြင်အာရုံဝေဝါးခြင်း ဒါမှမဟုတ် မျက်စိမှုန်ခြင်းကိုလည်း ဆန့်ကျင်ကာကွယ်ပေးပါတယ်။ 
ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်တဲ့ သဘောင်္သီးဟာ အဆစ်အမြစ် ရောင်ရမ်းခြင်းကိုလည်း ကူညီကာကွယ်ပေးပါတယ်။ 
သဘောင်္သီးက အူလမ်းကြောင်းနဲ့ ဆီးကြိတ်ကင်ဆာရဲ့ အန္တရာယ်ကနေ လျော့ချပေးပါတယ်။ 
အခုဖော်ပြခဲ့တာတွေကတော့ သဘောင်္သီးနဲ့ ဘယ်လိုကိုယ်အလေးချိန် လျော့ချရမယ်ဆိုတာတွေပါဘဲ။ အနာရောဂါကင်းဝေတဲ့ ဘဝမှာ နေထိုင်လိုတယ်ဆိုရင်တော့ အဆီပိုတွေ လျော့ချဖို့လိုတာကြောင့် သဘောင်္သီး diet ကို စတင်လုပ်ဆောင်သင့်တာပေါ့။ သဘောင်္သီးတွေဟာ ဈေးထဲကနေ အလွယ်တကူ ဝယ်ယူလို့ရရုံသာမက ဈေးလည်းသက်သာပါတယ်။ ဖော်ပြမဆုံးနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရရှိနိုင်ပါတယ်။
ဒါ့အပြင် အခြားသော diet တွေ၊ အဆီကျဆေးတွေနဲ့ ခွဲစိတ်ကုသမှုတွေထက် ပိုပြီးအလုပ်ဖြစ်ပါတာကြောင့် စမ်းသပ်ကြည့်ဖို့ သင့်တော်တယ်လို့ ဆိုမယ်ဆိုရင်တော့ မလွန်ဘူးထင်ပါရဲ့နော်။ 
Papaya Diet - How Papaya Aids Weight Loss
By Charushila Biswas