အလှအပနဲ့ ကျန်းမာရေးအတွက် အားထားစရာ “ဒိန်ချဉ်”

    ဆိတ်သားရေအိတ်ထဲ ထည့်ထားတဲ့နို့တွေ၊ အိတ်ထဲက ဘက်တီးရီးယားတွေကြောင့်  နို့ကနေတစ်ဆင့် မမျှော်လင့်ဘဲ ဖြစ်ပေါ်လာတဲ့ ဒိန်ချဉ်ဟာသမိုင်းတစ်လျှောက်အရေကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါ တယ်။ ရှေးခေတ်အိန္ဒိယစာပေတွေမှာ ပျားရည်နဲ့ ရောထားတဲ့ ဒိန်ချဉ်ကို နတ်ဆေးသဖွယ် “The food of the gods” လို့ ခေါ်ထားတာတွေ့ရပါတယ်။ ၁၉၀၀ ပြည့်နှစ်ကစလို့ ယနေ့အထိ ဥရောပ၊ အာရှအလယ်ပိုင်း၊ အနောက်ပိုင်းနိုင်ငံတွေနဲ့ အိန္ဒိယနိုင်ငံတွေမှာ ဒိန်ချဉ်ကို အဓိက အစားအစာအဖြစ် စားသုံးကြပါတယ်။ ဒိန်ချဉ်မှာ ဗီတာမင်အမျိုးမျိုး၊ သတ္တုဓာတ်အဖုံဖုံ ကုံလုံစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ဒိန်ချဉ်မှာ အလွယ်တကူချေဖျက်နိုင်တဲ့ ပရိုတင်းပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ ကိုလက်စထရော ပမာဏကို ထိန်းညှိရာမှာ အလွန်အထောက်အကူပြုနိုင်တဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသလို သွေးတိုးရောဂါလိုမျိုး ကျန်းမာရေး ပြဿနာတွေ ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သွားနဲ့အရိုးတွေကို ခိုင်မာစေနိုင်တဲ့ ဒိန်ချဉ်မှာ အသားအရေကို လှပချောမွေ့စေနိုင်တဲ့ အာနိသင်လည်း ရှိနေပါသေးတယ်။ ဒိန်ချဉ်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက သင့်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအပါအ၀င် အလှအပအတွက်ပါ ဘယ်လိုအကျိုးပြုနိုင် သလဲဆိုတာကို ရှာဖွေဖော်ပြပေးလိုက်ပါတယ်။

ဆံပင်နဲ့ အသားအရည်အတွက် အဖိုးတန် အာနိသင်
    ဒိန်ချဉ်ကို ကျန်းမာသန်စွမ်းတဲ့ ဆံပင်နဲ့ လှပကြည်လင်တဲ့ အသားအရေအတွက် အစွမ်းထက်လက်နက်လို့ အလှအပနဲ့ အာဟာရဗေဒဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောဆိုလေ့ရှိပြီး အလှအပမြတ်နိုးသူများလည်း ထောက်ခံထားကြပါတယ်။ ဒိန်ချဉ်ကို လိမ်းပေးခြင်းက ၀က်ခြံတွေကို သက်သာစေနိုင်သလို အသားအရေနီရဲရောင်ရမ်းခြင်းကိုလည်း သက်သာစေနိုင်ကြောင်း လေ့လာမှုတွေပြုလုပ်ပြီး သက်သေပြနိုင်ခဲ့ပါတယ်။ ဒိန်ချဉ်ကို အသုံးပြုပြီး မျက်နှာအသားအရေကို ထိန်းသိမ်းကုသတဲ့အခါ ချွေးပေါက်တွေကို ကျဉ်းစေပြီး နေလောင်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုaကြာင့် ဖြစ်ပေါ်လာတဲ့ အမည်းစက်လေးတွေကိုလည်း သက်သာစေနိုင်တယ်လို့ဆိုပါတယ်။ အသားအရေကို ကြည်လင်ပြီး ၀င်းပစေနိုင်တယ်လို့
လည်း သိရပါတယ်။ ဆံပင်ရဲ့ ကျန်းမာရေးအတွက်ဆိုရင်တော့ ဗောက်တွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ဦးရေးပြားယားယံခြင်းကို သက်သာစေနိုင်ပါတယ်။ ဒိန်ချဉ်ကို အရေပြားနဲ့ ဆံပင်တွေပေါ် ကို တိုက်ရိုက်လိမ်းကျံပြီး ဆယ့်ငါးမိနစ်ခန့်အ ကြာမှာ ကြက်သီးနွေးရေနဲ့ ပြန်ဆေးချလိုက်ရုံပါပဲ။ ပြောင်းလဲသွားတဲ့ အသားအရေနဲ့ ဆံပင်တွေရဲ့ အထိအတွေ့ကို သင်ကိုယ်တိုင် ပြုလုပ်ကြည့်မှ လက်တွေ့သိနိုင်မှာပါ။

ကြွယ်ဝတဲ့ သတ္တုဓာတ်များ
    နို့မှတစ်ဆင့်ပြုလုပ်ရရှိတဲ့ ဒိန်ချဉ်မှာ နို့ရဲ့အဓိကအာနိသင် ကယ်လ်ဆီယမ် ကြွယ်ဝစွာပါဝင် ဆဲဖြစ်ပါတယ်။ ကယ်လ်ဆီယမ်ဟာ အရိုးနဲ့ သွားတွေ ကြံ့ခိုင်ဖို့မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ကယ်လ်ဆီယမ် လုံလောက်စွာမရရှိ
ထားဘူးဆိုရင် သွေးဆုံးပြီး အမျိုးသမီးတွေမှာ အရိုးပွရောဂါ ခံစားရနိုင်ပါတယ်။ ဒိန်ချဉ်မှာ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်လို သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။ ပိုတက်ဆီယမ်က အာရုံကြောတွေ ရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပြီး ခန္ဓာ
ကိုယ်ရဲ့ ရေဓာတ်မျှခြေကို ပုံမှန်အတိုင်းဖြစ်နေ အောင် ထိန်းသိမ်းပေးပါတယ်။ မဂ္ဂနီဆီယမ်က တော့ ကယ်လ်ဆီယမ်လိုပဲ အရိုးကျန်းမာရေးအ တွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့ကြောင့် ဒိန်ချဉ်က သင့်အရိုးနဲ့ သွားတွေအတွက် အထောက်အကူ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ဗီတာမင်များ
    ဒိန်ချဉ်မှာ ဗီတာမင် B2 ၊ B12 ပမာဏ များပြားစွာပါဝင်ပါတယ်။ ဗီတာမင် B2 က အာရုံကြောစနစ်၊ အမြင်အာရုံနဲ့ အသားအရေ ကျန်းမာရေးတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဖြစ်ပါတယ်။ ဗီတာမင် B2 ကတော့ အရိုးတွေ
ကျန်းမာဖို့ အဓိကလိုအပ်တဲ့ ဗီတာမင် အမျိုးအစား ဖြစ်သလို ဗီတာမင် B2 ချို့တဲ့ခြင်းကြောင့် သွေးအားနည်းရောဂါဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် ဒိန်ချဉ်မှာ ဗီတာမင် D နဲ့ E လည်း ပါဝင်ပါတယ်။ ဗီတာမင် D ကိုလည်း ခန္ဓာကိုယ်က အရိုးတွေရဲ့ ကျန်းမာရေးအတွက် လိုအပ်ပြီး ဗီတာမင် E က တော့ ကျန်းမာလှပတဲ့ အသားအရေအတွက် မရှိမဖြစ်ပါပဲ။

Pro-biotic ဂုဏ်သတ္တိ
    ဒိန်ချဉ်ရဲ့ နောက်ထပ် အကျိုးကျေးဇူးက တော့ နွားနို့မှာ ပါဝင်တဲ့ Lactose လို့ခေါ်တဲ့ သကြားဓာတ်ကို မချေဖျက်နိုင်တဲ့ လူတွေ နွားနို့အစား ဒိန်ချဉ်ကို အစားထိုးစားသုံးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ နွားနို့မှာ ပါဝင်တဲ့ ပရိုတင်းက အစာချေ
ဖျက်ဖို့ ခက်ခဲသော်လည်း ဒိန်ချဉ်ရဲ့ ပရိုတင်းအမျိုး အစားကတော့ အကျိုးပြုဘက်တီးရီးယားတွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြိုခွဲထားမှုကြောင့် ချေဖျက်ဖို့ ပိုမိုလွယ်ကူပါတယ်။ ဒါကြောင့် နွားနို့ရဲ့ပရိုတင်းကို အစာမချေဖျက်နိုင်တဲ့ သူတွေအတွက် လိုအပ်တဲ့ကယ်လ်ဆီယမ်၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ကို ဒိန်ချဉ်အစားထိုးစားသုံးခြင်းဖြင့် ရရှိနိုင်ပါတယ်။ နွားနို့မှ ဒိန်ချဉ်ဖြစ်လာရတာက  အဓိကအားဖြင့်  Lactic Acid Bacteria များကြောင့်ဖြစ်ပြီး ဒီဘက်တီးရီးယားတွေက “Pro-biotic” ကို ထုတ်လုပ်ပေးပါတယ်။ အာနိသင်တွေကတော့ ၀မ်းချုပ်ခြင်း၊ ၀မ်းပျက်ဝမ်းလျှောခြင်း၊အူမကြီးကင်ဆာ၊ ၀မ်းဖောဝမ်းရောင်ဖြစ်ခြင်း စတာတွေကို ကာကွယ်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ အစာအိမ်အနာဖြစ်စေနိုင်တဲ့ H. pylori ဘက်တီးရီးယား ကူးစက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အခန့်မသင့်ရင် ဒီပိုးမွှားကူးစက်ခံရမှုကနေ အစာအိမ်ကင်ဆာရောဂါအထိတောင် ဖြစ်သွားနိုင်ပါ တယ်။ “Pro-biotic”ဂုဏ်သတ္တိက သင့်ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

သွေးတိုးနဲ့ နှလုံးရောဂါ
    နို့နဲ့ နို့ထွက်ပစ္စည်းများကို ပုံမှန်စားသုံးပေး ခြင်းက သွေးတိုးခြင်းကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဆီပါဝင်မှုမြင့်မားတာကြောင့် နို့နဲ့ နို့ထွက်ပစ္စည်းများ အများအပြားစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဒိန်ချဉ်ကတော့ ခြွင်းချက်ဖြစ်ပါတယ်။ ဒိန်ချဉ်ကအဆီပါဝင်မှုနည်းပါးတာကြောင့်  သင်ရွေးချယ်သင့် တဲ့ အစားအစာဖြစ်ပါတယ်။ ဒိန်ချဉ် ပုံမှန်စားသုံးတဲ့လူတွေရဲ့ သွေးတွင်းမှာ Low-density lipoprotein (LDL) ပါဝင်မှု အဆင့်နိမ့်တာကို
တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ကိုလက်စထရောများ ပြားမှုကြောင့် သွေးတွင်းအဆီခဲပြီး ဖြစ်လေ့ရှိတဲ့နှလုံးသွေးကြောဆိုင်ရာရောဂါများကို ဒိန်ချဉ်ပုံမှန်စားသုံးပေးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။

ခံတွင်းအနံ့ဆိုးကို သက်သာစေနိုင်ခြင်း
    ဒိန်ချဉ်က ခံတွင်းအနံ့နံခြင်းကို ကုသရာမှာအစွမ်းထက်တဲ့ သဘာဝဆေးတစ်လက်လို့ ဆိုနိုင်ပါတယ်။ ဒိန်ချဉ်စားပေးခြင်းက ခံတွင်းအနံ့ဆိုးကို ၈၀% နဲ့ အထက်သက်သာစေနိုင်တယ်လို့ စမ်း သပ်မှုတွေအရ တွေ့ရှိခဲ့ရပါတယ်။ သွားချိုးကပ် ခြင်း၊ သွားဖုံးရောင်ခြင်း စတဲ့ခံတွင်းနဲ့ ပတ်သတ်တဲ့ ပြဿနာတွေကို လည်း ဒိန်ချဉ်ပုံမှန်စားပေးခြင်းဖြင့် ကာကွယ်နိုင်တယ်လို့ ဆိုထားပါတယ်။

Ref;    Organic Facts