အစိမ်းရောင် လက်ဖက်ရဲ့ အဖိုးတန်အာနိသင်

   ရှေးခေတ် အဆက်ဆက်က တရုတ်နိုင်ငံမှာ လက်ဖက်စိမ်းကို အဓိက သောက်သုံးစရာအဖြစ်တစ်မျိုး ဆေးဝါးအဖြစ်တစ်ဖုံ သုံးစွဲခဲ့ကြပြီး  လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံမှာသာမက အာရှဒေသတစ်ခွင်မှာပါ လက်ဖက်ကို အမျိုးမျိုးပြုပြင်ပြီး  သောက်သုံးတဲ့အလေ့ ထွန်းကားလာပါတယ်။

    နောက်ဆုံး တွေ့ရှိထားချက်များအရတော့ လက်ဖက်အမျိုးမျိုးရှိတဲ့အနက် လက်ဖက်စိမ်း (Green Tea) ဟာ အာနိသင်အရှိဆုံးလို့ သိရပါတယ်။ အခြားလက်ဖက်ခြောက်တွေ (Black Tea) ဟာ လက်ဖက်အစိုကနေ အခြောက်ပြုလုပ်တဲ့ အ
ဆင့်တိုင်းမှာ ပါဝင်တဲ့ဂုဏ်သတ္တိတွေ လျော့နည်းသွားလေ့ရှိပြီး  အသင့်သောက်သုံးနိုင်တဲ့အဆင့်ထိပြုလုပ်ထားပြီးတဲ့ လက်ဖက်စိမ်း (Green Tea) မှာတော့  Antioxidant တွေနဲ့ အခြားဂုဏ်သတ္တိတွေ အပြည့်အ၀နီးပါး ပါရှိနေပါသေးတယ်။
    နေ့စဉ် လက်ဖက်စိမ်း(Green Tea) ပုံမှန်သောက်သုံးခြင်းမှ ဘယ်လို အကျိုးကျေးဇူးတွေ  သင်ရရှိနိုင်ပါသလဲ။ လက်ဖက်စိမ်း (Green Tea) ရဲ့ကျန်းမာရေးနဲ့ အလှအပအတွက် အကျိုးပြုနိုင်တဲ့အာနိသင်များထဲက အချို့ကိုဖော်ပြပေးချင်ပါ
တယ်။

ကိုယ်အလေးချိန်ကျဆင်းစေခြင်း
    လက်ဖက်စိမ်းမှာ ပါဝင်တဲ့ Catechin အမည်ရ Antioxidant နဲ့ ကဖိန်း က ခန္ဓာကိုယ်ထဲရှိ  ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ လက်ဖက်စိမ်းရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို လျင်လျင်မြန်မြန် ဖြစ်ပျက်စေတဲ့ ဂုဏ်သတ္တိကလည်း  ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်တဲ့ အကြောင်းတစ်ရပ် ဖြစ်ပါတယ်။

သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း
    လက်ဖက်စိမ်းမှာ ပါဝင်တဲ့ အာနိသင်က ဂလူးကို့စ်ပမာဏကို ပုံမှန်ဖြစ်နေအောင် ထိန်းသိမ်းရာမှာ ကူညီပေးနိုင်ပြီး အစားအစာပြီးတဲ့နောက်သွေးတွင်းသကြားဓာတ် မြင့်တတ်မလာအောင် လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆီး
ချိုဝေဒနာရှင်တွေ ဆရာဝန်များတဲ့ တိုင်ပင်ပြီး သောက်သုံးသင့်တယ်လို့ ပညာရှင်တွေ အကြံပြုထားပါတယ်။

နှလုံးသွေးကြောဆိုင်ရာရောဂါများ
    သိပ္ပံပညာရှင် အများစုကတော့ လက်ဖက်စိမ်းမှာ သွေးကြောတွေအတွက် အထောက်အကူ ဖြစ်စေနိုင်တဲ့ ဂုဏ်သတ္တိရှိနိုင်တယ်လို့ ယူဆထား ကြပါတယ်။ သွေးကြောတွေရဲ့ နံရံတွေကို ပျော့ပြောင်းစေပြီး သွေးဖိအားအပြောင်း အလဲကို တောင့်ခံနိုင်ဖို့ ကူညီပေးနိုင်တယ်လို့ ဆိုထားပါတယ်။ သွေးကြောတွေထဲမှာ သွေးခဲတွေ ပိတ်ဆို့ခြင်းကြောင့် ဆိုးရွားသော ကျန်းမာရေး အခြေအနေတစ်ခုဖြစ်တဲ့ ရုတ်တရက် နှလုံးရပ်ခြင်း (Heart Attack) ဖြစ်နိုင်
ပါတယ်။ လက်ဖက်စိမ်းမှာ သွေးကြောတွေအတွင်းသွေးခဲခြင်းကို တားဆီးပေးနိုင်တဲ့ အစွမ်းထက်တဲ့ အာနိသင်လည်း ရှိနေတယ်လို့ သိရပါတယ်။

ကင်ဆာ
    အစာရေမြိုပြွန် ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ကို လက်ဖက်စိမ်းက ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ကောင်းကျိုးကတော့ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ရာမှာ ကျန်းမာတဲ့တစ်သျှူးများကို အထိအခိုက်မရှိစေဘဲ ကျယ်ကျယ်ပြန့်ပြန့် တိုက်
ဖျက်နိုင်စွမ်း ရှိတာပဲဖြစ်ပါတယ်။

ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်
    အယ်လ်ဇိုင်းမား၊ ပါကင်ဆန်  စတဲ့  မှတ်ဉာဏ်နဲ့အာရုံကြော ချို့ယွင်းရောဂါများရဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာများကို လက်ဖက်စိမ်းက အချိန်ကြာကြာ နောက်ဆုတ်ထားနိုင်တယ်လို့ ဆိုပါတယ်။ ကြွက်တွေနဲ့ စမ်းသပ်ထားတဲ့ ရလဒ်များအရ လက်ဖက်စိမ်းမှာပါဝင်တဲ့ အာနိသင်တွေက ဦးနှောက်ဆဲလ်တွေ သေဆုံးခြင်းမှ ကာကွယ်ပေးနိုင်ပြီး ထိခိုက်ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ ပညာရှင်တွေ ပြောဆိုထားပါတယ်။

ခံတွင်းရောဂါများ
    လက်ဖက်စိမ်းမှာ ပါဝင်တဲ့ Catechin အမည်ရ Antioxidant က ခံတွင်းနဲ့ လည်ချောင်းအတွင်းက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ လည်ချောင်းနာခြင်း၊ သွားဖုံးရောင်ခြင်းနဲ့ အခြားသော ခံတွင်းဝေဒနာများအတွက် လက်ဖက်စိမ်းကို အားကိုးနိုင်ပါတယ်။ လက်ဖက်စိမ်းခတ်ထားတဲ့ ရေနွေးခပ်နွေးနွေးကို သောက်ပေး၊ အာလုပ်ကျင်းပေးခြင်းဖြင့် ခံတွင်းအတွင်းဖြစ်တတ်တဲ့ ရောဂါများကို သက်သာစေနိုင်ပါတယ်။

စိတ်ဖိစီးမှု ပြဿနာ
    Theanine က လက်ဖက်စိမ်းမှာ သဘာဝအလျောက်တွေ့ရတဲ့ အမိုင်နို အက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ Theanine က ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေပြီး စိတ်ကို ငြိမ်သက်စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်
မုန်းတွေကို သက်သာစေပြီး စိတ်ကျဝေဒနာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဘက်တီးရီးယားများ နဲ့ ဗိုင်းရပ်စ်
    လက်ဖက်စိမ်းရဲ့ အဓိက ပါဝင်ပစ္စည်း Catechin ဟာ အလွန်အစွမ်းထက်တဲ့ Antioxidant တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် Antibacterial နဲ့ Antiviral အစွမ်းတွေလည်း ရှိပါသေးတယ်။ တုပ်ကွေးကနေ ကင်ဆာအထိ ဖြစ်စေနိုင်တဲ့ ဘက်တီး
ရီးယားများနဲ့ ဗိုင်းရပ်စ်များ တိုက်ဖျက်ရာမှာ လက်ဖက်စိမ်းရဲ့ အထက်ပါအာနိသင်များက အသုံးဝင်ပါတယ်။ လေ့လာစမ်းသပ်မှုတွေ ပြုလုပ်ပြီးနောက် လက်ဖက်စိမ်းဟာ ရောဂါတွေပျံ့နှံ့ ခြင်းအား တားဆီးနိုင်စွမ်းရှိတာကိုလည်း တွေ့ရှိခဲ့ပါတယ်။

အသားအရေလှပနုပျိုစေရန်
    လက်ဖက်စိမ်းရဲ့ အဆီအနှစ်နဲ့ ပြုလုပ်ထားတဲ့ အလှကုန်များစွာရှိတာကို သင်သတိထားမိမှာပါ။ လက်ဖက်စိမ်းမှာ အိုမင်းရင့်ရော်မှုရဲ့ လက္ခဏာများဖြစ်တဲ့ အရေးအကြောင်းတွေကို သက်သာလျော့ပါးစေနိုင်တဲ့ Antioxidant  နဲ့ Anti-inflammatory ဂုဏ်သတ္တိ ရှိပါတယ်။  နေရောင်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့်  အရေပြားဆဲလ်တွေ ပျက်စီးခြင်းကို လျော့ချပေးနိုင်တယ်လို့ သိရပါတယ်။

သင့်တော်တဲ့ ပမာဏ
    အထက်မှာ ဖော်ပြထားတာတွေက လက်ဖက်စိမ်းရဲ့ အကျိုးပြုအာနိသင်များစွာထဲမှ အချို့သာဖြစ်ပါတယ်။ နေ့စဉ်လက်ဖက်စိမ်းတစ်ခွက် သောက်သုံးခြင်းက သင့်အတွက် လုံလောက်သွားပြီလို့ မဆိုနိုင်ပါဘူး။ လေ့လာ စမ်းသပ်မှုတွေ ပြု
လုပ်ပြီးနောက်  ရရှိလာတဲ့ ရလဒ်များအရ တစ်နေ့ကို လက်ဖက်စိမ်းနှစ်ခွက်က အကျိုးပြုကြောင်း တွေ့ရှိရသလို အခြားသော ရလဒ်များအရ တစ်နေ့ကို လက်ဖက်စိမ်းငါးခွက်အထိတောင် သောက်နိုင်ကြောင်းလည်း တွေ့ရှိရပါတယ်။
    ဒါပေမဲ့ သတိပြုရမယ့်အချက်ကတော့ လက်ဖက်စိမ်းမှာပါဝင်တဲ့ ကဖိန်းဓာတ်ကို သင့်ခန္ဓာကိုယ်က ဘယ်လောက်အတိုင်းအတာအထိ လက်ခံနိုင်မလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ ကဖိန်းဓာတ်ကို သင့်ခန္ဓာကိုယ်က တုံ့ပြန်မှု မြန်ဆန်တယ်ဆိုရင် တစ်ရက်ကို  လက်ဖက်စိမ်း တစ်ခွက်ထက်ပိုပြီး မသောက်သင့်ပါဘူး။ ဒါ့အပြင် လက်ဖက်စိမ်းမှာပါဝင်တဲ့ Tannin က ခန္ဓာကိုယ်ရဲ့ သံဓာတ်နဲ့ ဖောလစ်အက်ဆစ် စုပ်ယူနိုင်မှုကို လျော့ကျစေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေနဲ့ ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေသူတွေ လက်ဖက်စိမ်းသောက်ခြင်းကို ရပ်တန့်ထားသင့်ပါတယ်။
Ref;Lifehack