အသီးအနှံများနဲ့ Detox Plan

    ခရမ်းလွန်ရောင်ခြည်ပါဝင်တဲ့ နေရောင်၊ ညစ်ညမ်းနေတဲ့ လေထု၊ ပြောင်းလဲလာတဲ့ လူနေမှုစနစ်အရ ဓာတုဗေဒ ပစ္စည်းတစ်မျိုးမဟုတ်တစ်မျိုးနဲ့ နေ့စဉ်ထိတွေ့နေရတဲ့ သင့်ရဲ့ ခန္ဓာကိုယ်ဟာ အဆိပ်အတောက်တွေနဲ့  ပြည့်နှက်နေနိုင်တာ
ကို သင်သတိပြုမိပါသလား။ သင်စားသုံးလိုက်တဲ့ အစားအစာ၊ သင်အသုံးပြုလိုက်တဲ့ ပစ္စည်းတွေကနေ အညစ်အကြေး အဆိပ်အတောက်တွေ  တဖြည်းဖြည်းချင်း ခန္ဓာကိုယ်ရဲ့ အင်္ဂါတွေမှာ စုပုံလာပါတယ်။ အဓိကအားဖြင့် သင့်ရဲ့ကျောက်ကပ်နဲ့ အသည်းဟာ ထိခိုက်မှုအဖြစ်ဆုံး အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

    သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်းမျိုးစုံရှိပြီး အစားအသောက်နဲ့ Detox လုပ်တဲ့နည်းကတော့ အန္တရာယ်အကင်းဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါတယ်။ Detox Plan မှာ ပါဝင်တဲ့ အစားအစာများကို ၀ယ်ယူဖို့ ငွေကြေးအနည်းငယ်နဲ့ အချိန် သာလိုအပ်ပါတယ်။ အသီးအနှံတွေနဲ့ ပြုလုပ်နိုင်တဲ့ Detox Plan တစ်ခုကို ဒီလအတွက် ဖော်ပြပေးချင်ပါတယ်။

ကညွတ်
    ဆောင်းရာသီမှာ ကညွတ်ကို ဖောဖောသီသီ ရရှိနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ Detox Plan မှာ အရသာလည်းရှိ ၊ ကျန်းမာရေးနဲ့လည်း  သင့်တော်တဲ့ ကညွတ်ကို ထည့်သွင်းလိုက်ပါ။ ကညွတ်က သင့်ရဲ့ အသည်းကိုပဲ သန့်စင်ပေးတာမဟုတ်ပဲ ခန္ဓာကိုယ်တစ်ခုလုံးက အဆိပ်အတောက် အညစ်အကြေးတွေအားလုံးကို စစ်ထုတ်သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။ ရေနွေးငွေ့လေးနဲ့ ပေါင်းထားတဲ့ ကညွတ်ဖြစ်စေ၊ ချက်ပြုတ်ထားတဲ့ ကညွတ်ဖြစ်စေ စားနိုင်သော်လည်း Detox လုပ်မယ်လို့ စိတ်ကူးထားရင် အစိမ်းစားပေးခြင်းက ပိုလို့အကျိုးထူးပါတယ်။ သင့်ဗိုက်ကို ပူစေတဲ့ အဆီ၊ လေ၊ အညစ်အကြေးအားလုံးကို သန့်ရှင်းပေးပါလိမ့်မယ်။

အစေ့အဆန်နဲ့ ဘယ်ရီသီး
    သွားရေစာတော်တော်များများကို ကြည့်လိုက်ရင် အချို၊ ချောကလက်၊ ဆီကြော်စတာတွေ ဖြစ်နေတာကို သင်သတိထားမိမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သွားရေစာကို Detox Version အဖြစ် သင်ဘယ်လို ပြင်ဆင်နိုင်မလဲ။ Omega-3 fatty acid ၊ ပရိုတင်း၊ ဇင့်၊ အိုင်းယွန်း၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် တွေပါဝင်တဲ့ အစေ့အဆန်တွေ၊ Antioxidant ကြွယ်ဝစွာပါဝင်တဲ့ ဘယ်ရီသီးတွေ ကို သင့်ရဲ့သွားရေစာအဖြစ် ရွေးချယ်ဖို့ အကြံပြုလိုပါတယ်။

တရုတ်နံနံ
    ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုလေ့ရှိတဲ့ တရုတ်နံနံမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါက အူလမ်းကြောင်းတစ်လျှောက် အစာအသစ်နဲ့ အစာအဟောင်းတွေ ရွေ့လျားမှုကိုချောမွေ့စေပြီး  အစာချေစနစ်ကို ကျန်းမာစေနိုင်ပါ
တယ်။ သင် Detox လုပ်နေတဲ့အချိန် ရေစင်စင်ဆေးထားတဲ့ တရုတ်နံနံ တစ်ပင်နှစ်ပင်ကို ကိုက်ဝါးပေးနိုင်သလို အရွက်သုပ်ထဲမှာလည်း ထည့်သုပ်နိုင်ပါတယ်။ ကျန်းမာရေးအတွက် ကောင်းမွန်တာကြောင့် သင့်နေ့စဉ်စားမယ့် အစားအစာတွေထဲမှာ လည်း သင့်တော်သလို မကြာမကြာ  ဖြည့်စွက်စားသုံးပေးသင့်ပါတယ်။

ပန်းသီး
    ပန်းသီးတစ်လုံးက သင့်ဗိုက်ကို အတော်အတန် ပြည့်စေနိုင်ပါတယ်။ အရသာလည်းရှိတာကြောင့် အစားစာချင်တဲ့ အာသာကိုပြေစေနိုင်ပြီး အစားမကြာခဏ စားလိုစိတ်ကိုလည်း လျော့ပါးစေပါတယ်။ သင် Detox လုပ်နေတဲ့အချိန်မှာ အဆာခံနိုင်ဖို့ ဆောင်ကိုဆောင်ထားရမယ့် အရာက ပန်းသီးဖြစ်ပါတယ်။ အစိမ်းရောင် ပန်းသီးက ပိုမို အစွမ်းထက်ပါတယ်။

ဖရဲသီး
    ကျန်းမာရေးပညာရှင်တွေက ဖရဲသီးဟာ အသည်းနဲ့ ကျောက်ကပ်အတွင်းက အညစ်အကြေးတွေ သန့်စင်ဖို့အတွက် အကောင်းဆုံးလို့ သတ်မှတ်ထားပါတယ်။ ရေဓာတ်ပြည့်ပြည့်၀၀ ပါဝင်တာကြောင့် သင်ရဲ့ Detox လုပ်ငန်းစဉ်အတွက် အလွန်အကျိုးရှိပါတယ်။

နာနတ်သီး
    အဆုတ်အတွင်းထဲကို သန့်စင်ပေးနိုင်တဲ့၊ အစာအိမ်ထဲက အဆီတွေကို ရှင်းထုတ်ပေးနိုင်တဲ့နေရာမှာ နာနတ်သီးက အလွန်နာမည်ကြီးပါတယ်။ အစားမစားမီ(အစာအိမ်ထဲမှာ အခြားအစားအစာများ မရှိချိန်)မှာ နာနတ်သီးကို ပမာဏအနည်းငယ် စားပေးပါ။ Detox လုပ်နေစဉ်မှာတော့ ဒီလိုနည်းလမ်းက ပိုအကျိုးရှိပါတယ်။

Grapefruit
    Grapefruit ဟာ အစားစားလိုစိတ်ကို ဟန့်တားပေးပါတယ်။ ဒါတင် မဟုတ်သေးဘဲ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို တိုးမြှင့်ပေးနိုင်ပြီး Vitamin C ပမာဏကြီးကြီးမားမားကို ပါဝင်ပါတယ်။ ကိုယ်ခံစွမ်းအား ကောင်းမွန်ဖို့၊ အသားအရေ
လှပကြည်လင်ဖို့ စတဲ့စတဲ့ အကြောင်းအရာများစွာမှာ Vitamin C လိုအပ်ပါတယ်။

ထောပတ်သီး
    ထောပတ်သီးမှာ ပါဝင်တဲ့ Glutathione က အသည်းရဲ့အညစ်အကြေးတွေကို သန့်စင်တဲ့လုပ်ငန်းကို ကူညီပေးနိုင်ပါတယ်။ အာဟာရတန်ဖိုးတွေက သင် Detox Plan အတွက် မရှိမဖြစ် အာဟာရတန်ဖိုးတွေ ထောပတ်သီးမှာ ပါဝင်ပါတယ်။ ဒါကြောင့် သင်ရွေးကိုရွေးချယ်သင့်တဲ့ အစားအစာအမျိုးအစားမှာ ထောပတ်သီး ပါဝင်ပါတယ်။
    ဒါ့အပြင် Detox လုပ်နေစဉ်မှာ သံပုရာသီးတွေကို အကွင်းလိုက်လှီးပြီး စိမ်ထားတဲ့အရည်ကို တစ်နေ့လုံး မကြာမကြာ သောက်ပေးသင့်ပါတယ်။ သံပုရာရည်က သင့်အား ရေဓာတ်ဖြည့်တင်းပေးမှာဖြစ်ပြီး သင့်ရဲ့ အသည်းကို အဆိပ်အတောက်ဖယ်ထုတ်ခြင်း လုပ်ငန်းလုပ်ဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ Detox လုပ်နေစဉ်မှာ သင်ဟာ ကော်ဖီချစ်သူတစ်ယောက်ဆိုရင်တော့ အနည်းငယ် အခက်တွေ့နေနိုင်ပါတယ်။ ကော်ဖီအစား သင့်ရဲ့ Detox Plan ကိုလည်း အကူအညီဖြစ်စေမယ့် Green Tea ကိုရွေးချယ်ဖို့  အကြံပြုလိုပါတယ်။ အသည်းရဲ့အညစ်အကြေး သန့်စင်မှုကိုကူညီပေးနိုင်သလို ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း အရှိန်မြှင့်ပေးနိုင်ပါတယ်။ အာဟာရဗေဒ ပညာရှင်တွေ
ကတော့ Green Tea ကို နေ့စဉ်တစ်ခွက် ပုံမှန်သောက်ခြင်းက လွယ်ကူပြီးမြန်ဆန်တဲ့ Detox Plan ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
Ref; laurenconrad.com