နံပါတ်(၁) အစိမ်းရောင်အရွက် ကိုက်လန်

    ဆောင်းရာသီ နံနက်ခင်း သင်ဈေးထဲသွားတဲ့ အခါ စိမ်းစိမ်းစိုစိုနဲ့ စားချင်စရာ ကိုက်လန်စည်း တွေကို လှိုင်လှိုင်တွေ့နေရပြီ ဆိုပါစို့။ ကိုက်လန်မှာ ပါဝင်တဲ့  သဘာဝ အဟာရတန်ဖိုးများ နဲ့ ကျန်းမာရေး အကျိုးကျေးဇူး များကြောင့် နှစ်ခါ မစဉ်းစားဘဲ ၀ယ်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ ကိုက်လန်မှာ ဘယ်လိုအာဟာရတွေ ပါဝင်ပြီး သင့်ကျန်းမာရေးကို ဘယ်လိုအကျိုးပြုနိုင်ပါသလဲ။

သံဓာတ်
    ကိုက်လန်က ရရှိမယ့် ကျန်းမာရေးအကျိုး ကျေးဇူးတွေရဲ့ ထိပ်ဆုံးမှာ သံဓာတ်ရှိနေပါတယ်။ ကိုက်လန်ရွက်ရဲ့ သံဓာတ်ပါဝင်နှုန်း မြင့်မားမှုကြောင့် New Beef လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာပါဝင်တဲ့ သံဓာတ်ပမာဏ
က အမဲသားထက်ပိုများတာကြောင့်  အမဲသားရှောင်တဲ့ လူအချို့အတွက် သံဓာတ်ရရှိနိုင်ဖို့ ကိုက်လန်ကို ရွေးချယ်နိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ် လူငယ်တွေအတွက် ခန္ဓာကိုယ်ကလိုအပ်တဲ့ သံဓာတ်ပမာဏကို အပြည့်အ၀ရရှိဖို့ အလွန်အရေးကြီးပြီး သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်း၊ အမောမခံနိုင်ခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း စတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။  သံဓာတ်က အနီရောင်အသား၊ အသည်းတွေမှာ ကြွယ်ဝစွာပါဝင်ပြီး သင်ကအသားစားဖို့ ငြီးငွေ့သူဆိုရင် ကိုက်လန်ကို မဖြစ်မနေစားပေးဖို့ တိုက်တွန်းလိုပါတယ်။

Omega-3 Fatty Acid
    အဟာရဓာတ်တွေထဲမှာ Omega-3 Fatty Acids က အရေးပါကြောင်း သင်သိရှိပြီး ဖြစ်မှာ ပါ။ Omega-3 Fatty Acids ထဲမှာ DHA နဲ့ EPA ဆိုတဲ့ ဒြပ်နှစ်မျိုးပါဝင်ပြီး နှလုံးနဲ့ပတ်သက်တဲ့ရောဂါ၊ ကင်ဆာ စတဲ့ ပြင်းထန်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ DHA အစိတ်အပိုင်းမှာတော့ စိတ်ကျဝေဒနာ၊ ဒီမန်ရှား၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း စတာတွေကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့သိရပါတယ်။ ကိုက်လန်၊ ဟင်းနုနယ်၊ ဂေါ်ဖီထုပ်၊ ဘရိုကိုလီ၊ ပန်းမုံလာ စတဲ့ အသီးအရွက်တွေမှာ Omega-3 Fatty Acids  ကြွယ်ဝစွာပါဝင်ပါတယ်။ ငါးမကြိုက်တဲ့သူများအတွက် သတင်းကောင်းဖြစ်နိုင်ပါတယ်။

ကယ်လ်ဆီယမ်
    ကိုက်လန်ရဲ့ ကယ်လ်ဆီယမ် ပါဝင်မှုပမာဏက နို့မှာပါဝင်တဲ့ ကယ်လ်ဆီယမ် ပမာဏထက်များ တယ်ဆိုရင် သင်အံ့သြသွားနိုင်ပါတယ်။ လေ့လာမှုတွေပြုလုပ်ပြီးနောက် ကိုက်လန်မှာပါဝင်တဲ့ကယ်လ်ဆီယမ်က နို့နဲ့အခြားဘယ်သီးနှံများထက်
မဆို ပိုမိုကောင်းမွန်တာကို တွေ့ရှိခဲ့ပါတယ်။ နို့မှာ ပါဝင်တဲ့ Lactose နဲ့ မတည့်တဲ့သူများအတွက် ကယ်လ်ဆီယမ်ဓာတ်ကို ကိုက်လန်စားသုံးခြင်းဖြင့် ရရှိနိုင်ပါတယ်။ ကယ်လ်ဆီယမ်ဓာတ်က အရိုးတွေ ကျန်းမာခိုင်ခံ့ဖို့ မရှိမဖြစ်လိုအပ်ပြီး အမျိုး သမီးတွေ အသက်ရလာတဲ့အခါ ကြုံတွေ့ရလေ့ရှိတဲ့ အရိုးပွခြင်းပြဿကို ကြိုတင်ကာကွယ်နိုင်မယ့် အဖြေလည်းဖြစ်ပါတယ်။

ကိုလက်စထရော လျော့ကျစေနိုင်ခြင်း
    သုတေသီတွေ ကိုက်လန်အကြောင်း လေ့လာပြီးနောက် ကိုက်လန်အပါအ၀င် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက သင့်ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ကိုလက်စထရော အပိုတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတယ်ဆိုတဲ့  စွဲမက်စရာ တွေ့ရှိချက်
တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ကိုက်လန်ကို စားပြီးနောက် အစာချေဖျက်ဖို့ သည်းခြေကအက်ဆစ်ရည်တွေ ထုတ်ပေးရပြီး သည်းခြေရည်တွေ ထွက်လာတာနဲ့ ကိုလက်စထရောပမာဏလည်း ကျဆင်းသွားတာကို သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။

ကိုယ်အလေးချိန်ကျဆင်းစေဖို့
    ကိုယ်အလေးချိန် ကျဆင်းစေနိုင်မယ့် လျို့ဝှက်ချက်ကို သိပါသလား။ ကယ်လိုရီနည်းပြီး အာဟာရတန်ဖိုးမြင့်မားတဲ့ အစားအစာတွေကို များများစားသုံးလေလေ သင့်ကိုယ်အလေးချိန် များများ ကျဆင်းလေလေပဲ ဖြစ်ပါတယ်။ ကိုက်လန် အစိမ်း တစ်ပန်းကန်လုံးစာမှာ ၃၃ ကယ်လိုရီသာပါပြီး ဗီတာမင်၊ အမျှင်ဓာတ်နဲ့ ပရိုတင်းတွေတော့ လုံလုံလောက်လောက် ပါဝင်ပါတယ်။ ဒါကြောင့် သင်ကိုယ်တိုင် ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေသူဆိုရင်တော့ ဆန်၊ ဂျုံ၊ အာလူးလိုမျိုး ကယ်လိုရီ များတဲ့အစားအစာတွေကို လျှော့စားပြီး ကိုက်လန်ကို အရ သာရှိအောင် ချက်ပြုတ်လို့ ဗိုက်ပြည့်သွားအောင် စားနိုင်ပါတယ်။ Healthy Kale Recipes တွေကို သင်အင်တာနက်မှာ အချိန်ခဏပေးလို့ ရှာဖွေလိုက်တာနဲ့ တစ်သီတစ် တန်းကို တွေ့ရပါလိမ့်မယ်။

မျက်စိကျန်းမာရေး
    သက်လတ်ပိုင်းအရွယ်ကစတင်ပြီး  မျက်စိမှာ တိမ်စွဲတဲ့ပြဿနာကို လူအများစု  ကြုံတွေ့ရနိုင် ပါတယ်။ အကြောင်းအရင်း အတိအကျကို မသိရှိရသေးပေမဲ့ မှန်ကန်စွာစားသောက် နေထိုင်ပေး မယ်ဆိုရင်တော့ လုံးဝမဟုတ်တောင် ရာခိုင်နှုန်း
တော်တော်များများ ကာကွယ်မှုပေးနိုင်ပါတယ်။ ကိုက်လန်မှာ Lutein နဲ့ Zeaxanthin လို့ခေါ်တဲ့ မျက်စိအတွက် မရှိမဖြစ်လိုအပ်သော အဟာရဓာတ်တွေပါဝင်ပြီး အတွင်းတိမ်၊ မျက်စိမှုန်ခြင်းစတဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ University of Maryland Medical Center ပညာရှင်တွေ ပြောဆိုထားပါတယ်။

Detox ဂုဏ်သတ္တိ
    ကိုက်လန်မှာ Glucosinolates အမည်ရဆာလ်ဖာ ကြွယ်ဝတဲ့ သဘာဝဓာတ်ပေါင်းတစ်မျိုး ပါဝင်ပြီး အဆိပ်အတောက်တွေကို သန့်စင်ပေးတဲ့ အင်ဇိုင်းထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး အသည်းရဲ့လုပ်ဆောင်ချက်တွေကို ပိုမိုတိုးတက်စေ ပါတယ်။ ဒါကြောင့်သင့်ရဲ့ Detox Foods စာရင်းထဲထည့်သွင်းထားသင့်ပါတယ်။ ကိုက်လန်က Glucosino-lates ပါဝင်မှု အမြင့်ဆုံး အစိမ်းရောင်အရွက်ဖြစ်ပါတယ်။

နံပါတ်(၁) အစိမ်းရောင် အရွက်
    အကြောင်းရင်းကတော့ လှီးဖြတ်ထားတဲ့ ကိုက်လန်ပန်းကန်လုံးတစ်လုံးစာမှာ ကယ်လိုရီ ပမာဏ ၃၃ သာရှိပြီး အမျှင်ဓာတ် ၅ ဂရမ်၊ ပရိုတင်း ၃ ဂရမ်၊ အခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အပြည့်ပါဝင်ကာ အဆီပါဝင်မှုကတော့ သုည ဂရမ်
ဖြစ်ပါတယ်။ ဒါ့အပြင် ကိုက်လန်မှာ Anti-imflammatory နဲ့ Antioxidant ဂုဏ်သတ္တိနှစ်မျိုးလုံးရှိတဲ့ Flavonoid လည်း ပါဝင်ပါတယ်။ ဒါကြောင့် နံပါတ်(၁)အဆင့်ရှိ အစိမ်းရောင် အရွက်လို့သတ်မှတ်ရခြင်း ဖြစ်ပါတယ်။
Ref;Lifehack