သင့်သိထားသင့်တဲ့ သံပရာရည်ရဲ့ ကောင်းကျိုး (၉)မျိုး

    လူတွေ အသက်ရှင်သန်ဖို့ အရေးကြီးဆုံး အရာက ရေဖြစ်ပါတယ်။ လူသားတွေရဲ့ ခန္ဓာကိုယ်ကိုလည်း အဓိကအားဖြင့် ရေဖြင့်ဖွဲ့စည်းထားပြီးတစ်ရက်အတွင်း ရေဘယ်လောက်သောက်သုံး သလဲဆိုတာက သင့်ကျန်းမာရေးအတွက် အရေး
ကြီးတဲ့ အရာဖြစ်လာပါတယ်။ တစ်ရက်ကို အနည်းဆုံး ရေ (၈) ခွက်လောက် သောက်သုံးပေးသင့်တယ် လို့ ပညာရှင်တွေ ဆိုထားပါတယ်။ နွေရာသီလို ပူပြင်းတဲ့ အချိန်တွေမှာတော့ အဲဒီပမာဏထက် ပိုသောက်ဖို့ လိုအပ်ပါတယ်။ ရေသောက်ခြင်းနဲ့ အခြားကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါ စတဲ့ ဖျော်ရည်လို သောက်စရာများသောက်ခြင်းကလည်း ကွာခြားမှုရှိပါတယ်။ ရေငတ်ပြေစေနိုင်ပေမဲ့လို့ ခန္ဓာကိုယ်ရဲ့ ရေဓာတ်လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်
ခြင်း မရှိပါဘူး။
    ရေဟာ အရောင်အဆင်း အနံ့အရသာမဲ့တာကြောင့် တစ်ရက် ရေ (၈) ခွက်သောက်ဖို့ဆိုတာ အချို့လူတွေအတွက် စိန်ခေါ်မှုကြီး ဖြစ်လာနိုင်ပါ တယ်။ ဒါကြောင့် သင့်ရဲ့ ရေ(၈)ခွက်ကို ဘယ်လိုအကျိုးရှိအောင် လုပ်နိုင်မလဲ။ ရေစင်စင်ဆေးထား တဲ့ သံပရာသီးအလုံးလိုက်ကို ပါးပါးလှီးပြီး သင်သောက်မယ့်ရေခွက်ထဲ၊ ဘူးထဲမှာ ထည့်စိမ်ထားခြင်းက ရေရဲ့အရသာကို အနည်းပြောင်းလဲစေပြီး လတ်ဆတ်သင်းပျံ့တဲ့ အနံ့ကြောင့်သင့်ကို ရေ
သောက်မိဖို့ လွယ်ကူစေပါလိမ့်မယ်။ သံပရာသီးကို အကွင်းလိုက်လှီးပြီး စိမ်ထားတဲ့ သံပရာရည် (Lemon Water) ကရော သင့်ကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်ပါသလား။

အစာချေ လမ်းကြောင်းအတွက်
    ခန္ဓာကိုယ်အတွင်းပိုင်းက အဆိပ်အတောက် အညစ်အကြေးတွေကို  ဖယ်ထုတ်ဖို့အတွက် သံပရာသီး စိမ်ထားတဲ့ရေဟာ အကောင်းဆုံးနဲ့ ဘေးအကင်းဆုံးအရာလို့ ဆိုနိုင်ပါတယ်။ အဆိပ်အတောက်တွေ ကင်းစင်သွားပြီလို့ သင်ယူဆပြီး နောက်ပိုင်းမှာရော Lemon Waterက ဆက်လက်ပြီး ဘယ်လိုအကျိုးပြုနိုင်ပါသလဲ။ သင့်ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ကင်းစင်သွားပြီးနောက်  အစာချေစနစ်က စတင်ပြီး အပြည့်အ၀ လည်ပတ်လာပါလိမ့်မယ်။ အ
စာချေလမ်းကြောင်း မကျန်းမာတဲ့လူတွေမှာတော့  တစ်ခါတရံ လေပွခြင်း၊ ပျို့အန်ခြင်း၊ ရင်ပူခြင်းစတဲ့ ဝေဒနာတွေ ခံစားရလေ့ရှိပါတယ်။ သံပရာသီးအကွင်းလိုက် စိမ်ထားတဲ့ ရေနွေးနွေးသောက်ပေးခြင်းက အဆိုပါဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။ ပိုကောင်းတဲ့ ရလဒ်အတွက်ပျားရည်အနည်းငယ်ရောစပ်ပြီး သောက်သုံးနိုင်ပါတယ်။

ကိုယ်ခံစွမ်းအား အတွက်
    ကိုယ်ခံစွမ်းအား နည်းနေတဲ့လူတွေ၊ ကိုယ်ခံစွမ်းအားမြှင့်တင်ဖို့ လိုအပ်နေတဲ့လူတွေ သံပရာရည် သောက်ပေးနိုင်ပါတယ်။ သံပရာသီးရဲ့ ဗီတာမင် C ပါဝင်မှုနှုန်း မြင့်မားမှုအကြောင်း သင်သိထားပြီး ဖြစ်မှာပါ။ ဗီတာမင် C ဟာ ခန္ဓာကိုယ်ကို ပြင်ပက တိုက်ခိုက်လာမယ့် ကူးစက်မှုအမျိုးမျိုးကို ပြန်လည် တိုက်ဖျက်ပေးနိုင်ပါတယ်။ သံပရာသီးမှာ ပါဝင်တဲ့ Ascorbic Acid ဟာ Anti-inflammatory ဂုဏ်သတ္တိဆောင်ပါတယ်။ ဒါကြောင့် နှာစေချောင်း
ဆိုးခြင်းကဲ့သို့သော ရောင်ရမ်းမှုကြောင့် ဖြစ်တဲ့ ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ အအေးမိထားချိန်မှာ သံပရာသီးစိမ်ထားတဲ့ ရေနွေးနွေးသောက်ပေးမယ်ဆိုရင် ဘက်တီးရီးယားတွေကို လျင်လျင်မြန်မြန် တိုက်ထုတ်ပစ်နိုင်ဖို့ အကူအညီ ဖြစ်စေပါလိမ့်မယ်။

ကြည်လင်တဲ့ အသားအရေ
    သံပရာသီးက ဗီတာမင်များ (အထူးသဖြင့် ဗီတာမင် C) နဲ့ ဖွဲ့စည်းထားတာဖြစ်သလို Antioxi-dant အမျိုးအစားအတော်များများလည်း ပါဝင်ပါတယ်။ အားလုံးပေါင်းစပ်လိုက်တဲ့ အခါမှာတော့ အရေးအကြောင်းနဲ့ အသားအရေ ပျက်စီးခြင်းတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက် သဘာဝထွက်ကုန် ဖြစ်သွားပါတော့ပါတယ်။ သံပရာရည်ကို အမာရွတ်တွေ၊ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမည်းစက်တွေအပေါ် တို့ပေး လိမ်းပေးတဲ့အခါ သိသိသာသာ သက်သာ လာတာကို တွေ့ရမှာပါ။ ဒါ့အပြင် သံပရာသီး စိမ်ထားတဲ့ရေကို ပုံမှန်သောက်တဲ့အခါ အသားအရေ သိသိသာသာ ကြည်လင်လာတာကို သင်ကိုယ်တိုင် ခံစားမိမှာပါ။

လန်းဆန်းစေနိုင်ခြင်း
    သံပရာသီးရဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့  Antioxidant တွေက သင့်ခန္ဓာရဲ့ ကိုယ်တွင်းအင်္ဂါအဖွဲ့အစည်းတွေကို  လိုအပ်သလို ထောက်ပံ့ပေးပြီး လန်းဆန်းတက်ကြွစေနိုင်တယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှုဖြစ်တဲ့အချိန်၊ စိတ်ပူပန်ပြီး ပင်ပန်းတဲ့ အချိန်တွေမှာ ထွက်ပေါ်လာလေ့ရှိတဲ့ ဟော်မုန်းတွေ၊ အိုင်းရင်းတွေကိုလည်း သံပရာရည်က လျော့ပါးစေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အိတ်ထဲမှာဖြစ်စေ၊ အလုပ်စားပွဲပေါ်မှာဖြစ်စေ သံပရာသီး စိမ်ထားတဲ့ ရေတစ်ပုလင်းဆောင်ကို ဆောင်ထား
သင့်တယ်လို့ မူရင်းစာရေးသူက အကြံပြုထားပါတယ်။

ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ခြင်း
    သံပုရာရည်က သင့်ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာ အသုံးဝင်ကြောင်း ဆောင်းပါးရဲ့ အစပိုင်းမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များစွာအရ သံပရာရည်က ခန္ဓာကိုယ် တစ်ခုလုံးကို သန့်စင်ပေးနိုင်ကြောင်း သိသာတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့ရပါတယ်။ သံပရာသီးကို ချဉ်တဲ့အရသာ ဖြစ်ပေါ်စေတဲ့ Citric Acid Enzyme တွေက အဆိပ်အတောက် ဖယ်ရှားတဲ့ လုပ်ငန်းဆောင်ရွက်နေတဲ့ ဇီဝအဖွဲ့အစည်းတွေကို တက်ကြွလှုပ်ရှားလာအောင် ဆောင်ရွက်ပေးလေ့ရှိပါတယ်။ သံပရာသီးကို ဘယ်လိုပုံစံမျိုးနဲ့ စားသုံးသည်ဖြစ်ပါစေ သင့်ရဲ့သွေးကို သန့်စင်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ သံပရာသီးဟာ ဆီးလမ်းကြောင်း ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါ
တယ်။ သံပရာသီးကို တစ်နည်းနည်းနဲ့ စားသုံးပြီးတဲ့အခါ ခန္ဓာကိုယ်အတွင်းက အညစ်အကြေးတွေကို ဆီးထဲကတစ်ဆင့် ထွက်သွားအောင် လှုံ့ဆော်ပေးတယ်လို့ ပညာရှင်တွေ ဆိုထားပါတယ်။

အနာကျက် မြန်စေခြင်း
    သံပရာသီးရဲ့ နောက်ထပ်အသုံးဝင် ဂုဏ်သတ္တိတစ်မျိုးကတော့ အနာကျက်မြန်စေခြင်း ဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ အနာကျက်စေတဲ့ ဆေးဝါးတော်တော်များများရဲ့ အဓိက ပါဝင်ပစ္စည်းက Ascorbic Acid ဖြစ်ပါတယ်။ သံပရာသီးမှာ တွေ့ရတဲ့ Acid တစ်မျိုးလို့ဆိုရင်လည်း မမှားပါဘူး။ Ascorbic Acid  အနာတွေ အကျက်မြန်စေရုံသက်သက် လိုအပ်တဲ့ Acid ဓာတ် တစ်မျိုးမဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ အရိုးတွေ၊ အရိုးနုတွေ၊ အရွတ်တွေသန်မာဖို့ အဓိကလိုအပ်တဲ့ Acid လည်းဖြစ်ပါတယ်။ အစပိုင်းမှာ ဖော်ပြခဲ့သလိုပဲ သံပရာသီးရဲ့ Anti- inflammatory အစွမ်းကြောင့် အနာတွေရင်းပြီး ရောင်ရမ်းတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

သင်းပျံ့တဲ့ခံတွင်းရနံ့ အတွက်
    သံပရာရနံ့ကို လူတိုင်း နှစ်သက်ကြလိမ့် မယ်လို့ ထင်ပါတယ်။ အေးမြပြီး လန်းဆန်းတဲ့ ရနံ့လို့ ဖော်ပြနိုင်ပါတယ်။ ဒါကြောင့် လတ်ဆတ်တဲ့ ခံတွင်းရနံ့အတွက် သံပရာသီးကို အသုံးပြုလို့မရနိုင်ဘူးလားလို့ မေးလိုပါတယ်။ ခံတွင်းအနံ့ဆိုး
အတွက် ပီကေ၀ါးခြင်း၊ ဆေးဖျန်းခြင်း စတဲ့ နည်းလမ်းများကို သင်အားကိုးနိုင်ပါတယ်။ ဒါပေမဲ့ အနည်းဆုံး ဓာတုပစ္စည်း တစ်မျိုးမျိုးကိုတော့ သင်ထိတွေ့ရမှာပါပဲ။ ထိရောက်ပြီး ဘေးကင်းတဲ့ နည်းလမ်းရှိနေပါတယ်။ သံပရာသီးစိတ်လေးတွေ
ကို ကိုက်ဝါးနေတာမျိုး၊ သံပရာသီးကို အကွင်းလိုက်လှီးပြီး စိမ်ထားတဲ့ရေကို သောက်ပေးတာမျိုး စတာတွေကလည်း သင့်ခံတွင်းရနံ့ဆိုးကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် သံပရာသီးမှာ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်တဲ့အစွမ်းလည်း ရှိနေပါသေးတယ်။ သွားကိုက်ခြင်းကို သက်သာစေနိုင်ပြီး ခံတွင်းအနံ့ဆိုးတွေကို ရှင်းလင်းပေးနိုင်စွမ်း ရှိပါတယ်။

ကော်ဖီ အစားထိုး
    ကော်ဖီကိုနှစ်ပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးလာခဲ့ပြီး ကျန်းမာရေး အခြေအနေကြောင့် ကဖိန်းနဲ့ ပြတ်ဆဲရတော့မယ့် အချိန်ရောက်ပြီဆိုပါစို့။ သင့်အတွက် ခက်ခဲတဲ့အချိန်တွေ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ သံပရာသီးကို ရေ
စင်စင်ဆေးလို့ အကွင်းလိုက်လှီးပြီး စိမ်ထားတဲ့ ရေတစ်ပုလင်းကို သာဆောင်ထားလိုက်ပါလို့ အကြံပြုလိုပါတယ်။

ကိုယ်အလေးချိန် ကျဆင်းစေဖို့
    သံပရာသီးမှာ ပါဝင်တဲ့ သတ္တုဓာတ်တွေက အယ်ကာလိုင်း အမျိုးအစားဖြစ်ပါတယ်။ အယ်ကာလိုင်း Diet က အခြား Diet တွေနဲ့ နှိုင်းယှဉ်တဲ့ အခါ ကိုယ်အလေးချိန်ကို ပိုကျစေတယ်လို့ ကျွမ်းကျင်သူတွေ ဆိုပါတယ်။ Pectin Fiber အမည်ရ
သံပရာသီးရဲ့ အမျှင်ဓာတ်က အစာခြေလမ်းကြောင်းကို လှုံ့ဆော်ပေးနိုင်ပြီး ပြည့်ဝနေသလို ခံစားရစေနိုင်တာကြောင့် အခြားအစားအစာတွေ လိုတာထပ်ပိုမစားမိအောင် တားဆီးပေးနိုင်ပါတယ်။ သင် သံပရာရည်ကို ပုံမှန်သောက်တဲ့ အကျင့်
စတင်ပြီး မကြာခင်မှာပဲ ပိုမိုလန်းဆန်းလာတဲ့ စိတ်၊ တက်ကြွလာတဲ့ ခန္ဓာကိုယ်နဲ့ ကျဆင်းသွားတဲ့ ပေါင်ချိန်စက်ပေါ်က ဂဏန်းတွေကို မြင်တွေ့လာရမှာပါ။
Ref; wmnlife.com