နံနက်ခင်းမှာ စားဖြစ်အောင်စားပါ

    ဘယ်သူမဆို အလုပ်များနေကြတဲ့ ခေတ်ကို ရောက်ရှိနေပါတယ်။ ရုံးကို အချိန်မီ ရောက်အောင် လို့ ဖြစ်စေ၊ အိပ်ချိန်လေး အနည်းငယ် ပိုထွက်လာဖို့ ဖြစ်စေ မနက်စာမစားကြတဲ့ လူတွေများလာတဲ့ ခေတ်လို့လည်း ဆိုနိုင်ပါတယ်။ အကယ်၍ သင် ကိုယ်တိုင်က မနက်စာ စားလေ့မရှိသူဆိုရင်တော့ သင်ဟာ သင့်ခန္ဓာကိုယ်အတွက် အဓိက ရန်သူ ဖြစ်ပါတယ်။ မနက်စာမစားခြင်းက သင့်ရဲ့ ကိုယ် အလေးချိန်နဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု များစွာ ဖြစ်ပေါ်စေပြီး တစ်နေ့တာ အတွက် အာရုံစူး စိုက်နိုင်မှု စွမ်းရည်ကိုလည်း ကျဆင်းစေနိုင်ပါ တယ်။ ဆန့်ကျင်ဘက်အနေနဲ့ မနက်စာ ပုံမှန်စား သောက်ပေးခြင်းက ရရှိနိုင်မယ့် အကျိုးများစွာ လည်း  ရှိနေပါတယ်။ သင်ဘာကြောင့် မနက်စာကို မဖြစ်မနေ စားသင့်ပါသလဲ။ သင့်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို တိုးမြှင့်ဖြစ်ပျက်စေပါတယ်

    သင်မနက်ခင်း အိပ်ရာမှနိုးလာတဲ့ အချိန်၊ အနည်းဆုံး (၈)နာရီကြာ အစားမစားဘဲ နေခဲ့ရပြီး ဖြစ်ပါတယ်။ ဒါကြောင့် အိပ်စက်နေရတဲ့ အချိန် အတောအတွင်းမှာ သင့်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေဟာ နှေးကွေးနေလေ့ရှိပြီး အဆိုပါ နှေးကွေးသွားတဲ့ ခန္ဓာကိုယ်ရဲ့ အသက်ရှင်မှုဆိုင်ရာ လုပ်ငန်းဆောင် တာများ ပုံမှန်အတိုင်းပြန်လည် အလုပ်လုပ်ဖို့ မနက် ခင်း အိပ်ရာနိုးလာချိန်မှာ နှိုးဆွပေးဖို့ လိုအပ်ပါ တယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာကို ခပ်များများစားသုံးပြီး ခန္ဓာကိုယ်ရဲ့ဒီ သဘာဝဖြစ်စဉ်အပေါ် သင်အမြတ်ထုတ် အကျိုး ကျေးဇူးရယူနိုင်ပါတယ်။ ဇီဝကမ္မ ဖြစ်ပျက်မှုတွေ ပုံမှန်အတိုင်း မြန်မြန်ဆန်ဆန်လည်ပတ်လာခြင်းက သင့်ရဲ့ ခန္ဓာကိုယ် အလေးချိန်ကို ပုံမှန်အတိုင်း ထိန်း သိမ်းထားဖို့ အလွန်အထောက်အကူ ပြုနိုင်ပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်
    ခန္ဓာကိုယ်အလေးချိန် ပုံမှန်အတိုင်း ရှိနေ ပြီ ဆိုကတည်းက သင်အ၀လွန်လာမှာကို စိုးရိမ်ပူ ပန်နေစရာ မလိုအပ်တော့တဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာကို ပုံမှန်စားပေးခြင်းက သင့်ရဲ့ကိုယ်အလေးချိန် မတက်လာဖို့၊ ပုံမှန်အနေအထားမှာ ထိန်းသိမ်းထား နိုင်ဖို့ အလွန်အသုံးဝင်တဲ့ မဟာဗျူဟာ တစ်ခုဖြစ် တယ်လို့တောင် ပညာရှင်တွေ ထောက်ခံချက် ပေးထားပါတယ်။ မနက်စာကို ပြည့်ပြည့်၀၀ စား သုံးထားမယ်ဆိုရင် နေ့လည်စာစားချိန်မှာ အလွန် အမင်း ဗိုက်ဆာနေမှာ မဟုတ်တာကြောင့် အစား များများ စားမိတော့မှာ မဟုတ်ဘဲ အချိုနဲ့  သရေစာ တွေ စားလိုစိတ်လည်း ရှိမှာမဟုတ်တော့ပါဘူး။ မနက်စာစားထားသူ တစ်ယောက်ဟာ ထိုနေ့တစ် နေ့အတွင်းမှာ အခြားသရေစာ စားလိုစိတ်နဲ့ အာ သာမပြေတဲ့ ခံစားမှုမျိုးလည်း ဖြစ်ပေါ်လာနိုင်ချေ နည်းတယ်လို့ ပညာရှင်တွေက လေ့လာမှုတွေက တစ်ဆင့်ရရှိလာတဲ့ အချက်အလက်တွေအပေါ် သုံးသပ်ပြီး ပြောဆိုထားပါတယ်။

သင့်ရဲ့စွမ်းရည်ကို ပိုမိုကောင်းမွန်စေပါတယ်
    ငယ်ငယ်က သင်ခဲ့ရတဲ့ ကျောင်းသင်ခန်း စာက ကဗျာလေးမှာ မနက်စာစားတဲ့ အကြောင်းပါ တာကို သင်မှတ်မိဦးမှာပါ။ ဦးနှောက်နဲ့ ကိုယ်ခန္ဓာ ဖွံ့ဖြိုးနေတဲ့ ကလေးငယ်များအတွက် အာဟာရ ပြည့်ဝတဲ့ မနက်စာကိုစားဖို့ အလွန်ပဲအရေးပါပါ
တယ်။ မနက်စာကို၀၀လင်လင် စားထားတဲ့ ကလေး တစ်ယောက်က လန်းဆန်းတက်ကြွပြီး အာရုံစူးစိုက် မှု အပြည့်အ၀ရှိကြတယ်လို့ ပညာရှင်တွေ ပြောဆို ထားပါတယ်။ ကလေးတွေတင်မက လူကြီးတွေမှာ ပါ အလားတူအကျိုးသက်ရောက်မှု ရှိပါတယ်။
    အစားအစာကနေတစ်ဆင့် ခန္ဓာကိုယ်တစ် ခုလုံးအတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ရရှိနိုင်တာ ကြောင့် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဦးနှောက်ကိုလည်း အကျိုးသက်ရောက်မှု ရှိတာကို သံသယဖြစ်ဖို့ မလိုအပ်ပါဘူး။ အစပိုင်းမှာ ဖော်ပြ ထားပြီးသလိုပဲ အိပ်စက်နေချိန်က တစ်ရက်တာအ တွင်း သင်ဘာမှမစားဘဲနေတဲ့ အကြာဆုံးအချိန် ကာလ အပိုင်းအခြားဖြစ်တာကြောင့် နိုးလာပြီး နောက်ပိုင်းမှာ သင့်ရဲ့သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေဖို့ အစားအသောက်စားပေးဖို့ လိုကို လိုအပ်ပါတယ်။
    အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် မနက်စာ မစားမိဘူးဆိုရင် သွေးတွင်းသကြားဓာတ် ပမာဏ မတည်မငြိမ်ဖြစ်လာပြီး ငိုက်မျဉ်း ထိုင်းမှိုင်း လာနိုင်ပါတယ်။ ဒါ့အပြင် စားသုံးထားတဲ့ မနက် စာထဲမှာပါတဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ၊ Fatty Acid တွေက သင့်ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တာကြောင့် မနက်စာစားထားတဲ့ နေ့မှာ သင့်ရဲ့အာရုံစူးစိုက်နိုင်မှု သိသိသာသာ ကောင်းမွန်နေတာကို သင်သတိထားမိလာပါလိမ့် မယ်။ ဒါကြောင့် သင့်ရဲ့ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာကို မပျက်မကွက် စားသောက်ပေးပါ။

သင့်ကို ရွှင်လန်းတက်ကြွစေပါတယ်
    နာမည်ကြီး ချောကလက်အမှတ်တံဆိပ် Snickers ရဲ့ ဆောင်ပုဒ်က “ဗိုက်ဆာနေတဲ့အချိန် သင်ဟာ သင်မဟုတ်ပါ” ဆိုပြီး ဖြစ်ပါတယ်။ ဗိုက် ဆာနေတဲ့ လူတစ်ယောက်အတွက် အရာရာဟာ ပြဿနာတွေ ဖြစ်နေတတ်ပါတယ်။ ဗိုက်ဆာနေ တဲ့အချိန်မှာ လူတစ်ယောက်ရဲ့ စိတ်နေသဘော ထားနဲ့ စိတ်ခံစားချက်ဟာ အနှုတ်သဘောဆောင် တဲ့ဖက်ကို ရောက်နေလေ့ရှိပြီး လူအများနဲ့ ထိတွေ့ ဆက်ဆံရတဲ့ လုပ်ငန်းခွင်မှာဆိုရင်တော့ အကြီးအကျယ် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့  အခြေအနေတစ်ခု ဖြစ်လာနိုင်ပါတယ်။ ယေဘုယျအား ဖြင့် ဗိုက်ပြည့်နေတဲ့လူတွေဟာ ဗိုက်ဆာနေတဲ့လူ တွေထက် ပိုပြီးရွှင်ရွှင်ပျပျနဲ့ တက်တက်ကြွကြွ ရှိတတ်ပါတယ်လို့ ပညာရှင်တွေ ဆိုထားပါတယ်။ ဒါကြောင့် သင့်ရဲ့ တစ်နေ့တာကို ရွှင်လန်းတက်ကြွ စွာ ဖြတ်သန်းလိုတယ်ဆိုရင်ဖြင့် မနက်ခင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များကို ပြည့်ဝအောင် စားထားသင့်ပါတယ်။

ရွေးချယ်သင့်တဲ့ မနက်စာ
    ဒါပေမဲ့ မနက်စာအဖြစ်စားသောက်လေ့ရှိ တဲ့ အစားအသောက်တိုင်းက ကျန်းမာရေးနဲ့ ညီ ညွတ်မှုရှိတယ်လို့ တစ်ထစ်ချဆိုလို့ မရနိုင်ပါဘူး။ ဒါကြောင့် မနက်စာကို မဖြစ်မနေ စားတော့မယ်လို့ ဆုံးဖြတ်ချက်ချပြီးနောက် သင်စားမယ့် မနက်စာ
မှာ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိပြီး အာဟာရတန်ဖိုးမြင့်မားတဲ့ အစားအသောက်များ ပါဝင်ဖို့လည်း လို အပ်ပါသေးတယ်။ ဂျုံ၊ စပါး စတဲ့ ကောက်နှံ တစ် မျိုးမျိုးနဲ့ ပြုလုပ်ထားတဲ့ အစားအစာ၊ နို့တစ်မျိုးမျိုး၊ ကြက်ဥနဲ့ အသီးအနှံ စတာတွေ ကို နေ့စဉ်စားမယ့် အခြေခံအစားအစာများအဖြစ် သတ်မှတ်ရွေးချယ် နိုင်ပါတယ်။ အဆိုပါ အစားအသောက်တွေမှာ ခန္ဓာကိုယ်က တစ်နေ့တာ လှုပ်ရှားမှုများအတွက် လိုအပ်တဲ့ စွမ်းအင်၊  ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါ
ဝင်ပါတယ်။
Ref;Lifehack