စားပေးသင့်တဲ့ ရုံးပတီသီး

    မြန်မာလိုတော့ ရုံးပတီသီး။ လူ့လက်ချောင်း လေးတွေလိုပဲ သွယ်သွယ်ရှည်ရှည် ပုံစံရှိတာကြောင့် အင်္ဂလိပ်လိုတော့ Lady Finger (တစ်နည်း) အမျိုးသမီးလေးရဲ့ လက်ချောင်းလေးများ။ အဆိုပါ ရုံးပတီသီးတွေမှာ အာဟာရတန်ဖိုးပါဝင်မှု မြင့်မား တာကြောင့် Super Food စာရင်းဝင် သီးနှံတစ်မျိုး လည်း ဖြစ်ပါတယ်။ ရုံးပတီသီးရဲ့ ပါဝင်အာဟာရ တွေက သင့်ရဲ့ ကျန်းမာရေးကို ဘယ်လိုအကျိုးပြု နိုင်ပါသလဲ…။

ကျန်းမာတဲ့ အစာချေစနစ်အတွက်
    အစာလမ်းကြောင်းနဲ့ အစာချေစနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမျှင်ဓာတ်တွေ ရုံးပတီသီးမှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ရုံးပတီသီးမှာပါဝင်တဲ့ ပျော်ဝင်အမျှင်ဓာတ်ရဲ့ ဂုဏ်သတ္တိက သင့်ကို ၀မ်း မှန်စေပြီး ရေဓာတ်ကိုလည်း ထိန်းပေးနိုင်ပါ တယ်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် သင့်ရဲ့ ၀မ်းတွင်း အစာသစ်၊ အစာဟောင်းများကို ပုံမှန်ရွေ့ လျားစေဖို့လည်း အထောက်အကူပြုနိုင်ပါတယ်။  အစာလမ်းကြောင်းရဲ့ ကျန်းမာရေး ကောင်းမွန်နေ တယ်ဆိုတာက ခန္ဓာကိုယ်တစ်ခု လုံးရဲ့ ကျန်းမာရေး ကောင်းမွန်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

လှပတဲ့အသားအရေအတွက်
    ရုံးပတီသီးမှာ အသားအရေအတွက် အဓိက ကျတဲ့ ဖြည့်စွက် ဗီတာမင် တစ်မျိုးပါဝင်ပါတယ်။ အဆိုပါ ဗီတာမင်က ဗီတာမင် A အမျိုးအစားဖြစ်ပြီး နူးညံ့တဲ့ အသားအရေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်လည်း ဖြစ်ပါတယ်။ ဒါအပြင် ဗီတာမင် A  က ၀က်ခြံပေါက်ခြင်းကို တားဆီးပေးနိုင်သလို ပေါက် ပြီးသားဝက်ခြံတွေ ရောင်ရမ်းတာမျိုး၊ နီရဲလာတာ မျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရုံးပတီသီးမှာ အသားအရေ စိုပြေ၀င်းလက်ဖို့ အလွန်အထောက်အကူပြုနိုင်တဲ့ ဗီတာမင် C လည်း ပမာဏအတော်များများ ပါဝင် တာကြောင့် လှပနုပျိုတဲ့ အသွင်အပြင် ပိုင်ဆိုင်လို တဲ့သူများအတွက် အားထားစရာ သဘာဝဓာတ်စာလို အားကိုးလို့ ရနိုင်ပါတယ်။
    ဒါ့အပြင် ရုံးပတီသီးရဲ့ အာဟာရဓာတ်တွေ က အသားအရေကျန်းမာလှပမှုအတွက် မရှိမဖြစ် တဲ့ Collagen ထုတ်လုပ်မှုကို တိုးတက်စေပြီး သေသွားတဲ့ ဆဲလ်တွေအစား ဆဲလ်အသစ်တွေ ပြန်လည်ဖြစ်ပေါ်လာစေဖို့လည်း ကူညီပေးနိုင်ပါ
တယ်။ အရေပြားမှာမှာ အမည်းစက် အမည်းကွက် ဖြစ်ပေါ်ခြင်းကို တားဆီးပေးနိုင်သလို အသက်အ ရွယ်ကြောင့် အရေပြားပေါ်မှာ အရေအကြောင်း တွေ ဖြစ်ပေါ်လာခြင်းကိုလည်း အတိုင်းအတာ တစ်ခု အထိကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ် တိုးတက်ဖို့အတွက်
    ရုံးပတီသီးမှာ အလျှံပယ်ပါဝင်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေက ကိုယ်ခံစွမ်းအား မြင့်မားလာ အောင် ကူညီပေးနိုင်ပါတယ်။ ရုံးပတီသီးမှာ ပါဝင် တဲ့  မဂ္ဂနိစ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ကယ်လ်ဆီယမ် စတဲ့ သတ္တုဓာတ်တွေက ခန္ဓာကိုယ်ကို ဒုက္ခပေးမယ့် ပြင်ပကအရာတွေကို တိုက်ဖျက်ပေးနိုင်သလို ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအား တိုးတက်လာအောင် လည်း  လုပ်ဆောင်ပေးနိုင်ပါတယ်။
    ရုံးပတီသီးနဲ့ ဗီတာမင် C ကို သင်ဆက်စပ်ပြီး စဉ်းစားဖူးပါသလား။ ရုံးပတီသီး ၁၀၀ ဂရမ် မှာ သင် တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် C ပမာဏ ရဲ့ ၃၈% ပါဝင်ပါတယ်။  ဗီတာမင် C ဟာ သင့်ရဲ့ ကိုယ်ခံစွမ်းအား ကောင်း မွန်ဖို့နဲ့ ပြင်ပက ကူးစက်လာတဲ့ ရောဂါပိုးများကို ပြန်လည်တိုက်ထုတ်မယ့် ခုခံအားစနစ် ကောင်းမွန်ဖို့ အဓိကလိုအပ်တဲ့ ဗီတာ မင်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရုံးပတီသီး က သင့်ရဲ့ထက်မြက်တဲ့ ကိုယ်ခံစွမ်းအားကို တစ်
ဖက်တစ်လမ်းက မြှင့်တင်ပေးနိုင်တယ်လို့ ဆိုကြပါစို့။
 
ကိုယ်ဝန်ဆောင်ချိန် ကျန်းမာရေးအတွက်
    ရုံးပတီသီးမှာ Folic Acid (သို့) Folate ပါဝင်မှု များပြားတာကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေ အတွက် စားသုံးပေးသင့်တဲ့ အသီးအနှံစာရင်းမှာ ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ရုံးပတီသီး စားပေးခြင်းက ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို တိုးတက်စေနိုင်သလို အာရုံကြောစနစ် ဖွံ့ဖြိုးလာဖို့လည်း အထောက်အကူ ပြုပေးနိုင် ပါတယ်။ ကိုယ်ဝန်ပထမ သုံးလပတ်အတွင်းမှာ စားသုံးခြင်းမှ အသိသာအထင်ရှားဆုံး တိုးတက် မှုကို တွေ့မြင်ရတယ်လို့ လေ့လာ မှုတွေက တစ်ဆင့် တွေ့ရှိရတယ်လို့ သိရပါတယ်။ ရုံးပတီသီးမှာ ပါဝင် တဲ့ သံဓာတ်က ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ သံဓာတ်ချို့တဲ့ခြင်း ပြဿနာ ကိုလည်း ဖြေရှင်းပြီးသားဖြစ်စေပါတယ်။

ကင်ဆာရောဂါ ကြိုတင်ကာကွယ်ဖို့အတွက်
    ရုံးပတီစားခြင်းက ကျန်းမာရေးကို ဘယ်လို ထောက်အကူ ပြုနိုင်ပါသလဲ။ Nutrition Journal မှာ ဖော်ပြလာတဲ့ လေ့လာမှုတစ်ခုအရတော့ ရုံး ပတီသီးမှာ ကင်ဆာကို ကာကွယ်နိုင်တဲ့ ဓာတ် ပစ္စည်းတွေက ဘယ်အသီးအနှံထက်မှာမဆို ပိုများ
နေတာကို တွေ့ရပါတယ်လို့ ဆိုပါတယ်။ ရုံးပတီ သီးမှာပါဝင်တဲ့  ဓာတ်ပစ္စည်းတွေဟာ ခန္ဓာကိုယ် ထဲက ဆဲလ်တွေပြင်ပက ၀င်ရောက်လာတဲ့ Free Radical တွေရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးမသွား အောင် ကာကွယ်မှုပေးပါတယ်။ ဒါ့အပြင် အထက် မှာ ဖော်ပြခဲ့ပြီးသလိုပဲ ရုံးပတီသီးမှာ ပျော်ဝင်အမျှင် ဓာတ် မြင့်မားစွာပါဝင်တဲ့အတွက် အစာချေလမ်း ကြောင်းကို ကျန်းမာစေသလို အူမကြီးကင်ဆာကဲ့ သို့သော ကင်ဆာရောဂါများရဲ့ အန္တရာယ်ကို ကာ ကွယ်ပြီးသား ဖြစ်စေပါတယ်။

ကျောက်ကပ်ပြဿနာများ လျော့နည်းစေဖို့ အတွက်
    သုတေသနတွေ ပြုလုပ်အပြီးမှာ ဆီးချို ရောဂါနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေပြုလုပ်အပြီး အသည်းနဲ့ ကျောက်ကပ်ရဲ့ ကျန်းမာရေးအတွက် ရုံးပတီသီးက အထောက်အကူပြုနိုင်ကြောင်း တွေ့ ရှိခဲ့ကြပါတယ်။ လေ့လာမှုမှ တစ်ဆင့်တွေ့ရှိလာတဲ့ ရလဒ်များကို သတင်းထုတ်ပြန်ခဲ့ရာမှာတော့ နေ့စဉ် ရုံးပတီသီးစားသုံးသူများဟာ  ကျောက်ကပ်ပျက်စီး နိုင်ချေ အညွှန်းကိန်းနည်းနေတာကို တွေ့ခဲ့ရတယ် လို့ ဆိုထားပါတယ်။

စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များ တိုးတက်စေရန် အတွက်
    Folate ဒါမှ မဟုတ်ဗီတာမင် B9 ရုံးပတီသီး မှာပါဝင်တဲ့ အဓိက အာဟာရဓာတ်ဖြစ်ပါတယ်။ အဆိုပါ ဗီတာမင်ဟာ သင့်ရဲ့စိတ်အာရုံဖွံ့ဖြိုးမှုနဲ့ ဖန်တီးနိုင်မှု စွမ်းရည်တွေကို အထောက်အကူ ပြု ပေးနိုင်တဲ့ ဗီတာမင်အမျိုးအစား ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေ တိုးတက်စေဖို့ ရုံးပတီသီးကို မကြာမကြာ စားပေး သင့်တယ်လို့ အကြံပြုပါရစေ။

နှလုံးကျန်းမာရေးကောင်းမွန်စေရန် အတွက်
    နှလုံးသွေးကြောကျဉ်းတဲ့ ပြဿနာရဲ့ အရင်း အမြစ်က သွေးထဲမှာ ကိုလက်စထရောတွေ လိုအပ် တာထက် ပိုများလာခြင်းကြောင့် ဖြစ်ပါတယ်။ အဆိုပါ ကိုလက်စထရောတွေ နှလုံးသွေးကြောတွေ ထဲမှာ စုပုံပိတ်ဆို့ လာခြင်းကြောင့် နှလုံးသွေးကြော ကျဉ်းတဲ့ ပြဿနာဖြစ်ပေါ်လာရပါတယ်။  ရုံးပတီ သီးမှာ polyphenol လို့အမည်ရတဲ့ အာဟာရဓာတ် တစ်မျိုး ကြွယ်ဝစွာပါဝင်ပါတယ်။ အဆိုပါ poly-phenol ဟာ ကိုယ်ခန္ဓာရဲ့ ကျန်းမာရေးကို တဖြည်းဖြည်းနဲ့  ဆုတ်ယုတ်လာစေတဲ့ ကင်ဆာနဲ့ နှလုံးသွေး ကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးနိုင်တာ ကို လေ့လာမှုတွေကတစ်ဆင့် တွေ့ရှိထားပြီး ဖြစ် ပါတယ်။ ဒါ့အပြင် polyphenol ဟာ ကိုလက်စထ ရောတွေ သွေးထဲမှာဓာတ်တိုးမှု မဖြစ်အောင် တား ဆီးပေးနိုင်ပြီး သွေးကြောတွေထဲမှာ စုပြုံပြီး ပိတ် ဆို့သွားတာမျိုး မဖြစ်အောင်လည်း ချေဖျက်ပေး နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် ထဲက သင့်ရဲ့နှလုံးသွေးကြောတွေရဲ့ ကျန်းမာရေး ကို အထောက်အကူ ပြုပေးနိုင်မယ့် ရုံးပတီသီးရဲ့ နောက်ထပ်ကောင်းကျိုးတစ်ချက် ဖြစ်ပါတယ်။

ကယ်လိုရီ နည်းတဲ့ ရုံးပတီသီး
    ဗိုက်ပြည့်သွားအောင် စားလည်း ကယ်လိုရီ မတက်ဘူးဆိုတဲ့ အစားအသောက်တွေက ဒီနေ့ ခေတ်ရဲ့ လိုအပ်ချက်အရတော့ နတ်သုဒ္ဓါပါပဲ။ ရုံးပတီသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးတာ ကြောင့် ဒေါင်ဒေါင်မြည်ကျန်းမာရေးနဲ့ ပိန်သွယ်တဲ့
ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့အတွက် အသင့်တော်ဆုံး ရွေးချယ်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အထက် မှာဖော်ပြခဲ့တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို လည်း သင်ရရှိခံစားရဦးမှာပါ။ သင့်ရဲ့ ကျန်းမာရေး အတွက် အလွန်သင့်တော်ကောင်းမွန်တဲ့ ရုံးပတီသီး ကို သင်နေ့စဉ်စားသောက်မယ့် အစားအစာများ စာရင်းမှာ ရံဖန်ရံခါ ဆိုသလို ထည့်သွင်းစားသုံး ပေးပါလို့ တိုက်တွန်းလိုက်ပါရစေ။
Ref;Lifehack