ပြတ်စဲပြီးတဲ့နောက်...

အိမ်ထောင်ရေးပဲဖြစ်ဖြစ်၊ ချစ်ခြင်းတစ်ခုပဲဖြစ်ဖြစ် ပြတ်စဲပြီးတဲ့နောက် ဘယ်လို ဖြတ်သန်းရမလဲဆိုတဲ့နည်းလမ်း တိတိ ပပ မရှိသေးပါဘူး။ ကွဲတဲ့အသည်းကို ကုစားမယ့် နည်းလမ်းတွေက တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ပေမဲ့ ကုသတဲ့ ဖြစ်စဉ် အဆင့်ဆင့်ကတော့ ဘယ်တော့မှ မလွယ်ကူတာ အသေအချာပါ။ အောက်မှာ ဖော်ပြသွားမယ့် နည်းလေးတွေကတော့ နာမည်ကျော်တွေ ဝေမျှထားတဲ့ နည်းလမ်းတွေပါ။

Jennifer Lopez  : ကိုယ့်ကိုယ်ကိုသာ ဦးစားပေးချစ်ပါ...
"ကိုယ့်ကိုယ်ကိုသာ ဦးစားပေးအနေနဲ့ ချစ်ပါ။ တစ်စုံတစ်ယောက် နဲ့ ပျော်ပျော်ရွှင်ရွှင်မနေရခင်တုန်းက တစ်ယောက်တည်းလည်း ပျော်ရွှင်ခဲ့တယ်မဟုတ်လား။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။ ငါလည်းပျော်ရွှင်မှုနဲ့ ထိုက်တန်တယ်လို့ သိထားပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးမထားရင် ကိုယ့်ကိုယ်ကို မချစ်ရင် ဘယ်သူနဲ့ ချစ်ချစ်ပျော်ရမှာ မဟုတ်ပါဘူး”

Jennifer Aniston: နာကျင်ရတာကို လက်ခံလိုက်ပါ…
"၀မ်းနည်းပူဆွေးရခြင်းမှာ အဆင့်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အဲဒီ့ပူဆွေးဝမ်းနည်းခြင်းဟာလည်း တစ်ချိန်ချိန်မှာတော့ သူ့အလိုလို အဆုံးသတ်သွားမှာပါ။ အဲဒီတော့ ကြေကွဲစွာပဲ ဖွင့်ထုတ်လိုက်ပါ။ နာကျင်ရတာကို လက်ခံပါ။ နာကျင်မှုကို ရှောင်တိမ်းဖို့ ကြိုးစားလေလေ၊ ပိုနာကျင်ရလေလေ ဖြစ်သွားပါလိမ့်မယ်”

Rihanna : ပိုကောင်းဖို့ ဖြစ်လာတာလို့ ယုံကြည်ပါ...
"အသည်းကွဲ ရတယ်ဆိုတာလည်း ဆုလာဘ်တစ်ခုပါပဲ။ ငိုနိုင်သလောက် ငိုသာငိုလိုက်ပါ။ အဲဒီ့ လို အမြဲငိုရမှာမဟုတ်ပါဘူး။ တစ်နေ့နေ့မှာ အချစ်ကို နောက်တစ်ကြိမ်တွေ့ပြီး ဒီ့ထက်တောင် ပိုလှတဲ့အချစ် ဖြစ်လာနိုင်ပါသေးတယ်။ ဒီတော့ ဖြစ်သမျှကို ကျေကျေနပ်နပ်သာရှိလိုက်ပါ”

Madonna:  အလုပ်တွေ ဖိလုပ်ပစ်ပါ…
"အဲဒီ့အချိန်တွေတုန်းက အလုပ်က ကျွန်မကို ကယ်ခဲ့တာပဲ။ လူကပစ်လဲမသွားဘဲ အလုပ်တွေအများကြီး လုပ်နိုင်ခဲ့တာကို ကျေနပ်တယ်။ ဘဝဟာ ပြင်ဆင်ချက်တစ်ခုပါ။ အရင်ကနဲ့ မတူတော့တဲ့ အခြေအနေတစ်ခု ဖြစ်သွားတယ်။ ဒါပေမဲ့ အကောင်း နဲ့ အဆိုးက ဒွန်တွဲနေတာ ဓမ္မတာပါ။ အခုလည်း ကျွန်မနေလို့ကောင်းနေတာပါပဲ”

Anne Hathaway: ဒီလိုကြီး ပြီးသွားမှာမှ မဟုတ်တာ…
"သူနဲ့ ကိုယ့် အချစ်က သိပ်အလုပ်မဖြစ်တဲ့အခါ ပြတ်စဲခြင်းကို လက်ခံလိုက်ပါ။ ချစ်လို့ မဖြစ်လို့ ပြတ်စဲလိုက်ရတာကြောင့် နောက်ထပ်မချစ်ရတော့ဘူးဆိုတာကတော့ သိပ်မဟုတ်ဘူး။ ဘ၀က ဒီလိုကြီး ပြီးသွားမှာမှ မဟုတ်တာ”

Eva Longoria: နောက်ထပ် ချစ်လို့ရသေးတယ်…
"အမှန်ဆိုရင်တော့ ပြတ်စဲတဲ့အခါ ဒေါသတွေဖြစ်ရမယ်၊ အော်ဟစ်ပေါက်ကွဲပစ်ရမယ်။ ဒါပေမဲ့ ကျွန်မ အဲ့လိုမဖြစ်ခဲ့ဘူး။ အမှန်အတိုင်း လက်ခံနိုင်တယ်။ ကိုယ့်အချစ်က ဒီတစ်ယောက်နဲ့ အလုပ်မဖြစ်လည်း နောက်တစ်ယောက်နဲ့ အလုပ်ဖြစ်နိုင်လေ”

Taylor Swift: အမူအကျင့်အသစ်တွေ ဖန်တီးပစ်လိုက်…
" အရင့်အရင်တုန်းကတော့ မနက်လင်းလာတာနဲ့ ဖုန်းထဲကနေ “ဟယ်လို အချစ်လေး နေကောင်းလား” ဆိုတဲ့ စာတိုလေးနဲ့ နိုးရတာမျိုး၊ ညဆိုလည်း သူ့တစ်နေ့တာ ဖြတ်သန်းမှုတွေ နားထောင်ရင်း ဖြတ်သန်းရတာမျိုး။ ဒါက ကိုယ်အသားကျခဲ့ရတဲ့ အမူအကျင့်ဟောာင်းတွေမလား။ အဲဒီ့အစား မနက်စောစောနိုးတာနဲ့ သူငယ်ချင်းတွေ စုဖွဲ့စကားပြောတဲ့နေရာကနေ အားလုံးကို နှုတ် ဆက်တာမျိုး၊ ဒီနေ့တော့ ဘာလုပ်ကြမယ်ဟေ့လို့ နှိုးဆော်တာမျိုးနဲ့ အစားထိုးပစ်လိုက်ပါ။ တဖြည်းဖြည်းနဲ့ အမူအကျင့်သစ်တွေနဲ့ အသားကျပြီး နေလို့ ထိုင်လို့ ကောင်းသွားမှာပါ”

Sandra Bullock: ကိုယ်နေချင်တဲ့နေရာမှာ ကိုယ့်ကိုယ်ကိုထားပါ….
"ကျွန်မတို့အားလုံးဟာ ကိုယ်နေချင်တဲ့ နေရာမှာပဲ ရှိနေကြတာပါ။ ကျွန်မဆိုလည်း ကျွန်မလိုချင်တဲ့ဘ၀၊ ဖြစ်ချင်တဲ့နေရာကိုပဲ ရောက်နေတာပါ။ ဘ၀ဆိုတာ နောက်ပြန်သွားလို့မရနိုင်ဘူး။ ကျွန်မလည်း ဘယ်တော့မှ နောက်ပြန်မသွားဘူး။ ကိုယ်ရောက်နေတဲ့ နေရာ၊ ဖြစ်နေတဲ့ အကြောင်းအရာ အားလုံးကို ကျေကျေနပ်နပ်ရှိတယ်။ ဘာဖြစ်လာမယ်ဆိုတာ ကြိုမသိနိုင်လို့ ပြင်ဆင်ထားလည်း အပိုပဲ။ အဲဒီ့တော့ ဖြစ်သမျှကို လက်ခံပြီးတော့ ရှေ့ဆက်ရုံပဲ”