ရန်ဖြစ်ခြင်း အနုပညာ

ချစ်သူစုံတွဲတိုင်း၊ လင်မယားတိုင်း ရန်ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ ရန်ဖြစ်ခြင်းမှာလည်း သူ့အနုပညာနဲ့ သူ ရှိကြောင်း စာရေးသူ Brittany Wong က ဆိုလာပါတယ်။ အောင်မြင်တဲ့စုံတွဲတွေ ဘယ်လိုရန်ဖြစ်တတ်သလဲ ဆိုတာ ရှင်းပြထားတာ ပါ။ လူတစ်ယောက်နဲ့တစ်ယောက် စိတ်အခန့်မသင့်ရင် ရန်ဖြစ်ကြတာ သဘာဝပါ။ ဒါပေမဲ့ လူနှစ်ယောက်ရဲ့ ချစ်ခြင်းဟာ ခရီးရှည် ကြီးဖြစ်တာမို့ ရန်ဖြစ်တာလည်း နည်းလမ်းတကျဖြစ်တတ်ဖို့ လိုပါတယ်။ နည်းလမ်းက (၈) ခုတည်းမို့ အချိန်နည်းနည်းပေးပြီး ဖတ်ကြည့်လိုက်ပါ။

၁။ ပြတ်ပြတ်သားသားတစ်ခါတည်းရှင်း
ဒီလူနဲ့ပဲ တစ်ဘ၀လုံးသွားမယ်လို့ ရည်ရွယ်ထားတဲ့ စုံတွဲတွေဟာ ပြဿနာတစ်ခု ဖြစ်လာလို့ စကားအချေအတင် ပြောကြတဲ့အခါ ပြတ်ပြတ် သားသားတစ်ထိုင်တည်း ပြောတတ်ကြပါတယ်။ သူတို့ နှစ်ယောက်ကြားမှာ မပြောရဲတဲ့ ခေါင်းစဉ်၊  မပြောနိုင်တဲ့ ခေါင်းစဉ် မရှိပါဘူးတဲ့။ ကောဇောအောက်က ဖုန်တွေကို အကုန်ရှင်းသလို ရှင်းပစ် တတ်ကြပါတယ်။

“အေး။ ဟုတ်ပြီ ။ နင်က ဒီအချိန် အလုပ်ပြောင်းမယ်ဆိုတော့ ငါတို့ ဘယ်ချိန်ကလေးယူကြ မှာလဲ” ဆိုတာမျိုး၊ “အဲဒီ့ အလုပ်က နယ်မှာ လုပ်ရ မှာမလား၊ အဲ့နေရာကြီး ငါလိုက်မနေချင်ဘူးနော်” ဆိုတာမျိုး ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိကြပါ တယ်။ အဲဒီ့လို ပွင့်ပွင့်လင်းလင်း ပြောတတ်တာတွေရဲ့ ကောင်းကျိုးကတော့ တအုံနွေးနွေး ဖြစ်လာပြီး တစ်ချိန်ကျမှ ထပေါက်ကွဲတဲ့ဖြစ်ရပ်မျိုး ဖြစ်မလာတော့ပါဘူး။

စုံတွဲတစ်တွဲမှာ တစ်ယောက်နဲ့ တစ်ယောက် ထိန်ချန်ထားတဲ့ ကိစ္စတွေရှိနေပြီဆိုရင် အချစ်ရေးက သာသာယာယာရှိနေရာကနေ ငိုငိုယိုယိုတွေ အချိန်မရွေးဖြစ်လာနိုင်ပါတယ်။ လိပ်ခဲတည်းလည်း ကိစ္စတွေကို လူနှစ်ယောက်ရဲ့ချစ်ခြင်းကြား မရှိရအောင် ပြတ်ပြတ်သားသား တစ်ခါတည်းရှင်းကြပါ။

၂။ အေးအေးဆေးဆေးပြော၊ ဆွေးဆွေးနွေးနွေးပြော
အချေအတင်ငြင်းခုန်ကြခြင်းတွေဟာ သူတို့စတဲ့ ပုံစံအတိုင်းပဲ အဆုံးသတ်လေ့ရှိပါတယ်တဲ့။ ဆိုလိုတာက ပြဿနာကို စပြောကြပြီ ဆိုကတည်း က အော်အော်ဟစ်ဟစ်တွေမလုပ်ဘဲ အေးအေးဆေးဆေးပဲ ဆွေးနွေးဖို့ပါ။ ခံစားချက်ကတော့ လူတိုင်းရှိကြပါတယ်၊ ဒါပေမဲ့ အဲဒီ့ခံစားချက်တွေကို ဆွေးနွေးတဲ့နေရာမှာ အရမ်းထည့်သွင်းပြောဆိုမယ်ဆို ထိရောက်တဲ့ အဆုံးသတ်ကို ရမှာမဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။ 

ရန်ဖြစ်ခြင်းအနုပညာကို ပိုင်နိုင်တဲ့ သူတွေဟာ အချေအတင်ပြောဖို့ ပိုလိုလေလေ၊ အေးအေးေ ဆးဆေြး ဖစ်ဖို့ ပိုလိုလေလေ ဖြစ်တယ်ဆိုတာ ကောင်းကောင်းသိကြပါတယ်။ အေးအေးဆေးဆေးပြောခြင်းက တစ်ဖက်လူရဲ့ စိတ်ကို တည်ငြိမ်မှုပိုဖြစ် စေပါတယ်။ ဒါကြောင့် ဘယ်လောက်ညှိဖို့ခက်တဲ့ကိစ္စပဲဖြစ်ဖြစ် အေးအေးဆေးဆေး ပြောတတ်ပါစေ။ ၀ုန်းဝုန်းဒိုင်းဒိုင်းနဲ့ စဖွင့်လိုက်မယ်ဆို ရလဒ်ကောင်းဖို့မသေချာပါဘူး။ အထူးသဖြင့် အမျိုးသားတွေက အဲဒီ့ ဝုန်းဒိုင်းအခြေအနေတွေကို တုံ့ပြန်မှုအဆိုးတွေပဲ ပြန်ပေးတတ်ပါတယ်တဲ့။

ဆွေးဆွေးနွေးနွေးပြောမယ်ဆို တစ်ဖက်သားကလည်း ဖြစ်တဲ့ပြဿနာကို သေချာနား ထောင်ပြီး သုံးသပ်ဖို့ အခြေအနေ ပေးပါတယ်။ အော် အော်ဟစ်ဟစ်တွေ ဖြစ်နေမယ်ဆို နားထောင်ရတဲ့ တစ်ဖက်သားလည်း ခံစားချက်တွေ ထွေပြားကုန်တာ ဓမ္မတာပါ။

၃။ ပိုးစိုးပက်စက် မပြောကြေး
ဒီလူနဲ့ ပဲ ခရီးရှည်ကြီးကို လျှောက်မယ်လို့ ဆုံးဖြတ်ထားသူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ကြရင်တောင် သူ့ကိုတော့ဖြင့် ငါက မထောင်နိုင်အောင် အလဲထိုးပစ်လိုက်မယ်ဆိုတဲ့ စိတ်နဲ့ ရန်မဖြစ်ကြပါဘူးတဲ့။ ရန်ဖြစ်ရတဲ့ အခြေ
အနေက ဘယ်လောက်ပဲ Heat တက်နေပါစေ၊ ပိုးစိုးပက်စက် နာနာကျင်ကျင်ဖြစ်အောင် မပြော ကြပါဘူး။

ဥပမာ အားဖြင့် “မင်းလုပ်နေတဲ့ပုံက တော်တော်အဆင့်မရှိတာပဲ။ ငါ့ကိုတင်မဟုတ်ဘူး၊ လူသားတစ်မျိုးနွယ်လုံးကိုပါ ဒုက္ခပေးနေသလိုပဲ။ ချီးထုပ်” ဆိုတာမျိုးထက် “မင်း တော်တော့ကွာ။ ငါ အခု မင်းနဲ့ စကားပြောလို့ကို အဆင်မပြေဘူး”  ဆိုတာမျိုး ပိုဖြစ်သင့်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် အထင်သေး၊ အမြင်သေး တတ်တဲ့အကျင့်က လူနှစ်ယောက်ကြားက ချစ်ခြင်းကို တတိတိနဲ့ တိုက်စားနိုင်တယ် ဆိုတာ နှစ်ယောက်စလုံး သဘောပေါက်သင့်ပါ တယ်။ စိတ်ထဲမှာဖြစ်သွားတဲ့ ဒဏ်ကြောင့် တစ်
ယောက်ကိုတစ်ယောက် တာဝန်ယူရမယ့်ကိစ္စတွေမှာ ပျက်ကွက်ပြီး အဆုံးသတ်မလှတတ်ပါဘူး။

၎။ ပွဲသိမ်းလှပါစေ 
တစ်ခါတလေတော့လည်း ထိန်းမနိုင်သိမ်းမရ ဒေါတွေထကြ၊ ရန်တွေဖြစ်ကြဆိုတဲ့ အခြေအနေလည်းရှိလာနိုင်ပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိတဲ့သူတွေက ဘယ်လိုအချိန်မှာ ဘယ်လို ပွဲသိမ်းရမလဲဆိုတာ ကောင်း ကောင်းသိကြပါတယ်။ 

ခံစားချက်တွေပေါက်ကွဲပြီး ငိုနေတဲ့သူကိုလည်း အချိန်တစ်ခုပေးပြီး ပေးငိုလိုက်၊ ဒေါသတွေ ဟုန်းဟုန်းထနေသူကိုလည်း အချိန်တစ်ခုပေးပြီးလွှတ်ထားလိုက်၊ အရှိန်လေးနည်းနည်းကျသွား ချိန်မှ “ကဲ…ကဲ ဒီကိစ္စကို မနက်ကျမှ ဆက်ပြောမလား” ဆိုတာမျိုး။

ဒီနေရာမှာ တစ်ခုသတိထားရမှာက တစ်ဖက်သားရဲ့ ခံစားချက်ဖောက်ထုတ်ဖို့အတွက် အချိန်တစ်ခုပေးတာဖြစ်ပြီး၊ တစ်ဖက်သားရဲ့ ခံစားချက်ကို လျစ်လျူရှုတာမဟုတ်ဘူးဆိုတာပါပဲ။ နောက်ထပ်သတိထားရမှာက အရမ်းအရှိန်လွန်တဲ့ အထိ အချိန်မပေးဖို့ပါ။ အဲဒီ့ ဟန်ချက်ကို ကောင်းကောင်းမိတဲ့စုံတွဲတွေဟာ တခြားစုံတွဲတွေထက် သက်တောင့်သက်သာနဲ့ အဖြေကို တိတိကျကျရ ကြပါတယ်။

၅။ ကိုယ်ပိုင်စည်းကမ်းလေးတွေရှိတယ်
ရန်မဖြစ်ခင်ကတည်းက ရန်ဖြစ်ရင် ဘယ်လိုစည်းကမ်းတွေတော့ဖြင့် ရှိတယ်ဆိုပြီး ကြိုတင်ပြင်ဆင်ထားလို့မရဘူးပေါ့။ ကိုယ်ပိုင် စည်းကမ်းတွေရှိတဲ့ စုံတွဲတော်တော်များများဟာ ရန်ဖြစ်ဖူးတဲ့ စုံတွဲတွေဖြစ်ပြီး၊ သူတို့ရဲ့ အတွေ့အကြုံတွေ ပေါ် ကနေ အကောင်းဘက်ကိုသွားချင်လို့ ပြင်ယူဖို့ စည်းကမ်းထားကြတာသာဖြစ်တယ်။

ခံစားချက်အလျောက် ရန်ဖြစ်ကြတဲ့စုံတွဲ တိုင်း ဒီအချက်ကို သတိကြီးကြီးထားပြီး လိုက်နာသင့်ပါတယ်။ ခံစားချက် အလျောက်ဖြစ်ပြီးတဲ့ ကိစ္စတွေမှာ တချို့ကိစ္စတွေက အဆုံးသတ်မလှဘူးဆို ပြန်ပြင်ဖို့၊ နောက်တစ်ခါ ထိန်းထိန်းသိမ်းသိမ်းရှိဖို့ နှစ်ယောက်လုံး ကြိုးစားသင့်ပါတယ်။

နှစ်ယောက်ကြား လိုက်နာရမယ့်စည်းကမ်းဟာ သူမှန်တယ်၊ ငါမှားတယ် ဆုံးဖြတ်ခိုင်းတာ မဟုတ်လို့၊ သူရော ငါရော အဆင်ပြေပြီး ပြဿနာကိုလည်း အဖြေရနိုင်တဲ့ စည်းကမ်းသာ ဖြစ်သင့်ကြောင်းပါ။

၆။ တစ်ယောက်ခံစားချက်ကို တစ်ယောက်က အလေးထားတယ်
ဘယ်သူမှတော့ ပျော်လို့ ရန်ဖြစ်တမ်းကစား ကြတာမဟုတ်ပါဘူး။ ချစ်သူနှစ်ဦး၊ ဒါမှမဟုတ် လင်မယားနှစ်ယောက် ရန်ဖြစ်ကြပြီဆိုကတည်းက သူရော၊ ကိုယ်ရော စိတ်ပင်ပန်း လူပင်ပန်းကြတာပါပဲ။ ဒါပေမဲ့ ခုနကပြောသလိုပါပဲ။ ဒီလူနဲ့မှ ခရီးရှည်ကြီးကို အတူတူဖြတ်သန်းချင်တဲ့ စုံတွဲတွေကတော့ ရန်ဖြစ်ခြင်းရဲ့ အခြားတစ်ဖက်က ရလဒ်ကောင်းကိုရအောင်ယူဖို့ အတူတူကြိုးစားကြပါတယ်။

“ဒီကိစ္စမှာ ရှင်နဲ့ ကျွန်မ အမြင်မတူဘူး။ ဒါပေမဲ့ ကျွန်မအမြင်ကို တစ်ဆိတ်လောက် နားထောင်မယ်ဆို တော်တော်ပျော်မှာပဲ” ဆိုတာမျိုး။ ချစ်ခြင်းတစ်ခုအရင်းပြုလို့ အတူသွားဖို့ ဆုံးဖြတ်ထားသူတွေပဲ။ တစ်ယောက်နဲ့ တစ်ယောက် ဒီလောက်တော့ အလေးထားသင့်တယ်မလား။

ကိုယ့်ဘက်ကစပြီး ပြေပြေလည်လည်ရှိမယ်ဆို၊ သူ့ဘက်ကလည်း အများကြီးတိုက်စစ်ဆင်နေမှာမဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်လေးလေးစားစားရှိရင် ရလဒ်က ပိုကောင်းသွားပါလိမ့်မယ်။

၇။ သံသယပေးဖြစ်လိုက်
ချစ်ခြင်းတစ်ခုမှာ တစ်ယောက်ကို တစ်ယောက်က “သူ ငါ့အတွက် အကောင်းဆုံးလုပ်ပေးနေတာပဲ”လို့ ယုံကြည်နေတဲ့ အချိန်ဘယ်တော့မှ ရန်မဖြစ်ပါဘူး။ သံသယရှိလာပြီဆို ရန်ဖြစ်စရာ အစတစ်ခု ပေါ်လာပြီ။ သံသယဖြစ်နေသူကို သံသယ ဖြစ်ခွင့်ပေးလိုက်ပါ။ သူဖွင့်ထုတ်တဲ့ အသံကို နားထောင်ပေးပါ။ မြန်မြန်ဆန်ဆန်ကြီး ကောက်ချက်မချပါနဲ့။ 

သံသယကြောင့်ဖြစ်လာတဲ့ ရန်ဖြစ်ခြင်းကနေ နှစ်ယောက်စလုံး နားလည်မှုရအောင် တည်ဆောက်ပြီး အကျိုးရှိတဲ့ အဖြေရအောင် နှစ်ယောက်လုံး ကြိုးစားတာက ပဋိပက္ခဆန်တန် ရန်ဖြစ်ခြင်းထက် ပိုအဓိပ္ပာယ်ရှိပါတယ်။

၈။ နှစ်ယောက်သား တစ်ခရီးတည်းသွားတယ်ဆိုတာ မမေ့ဘူး
ဘယ်လောက်ပြင်းထန်တဲ့ ရန်ပွဲပဲဖြစ်ဖြစ်၊ ဒီရန်ပွဲဟာ နှစ်ယောက်လုံးအတွက် ကောင်းဖို့ ဖြစ်နေတာဆိုတာကို မမေ့ပါနဲ့။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ခရီးတစ်ခုတည်းကို ဒီနှစ်ယောက်အတူသွားဖို့ သဘောတူညီမှုယူထားတာပါ။ သူနဲ့ ကိုယ်
ဟာ တစ်ဖွဲ့တည်း တစ်သားတည်း ဖြစ်နေဖို့လိုပါတယ်။

ဒီတစ်ရက်တည်း၊ ဒီတစ်ချိန်တည်းနဲ့ အဆုံးသတ်သွားမှာမဟုတ်ပါဘူး၊ ဘ၀ ဆိုတာ တစ်ရှည်တစ်လျားသွားရမယ့် ခရီးဖြစ်တယ်ဆိုတာ ချစ်သက်တမ်းရှည်တဲ့ စုံတွဲတိုင်း နားလည်ကြပါတယ်။ စုံတွဲဆိုတာ တစ်ဘ၀လုံးစာအတွက် တူတူစုံစုံတွဲ ထားတဲ့ အဖော်အဖက်ပါ။ နှစ်ယောက်လုံးရဲ့ အနာဂတ်ကို နှစ်ယောက်လုံးကာကွယ်ရမှာပါ။