လက်ဆောင်ပေးဖို့ အကောင်းဆုံး စိတ်ဝင်စားဖွယ်ရာ ထုတ်ကုန်များ

နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်၏သစ်လွင်မှုကား ရနံ့တို့ချိုမြိန်လျှက် ကုန်ဆုံးခဲ့သော နေ့ရက်များစွာတွင် စိတ်ရသများကား ပြည့်ဖြိုးစွာရှိနေ၏။ လူသားတို့သည်ကား မွေးဖွားလာချိန်မှ သေးဆုံးချိန်အထိ အနိမ့်အမြင့်ကို အမြဲတန်းတွေ့ကြုံခံစားကြရမြဲပင် သဘာဝလောက်သည်လည်း ၍သို့ပုံပင် အနိမ့်အမြင့်မညီညာမှု၊ မတူညီကွဲပြားမှုများက အလှပကိုဖြစ်စေသည်။ တစ်ပြေးတည်း တူညီနေသည့်အရာများကား အလှအပကို ပုံဖော်နိုင်မည်မဟုတ်ချေ။ နှိုင်းယဓမ္မအတွက် မတူညီမှုများက ရှိရမြဲပင်။ နည်းပညာအရွေ့ မြန်ဆန်လှသော ယနေ့အချိန်လို ကာလသည်ကား အဟောင်းတို့ကို တိုက်စား၍ ထွက်ပေါ်လာသော အသစ်များက ဒုနှင့်ဒေးပင် ယခုလည်း နှစ်ဟောင်းမှ နည်းပညာထုတ်ကုန်များကို တစ်စိမ့်စိမ့် ပြန်ကြည့်ရင်း ဖေဖော်ဝါရီလလေးမှာ ချစ်သူ၊ ခင်သူများကို လက်ဆောင်ပေးဖို့ အကောင်းဆုံး စိတ်ဝင်စားဖွယ်ရာ ကုန်ပစ္စည်းများကို မိတ်ဆက်လိုက်ခြင်းဖြစ်ပါသည်။ ကင်မရာသည် လူတိုင်းအတွက် စမတ်ဖုန်းတစ်လုံးလိုပင် အရေးပါလာသည်။ အမြင့်ပိုင်း စမတ်ဖုန်းများ၌ ကင်မရာကောင်းကောင်းများ ပါဝင်လာသကဲ့သို့ ထိုကင်မရာများနှင့် ဗီဒီယိုပါ ရိုက်ကူးလာနိုင်သည်။ သို့သော်ဈေးနှုန်းချိုသာပြီး စွမ်းဆောင်ရည်ပိုင်း မြင့်မားလာသော ကင်မရာများကိုကား မယှဉ်နိုင်ချေ။ သာမန်ရိုက်ကူမှုများ နှင့် လူမှုကွန်ရက်များတွင် မျှဝေမှုများအတွက်သာ ဆိုလျှင်တော့ ဖုန်းရှိကင်မရာများက မဆိုးပါဟု ပြောနိုင်သည်။ သို့သော် ကွာဝေးသောနေရာရှိ ပုံများကို လိုချင်သောအခါ၌ဖြစ်စေ ပုံထွက်ကောင်းကောင်း လိုချင်သောအခါ၌ ကင်မရာကောင်းကောင်းက လိုလာမည်ဖြစ်သည်။ ထို့အတွက် ၂၀၁၃ ခုနှစ်အတွင်း ထွက်ထားသမျှထဲမှ ကင်မရာ ကောင်းကောင်းလေးများကိုပါ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်ပါသည်။        

Polaroid iM386

            Polaroid ကတော့ စွမ်းဆောင်ရည်ပိုင်း မြင့်မားပြီး တီထွင်ဖန်တီးမှုရှိတဲ့ ကင်မရာလို့ ပြောရမှာ ဖြစ်ပါတယ်။ လူသုံးကုန် အီလက်ထရော နစ်ပြပွဲမှာပြခဲ့တဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ ဒါပေမဲ့ interchangeable-lens ပါတဲ့ Nikon 1 စီးရီးတွေကို နောက်ကောက်ကျခဲ့ပါတယ်။ Android နဲ့ ထွက်လာတယ်ဆိုပေမဲ့ နောက်ဆုံးထုတ် Android နဲ့တွဲဖက်ပြီးတော့ မရရှိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရင်နှစ်ဒီလိုအချိန်မှာကြေညာခဲ့တာကြောင့်လို့ ဆိုရမှာပါ။

Pentax Q7 and K-50

ကင်မရာအရောင်တွေက လာလိုက်ရင် အဖြူရောင်နဲ့ အမည်းရောင်တွေပဲ ဖြစ်နေတယ်လို့ ငြီးတွားနေပါသလား။ ဒီဖြစ်ရပ်တွေကို စိတ်ပျက်ပြီး အရောင်လှလှနဲ့ ဖန်စီကျတဲ့ ကင်မရာတွေကို တောင်းတနေပါသလား။ ဒီဆိုရင်တော့ Pentax Q7 နဲ့ K-50 က စိတ်ကျေနပ်မှုကို ပေးပါလိမ့်မယ်။ တန်ဖိုးကလည်း US$ 578 သာရှိပါတယ်။ AA အရွယ် ဘက်ထရီကိုသုံးစွဲရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံအရည်အသွေးနဲ့ ကင်မရာရဲ့စွမ်းဆောင်ရည်တွေက လက်ခံနိုင်တဲ့အနေအထားမှာရှိနေပေမယ့် ကင်မရာမှာပါရှိတဲ့ LCD ကတော့ သိပ်မကောင်းပါဘူး။ Shutter နဲ့ Lens ကလည်း အသုံးပြုတဲ့အခါမှာ ဆူညံသံအတော်လေးကို ထွက်ပါတယ်။ Pentax K-50 ဟာ entry-level dSLR ဖြစ်ပါတယ်။

Gionee Elife E7 mini

တရုတ်နိုင်ငံက ဖုန်းထုတ်တဲ့ လုပ်ငန်းဖြစ်တဲ့ Gionee က Elife E7 Mini ကို ထုတ်လိုက်ပါတယ်။ အရင်ကထုတ်ထားတဲ့ Elife E7  ရဲ့ စကရင်က ၅.၅ လက်မအရွယ် ရှိပြီးတော့ resolution ကတော့ 1080p ဖြစ်ပါတယ်။ လက်ရှိထုတ်လိုက်တဲ့ Elife E7 Mini ကတော့ စကရင် ၄.၇ လက်မရှိမှာ ဖြစ်ပြီးတော့ resolution ပိုင်းမှာ 720p ရှိမှာဖြစ်ပါတယ်။ 1.7GHz octa-core MediaTek MT6592 CPU ကိုသုံးထားပြီတော့  RAM က 1GB ဖြစ်ပါတယ်။ သိုလှောင်မှုအပိုင်းအတွက် 16 GB ပါရှိပြီးတော့ Dual-SIM 3G စွမ်းဆောင်ရည်ရှိပါတယ်။ Operating System ကို Android 4.2 ထည့်ပေးထားပါတယ်။ ကင်မရာကတော့  13 Megapixel  ဖြစ်ပါတယ်။ တန်ဖိုးကတော့ US$ 310 ရှိမှာ ဖြစ်ပါတယ်။

Grippity

            Grippity ကတော့ ဒီဇိုင်းအသစ်နဲ့ Android tablet ဖြစ်ပါတယ်။ ဖောက်ထွင်းမြင်နိုင်ပြီး dual-sided touch surface ပုံစံဖြစ်ပါတယ်။ PS Vita စတိုင် ဖြစ်ပြီးတော့ ပိုမိုရှုပ်ထွေးလှတဲ့ multi-touch gestures စနစ်ကို သုံးစွဲထားတာ တွေ့ရမှာဖြစ်ပါတယ်။ အခုအချိန် မှာတော့ စတင်ပြီး စမ်းသပ်ထုတ်လုပ်မှုအဆင့်မှာသာ ရှိပါသေးတယ်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာမှ ဈေးကွက်ထဲကို ၀င်ရောက်လာမှာ ဖြစ်ပါတယ်။

Mircrosoft Sculpt Ergonomi  Keyboard

            ဒီကီးဘုတ်ရဲ့  ဒီဇိုင်းက ဆန်းသစ်လှပပြီး ဈေးကွက်ထဲက ဘယ်ဒီဇိုင်းနဲ့မှမတူတာကို တွေ့ရပါတယ်။ ခလုတ်တွေကလည်း သုံးစွဲရတာ သက်တောင့်သက်သာ ရှိလှပါတယ်။ လက်တင်ပြီးဖို့ အသုံးပြုဖို့နေရာကိုလည်း ပေးထားပါတယ်။

Woo Audio WA7 Fireflies Amp

စတိုင်ဟောင်းလေးကို ဆန်းသစ်ထားတဲ့ စပီကာပါ။ စနစ်ဟောင်းကို ခေတ်သစ်နည်းပညာနဲ့ ပေါင်းစပ်တီထွင်ထားတာ ဖြစ်ပါတယ်။ အသံထွက်အရည်အသွေးပိုင်းမှာ အတော်ကိုကောင်းမွန်ပါတယ်။ ကွန်ပျူတာနဲ့တိုက်ရိုက် ချိတ်ဆက်ပြီး သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Nokia Lumia 1020

            Nokia ရဲ့ ဒီဖုန်းကတော့ ကင်မရာ ရိုက်ကူးဖို့အတွက် အလွန်ကိုကောင်းမွန်ပါတယ်။ 41-megapixel sensor ပါရှိပြီးတော့ အဆင့်မြင့်တဲ့Setting တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ တန်ဖိုးကတော့ ကန်ဒေါ်လာ ၆၁၀ ဖြစ်ပါတယ်။ High-resolution ပုံရိပ်တွေကို အသေးစိတ်ရိုက်ကူးနိုင်တာကို တွေ့ရပါတယ်။ ထိန်းချုပ်လုပ်ကိုင်ချင်တာတွေကို လက်ညှိုးလေးနဲ့ပဲ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အားနည်းတာကတော့ Lumia 1020 က လက်ရှိအဆင့်မြင့် စမတ်ဖုန်းတွေထက် ကန်ဒေါ်လာ ၁၀၀ လောက်ပိုပြီးတော့ များတာဖြစ်ပါတယ်။ Lens ကတော့ အနည်းငယ်ဝါးပါတယ်။

Nikon 1 AW1

            Weatherproof နဲ့ schmeatherproof ပါရှိပါတယ်။  Mirrorless interchangeable-lens cameras ဟာ ရေအောက် ၄၉ ပေ အထိသယ်ဆောင်သွားနိုင်မှာဖြစ်ပြီး ၁၄ ဒီဂရီလောက်အထိအေးတဲ့နေရာတွေမှာ သုံးနိုင်ပါတယ်။ အမြင့် ၆.၆ ပေလောက်အထိ ကနေလွတ်ကျရင် ဘာမှမဖြစ်ပါဘူး။ GPS ကို Built-in ထည့်သွင်းပေးထားပြီး ဒီကင်မရာအတွက် weatherproof lenses နှစ်ခုကို ဆိုနီကတစ်ပါတည်း ထုတ်ပေးမှာဖြစ်ပါတယ်။

Canon PowerShot N

လှပပြီးသေးငယ်လှတဲ့ ဒီဇိုင်းရှိပါတယ်။ မိန်းကလေးတွေအတွက် ဖန်ဆီကျကျကိုင်နိုင်အောင် ဒီဇိုင်းလုပ်ပေးထားတာပါ။ တန်ဖိုးက ကန်ဒေါ်လာ ၂၉၉.၀၀ ရှိပါတယ်။ ရိုးရှင်းလှတဲ့ point-and-shoot စာရင်းဝင်ကင်မရာပါ။ Touch screen စနစ်ဖြစ်ပြီး Wi-Fi ကို built-in အဖြစ် ထည့်သွင်းပေးထားပါတယ်။ ဒီကင်မရာရဲ့ အရွယ်အစားကြောင့်ပဲ အချို့သူတွေ ကိုင်စွဲဖို့အတွက် ပြဿနာ ရှိနိုင်ပါတယ်။ အလိုအလျှောက် ရိုက်ကူးတာ မလုပ်ပေးနိုင်ပါဘူး။ ဘက်ထရီသက်တမ်းကလည်း အလွန်ကိုတိုတောင်းပါတယ်။

JBL Pulse

            LED လေးတွေနဲ့ ဆန်းဆန်းပြားပြားကို လှပတဲ့ စပီကာလေးပါ။ တန်ဖိုးက US$ 200 ဖြစ်ပါတယ်။ Bluetooth စနစ်နဲ့ ချိတ်ဆက်ပြီးတော့ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Leap Motion Controller

            USB အရွယ်လောက်သာ ရှိပါတယ်။ Windows PC တွေနဲ့ Mac တွေအတွက် ထုတ်ထားတာ ဖြစ်ပြီးတော့ တန်ဖိုးက ကန်ဒေါ်လာ ၈၀ ဖြစ်ပါတယ်။ ဒီလိုချိတ်ထားလိုက်တဲ့အခါမှာ လက်ကိုလေထဲကနေ လုပ်ရှားလိုက်ရုံနဲ့ စကရင်ပေါ်ကပုံရိပ်တွေကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

Mac Pro

ဒီဇိုင်းဆန်းပြာပြီး ၂၀၁၃ ခုနှစ်မှာ Desktop ဈေးကွက် ကိုဆန်းသစ်စေခဲ့တဲ့ ပစ္စည်းဖြစ်ပါတယ်။ ဈေးနှုန်းပိုင်းကတော့ အတော်ကြီးတယ်လို့ ပြောလို့ရပါတယ်။ ထည့်သွင်းသုံးစွဲထားတဲ့နည်းပညာပိုင်ကလည်း အဆင့်မြင့်ပါတယ်။

Pebble Smartwatch

စမတ်နာရီဖြစ်ပြီးတော့ စမတ်ဖုန်းတွေ သို့မဟုတ် tablet တွေနဲ့တွဲဖက်ပြီးတော့ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ တန်ဖိုးကကန်ဒေါ်လာ   ၁၅၀ ရှိပါတယ်။ iPhone သို့မဟုတ် Android ဟန်းစက်တွေနဲ့ bluetooth စနစ်ဖြင့် ချိတ်ဆက်ပြီးတော့ သုံးစွဲနိုင်ပါတယ်။ ကျန်းမာရေးဆိုင်ရာကိစ္စတွေအတွက်ပါ အသုံးဝင်လှတဲ့ စမတ်ဖုန်းဖြစ်ပါတယ်။

Nest Protect

မီးခိုးနဲ့ ကာဗွန်မွန်အောက်ဆိုက် စမ်းသပ်တဲ့ ကိရိယာဖြစ်ပါတယ်။ နံရံတွေ၊ မျက်နှာကျက် အမိုးတွေမှာ အလွယ်တကူ တပ်ဆင် အသုံးပြုနိုင်ပါတယ်။ တန်ဖိုးက ကန်ဒေါ်လာ ၁၃၀ ဖြစ်ပါတယ်။ မီးလောင်လို့ မီးခိုးတွေထွက်လာရင် ဒီကိရိယာက အချက်ပြမှာဖြစ်ပါ တယ်။

Misfit Shine

            ၂၀၁၃ မှာ ၀တ်ဆင်ရတဲ့ နည်းပညာပစ္စည်း တွေဟာ ခေတ်စားလာပါတယ်။ ဒီလိုအချိန်မှာ လုပ်ငန်းစု အတော်များများက ၀တ်ဆင်နိုင်တဲ့ နည်းပညာပစ္စည်းတွေကို အပြိုင်အဆိုင် ထုတ်လာပါတယ်။ ဒီလိုထွက်လာတဲ့အထဲက Misfit Shine က ၂၀၁၃ မှာ အလှဆုံးဖြစ်ပါတယ်။ ကိုယ်သွားခဲ့တဲ့ ခရီးမိုင်ကိုတွက်တာ၊ အားကစားလုပ်တဲ့ အချိန်တွက်ပေးတာ၊ ကျန်မာရေးဆိုင်ရာ ကိစ္စတွေကို စောင့်ကြည့်တာ၊ နာရီတစ်လုံးလို အလုပ်လုပ်တာနဲ့ ရက်ပေါင်း ၃၀ လောက် ကိုယ့်အချက်အလက်တွေ သိမ်းထားတာတွေစတဲ့ အားသာချက်တွေ ရှိပါတယ်။ ဘက်ထရီကလည်း သိပ်မစားပါဘူး။ ဖုန်းနဲ့ Bluetooth ချိတ်ပြီးသုံးနိုင်ပါတယ်။