ရေစိုခံထုတ်ကုန်များ

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့တစ်ကိုယ်ရေသုံး အီလက်ထရွန်နစ်ထုတ်ကုန်တွေကို ရေစိုပြီးပျက်စီးသွားမှာကို ကြောက်နေရတဲ့သူတွေနဲ့ ရေစိုခံပစ္စည်းလေးတွေကို ရွေးချယ်သုံးစွဲချင်သူတွေအတွက် ရေစိုခံစပီကာလေးတွေ၊ ဖုန်းတွေနဲ့ ကင်မရာ တွေကို ထုတ်နုတ်ရှာဖွေ မိတ်ဆက်ပေးလိုက်ပါတယ်။

Sony Xperia-Z1 Compact

၎.၃ လက်မအရွယ်ရှိပြီး 720x1280 မနျသူကအငသည ရှိပါတယ်။ ရေစိုခံပြီး ဖုန်တွေဝင်တာကိုလည်း ခံနိုင်ရည်ရှိပါတယ်။ 2.2 GHz quad-core Krait 4001 Snapdragon 800 Chipset, 2 GB RAM နဲ့ 20.7 MP ကင်မရာပါရှိပါတယ်။ Android 4.3 ကို Operation System အဖြစ်သုံးစွဲထားပြီး 2MP Front Camera, 16 GB interal storage တို့ပါရှိပြီး Micro SD ကို 64 GB အထိ ထောက်ပံ့ပေးထားပါတယ်။ 2G, 3G, 4G, Wi-Fi, Bluetooth 4.0 နဲ့ NFC တို့အပြင် microUSB 2.0 လည်း ပါရှိပါတယ်။

(Source: gsmarena.com)

Canon PowerShot D30

ရေအောက် ၈၂ ပေအထိ သယ်ဆောင်သွားနိုင်ပါတယ်။ အမြင့် ၆.၅ ပေကနေ ပြုတ်ကျတာကို ခံနိုင်ရည်ရှိပြီး ၁၄ ဒီဂရီအထိ အအေး ဒါဏ်ကို ခံနိုင်ရည်ရှိပါတယ်။ 12-megapixel BSZ CMOS Sensor ပါရှိပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါမှာ ထွက်လာတဲ့ အရည်အသွေးကလည်း အတော်ကို ကောင်းမွန်ပါတယ်။ တန်ဖိုးကတော့ ကန်ဒေါ်လာ ၃၂၉.၉၉ ဖြစ်ပါတယ်။

SoundDew ကြိုးမဲ့ ရေစိုခံစပီကာ

အိမ်ကနေအပြင်ကို သွားတော့မယ်ဆိုရင် အကြောင်းကြောင်းကြောင့် ကိုယ့်ရဲ့အီလက်ထရွန်နစ်ပစ္စည်းတွေ ရေစိုပျက်စီး သွားမှာကို တွေးပူမိကြတာကို ကြုံဘူးကြပါလိမ့်မယ်။ ဒီအတွက် စဉ်းစာပြီးထုတ်လုပ်ထားတဲ့ SoundDew ကြိုးမဲ့ စပီကာဟာ Bluetooth စပီကာဖြစ်ပြီးတော့ မိုက္ကရိုဖုန်းပါတွဲဖက် ပါဝင်တာကိုတွေ့ရပါမယ်။ ၁၀နာရီကြာတဲ့အထိ ဆက်တိုက်သုံးစွဲနိုင်ပြီးတော့ ကြိုးမဲ့ဖုန်းပြောနိုင်အောင် စီမံထားပါတယ်။ ဒီဇိုင်းပိုင်းလှပသေသပ်တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ တန်ဖိုးကတော့ ကန်ဒေါ်လာ ၃၉.၉၉ ဖြစ်ပါတယ်။

Source: amazon.com

Adesso flexible compact ကြိုးမဲ့ကီးဘုတ်

USB ရော PS/2 ပါ သုံးလို့ရပါတယ်။ LED မီးလုံးပါရှိပြီး ရေစိမ်ခံဖြစ်သလို လျှော်ဖွတ်လို့ပါ ရနိုင်ပါတယ်။ ပေါ့ပါးပြီး အလွယ် တကူသယ်သွားနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဖုန်တွေဝင်ပြီး ညစ်ပတ်ပေရေနေတဲ့ ကီးဘုတ်မဖြစ်ရအောင်လည်း စီမံပေးထား ပါတယ်။ တန်ဖိုးကတော့ ကန်ဒေါ်လာ ၂၂ ဖြစ်ပါတယ်။

Source: amazon.com

Marine-Grade ကြိုးမဲ့ Bluetooth စပီကာ

ခရီးဆောင်စပီကာပါ။ အကြမ်းခံပြီး ရေစိုခံတဲ့အတွက် ခရီးသွားတာများတဲ့သူတွေအတွက် စိတ်ဝင်တစားရွေးချယ်စရာ ဖြစ် နိုင်ပါတယ်။ Bluetooth စနစ်နဲ့အသုံးပြုနိုင်ပါတယ်။ ဖုန်းတွေ၊ Tablet တွေ၊ Notebook တွေနဲ့ တွဲဖက်သုံးစွဲနိုင်ပါတယ်။ အားပြန် ဖြည့်သွင်းနိုင်တဲ့ 1400mAh ဘက်ထရီပါရှိပါတယ်။ တန်ဖိုးကတော့ ကန်ဒေါ် လာ ၆၄.၉၉ ဒေါ်လာဖြစ်ပါတယ်။

Source: ebay.com

Samsung Galaxy S4

ActiveSamsung ရဲ့ ရေစိုခံဖုန်းအမျိုးအစားဖြစ်ပါတယ်။ High-end အမျိုးအစားဖြစ်ပြီးတော့ စကရင်က ၅ လက်မ resolution က 1080x1920 ဖြစ်ပါတယ်။ 2G, 3G နဲ့ 4G တို့မှာသုံးနိုင်ပြီး Micro-SIM သုံးရမှာဖြစ်ပါတယ်။ MicroSD ကို 64GB အထိထောက်ပံ့ပြီး Internal Memory အနေနဲ့ 16GB (11.2 GB user available), 2GB RAM တို့ပါရှိပါတယ်။ Bluetooth 4.0 ပါ ရှိပြီး NFC နဲ့ Internal port လည်းပါရှိပါတယ်။ Micro USB Version 2.0 ပါရှိပြီး ကင်မရာကတော့ 8MP (3264x2448 pixel) နဲ့ Secondary ကင်မရာက တော့ 2MP ဖြစ်ပါတယ်။ CPU က 1.9GHz Krait 300, GPU Adreno 320 ပါရှိပါတယ်။ ဆက်တိုက် (၁၇) နာရီသုံးနိုင်ပါတယ်။ (၃၁၂)နာရီ Stand By ထားနိုင်ပါတယ်။

(Source: engadget)

Fujifilm FinePix XP70

ရေစိုခံကင်မရာဖြစ်ပြီး ရေအောက် ၃၃ ပေ အထိ ယူဆောင်သွားနိုင်သလို ၅ ပေအမြင့်ကနေ ပြုတ်ကျတဲ့ဒဏ်ကိုလည်း ခံနိုင် ရည်ရှိမှာဖြစ်ပါတယ်။ Full-HD ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပြီး ရေအောက်မှာပါ ဗီဒီယိုနဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်တယ်လို့ဆိုထား ပါတယ်။ Wi-Fi အသုံးပြုနိုင်ပါတယ်။ တန်ဖိုးကတော့ကန်ဒေါ်လာ (၂၃၀) ဖြစ်ပါတယ်။

ဆိုနီရဲ့ ရေစိုခံ Walkman

ဆိုနီက ၎င်းရဲ့ထုတ်ကုန်သစ်ဖြစ်တဲ့ walkman ကို ရေစိုခံဖြစ်ကြောင်;ပြသနိုင်ဖို့အတွက် စတင်ရောင်းချစဉ်မှာပဲ ဒီwalkman ကို ရေဘူးပုံစံမှာထည့်ပြီး ဈေးကွက်မှာ ရောင်းချပေးလိုက်ပါတယ်။ ဒီပစ္စည်းကတော့ ခေတ်ဟောင်းအသုံးအဆောင်တစ်ခုလိုဖြစ် နေပါတယ်။ လက်ရှိအချိန်မှာ MP3 device တွေကို စိတ်ဝင်တစားဝယ်ယူချင်တဲ့သူတွေရှိတော့ပါ့မလားတောင် မသိဘူး။ ဒါပေမဲ့ ရေအောက်မှာသုံးစွဲနိုင်တယ်ဆိုတဲ့ အချက်ကတော့ စိတ်ဝင်စားစရာဖြစ်နေပါတယ်။ တန်ဖိုးက ကန်ဒေါ်လာ ၉၉ ဖြစ်ပါတယ်။

Source: walkstreetinsanity

Logitech ရဲ့ လျှော်ဖွတ်နိုင်တဲ့ K320 ကီးဘုတ်

ကိုယ့်ရဲ့ကီးဘုတ်ထဲကို ရေတွေဖိတ်ဆင် ကျသွားတဲ့အတွက် မျက်လုံးပြူးပြီး ခပ်မြန်မြန်ဖယ်ရှားခဲ့ရတာတွေ ကြုံကြရဘူး လိမ့်မယ်လို့ ထင်ပါတယ်။ ဒီကီးဘုတ်လေးကို သုံးစွဲလိုက်မယ်ဆိုရင်တော့ ဒီလိုမျိုးအဖြစ်တွေကို ရှောင်လွဲနိုင်ပါလိမ့်မယ်။ ရေစိုခံရုံမျှ မက လျှော်ဖွတ်လို့ပါရနိုင်ပါတယ်။ Windows PC တွေအတွက် ထုတ်လုပ်ထားတာဖြစ်ပြီး တန်ဖိုးက ကန်ဒေါ်လာ ၃၂.၅၉ ဖြစ်ပါ တယ်။

Source: amazon

EARSON ကြိုးမဲ့ Bluetooth စပီကာ

ဆဲလ်ဖုန်း၊ စမတ်ဖုန်းအပြင် PC တွေ၊ Laptop တွေနဲ့ပါ ချိတ်ဆက်ပြီး သုံးစွဲနိုင်မယ့် ရေစိုခံစပီကာဖြစ်ပါတယ်။ ကြိုးမဲ့နည်းနဲ့ ချိတ်ဆက် နိုင်ဖို့အတွက် Bluetooth စနစ်ပါရှိပြီး ကြိုးမဲ့ဆက်သွယ်သုံးစွဲနိုင်ဖို့အတွက်လည်း 3.5 mm jack ပေါက်ပါရှိပါတယ်။ 1500 mA ဘက်ထရီကို Built-in ထည့်ပေးထားပြီးတော့ လျှပ်စစ်ဓာတ်အားကို ပြန်လည်ဖြည့်တင်းသုံးစွဲနိုင်တဲ့ ဘက်ထရီအမျိုးအစား ဖြစ် ပါတယ်။ ၅ နာရီအထက် ဆက်တိုက်သုံးစွဲနိုင်ပါတယ်။ အခြစ်ရာ၊ အဆင်းရာတွေ မထင်နိုင်သလို ဖုန်တွေလည်း မ၀င်နိုင်အောင်ပြု လုပ်ပေးထားပါတယ်။ တန်ဖိုးကတော့ ကန်ဒေါ်လာ ၃၈.၃၉ ဖြစ်ပါတယ်။

Brookstone ရေစိုခံစပီကာ

သီချင်းချစ်သူအတွက် ကိုယ်ဘယ်နေရာ သွားသွား နားဆင်နိုင်မယ့် ရေစိုခံစပီကာလေးတွေကို တောင်းတမိကြမှာပါ။ ဒီလို လူတွေအတွက် Brookstone ရေစိုခံစပီကာလေးက အံကိုက်ဖြစ်လာနိုင်ပါတယ်။ ရေထဲကိုယူသွားပြီး သီချင်းဖွင့်နားထောင်နိုင်တဲ့ အထိ ရေစိမ်ခံတာကို တွေ့ရပါတယ်။ ဖုန်းတွေ၊ Tablet တွေနဲ့ ချိတ်ဆက်ပြီး သုံးစွဲနိုင်ပါတယ်။ ရေအောက် ၃ ပေအထိ ယူသွား လို့ရတယ်လို့ဆိုထားပါတယ်။ ဖုန်း ဒါမှမဟုတ် Tablet တွေနဲ့ ပေပေါင်း ၃၃ ပေအထိ အကွာအဝေးကို ယူဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ တန်ဖိုးကတော့ ကန်ဒေါ်လာ ၇၃ ဖြစ်ပါတယ်။ နာရီပေါင်း ၂၀အထိ ဆက်တိုက်သုံးစွဲနိုင်ပါတယ်။

Source: coolest-gadget

JVC Everio G2-R10 Camcorder

အခုအချိန်မှာတော့ ရေစိုခံနိုင်တဲ့ ကင်မရာတွေထွက်ပေါ်လာနေသလို ရေစိုခံနိုင်တဲ့ Camcorder တွေလည်း အများအပြား ရှိလာပါတယ်။ JVC Everio G2-R10 ကတော့ ဒီအထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ရေအောက် ၁၆ ပေအထိယူသွားနိုင်ပြီး ၅ပေအမြင့်ကနေ ပြုတ်ကျတာကို ခံနိုင်ရည်ရှိပါတယ်။ တန်ဖိုးကတော့ ကန်ဒေါ်လာ ၃၉၉.၉၅ ဖြစ်ပါတယ်။ 2.5 megapixel BSZ CMOS sensor ဖြစ်ပြီး SD/ SDHC/ SDXC Cardslot တွေပါရှိပါတယ်။