တန်ဖိုးအမြင့်ဆုံး နည်းပညာထုတ်ကုန်များ

ဒီလုပ်ဆောင်ချက်ပါပဲ၊ ဒါပေမဲ့တန်ဖိုးကတော့ လုပ်ဆောင်ချက်တူပစ္စည်းတွေထက် အဆပေါင်းများစွာ ကွာခြားနေတဲ့ ပစ္စည်းတွေကို ကြေးရတက် လူတန်းစားတစ်ရပ်ရဲ့ အသိုင်းအဝိုင်းထဲမှာ အဆင့်အတန်းကို ပြသဖို့အတွက် လုပ်ငန်းတွေက ထုတ်လုပ်ပေးလာကြပါတယ်။ ဒါပေမဲ့အချို့သော နည်းပညာမြင့်ပစ္စည်းတွေကတော့ နည်းပညာပိုင်းမှာ မြင့်မားတဲ့အတွက် ဈေးမြင့်တာဖြစ်ပါတယ်။

အခုအပတ်တော့ ကြေးရတက်တွေအတွက် အဆင့်အတန်းပြ ထုတ်ကုန်တွေကိုရော နည်းပညာမြင့်ပစ္စည်းတွေကိုရော ရွေးချယ် ဖော်ပြလိုက်ပါတယ်။ ဒီပစ္စည်းတွေကတော့သာမန်လူတန်းစားတွေနဲ့ အလယ်အလတ်တန်းလွှာတွေအတွက်တော့ ငေးမောကြည့်ရုံမျှသာ ဖြစ်ပါတော့တယ်။

အခုဖော်ပြလိုက်တဲ့ ဇိမ်ခံနည်းပညာမြင့် ထုတ်ကုန်တွေကတော့ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပသွားတဲ့ ဇိမ်ခံနည်းပညာ ထုတ်ကုန်ပြပွဲမှာ ပြသထားတာတွေကို ရွေးချယ်ဖော်ပြထားတာ ဖြစ်ပါတယ်။

DSP စပီကာ

ဗြိတိန်က Meridian ဆိုတဲ့ ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ စပီကာလုပ်ငန်းဟာ ပထမဆုံး ဒီဂျစ်တယ် စပီကာထုတ်လုပ်မှုကနေ ရေတွက်မယ်ဆိုရင် ယခုနှစ်မှာတော့ ၂၅ နှစ် ပြည့်ခဲ့ပါပြီ။ ၂၅ နှစ်ပြည့် အထူးထုတ်လုပ်ပေးလိုက်တဲ့ စပီကာတွေဟာ ဈေးနှုန်းပိုင်းမှာ မြင့်မားသလို နားဆင်ရမယ့် အရည်အသွေးကလည်း အံ့မခန်းပါပဲ။  တန်ဖိုးကတော့ US$ 10,000 ကနေ 80,000 ကြာမှာ ရှိပါလိမ့်မယ်။

Emperor LX

Emperor LX ကတော့ ကွန်ပျူတာနဲ့မပြတ် အလုပ်လုပ်နေရတဲ့သူတွေအတွက်ရည်ရွယ်ပြီး ထုတ်လုပ်ပေးလိုက်တဲ့ ခုံဖြစ်ပါ တယ်။ သိပ္ပံကားထဲက စတိုင်လ်ထုတ်လုပ်ထားတဲ့ နည်းပညာမြင့်ပစ္စည်းပါ။ လက်ဖြင့်တို့ထိစေခိုင်းနိုင်တဲ့ စကရင်လေးခုပါတဲ့ ကွန်ပျူပါရှိပြီး စကရင်တွေကို သုံးစွဲသူနဲ့လိုက်ဘက်တဲ့ မြင်ကွင်းအထိရအောင်ချိန်ညှိနိုင်တဲ့ ခုံဖြစ်ပါတယ်။ တန်ဖိုးကတော့ US$ 21,000 ကျော် ဖြစ်ပါတယ်။

Aston Martin Vanquish

Aston Martin Vanquish ကိုကြည့်ရတာက ဂျန်းစဘွန်းကားထဲက ကားကိုမြင်တွေ့ရသလို ဖြစ်နေပါလိမ့်မယ်။ V12 အင်ဂျင်သုံး ထားပြီး အင်ဂျင်ရဲ့ပါဝါက မြင်းကောင်ရေအား ၅၆၅ ကောင်ဖြစ်ပါတယ်။ တန်ဖိုးက US$ 280,000 ဖြစ်ပါတယ်။

vTrue Studio Headphone

အလူမီနီယံနဲ့ပြုလုပ်ထားတဲ့ Headphones ဖြစ်ပါတယ်။ အသံအရည်အသွေးကောင်းမွန်ပြီး ဒီဇိုင်းပိုင်းကအတော်လှပပါတယ်။

iWallet

ပိုက်ဆံအိတ်တစ်ခု ဖြစ်ပါတယ်။ iWallet လို့ခေါ်ပြီး လက်ဗွေစနစ်အသုံးပြုပြီးမှ ပိုက်ဆံအိတ်ကို ဖွင့်နိုင်မှာဖြစ်ပါတယ်။

Peloton Bike

အားကစားလုပ်ရန်အတွက် တည်ထွင်ထားတဲ့ စက်ဘီးဖြစ်ပါတယ်။ ၂၁.၅ လက်မအရွယ် Touch Screen ပါရှိပါတယ်။ ဒီစကရင်က ကွန်ပျူတာဖြစ်ပြီး အားကစားလုပ်ရင်တောင် မိတ်ဆွေနဲ့ ချက်တင်လုပ်နိုင်ပါတယ်။ တန်ဖိုးက US$ 2,000 ဖြစ်ပါတယ်။

MCLaren 12C Spider

တန်ဖိုးက US$ 240,000 ဖြစ်ပါတယ်။ 12C Spider ဟာ 3.8L twin-turbo V8 အင်ဂျင်ပါရှိပြီးအင်ဂျင်ရဲ့ မြင်းကောင်ရေအားကတော့ ၆၁၆ ကောင်အားဖြစ်ပါတယ်။

Kaleidescape Cinema

Blue-ray discs ပေါင်း ၁၀၀ ကျော်ကို သိမ်းဆည်းထားနိုင်ပြီး အွန်လိုင်းဝန်ဆောင်မှုများမှ ဗီဒီယိုများကို တိုက်ရိုက် download ရယူနိုင်မှာဖြစ်ပါတယ်။

Ploom Pax

Ploom Pax ဟာ အဆင့်မြင့်တဲ့ အရေငွေ့ပျံစေတဲ့ ပစ္စည်းပါ။ ဆေးဘက်ဆိုင်ရာတွေမှာ သုံးစွဲပါတယ်။ Pax ကစက္ကန့် ၃၀ အထိ အပူလွှတ်နိုင်ပါတယ်။ အားပြန်ဖြည့်ပြီးသုံးနိုင်တဲ့ စနစ်ပါရှိပါတယ်။ တန်ဖိုးကတော့ US$ 250 ဖြစ်ပါတယ်။

Android SmartWatch

iPhone ရော Android ဖုန်းတွေနဲ့ပါ ချိတ်ဆက်သုံးစွဲနိုင်မယ့် စမတ်နာရီဖြစ်ပါတယ်။ လက်ပတ်ကြိုးကို ပြောင်းလဲသုံးစွဲနိုင်ပြီးတော့ တန်ဖိုးက US$ 200 ဖြစ်ပါတယ်။

Jetson Bike

ဒီအသံကြားလိုက်ရင် ပျံတတ်သလားလို့ မေးရမလောက်ပါဘဲ။ ဒါပေမဲ့ မြေပြင်မှာ တစ်နာရီမိုင်ပေါင်း ၂၅ မိုင်သာသွားနိုင်မယ့် သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ လျှပ်စစ်ဆိုင်ကယ်ပါ။ ၅၀၀ ဝပ်ထုတ်ပေးနိုင်တဲ့ မော်တာနဲ့ LCD Dashboard တို့ပါရှိပါတယ်။ တန်ဖိုးက US$ 1,800 ဖြစ်ပါတယ်။

Fuoriserie Projector

Fuoriserie ဟာ လက်မှုပညာပစ္စည်းဖြစ်ပြီး လေဆိပ်အဝင်အဝမှာထားသုံးဖို့အတွက် ရည်ရွယ်ပြုလုပ်ထားတာ ဖြစ်ပြီးတော့ အီတလီကလုပ်တာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်ဈေးက အတော်ကိုများတယ်လို့ ပြောနိုင်ပါတယ်။ အခု ၂၀ ပဲ ထုတ်လုပ်ထားတာ ဖြစ်ပြီး အပိုထပ်ထုတ်ရမယ်ဆိုရင်တော့ ၁၀ ခုလောက်ထပ်ဆောင်းထုတ်မယ်လို့သိရပါတယ်။ တန်ဖိုးကတော့ US$ 100,000 ဖြစ်ပါတယ်။

Krell Illusion preamplifiers

အမ်ပလီဖာယာ အိမ်သုံးအော်ဒီယို ပစ္စည်းဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာမှာ အတော်ကို ကောင်းမွန်ပြီးတော့ တန်ဖိုးက US$ 15,000 ဖြစ်ပါတယ်။

Equil Pen

ပုံကြမ်းတွေရေးဆွဲမယ်ဆိုရင်တော့ ဒီဘောပင်က ရွေးချယ်သုံးစွဲဖို့ အတော်ကောင်းပါတယ်။ ဘယ်မျက်နှာပြင် ပေါ်မှာမဆိုရေး ဆွဲနိုင်ပါတယ်။ ဒါပေမဲ့ ရေးဆွဲမယ့်မျက်နှာပြင်က ပျော့ပြောင်းနေရမယ်ဆိုတဲ့ အချက်ကိုတော့ သိထားဖို့လိုပါတယ်။ ဒီလိုရေးဆွဲထားတဲ့ အချက်အလက်တွေကို သင့်ရဲ့ iOS device သို့မဟုတ် Mac ကွန်ပျူတာကို ပေးပို့နိုင်ပါတယ်။ တန်ဖိုးကတော့ US$ 149 ဒေါ်လာ ဖြစ်ပါတယ်။

Avegant Glyph Video Glasses

3D စနစ်တွဲဖက်ပါဝင်သော Avegant Glyph ဗီဒီယို မျက်မှန်ဖြစ်ပါတယ်။ Virtual Retinal Display (VRD) အသုံးပြုထားပြီး ဝတ်ဆင်အသုံးပြုနိုင်တဲ့ နည်းပညာမြင့် ပစ္စည်းဖြစ်ပါတယ်။

Aura Breathalyzer

Breathalyzer ကတော့ ဖက်ရှင်အသုံးအဆောင်ပစ္စည်း မဟုတ်ပါဘူး။ သွေးထဲမှာ အဲလ်ကိုဟောပမာဏ ဘယ်လောက် ရှိနေပြီ လဲဆိုတာကို ဖော်ပြပေးမယ့် ပစ္စည်းဖြစ်ပါတယ်။ OLED စကရင်ဖြစ်ပြီး အရောင်ခြောက်မျိုးပါ ရှိပါတယ်။

Stelle Audio Pillar

အိမ်သုံး အော်ဒီယိုပစ္စည်းတွေဟာ တစ်ခါတရံမှာ မလှပတတ်ပါဘူး။ အိမ်သုံးစပီကာဖြစ်တဲ့ အခုတစ်ခုကတော့ ဖက်ရှင်ကျပြီး သေသပ်လှပပါတယ်။ သွားလေရာကိုသယ်ဆောင်နိုင်တဲ့ အမျိုးအစားဖြစ်ပြီးတော့ တန်ဖိုးက US$ 349 ဖြစ်ပါတယ်။