အသုံးတည့် Gadget ပစ္စည်းများ

    ဒီတစ်လအတွက်တော့ နည်းပညာပိုင်းအရ အရမ်းကိုမြင့်မားဆန်းပြားနေတာ မဟုတ်ပေမယ့် စာဖတ်သူတွေ နှစ်သက်နိုင်မယ်လို့ထင်တဲ့၊ ပြီးတော့ အသုံးတည့်မယ့် Gadget လေးတွေကို စုဆောင်းရှာဖွေပြီး တင်ပြလိုက်ပါတယ်။ Mazon.com မှာ ရှာပြီးဝယ်ယူနိုင်ပါတယ်။

Razer ရဲ့ Gameing Keyboard
    Logic Gaming Razer BlackWidow လိုမည်ရပါတယ်။ ဂိမ်းဝါသနာအိုးတွေအတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။  သုံးစွဲရတာ ကောင်းသလို ဒီဇိုင်းပိုင်းကလည်း အတော် ကောင်းပါတယ်။ တန်ဖိုးက US$ 149.99 ဖြစ်ပါတယ်။

အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးနိုင်တဲ့ အခန်းငယ်ထဲက ငါးစက်ရုပ်
    ကိုယ်ပိုင် အိမ်မွေးတိရစ္ဆာန်လေးတွေကို မွေးတော့မယ်လို့ စဉ်းစားနေတဲ့သူတွေအတွက် သဘာဝအတိုင်းထက် နည်းပညာပိုင်းအကူအညီယူပြီးတော့ မွေးနိုင်မယ့် ဒီစက်ရုပ်ငါးလေးက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ပိတ်ထားတဲ့ အခန်း
လေးထဲမှာ စက်ရုပ်ငါးလေးကို စမတ်ဖုန်းက App နဲ့ အစာကျွေးပြီး မွေးနိုင်အောင်လုပ်ပေးထားပါတယ်။ တကယ်လို့အစာမကျွေးဖြစ်ဘဲ မေ့နေတယ်ဆိုရင် ငါးကသေမသွားနိုင်ပေမဲ့ အလင်းရောင် မထွက်တာနဲ့မလှုပ်ရှားတာကို တွေ့ရပါလိမ့်မယ်။ အစာပြန်ကျွေးရင်တော့ ပုံမှန်အတိုင်းပြန်ဖြစ်သွားမှာပါ။ စမတ်ဖုန်းကနေ အသိပေးတာလုပ်နိုင်သလို ကန်ရဲ့ နောက်ခံအရောင်ကိုလည်း ရွေးချယ်နိုင်ပါတယ်။ အရောင်က ၃ မျိုးရှိပါတယ်။

ကမ္ဘာ့ပထမဆုံးသော augmented reality နည်းပညာသုံး မော်တော်ဆိုင်ကယ်စီးဦးထုပ် Skully
    Skully ဟာ ကမ္ဘာ့ပထမဆုံးသော augmented reality နည်းပညာသုံး မော်တော်ဆိုင်ကယ်စီးဦးထုပ် ဖြစ်ပါတယ်။ ဘေးပတ်လည်မြင်ကွင်းကို ၁၈၀ ဒီဂရီအထိမြင်နိုင်တဲ့ ကင်မရာပါရှိပြီး GPS လမ်းညွှန်စနစ်ကိုလည်း
ထည့်ပေးထားပါတယ်။ အသံနဲ့ထိန်းချုပ်နိုင်တဲ့ စမတ်ဖုန်းကိုလည်း တပ်ဆင်ပေးထားပါတယ်။ ဗီဒီယိုမှတ်တမ်းကိုလည်း ရိုက်ကူးထားပေးနိုင်ပါတယ်။ ဒီဦးထုပ်ကထွက်လာရင် ကမ္ဘာ့ပထမဆုံးစမတ်ဆိုင်ကယ်စီးဦးထုပ် ဖြစ်လာမှာဖြစ်ပါတယ်။ တန်ဖိုး US$1,399 နဲ့ စတင်ရောင်းချမှာဖြစ်ပြီးတော့ ၂၀၁၅ ခုနှစ် မေလမှ စတင် ရောင်းချမယ်လို့သိရပါတယ်။

SnapLite Desk Lamp iPhone 5 Scanner
    SnapLite Desk Lamp iPhone 5 Scanner လို့ခေါ်ပါတယ်။ Scanner တစ်ခုနဲ့ မတူဘဲ ပုံမှန် စားပွဲတင် စာဖတ်မီးအိမ်ပုံစံလေးနဲ့တူပါတယ်။ A4 အရွယ်အစားကို စကင်ဖတ်နိုင်ပါတယ်။ iPhone 5, iPhone 5s နဲ့ iPhone 5c တို့အတွက် စင်ကလေးကို အထူးပြုလုပ်ထားတာဖြစ်ပြီး ဖုန်းကကင်မရာကို အသုံးပြုကာ စကင်ဖတ်နိုင်မှာဖြစ်ပါတယ်။ အိမ်သုံးနဲ့ရုံးလုပ်ငန်းတွေမှာ သုံးစွဲနိုင်ပါတယ်။

တစ်ကိုယ်ရေသုံးရေသန့်စက်
    Germ Eliminating Water Purifier ကတော့ အိမ်သုံးဖို့ သီးသန့်လုပ်ပေးထားတာ ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်သုံးစွဲထားပြီး ရောဂါပိုးမွှားတွေကို ၉၉.၉၉ ရာခိုင်နှုန်းလောက် သန့်စင်ပေးနိုင်ပါတယ်။ သုံးစွဲနေကျအတိုင်း အဆင့်
နှစ်ဆင့်ရှိတဲ့ ကာဗွန်စစ်ထုတ်မှုစနစ်ကိုသုံးပြီး မလိုလားအပ်တဲ့ ဓာတုဗေဒပါဝင်မှုတွေနဲ့ သတ္တုဓာတ်ပါဝင်မှုတွေကို ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။

သီချင်းတွေကို မျှဝေနားထောင်ခွင့်ပေးမယ့် ရေဘ၀ဲလေး
    သီချင်းသံစဉ်ဆိုတာ ကျွန်တော်တို့ဘ၀တွေအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းပါ။ ကိုယ့်ဖုန်းထဲကသီချင်းတွေကို နားကြပ်နဲ့နားထောင်ရင်တစ်ယောက်တည်း နားထောင်နေရမှာပေါ့။ ကိုယ့်မိတ်ဆွေ ဒါမှမဟုတ် ချစ်သူနဲ့နားထောင်မယ်ဆိုရင် နားကြပ်တစ်ဖက် နားထောင်လို့ရပေမယ့် ၂ ယောက်ထက် ပိုမယ်ဆိုရင်တော့ အဆင်မပြေတော့ပါဘူး။ ဒီပြဿနာလေးကို ပြေလည်အောင် ရေဘ၀ဲလေးက ဖြေရှင်းပေးထားပါတယ်။ နားကြပ် ၇ ခုနဲ့ ချိတ်ဆက်နိုင်အောင် လုပ်ပေးထားပါတယ်။

အိပ်ကောင်းခြင်းအိပ်နိုင်ဖို့
    အိမ်ရာဝင်မယ့်ကလေးတွေအတွက် စောင့်ကြည့်နိုင်မယ့် နည်းပညာပစ္စည်းလေးပါ။ ကလေးအိပ်နေလား မအိပ်ဘူးလားကို စမတ်ဖုန်းနဲ့ တက်ဘလက်ပေါ်ကနေ စောင့်ကြည့်နိုင်ပါတယ်။ သုံးစွဲရမယ့် App ကတော့ App Store  ဒါမှမဟုတ်
ရင် Google Play ကနေ ရယူနိုင်ပါတယ်။ ဗီဒီယိုပါ ရိုက်ထားနိုင်ပါတယ်။ ကလေးနှစ်သက်မယ့် သီချင်းလေးတွေကိုလည်း ဒီပစ္စည်းကနေ ဖွင့်ပေးနိုင်ပါတယ်။ ၃၀-၆၀-၉၀မိနစ် အစရှိတဲ့အချိန်တွေကို လိုချင်တဲ့အချိန်ကိုကန့်သတ်ပြီး ချိန်ထားနိုင်ပါတယ်။ တန်ဖိုးက US$ 249.99 ဖြစ်ပါတယ်။

ကျန်းမာရေးအတွက် Pavlok Fitness Band လက်ပတ်
    Pavlok Fitness Band က အားကစားလုပ်မယ့်သူတွေအတွက် အထူးသင့်တော်ပါတယ်။ နေ့တိုင်းအားကစားရုံကို သွားမယ်ဆိုရင်တော့ ဒီလက်ပတ်ကို ၀တ်ထားလိုက်ရုံနဲ့ သင်စောင့်ကြည့်ပေးမယ့် သူတစ်ယောက်ကို ငှားထားလိုက်သလိုဖြစ်နေပါလိမ့်မယ်။ သင်သတ်မှတ်ထားတဲ့ ပန်းတိုင်ကိုရောက်မယ်ဆိုရင် လက်ဆောင်ကတ် သို့မဟုတ်  ငွေအကြွေကို လက်ခံရရှိမှာဖြစ်ပါတယ်။ တကယ်လို့ သင်ဟာပန်းတိုင်ကို မရောက်ခဲ့ဘူးဆိုရင်တော့ သင့်ကျရှုံးမှုအတွက် သင့် Facebook စာမျက်နှာမှာ တင်ပေးပါလိမ့်မယ်။
    ဒီ Pavlok Fitness Band  က သင့်ရဲ့ တစ်ကိုယ်ရေ အမူအကျင့်တွေကို ပြောင်းလဲပစ်နိုင်ပါလိမ့်မယ်။ ကျန်းမာရေးအတွက်သာမကပဲ နံနက်စောစောထတာ၊ အချိန်မှန်လုပ်ဆောင်တာတို့လို ကိစ္စတွေကိုပါ ပြုပြင်ပေးသွားနိုင်ပါတယ်။ ဈေး
ကွက်ထဲကိုတော့ ၂၀၁၅ အစောပိုင်းလောက်မှာ တင်ပို့ပေးမှာဖြစ်ပါတယ်။

ရေချိုးကန်အတွက် အပူချိန်တိုင်းတာပေးတဲ့ ကိရိယာ
    ရေချိုးတော့မယ်ဆိုရင် ရေအေးအတွက်က ပြောစရာမရှိပေမဲ့ ရေပူအတွက်ဆိုရင် ပြောစရာလိုလာပါတယ်။ ဘယ်လောက်ပူတယ်ဆိုတာ ကို လက်နဲ့တိုင်းတာမယ်ဆိုရင် အခန့်မသင့်တဲ့ အခါမှာ လက်အပူလောင်နိုင်ပါတယ်။ Waterfall
Bathroom Faucet  ဆိုတဲ့ ဒီပစ္စည်းကတော့ လက်အပူလောင်တာမဖြစ်ရအောင် ကူညီပေးပါတယ်။ ၀-၃၀ ဒီဂရီအထိကို အပြာရောင် Blue LED ပြပါလိမ့်မယ်။ ၃၀-၄၀ ဒီဂရီဆိုရင်တော့ အစိမ်းရောင်ပြမှာ ဖြစ်ပါတယ်။ ၄၁-၅၀ ကို အနီရောင်ပြမှာပါ။ ၅၀-၁၀၀ ဒီဂရီကိုတော့ အနီရောင်ရင့်ရင့်ပြပါလိမ့်မယ်။ တပ်ဆင်ရတာ လွယ်ကူပါတယ်။ တန်ဖိုးက ကန်ဒေါ်လာ ၇၂.၉၉ သာရှိပါတယ်။

ကပ်ကပ်သပ်သပ်နေရာများအတွက် မီးအိမ်
    အိမ်တွင်း၊ အိမ်ပြင်၊ ရုံးခန်း၊ ကားဘေး၊ မိးဖိုချောင်၊ အ၀တ်လဲခန်း စသည်ဖြင့် နေရာကပ်ကပ်သပ်သပ်လိုတဲ့ နေရာတွေမှာ ထားသုံးနိုင်ဖို့ စီမံထားတာဖြစ်ပါတယ်။ ကားဘီးလဲဖို့လိုနေပြီး အလင်းရောင်သိပ်မရှိတဲ့ နေရာမှာရောက်နေမယ်ဆိုရင် ဒီမီးအိမ်က သင့်အခက်အခဲကို ကူညီပေးပါလိမ့်မယ်။ အားပြန်ဖြည့်သွင်းနိုင်တဲ့ LED မီးလုံးတွေပါရှိပါတယ်။  Vida Doo Rechargeable Work Light လို့ google မှာ ရှာနိုင်ပါတယ်။ LED မီးလုံးက နာရီပေါင်း ၃၀,၀၀၀ အထိအသုံးခံမှာဖြစ်ပြီး တစ်ကြိမ်အား ဖြည့်ပြီးပါက ၆-၁၂ နာရီကြား အသုံးခံပါတယ်။ အားဖြည့်ဖို့ကတော့ ၆-၈ နာရီကြာပါလိမ့်မယ်။ တန်ဖိုးက ကန်ဒေါ်လာ ၆၈ ဒေါ်လာဖြစ်ပါတယ်။

 

စတိုင်လှပဆန်းပြားတဲ့နာရီ
    လက်ပတ်နာရီကတော့ စမတ်ဖုန်းတွေဘယ်လိုပင်ထွက်လာနေပေမဲ့ လူတွေရဲ့လက်ပေါ် မှာ အချိန်ကိုပြတဲ့အရာအဖြစ် နေရာယူနေဆဲပဲ ဖြစ်ပါတယ်။ ကြေးရတတ်တွေရဲ့ ပိုင်ဆိုင်မှုနဲ့ကြွယ်ဝမှုပြယုဂ် ဖြစ်နေပါသေးတယ်။ လက်ရှိ
အချိန်မှာတော့ စမတ်နာရီတွေက တစ်ခေတ်ဆန်းလို့ ရှေ့တန်းထွက်လာနေပါတယ်။ ဒီနာရီတွေကနာမည်ကြီး အမှတ်တံဆိပ်နဲ့ ဇိမ်ခံမဟုတ်တဲ့ ထုတ်ကုန်တွေကို ချန်လှပ်ထားပြီးပြောရမယ်ဆိုရင် သာမန်နာရီတွေထက် ဈေးကြီးတယ်လို့ ဆိုရ
မှာပါ။ တန်ဖိုးက US$ 129.95 ရှိပါတယ်။ The Tick Mark Wristwatch ကတော့ စမတ်နာရီအဆင့် မရှိသေးပါဘူး။ LED ၂၈ လုံးနဲ့ ပြုလုပ်ထားပြီးတော့ လက်ရှိအချိန်၊ ရက်စွဲ၊ ဘယ်အပတ်ဖြစ်နေပြီဆိုတာကို ဖော်ပြပေးပါလိမ့်မယ်။ နာရီ ရဲ့တည်ဆောက်ပုံကလှပပြီးတော့ သုံးစွဲသူကိုစွဲဆောင်မှုရှိပါတယ်။

 


 လေထဲမှာပျံသန်းနေတဲ့စပီကာ
    Om One လို့အမည်ရတဲ့ စပီကာလေးဟာ လေထဲမှာ ပျံ့လွင့်နေတဲ့ စပီကာလေးဖြစ်ပါတယ်။ သီချင်းသံအနေနဲ့သာမက စတိုင်နဲ့ပါ စွဲဆောင်မှုရှိတာကို တွေ့ရပါတယ်။ လေထဲမှာပျံနေပေမဲ့ စပီကာကထွက်တဲ့ အသံပိုင်းဆိုင်ရာကို ပုံပျက်သွားစေခြင်းမရှိတာက ထူးခြားချက် တစ်ခုဖြစ်ပါတယ်။ ဖုန်းဒါမှမဟုတ် အခြားသော Bluetooth device တွေနဲ့ ကြိုးမဲ့အသုံး ပြုနိုင်ပြီးတော့ ၃၃ ပေအကွာကနေ သီချင်းတွေကိုဖွင့်နိုင်ပါတယ်။ အားကိုအပြည့် တစ်ခါသွင်းထားရင် ၁၅ နာရီအထိ အသုံးပြုနိုင်ပါ တယ်။ တန်ဖိုးက US$ 179 ဒေါ်လာ ဖြစ်ပါတယ်။