မိတ်ဆက်ဖော်ပြထားဆဲနှင့် ဈေးကွက် တင်တော့မည့် ထုတ်ကုန်သစ်များ

Sharp ရဲ့ Windows tablet ပထဆုံးအကြိမ်ထွက်

အီလက်ထရွန်နစ် ပစ္စည်းတွေနဲ့ ရင်းနှီးနေတဲ့ Sharp ကုမ္ပဏီက ပထမဆုံးအကြိမ်အဖြစ် Windows 8 သုံး Tablet တစ်မျိုးကို ဈေးကွက်အတွင်းထုတ်ပြီး မိတ်ဆက်လာပါတယ်။ ဒီ Tablet က စကရင်အကျယ် (၁၀.၁) လက်မရှိပြီး resolution အပိုင်းမှာ 2,560-1,600 ရှိတာကို တွေ့ရပါတယ်။ ထူးခြားတာက ရေစိုခံတဲ့ဒါဏ်ကို ခံနိုင်ရည်ရှိတာပါ။ သုံးစွဲထားတဲ့ ပရိုဆက်သာကတော့ Intel quad-core Atom processor (23370) ဖြစ်ပါတယ်။ LTE radios ကို Buit-in ထည့်ပေးထား ပါတယ်။ HD အရည်အသွေးရှိတဲ့ Tablet ဖြစ်ပေ မဲ့ Memory က ဘယ်လောက်ပါတယ်။ Storage က ဘယ်လောက်ပါတယ်နဲ့ ဘက်ထရီကဘယ်လိုအမျိုးအစားဖြစ်ပြီး ဘယ်လောက်ကြာ အောင် သုံးစွဲနိုင်မယ်ဆိုတာကို ဖော်ပြမထားပါဘူး။ ဈေးကွက်ထဲကို စတင်ရောင်ချးမယ့် ရက်စွဲကတော့ (၂၀၁၄) ခုနှစ် ဖြစ်ပါတယ်။

 

 

HDMI 2.0 ကို အထောက်အပံ့ပြုတဲ့ Sony ရဲ့ UHD ပရိုဂျက်တာများ

Sony က ထပ်မံထုတ်ပေးလိုက်တဲ့ မျိုးဆက်သစ် Ultra-high definition (UHD) home theater ပရိုဂျက်တာဖြစ်တဲ့ VPL-VW 1000ES မှာ HDMI 2.0 ကို အထောက်အပံ့ပြုပြီး 4K ဗီဒီယိုကို ပြသနိုင်ပါတယ်။ VPL-VW600ES နဲ့ VPL-VW1100 ES တို့ကလည်း HDMI 2.0 ကို အထောက်အပံ့ပြုမှာဖြစ်ပြီး 60fps နဲ့ ရိုက်ကူးထားတဲ့ 4K Video ကို ပြသနိုင်စွမ်းရှိပါတယ်။ အခြားသတိပြုစရာ feature တွေကတော့-

- 4,096 _ 2,160 - Pixel resolution

- 4ks _ RD အင်ဂျင်-

3D နည်းပညာ အစရှိတာတွေ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာ ကန်ဒေါ်လာ (၂၈,၀၀၀) ပေးရတဲ့ VPL-VW 1100ES ဟာ 1 million: 1 dynanic contrast ration ရှိပြီး 2,000- lumen Grightness ရှိပါတယ်။ ကန်ဒေါ်လာ ၁၆,၀၀၀ တန်တဲ့ VPL-VW600ES ဟာ 200,000:1 contrast ration ရှိပြီး 1,700- Lumen  Grightness ရှိတာကို တွေ့ရပါတယ်။

 

Sharp ရဲ့ Aquos Phone Xx

Aquos Phone Xx ဟာ စကရင်အရွယ်အစားမှာ (၅.၂)လက်မရှိပြီး အတိုင်းအတာအားဖြင့် ၇၀ x ၁၃၂ x ၉.၉ မီလီမီတာ ရှိပါတယ်။ Sony ရဲ့ ၅ လက်မအရွယ်ရှိတဲ့ Xperia £1 Phablet ကို ဈေးကွက်မှာ ပြိုင်ဆိုင်ဖို့အတွက် ထုတ်လုပ်ထားတာဖြစ်ပြီး Android သုံးစွဲထားတဲ့ ဖုန်းဖြစ်ပါတယ်။ 1080P display, 2.2GHz Snapdragon 800 CPU တို့ပါရှိပြီး Jelly Bean 4.2 ကိုသုံးထားပါတယ်။ ကင်မရာပိုင်းကိုတော့ 16.3-megapixel rear ကင်မရာသုံးထားပါတယ်။ ရေစိမ်ခံပြီး 4G LTE စနစ်မှာ သုံးစွဲနိုင်တယ်လို့ ဆိုထားပါတယ်။ ဈေးကွက်ထဲကိုတော့ မဖြန့်ချိရသေးပါဘူး။

 

 

 

Fujifilm FinePix F900EXR

ဝါသနာရှင်တွေအတွက် အဓိကထားပြီးပြုလုပ်ထားတဲ့ ကင်မရာပါ။ RAW ပုံရိပ်တွေကိုဖမ်းယူနိုင်ပြီး ဓာတ်ပုံရိုက်ကူးနိုင်တဲ့ အရည်အသွေးရော ပုံထွက်အရည်အသွေးတွေကပါ အလွန်ကောင်းမွန်ပါတယ်။ 16 megapixel, 1/2-inch EXR CMOS II ပါရှိပြီး LCD အရွယ်က ၃လက်မရှိပါတယ်။ Still မှာ 4,608 _ 3,456 Pixel resolution ရှိမှာ ဖြစ်ပါတယ်။ SD/SDHC/SDXC တို့ကို Storage media အဖြစ် အသုံးပြုနိုင်ပါတယ်။ Built-in Wi-Fi စနစ်ပါရှိပေမယ့် GPS ကတော့ မပါရှိပါဘူး။ ဘက်ထရီပိုင်းမှာတော့ Lithiumion rechargeable ထည့်သုံးထားပါတယ်။ ရိုက်ကူးမှု ပေါင်း (၂၆၀) အထိ ဆက်တိုက်သုံးစွဲပြီးရင် ဘက်ထရီအားပြန်ဖြည့်ဖို့ လိုပါလိမ့်မယ်။

 

 

GoPro Hero3t

WiFi နဲ့ ကြိုးမဲ့ကင်မရာစနစ်ပါရှိပြိး မိုဘိုင်းဖုန်းကနေ အဆင့်မြှင့်တင်နိုင်ပါတယ်။ 1080 Super View mode ပါရှိပြီး 4:3 aspect ratio ရှိပါတယ်။ ယခင် GoPro ထက် (၃၃)ရာခိုင်နှုန်း ပိုပြီးတော့ တောက်ပမှုရှိပါတယ်။ ၆၀်ဈ ကို ၁၀၈၀ ရှိမှာဖြစ်ပြီး 720p ကို ဖရိမ်ပေါင်း 120fps နှုန်းနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ တန်ဖိုးကတော့ ကန်ဒေါ်လာ(၃၂၉)ဒေါ်လာ ဖြစ်ပါတယ်။

 

Omate Truesmart စမတ်နာရီ

ဖုန်းခေါ်ဆိုမှုအပြင် စာတွေကိုပါရိုက်ပြီးပေးပို့နိုင်တဲ့ စမတ်နာရီ ဖြစ်ပါတယ်။ ရေစိုခံနိုင်ရည်ရှိတဲ့အပြင် အဆင်းအရာတွေ မပေါ် နိုင်တဲ့ စကရင်ကိုသုံးစွဲထားပါတယ်။ Android OS ကို သုံးစွဲထားပြီး Version ကတော့ ၄.၂ ဖြစ်ပါတယ်။ စကရင်က ၁.၅၄ လက်မအရွယ် ရှိပါတယ်။ ဒီစမတ်နာရီမှာ 5-megapixel ကင်မရာနဲ့ micro SIM Card slot ပါရှိပါတယ်။ 600mAh ဘက်ထရီကို သုံးစွဲထားပြီး နာရီပေါင်း ၁၀၀ အထိ Stardly ထားသုံးနိုင်ပါတယ်။ 1-3GHz dual-care Cortex A7 ပရိုဆက်ဆာ၊ WiFi 802.11 6/2/ည အပြင် Bluetooth 4.0 နဲ့ GPS တို့ကို ထည့်သွင်းပေးထားပါတယ်။ ဈေးနှုန်းကတော့ S12 MB Memory နဲ့ 4GB on-board storage ကို ကန်ဒေါ်လာ (၂၄၉)နဲ့ ရောင်းချပေးမှာဖြစ်ပြီး၊ 1GBMemory နဲ့ 8GB Storage ကို ကန်ဒေါ်လာ (၂၉၉)နဲ့ ရောင်းချမှာဖြစ်ပါတယ်။ miroSD card slot လည်း ပါရှိတယ်လို့ သိရပါတယ်။

 

 

Lenovo ရဲ့ (၂၉) လက်မအရွယ် all-in-one PC

Lenovo ကထုတ်တဲ့ All-in-one PC ဖြစ်  ပါတယ်။ (၂၉)လက်မအရွယ်ဖြစ်ပြီး display က 21:9 aspect ratio ရှိပါတယ်။ 2.1 channal JBL အသံစနစ်ပါရှိပြီး နောက်ဆုံးပေါ် Haswell ပရို ဆက်ဆာကို အသုံးပြုထားပါတယ်။ ဂရပ်ဖစ်ပိုင်း ကိုတော့ Geforce GTX 760A သုံးစွဲထားပါတယ်။ အောက်တိုဘာလထဲမှာ စတင်ရောင်းချမှာဖြစ် ပြီး တန်ဖိုးအနေနဲ့ကတော့ ကန်ဒေါ်လာ ၁,၁၉၉ ဖြစ်ပါတယ်။

 

 

 

Vertu ရဲ့ Android ဖုန်းသစ်

Andriod OS စနစ်သုံးဖုန်းပါ။ အခြားဖုန်းတွေနဲ့ ကွဲပြားခြားနားတဲ့ ကိုယ်ထည်ပိုင်းတည်ဆောက်မှုကတော့ တစ်မူထူးခြားလှပါ တယ်။ ဖုန်းအမည်က Constellation V လို့ ခေါ်ပါတယ်။ Android U.2 ကို သုံးထားပြီး (၄.၃)လက်မ အရွယ်စကရင်က 720P display ပါ။ 1.7GHz dual-care snapdragon S4SoC ကို CPU အဖြစ် သုံးစွဲထားပါတယ်။ အနောက်ပိုင်း ကင်မရာက 13-megapixel ရှိပြီး အရှေ့ပိုင်း (စကရင်ဘက်ခြမ်း) ကင်မရာက 1.3-megapixel ရှိပါတယ်။ Built-in အဖြစ် 32GB ကို သိုလှောင်သိမ်းဆည်းနိုင်ဖို့ ထည့်ပေး ထားပါတယ်။ LTE စနစ်မှာ အသုံးပြုနိုင်လိမ့်မယ်။ NFC စနစ်အပြင် Wi-Fi နဲ့ Bluetooth ကိုပါ ပုံမှန်အတိုင်း တွေ့ရမှာဖြစ်ပါတယ်။ ထည့် သုံးထားတဲ့ ဘက်ထရီကတော့ 1,800 mAh ပါ။ တန်ဖိုးကတော့ ယူရို ၄,၉၀၀၊ (ကန်ဒေါ်လာ ၆"၆၃၀) ပေးရမှာဖြစ်ပါတယ်။ ဇိမ်ခံဖုန်း အဖြစ် ထုတ်ထားတာ ဖြစ်ပါတယ်။ ကိုယ် ထည်ပိုင်းကို တိုက်တေနီယံနဲ့ ပြုလုပ်ထားတာပါ။

 

 

 

 

 

August Smart Locks

Yves Behar ရဲ့ Smart Lock ကို ၀ယ်ယူရရှိနိုင်ပါတော့မယ်။ ပန်းရောင်၊ ငွေရောင်နဲ့ မီးခိုးရောင်အရင့်ဆိုပြီး အရောင်သုံးမျိုး ရှိပါတယ်။ ဒီသော့ဟာ ယခင်သုံးစွဲနေကြ သော့ပုံစံဈေးကွက်ကိုသာမက ခေတ်မီစမတ်သော့ ဈေးကွက်ကိုပါ ယှဉ်ပြိုင်နိုင်ဖို့အတွက် ဈေး ကွက်တင်တာဖြစ်တယ်လို့ ထုတ်လုပ်သူကပြောပါတယ်။ ဈေးကွက်အတွင်းမှာ မကြာခင်တင်ပို့ပါလိ့မ်မယ်။ အစောဆုံးအနေနဲ့ (၂၀၁၄) ခုနှစ် ပထမပတ်ကာလအတွင်းမှာ စတင်ရောင်းချမှာဖြစ်ပြီး တန်ဖိုးက ကန်ဒေါ်လာ(၁၉၉)ဒေါ်လာ ဖြစ်ပါတယ်။ ဒီပစ္စည်းကိုတပ်ဆင်ဖို့က (၁၀)မိနစ်လောက်ကြာမှာဖြစ်ပြီး Bluetooth နည်းပညာသုံးစွဲထားပါတယ်။ ပုံမှန်သုံးနေကြသော့နဲ့ ဖွင့်လို့ရသလို ဖုန်းထဲကို သော့ဖွင့်ဖို့ ထည့်သုံးရမယ့် app ထည့်ပြီး သော့ဖွင့်လို့လဲ ရပါတယ်။ iOS ရော Android သုံးဖုန်းတွေကိုပါ အထောက်အပံ့ပြုပါတယ်။ ဖွင့်စေချင်တဲ့ လူတွေကို app မှာ သတ်မှတ်ပေးထားလို့ရပါတယ်။ ဒါကြောင့် လူတစ်ဦးသော့ဖွင့်ဝင်သွားရင် ဘယ်လောက်ကြာနေတယ်ဆိုတာနဲ့ သော့ ကို ဘယ်သူဖွင့်သွားတယ်ဆိုတာကို သိရမှာဖြစ်ပါတယ်။

Logitech ရဲ့ iPhone အသုံးပြုဂိမ်းစက်

iOS 7 အသုံးပြုထားတဲ့ iPhone များနှင့် iPad များနှင့် အသုံးပြုနိုင်မည့် Gmae Controllerအသစ်ကို Logitech က မိတ်ဆက်ထုတ်လုပ်ပေး လိုက်ပါတယ်။ သေးသွယ်လှပပြီး လှပတဲ့ဒီဇိုင်း ဖြစ်ပါတယ်။ iPhone 5 နဲ့တောင် တူပါတယ်။ iPad Mini အပြင် iPhone 4S နဲ့ နောက်ပိုင်း iPhone တွေနဲ့ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းမသတ်မှတ်ရသေးသလို ထုတ်ပြီးရောင်းချမယ့် ရက်ကိုလည်း မသိရသေးပါဘူး။

 

 

Sony ရဲ့ Cyber-shot QX100 Smartshot ဒီဂျစ် တယ်ကင်မရာ

တန်ဖိုးက ကန်ဒေါ်လာ (၄၉၉.၉၉)ပါ။ 20.2-megapixel Exmor R CMOS sensor ပါရှိပြီး Carl Z eiss အခြေပြု Lens ပါ။ 10x optical zoom lens ဖြစ်ပါတယ်။  3.6 x fl.8-4.228-100mm 200m Cons ဖြစ်ပါတယ်။ Wi-Fi ပါတဲ့ iOS ဒါမှမဟုတ် Android Operating System သုံးစွဲတဲ့ စမတ်ဖုန်းတွေနဲ့တွဲဖက်ပြီး သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဘက်ထရီပါရှိပြီး miscro SD Card Slot လည်း ပါရှိပါတယ်။ အားပြန်လည်ဖြည့်သွင်းဖို့အတွက် Micro-USB ကနေအသုံးပြုရပါလိ့မ်မယ်။

 

 

 

Logiteh ရဲ့ ဈေးသက်သာတဲ့ မာတီမီဒီယာ စပီကာသစ်များ

Logiteh က PC ဒါမှမဟုတ် Mobile device တွေနဲ့သုံးစွဲဖို့ တန်ဖိုးနည်းတဲ့ Logiteh £ 50, £ 150 နဲ့ £ 200 ဆိုတဲ့ စပီကာ သစ်သုံးမျိုးကို မိတ်ဆက်ခဲ့ပါတယ်။ ဒီစပီကာတွေမှာ 3.5mm jade တွေ ပါရှိပါလိ့မ်မယ်။ အသံကိုလိုအပ်သလို ချိန်ညှိနိုင်သလို အသံ အရည်အသွေးကလည်း ကောင်းမွန်ပါတယ်။ အောက်တိုဘာလ အလယ်ပိုင်းလောက်မှာ ဈေးကွက်တင်ပို့မှာဖြစ်ပြီး တန်ဖိုးကတော့ £50 ကို ကန်ဒေါ်လာ (၁၉.၂၈)၊ £ 150 ကို ကန်ဒေါ်လာ(၂၃.၃၀)နဲ့ £ 200 ကိုတော့ ကန်ဒေါ်လာ (၃၉.၃၇)နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။