နိုဝင်ဘာနှင့် ရောင်စုံဖြာခရီးများ

ဆောင်းဦးရာသီရဲ့ အငွေ့အသက်တွေ လှပစွာလွှမ်းခြုံနေတဲ့အချိန်မှာ ခံစားခွင့်ရမယ့် ရှုမျှော်ခင်းမြင်ကွင်းများစွာနဲ့ နိုဝင်ဘာခရီး သွားတို့အတွက် စိတ်ဝင်စားဖွယ် အကောင်းဆုံးသော ခရီးမျိုးကို ဖန်တီးပေးနိုင်မယ့် နေရာဒေသများကို နိုဝင်ဘာ Travelling ကဏ္ဍက ရှာဖွေစုစည်းတင် ဆက်ပေးလိုက်ပါပြီ။

အရှေ့အာဖရိက

    

အာဖရိက အရှေ့ပိုင်းလို့ဆိုလိုက်ရင် သဘာဝတောရိုင်းတိရစ္ဆာန်တွေနဲ့ ထူးခြားလှပတဲ့ မြင်ကွင်းတွေကို သဘောတကျ ကြည့်ရှုခဲ့ ရဖူးတဲ့ ရုပ်ရှင်ဇာတ်ကားတချို့နဲ့ Discovery မှတ်တမ်းခွေထဲက မြင်ကွင်းတချို့ကို အမှတ်ရမိကြမှာပါ။ တန်ဇန်းနီးယား ဆရန်ဂတ်တီ သ ဘာဝဥယျာဉ်ကြီးကနေ ကင်ညာကို နှစ်စဉ် ဇူလိုင်လကနေ အောက်တိုဘာလအတွင်း ပြောင်းရွှေ့နေထိုင်တတ်ကြတဲ့ တောရိုင်းတိရစ္ဆာန် အစုအဖွဲ့တွေရဲ့ မြင်ကွင်းဟာ အရှေ့အာဖရိကရဲ့ အကြီ မားဆုံးသော ကမ္ဘာလှည့်ခရီးသွား ဧည့်သည်ဆွဲဆောင်မှုတစ်ရပ် ဖြစ်လို့နေပါ တယ်။ ဒါကြောင့် သဘာဝကို ချစ်မြတ်နိုးပြီး စိတ်လှုပ်ရှားရင်ခုန်ဖွယ် အတွေ့အကြုံများကို စုဆောင်းတတ်တဲ့ ဧည့်သည်တွေဟာ ကင်ညာ က သဘာဝတောရိုင်း တိရစ္ဆာန်နယ်မြေအတွင်းမှာ လွတ်လပ်ဘေးကင်းစွာ ကျက်စားနေထိုင်လျက်ရှိကြတဲ့ တောရိုင်းတိရစ္ဆာန်မျိုးစုံရဲ့ မြင်ကွင်းများကို ကားများနဲ့ လှည့်လည်သွားလာ ကြည့်ရှုရင်း ရှားပါးအတွေ့အကြုံသစ်ကို မှတ်တမ်းတင်လေ့ရှိကြပါတယ်။

ကနေရီကျွန်းစု

    

အာဖရိက အနောက်မြောက်ဘက် ကမ်းရိုးတန်းအနီး အတ္တလန္တိတ် သမုဒ္ဒရာအတွင်းမှာ တည်ရှိတဲ့ စပိန်ကျွန်းစုဖြစ်ပါတယ်။ ကနေရီမှာ နွေကာလဟာ အပူရှိန်ပြင်းပြီး လေတိုက်နှုန်းထန်သလောက် ဆောင်းဦးရာသီမှာတော့ ဆန့်ကျင်ဘက် အရသာကို ပြောင်းလဲ ခံစားစေတဲ့အတွက် အကောင်းဆုံးသော အချိန်ကိုပြဠာန်းနေပါတယ်။ ဒါကြောင့် ကနေရီကျွန်းစုရဲ့ တိုးရစ်မြို့တော်လို့ တင်စားကြရတဲ့ ဂရန်းကနေရီယာရဲ့ ကျဉ်းမြောင်းမတ်စောက်တဲ့ တောင်ကြားလမ်းတွေ၊ တောင်ချိုင့်ဝှမ်းက ငှက်ပျောစိုက်ခင်းတွေ၊ တောင်စောင်းပေါ်က ရွာကလေးတွေမှာ တောင်တက်ကျွမ်းကျင်သူ ကမ္ဘာလှည့်ခရီးသည်များနဲ့ ပြည့်နှက်နေသလို အပန်းဖြေဟိုတယ်များနဲ့ ပင်လယ်ကမ်းခြေ တွေဟာလည်း စည်ကားလျက်ရှိနေပါတယ်။

ဒီနေရာမှာ ကနေရီရောက် ဧည့်သည်တွေ လက်မလွှတ်ဖို့ အကြံပြုထားတာတစ်ခုကတော့ မက်စပါလိုမက်စ် သဲတောင်ကုန်း ဒါမှ မဟုတ် ဗစ်ဆိုတောင်ထိပ်ကို အားစိုက်တက်ရောက်ပြီး အတ္တလန္တိတ်ရဲ့ ခမ်းနားထည်ဝါတဲ့ အလှတရားကို ခံစားကြည့်ဖို့ပဲ ဖြစ်ပါတယ်။

မယ်ရာကတ်ရှ်

   

မြေ၀ါမြို့ (Ochre City) ရယ်လို့သိကြတဲ့ မယ်ရာကတ်ရှ်ဟာ မော်ရိုကိုသမိုင်းကြောင်းမှာ မင်းဧကရာဇ်တွေ စိုးစံရာ အစဉ်အလာ ကြီးမားခဲ့တဲ့ မြို့တော်ဟောင်းဖြစ်ပါတယ်။ နှင်းတွေဖုံးလွှမ်းနေတဲ့ အက်ထ်လဲ့စ်တောင်တန်းရဲ့ တောင်ခြေအနီးမှာ တည်ရှိတာဖြစ်ပြီး လူဦး ရေ (၁၀)သန်းကျော် နေထိုင်လျက်ရှိတဲ့ စီးပွားရေးအချက် အချာဒေသလည်းဖြစ်ပါတယ်။

မယ်ရာကတ်ရှ် နွေရာသီဟာ အလွန်ပူပြင်းလှပေမဲ့ ဆောင်းဦးရာသီမှာတော့ အက်ထ်လဲ့စ် တောင်တန်းဆီက လေပြေလေညင်း တွေ ၀င်ရောက်တိုက်ခတ်လာတဲ့အတွက် ခရီးရောက်ဖို့ အကောင်းဆုံးအချိန်လို့ ဆိုပါတယ်။ မယ်ရာကတ်ရှ်ကို ခရီးရောက်ရှိလာတဲ့ ဧည့် သည်တွေဟာ မြို့ထဲကနေ တစ်နာရီခန့် လမ်းလျှောက်သွားရင်ရောက်ရှိနိုင်မယ့် အက်ထ်လဲ့စ်တောင်ခြေက ဟိုတယ်မှာ တည်းခိုနေထိုင် ပြီး လည်ပတ်သွားလာ အပန်းဖြေလေ့ရှိကြတယ်လို့ သိရပါတယ်။

 

ကမ္ဘောဒီးယား

   

နိုဝင်ဘာဟာ ကမ္ဘောဒီးယား ပြက္ခဒိန်မှာ ရှုမောမဆုံးဖွယ် အသာယာဆုံး ဖြစ်တယ်လို့ဆိုပါတယ်။ အရှေ့တောင်အာရှမှာ တည် ရှိပြီး ထိုင်း၊ဗီယက်နမ်နဲ့ လာအိုနိုင်ငံတို့ရဲ့ အိမ်နီးနားချင်းဖြစ်တဲ့ ကမ္ဘောဒီးယားဟာ ရှေးဟောင်းအန်ကောဝပ် ကျောင်းတော်ကြီးကြောင့် ကမ္ဘာကျော်ထင်ရှားတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ မြို့တော် ဖနွမ်းပင်က တုန်လီဆပ်ရေကန်ဘောင်တစ်လျှောက်မှာ သန်းပေါင်းများစွာသော ပရိသတ်တွေ ကြည့်ရှုအားပေးနေကြတဲ့ နဂါးလှေကြီးတွေနဲ့ လှေပြိုင်ပွဲကိုလည်း ရိုးရာရေသဘင်ပွဲတော် ဆင်နွှဲချိန်မှာ တွေ့မြင်နိုင်မှာ ဖြစ် ပါတယ်။

သုံးရက်ကြာမျှ ကျင်းပလေ့ရှိတဲ့ ဒီပွဲတော်ကာလအတွင်း ညအချိန်တွေမှာလည်းကောင်း ကင်ယံထက်ရောင်စုံဖြာ တောက်ပနေ တဲ့ မီးပန်းများနဲ့ ထွန်းညှိအလှဆင်လေ့ ရှိကြပါတယ်။ တစ်ခါတစ်ရံမှာ အန်ကောဝပ်ပွဲတော်နဲ့ အိမ်နီးချင်း လာအိုနိုင်ငံရဲ့ အောက်တို ဘာ လမှာ ကျရောက်လေ့ရှိတဲ့ ရေသဘင်ပွဲတော်ဟာ တပြိုင်နက်တည်း ကျရောက်လေ့ရှိတတ်တဲ့အတွက် ကမ္ဘာအရပ်ရပ်က ခရီးသွား ဧည့်သည်တွေဟာ ပွဲတော်နှစ်ရပ်စလုံးကို ကူးသန်းသွားရောက်ပြီး ဆင်နွှဲလေ့ရှိ ကြတယ်လို့ သိရပါတယ်။

နယူးအင်္ဂလန်

    

မက်ဆာချူးဆက်၊ ကနက်တစ်ကတ်၊ မိန်း၊ ဗားမောင့်၊ ရုတ်အိုင်းလန်းနဲ့ နယူးဟမ့်ရှိုင်းယား ပြည်နယ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ အမေရိက အရှေ့မြောက်ပိုင်းဒေသ ဖြစ်ပါတယ်။ ဆောင်းဦးရာသီရဲ့ လှပမှုနဲ့ကာရန်အညီဆုံးလို့ဆိုတဲ့ နယူးအင်္ဂလန်ဟာ သန္တရသမြောက် ပန်းချီတစ်ချပ်သဖွယ် မြင်လေရာရာ သိမ်မွေ့သာယာလွန်းတဲ့ သဘာဝပတ်ဝန်းကျင် မြင်ကွင်းများကြောင့် ထင်ရှားကျော်ကြားပါတယ်။

ဒေသတွင်းက ယာခင်းတွေအားလုံးဟာ ဘလူးဘယ်ရီသီးတွေ၊ ရွှေဖရုံသီးတွေ၊ ပြောင်းဖူးတွေနဲ့ ပြည့်လျှံနေပြီး အရောင်စုံ အသွေးစုံ ဆောင်းဦးသစ်ရွက် များရဲ့ အင်အားနဲ့ တောက်ပလျက်ရှိနေချိန် ဖြစ်ပါတယ်။ ကြက်သွေးရောင်၊ပယင်းရောင်၊ မြစိမ်းရောင်အစရှိ တဲ့ သစ်ရွက်များရဲ့ အရောင်ပေါ်မူတည်ပြီး သစ်ရွက်မြေပုံအရ အလည်အပတ်လာရောက်ကြတဲ့ ဧည့်သည်တွေကို လမ်းညွှန်မှုပြုကြတယ် လို့ သိရပါတယ်။

ၾသစေတးလ်

   

နိုဝင်ဘာလဟာ သြစေတြေးလျရဲ့ ခရီးသွားဧည့်သည် စည်ကားမှုစတင်ချိန်ဖြစ်တယ်လို့ဆိုပါတယ်။ ဆစ်ဒနီနဲ့ မဲလ်ဘုန်းတို့လို မြို့ကြီးတွေမှာတော့ နေ့ရော၊ ညပါ အချိန်မရွေး (၂၄)နာရီပတ်လုံး ပျားပန်းခတ်မျှ စည်ကားသက်ဝင်လျက်ရှိပါတယ်။

အထူးသဖြင့် နိုဝင်ဘာခရီးသွားများကို အဓိကဆွဲဆောင်နေတဲ့ နေရာကတော့ သြစတြေးလျရဲ့ ဂုဏ်ယူဖွယ်ရာ သဘာဝ လက် ဆောင်ကြီးဖြစ်တဲ့ သန္တာ ကျောက်တန်းကြီး (The Great Barrier Reef) ပါ။ သီးခြားဖြစ်တည်နေတဲ့ ကျောက်တန်းပေါင်း သုံးထောင် ကျော်နဲ့ ကျွန်းငယ်များစွာ ပါဝင်ဖွဲ့စည်းထားတဲ့ ကမ္ဘာ့အကြီးမားဆုံး သန္တာကျောက်တန်းကြီး ဖြစ်ပါတယ်။

ဒီနေရာမှာ အသက်ရှူမှားလောက်စရာ သဘာဝအလှတရားများနဲ့ ပြည့်နှက်နေတဲ့ ရေအောက်ကမ္ဘာက ရှုမောမဆုံးဖွယ် မြင် ကွင်းများနဲ့ ထူးကဲအတွေ့အကြုံသစ်များကို ရင်ခုန်ဖွယ်ရာ ရှာဖွေတွေ့ရှိနိုင်မှာပဲ ဖြစ်ပါတယ်။