ရန်ကုန်မြို့ရဲ့ ပထမဆုံး Lifestyle ပုံစံဟိုတယ် HOTEL G စတင်ဖွင့်လှစ်

Friday, October 20, 2017

ရန်ကုန်မြို့တွင် ပထမဆုံးအဖြစ် Lifestyle ပုံစံတည်ဆောက်ထားသည့် HOTEL G Yangon ကို အလံပြဘုရားလမ်း၊ ယောမင်းကြီးရပ်ကွက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ဟိုတယ်တွင် အခန်းပေါင်း (၈၅)ခန်းပါဝင်ပြီး ရန်ကုန်မြို့၏ ခေတ်ပြိုင်ဒီဇိုင်း၊ ချက်ပြုတ်စားသောက်ပုံ၊ သီချင်းဂီတအမျိုးအစားများကို လေ့လာနိုင်မည့်အပြင် Babett EATERY & BAR တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဟိုတယ်နှင့်ပက်သက်ပြီး “ဒီဟိုတယ်က လူငယ်တွေ၊ လူလတ်ပိုင်းတွေ လာရောက်တည်းခိုဖို့ အသင့်တော်ဆုံးပါပဲ။ ဒီနိုင်ငံမှာ နေတဲ့သူတွေရော၊ အခြားနိုင်ငံကနေ ဒီကိုရောက်ရှိနေကြတဲ့သူတွေရောပါ့။ Hotel G က အခန်းပြင်ဆင်မှုတွေက တည်းခိုးစရာနေရာဆိုတာထက် ကိုယ့်အိမ်က ကိုယ့်အခန်းလေးထဲမှာ ရောက်နေသလို ခံစားမှုမျိုးကိုပဲ ရရှိစေနိုင်ဖို့ ဒီဇိုင်း ၊ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် 3stars ၊ 4stars ၊ 5stars အဆင့်သတ်မှတ်ချက်တွေ မဟုတ်ဘဲ Lifestyle ဟိုတယ်လို့ ခေါ်ပါတယ်” ဟု HOTEL G ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

HOTEL G သည် Gaw Capital Group ၏ အဖွဲ့ဝင်ဖြစ်ပြီး ဘန်ကောက်၊ ပတ္တရား၊ ဆန်ဖရန်စစ္စကို၊ ဟောင်ကောင်၊ ရှန်ဇန်းနှင့်စင်္ကာပူနိုင်ငံတို့တွင်လည်း ဟိုတယ်များဆောက်လုပ်ထားသည့်အပြင် အာရှ Lifestyle-Hospitality စီမံခန့်ခွဲမှုဆိုင်ရာဆုကို ရရှိထားသည့် GCP Hospitality အမှတ်တံဆိပ်တစ်ခုဖြစ်ကြောင်း သိရသည်။