Lady Gaga နဲ့ သမ္မတဟောင်း ငါးယောက်

Monday, November 27, 2017

မုန်တိုင်းကယ်ဆယ်ရေးများ လုပ်ဆောင်ဖို့ ရန်ပုံငွေပွဲအဖြစ်ကျင်းပတဲ့ Deep From the Heart: The One America Appeal ဂီတပွဲတော်မှာ Lady Gaga က တစ်တပ်တစ်အား ကူညီအားဖြည့် ဖျော်ဖြေခဲ့ပါတယ်။

အဲဒီ့ပွဲတော်ကို တက္ကဆက်မှာရှိတဲ့ College Station မှာ ၂၀၁၇ အောက်တိုဘာ ၂၁ က ကျင်းပခဲ့တာဖြစ်ပြီး အမေရိကန် သမ္မတဟောင်းများဖြစ်တဲ့ Barack Obama ၊ Bill Clinton ၊ George W. Bush ၊ George H.W Bush နဲ့ Jimmy Carter တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ပွဲစီစဉ်သူများရဲ့ အဆိုအရကတော့ အဲဒီ့ပွဲကနေ အလှူရှင်ပေါင်း ရှစ်သောင်းကျော်ရဲ့ အားဖြည့်ကူညီမှုနဲ့ အမေရိကန်ဒေါ်လာ (၃၁) သန်း မတည်နိုင်ခဲ့ပါတယ်တဲ့။