Wanted ရဲ့ ဒုတိယအကြိမ် One Band Show ကျင်းပတော့မည်

Thursday, February 8, 2018

လူငယ် Rock Band များထဲက အောင်မြင်တဲ့ Band တစ်ခုဖြစ်တဲ့ Wanted ရဲ့ ဒုတိယအကြိမ် One Band Show ဖြစ်တဲ့ Everybody's Wanted Rock Show ကို ဖေဖော်ဝါရီလ ၁၈ရက်၊ ရန်ကုန်မြို့ရှိ ကန်တော်ကြီး (မျှော်စင်ကျွန်း)မှာ ပြုလုပ်မယ်လို့ သိရပါတယ်။


အဆိုပါပွဲကို ထူးထူးခြားအဖြစ် မနှစ်က ကျင်းပခဲ့တဲ့ရက်နဲ့ နေရာမှာ ပြန်လည်ကျင်းပခဲ့တာဖြစ်သလို လတ်မှတ်ခနှုန်းထားကိုလည်း ကျပ်ကိုးထောင်နဲ့သာ ရောင်းချမယ်လို့ သိရပါတယ်။