Babett Eatery & Bar က "Gout De France" ကို ပါဝင်ဆင်နွှဲ

Friday, March 9, 2018

Babett Yangon က ကမ္ဘာတစ်ဝန်းကျင်းပနေတဲ့ "Gout De France" အစီအစဉ်မှာပါဝင်ပြီး ပြင်သစ်ဒေသထွက် အသီးအနှံများနဲ့ ပြင်သစ်တောင်ပိုင်းရဲ့ အထူးဟင်းလျာများဖြင့် ပါဝင်ဆင်နွှဲမယ်လို့ သိရပါတယ်။


မတ်လ ၂၁ရက်က စတင်ပြီး နိုင်ငံပေါင်း ၁၅၀မှာ ပြုလုပ်ကြမယ့် အဆိုပါပွဲအတွက် Babett Eatery & Bar Yangon က မတ်လ ၁ရက်ကနေ ၃၁ရက်အထိ အကာသားကျွတ်တဲ့ ပြင်သစ်ပေါင်မုန့်၊ ကြက်သွန်နီသနပ်၊ ဘဲသားဟင်းရည်၊ တောင်သိုးသားဟင်း၊ ဂုံးယောက်မ၊ ကကတစ်ငါး နဲ့ ဝိုင်များတို့ကို မီနူးတစ်ခုလုံးစာအတွက် ကျပ်ခုနှစ်သောင်းငါးထောင်နဲ့ ပြင်ဆင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။