TECNO Mobile ၏ နောက်ဆုံးထုတ် CAMON CM စမတ်ဖုန်းတွင် မှန်သားမျက်နှာပြင် တပ်ဆင်ပေးထား

Saturday, March 10, 2018

TECNO Mobile မှ နောက်ဆုံး ထုတ်လုပ်လိုက်တဲ့ CAMON CM စမတ်ဖုန်းမှာလည်း အဆင့်မြင့် အစိတ်အပိုင်းများ၊ နည်းပညာများဖြင့် ဖန်တီးပေးထားပြီး ဒီဖုန်းရဲ့ ထူးခြားချက်တစ်ခုကတော့ တတိယမျိုးဆက် 2.5D Corning Glass မျက်နှာပြင်ကို တပ်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။

CAMON CM မှာ တပ်ဆင်ပေးထားတဲ့ ၅.၇ လက်အရွယ် မျက်နှာပြင်ဟာလည်း တတိယမျိုးဆက် 2.5D Corning Glass ဖြစ်တာကြောင့် ထိခိုက်ပွန်းရှမှုဒဏ်ကို အထူးခံနိုင်ရည် ရှိသလို ကိုင်တွယ်သုံးစွဲရမှာလည်း အဆင်ပြေလွယ်ကူပြီး အမြင်ပုံသဏ္ဍာန်အားဖြင့်လည်း လှပသေသပ်တဲ့ ခံစားမှုကို ရရှိစေမှာ သေချာနေတယ်လို့ ဆိုပါတယ်။
ဘေးဘောင်မဲ့ နည်းပညာနဲ့ 2.5D Glass နည်းပညာတို့ ပေါင်းစပ်ထားလို့ CAMON CM ရဲ့ မျက်နှာပြင်ဟာ ထိတွေ့သုံးစွဲမှုနဲ့ တုန့်ပြန်မှု အပိုင်းမှာ ပြိုင်စံရှားတယ်လို့တောင် ဆိုနိုင်ပါတယ်။