နှစ်ထပ်ကွမ်းမေမေဖြစ်ပြီ Halle Berry

Monday, January 6, 2014

အော်စကာမင်းသမီး Halle Berry တစ်ယောက်သူမရဲ့ ဒုတိယမြောက်သားရတနာကို အောက်တိုဘာလဆန်းပိုင်းက မွေးဖွား လိုက်တဲ့အကြောင်း သူမရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီသားငယ်လေးဟာ သူမအတွက် ဒုတိယ မြောက်ရင်သွေးဖြစ်ပေမဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ ပြင်သစ်သရုပ်ဆောင် Olivier Martinez အတွက်ကတော့ ပထမဆုံးရင်သွေးဖြစ်ပါတယ်။

Halle Berry နဲ့ Olivier Martinez တို့ရဲ့ ရင်သွေးငယ်လေးမွေးဖွားကြောင်း သူမရဲ့တာဝန်ရှိသူ Meredith O’Sulliavan Wasson က AFP သို့ အီးမေးလ်ပေးပို့ခဲ့ပေမဲ့ ရင်သွေးငယ်နဲ့ ပတ်သက်တဲ့ အခြားသော သတင်းအချက်အလက်များ ပါဝင်ခဲ့ခြင်းမရှိပါဘူး။

သက်တူရွယ်တူ ဇနီးမောင်နှံဖြစ်တဲ့ Berryနဲ့ Martinez တို့ဟာ အသက် (၄၇)ရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၀ မှာ ရိုက်ကူးခဲ့တဲ့ Dark Tide ဇာတ်ကားမှာဆုံတွေ့ပြီး ချစ်ကြိုက်ခဲ့ကြပါတယ်။

Berry ဟာ Martinez နဲ့ မတိုင်ခင် အိမ်ထောင်နှစ်ဆက်ကျဖူးခဲ့ပြီး ကနေဒီယန်မော်ဒယ်လ် Gabriel Aubry နဲ့ ရခဲ့တဲ့ (၅) နှစ် အရွယ်သမီးလေး Nahla ရှိပါတယ်။

“Martinez ဟာ Halle ကို အနားကမခွာဘဲ အရိပ်တကြည့်ကြည့် ဂရုစိုက်နေပြီး အစ်မဖြစ်သူ Nahla ကတော့ သူမရဲ့ မောင် လေးကိုမွေးတဲ့ မနက်ပိုင်းမှာပဲ ဆေးရုံကိုလာကြည့်ခဲ့တယ်”လို့ ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက People Magazine သို့ ပြောကြားခဲ့ပါ တယ်။

Berry နဲ့ Aubry တို့ အိမ်ထောင်ရေး ပြိုကွဲစဉ်တုန်းကလည်း သမီးလေး Nahla ကို စောင့်ရှောက်ခွင့်နဲ့အတူ ပိုင်ဆိုင်မှုများ အတွက်လည်း တရားရုံးမှာ အကြီးအကျယ်ရင်ဆိုင်ခဲ့ကြပါသေးတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကျေးဇူးတော်နေ့ကလည်း Aubry က သူ့သမီးလေးကိုတွေ့ချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ Halle တို့ဆီရောက်လာတဲ့အတွက် Martinez နဲ့ ရန်ပွဲဆင်နွှဲခဲ့ပြီး Aubry မှာ ဒဏ်ရာများရရှိခဲ့တယ်လို့ သတင်းမှာတစ်ဆက်တည်း ဖော်ပြ ထားပါတယ်။

Berry ဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပထမဆုံးရရှိခဲ့တဲ့ အာဖရိကန်-အမေရိကန်လူမျိုး မင်းသမီးဖြစ်ပြီး ၂၀၀၂ ခုနှစ် မှာ Monster’s Ball ဇာတ်ကားနဲ့ရရှိခဲ့တာဖြစ်ပါတယ်။  The Call အမည်ရသည်းထိတ်ရင်ဖို ဇာတ်ကားကို သူမနောက်ဆုံး ရိုက်ကူးထားပါတယ်။

Martinez ကတော့ Dark Tide ဇာတ်ကားကို နောက်ဆုံးရိုက်ကူးထားပြီး ၂၀၁၂ မတ်လအတွင်းက အမေရိကန်ပြည်ထောင်စုမှာ ပြသခဲ့ပါတယ်။

Monday, January 6, 2014
Monday, January 6, 2014
Monday, January 6, 2014